ဒီလို ကွက်ကွက်ကွင်းကွင်း မြင်အောင် မရေး ရင် ကြောက်စရာ လို့ မိန်းကလေးတွေ မသိကြပါဘူး…

အရေးပေါ် လူနာဌာန တွင်

ဆရာဝန်။ ။ ညီမလေး ဘာဖြစ်တာလဲ

လူနာ ။ ။ သွေးဆင်းလို့ပါ

ဆရာဝန် ။ ။ အသက် ဘယ်လောက် ရှိပြီလဲ

လူနာ။ ။ ၂၅ နှစ် ပါ

ဆရာဝန် ။ ။ အိမ်ထောင်ရှိလား

လူနာ ခေါင်းခါ ပြ သည်။

ဆရာဝန်။ ။သွေးဆင်းတာများသလား ဘယ်လို က နေ စ ဖြစ် တာလဲ။

လူနာ ။ ။ ကျွန်မ ရေပုံးသယ် ရာ က နေ ချော်လဲ ပြီးသွေးဆင်းလို့ပါ

ဆရာဝန်။ ။ အိမ်သာတက်ရင်း ချော်လဲ တာတို့ စက်ဘီးစီးလို့ သွေးဆင်းတာတို့၊ အလုပ်ကြမ်းလုပ် လို့ တို့ရော ပြောဖို့ အစီစဉ်ရှိသေးလား။ ကဲကဲ ကုတင်ပေါ် မတင်သေးခင် မစမ်းသပ်ခင် ဆီး အရင် စစ်လိုက်နော်။

လူနာ။ ။ ကျွန်မ ကိုယ်ဝန်ရှိနေတာကို ဖျက်ခဲ့ ပါတယ်။

ဆရာဝန်။ ။ခုလို ဝန်ခံတာကို ကျေးဇူးတင်တယ် ညီမလေး ဘယ်လို တွေ ဖျက်ခဲ့ သလဲ

လူနာ။ ။ အစကတော့ ဆေးသောက်တယ် လိုင်းပေါ် က ရောင်းတဲ့ဆေး ပါ။ အဲဒါ မထူးခြားတာနဲ့ —–ရွာ က လက်သည် တစ်ယောက်ဆီ သွားခဲ့ပါတယ်။

ဆရာဝန်။ ။ အသေးစိတ်ပြော ညီမ ဆူ မလို့ မဟုတ်ဘူး။ ဆူ ဖို့ အားမရှိတော့ဘူး။ ရောဂါ ဖြစ်လာတာ ကုလိုက်ချင်သေးတယ်။ ရောဂါ မရှိ ရောဂါ လုပ် နေကြတာ ကို စိတ်ညစ်တယ် အေ။ နိစ္စဓူဝ ကို ဖျက် လာနေကြတယ်။ ခု ကာလ မှာ ဝင်ငွေ မရှိကြတော့ ပိုဆိုးသေး။ အိမ်ထောင်ရှိပါလျက် နဲ့ ကလေး ယူ ချင် လို့ ယူတာတောင် ၅ လ ကျော် လောက် မှ ကို ရှေ့ မဆက် ချင်တော့လို့ ဖျက် ကြတယ်။ တားဆေးထိုးဖို့ ငွေ မရှိတော့လို့ ကိုယ်ဝန်ရ ပြီးဖျက် ကြတယ်။ မင်္ဂလာဆောင် လို့ က မရ ဗိုက် က ထွက် လာလို့ ဖျက်ကြတယ်။ တနေ့တစ်မျိုး မရိုး ရ ဘူး ကြားရတာ တွေ က လည်း ဒါပေမယ့် သေချာပြော ကု ရ မယ့် အတိုင်းအတာ ကွာ တယ်။ ဘယ်လိုဆေးသုံး ရ မယ် ဆိုတာ က အစ ကွာတယ်။ ဗိုက်ပေါ် က နှိပ် ချသေးလား လက် ထည့်ပြီး မွှေ‌တာလား၊ မရိုးစီးနဲ့ ထိုးတာလား၊ ဖဲ ထီး ကိုင်း နဲ့ ထိုး မွှေတာလား။

လူနာ ။ ။ လက်ထည့်ပြီး ဆေးနဲ့ တို့ လိုက် တာ ဆရာမ နောက်ပြီး နည်းနည်းတော့ မွှေတယ်။

ဆရာဝန်။ ။ လက်အိတ်ဝတ်သေးလား

လူနာ။ ။ မဝတ်ဘူး

ဆရာဝန်။ ။ ကျွတ်ကျွတ်အိတ် လက် အိတ်လေးတောင် မဝတ်ဘူးလား အေ။ မိန်းမ တွေ ကို လည်း အံ့ဩတယ်နော် ကိုယ့် ခန္ဓာ ကိုယ် ထဲ ဘာ ထည့် မှန်းမသိ တာ ကို မကြောက် ကြ ဘူး။ အက်ဆစ် တွေ ဘာ တွေ ထည့် တတ်တယ်။ ကလေး ကလည်းပျက် အမေ လည်း အသက် ဆုံးရှုံး ရတတ်တယ်။ အသားစ တွေ ကျလာပြီလား သွေးပဲ ဆင်းတာလား။

လူနာ။ ။ သွေးပဲဆင်းတာ

စမ်းသပ် ၊တီဗီဓါတ်မှန်ရိုက် ပြီး

ဆရာဝန်။ ။ ကလေး ကတော့ အသက် မရှိတော့ဘူး။ ခု က ကလေးဖြစ်နေပြီ ၄လကျော်အရွယ်လောက်ဆိုတော့ အကြီး တွေ အကြောင်းကြားပြီး ဆက် ကု ပေးမယ်။

ဆရာဝန်မှ အထက် သို့ အဆင်ဆင့်အကြောင်းကြားခြင်းလိုအပ်‌သောသွေးစစ်ဆေးခြင်းများပြုလုပ်ပြီး လူနာ အနား သို့ လာရပ် ပြီး

ဆရာဝန်။ ။ ကဲ ညီမ ခုဏ က ဆရာဝန်ကြီးလာစမ်းသွားတာနော် ခဏ နေ ရင် ကလေး ထွက်ကျ လာတော့မယ်။ ညီမ ရဲ့ သွေးအဖြေ တစ်ခု က သွေးခဲ စေမယ့် သွေးဥမွှားတွေ နည်းနေတယ် ။ ဆိုလိုတာက ပိုးဆိပ် ပြန့်ပြီး ခန္ဓာကိုယ် ရဲ့ အင်္ဂါအစိတ်အပိုင်းတွေ ကို ဖျက်ဆီးနေပြီ။ ခု ပိုးက သွေး ထဲမှာ အရင် ပျံ့တော့ သွေးဥမွှားတွေနည်း နေပြီ။ အဲဒါမျိုးက သွေးထွက်များတတ်တယ် ခွဲစိပ်မှု (သားအိမ်ခြစ်) တာကို တန်း လုပ်လိုက်ရင် သွေ မတိတ်ဘဲ နေတတ်တယ်။ သွေးသွင်းဖို့ လိုနိုင်တယ်။ အစောင့်တွေက ဘာ တော် သလဲ ရှင်းပြ ရ အောင်။

လူနာ။ ။ အမေ ပါ တယ် ဆရာမ။

ဆရာဝန်။ ။ ဪ အမေ တော့ သိတယ် ပေါ့ ဘာလုပ် ခဲ့တယ် ဆိုတာကို။ ကဲကဲ ရှင်းပြ လိုက်မယ်။

မိခင် ။ ။ စိုးရိမ် ရ သလားဆရာမ ။

ဆရာဝန်။ ။ စိုးရိမ် ရ တယ် အဒေါ့ သမီး ပိုးဆိပ်က သွေး ကို စ ဖျက်ဆီးနေပြီ။ ပိုးဆိပ် ပဲလား ထည့်လိုက်တဲ့ ဘာမှန်း မသိ တဲ့ အဆိပ်လား၊ဆေးလား၊အက်ဆစ်လို မျိုးလားတော့ မသိဘူး ။ အဲဒီသွေးဥမွှား က ခန္ဓာ ကိုယ် မှာ သွေးထွက်လာရင် သူက လာပြီး ကပ် လိုက်တယ် သွေးတိတ်အောင်လုပ်ပေးတယ်။ သွေးဥမွှားသိပ်နည်းနေရင် ခန္ဓာကိုယ် အနှံ့ သွေး ထွက်လာမယ်။ ဦးနှောက်ထဲ သွေးယို မှာ ကို စိတ်ပူတာ ။ ခုကတော့ အဲလောက် မနည်းသေးဘူး။ ဒီအောက် နည်းလာရင် ထပ် ဖြည့်ရမယ်။ အဒေါ် ဝမ်းနည်းတာ ကို နားလည်ပါတယ် ငို မနေ ဘဲ ဆရာမ တို့ ပြောသမျှ ကို သာ အကုန် လိုက်နာပေး ဟုတ်လား။ သွေးလှူရှင် တွေ ရှာထား။ သွေးဥမွှားကိုဖြည့်မယ်ဆိုရင် နေ့ချင်းထုတ်တဲ့ သွေးထဲ က ပဲ ဖြည့်လို့ ရတယ်။ ရက်ကျော်သွားတဲ့သွေးဆိုရင် သွေးဥမွှားတွေ က ပျက်စီး ကုန် ပြီ။ ပြေးနိုင်လွှားနိုင်တဲ့ လူငယ်လေးတွေ ခေါ်ထား။ သူ့ အဖေ ကို လည်း ခေါ်ထား။ အဒေါ် တစ်ယောက် ထဲ ပြုစု လို့ မ ရ ဘူး လေ။

ဆရာဝန်။ ။ ကဲ ညီမ ပဋိဇီဝဆေးတွေ အမြင့်ဆုံး သွင်းရမယ်။ ခုနပြောသလို ကလေး ထွက်လာရင် ကြည့်ကြတာပေါ့ အနည်းဆုံးတော့ ကောင်လေးကိုတော့ အကြောင်းကြားပြီး ခေါ်ခဲ့သင့်တယ်လေ။ သူ နဲ့ လည်း ဆိုင်တာကို။

လူနာ။ ။ ဖြစ်ပြီး ကတည်းက မတွေ့တော့ဘူးဆရာမ။ကျွန်မ ကိုယ်ဝန်ရှိတာလည်း ပြောချင်တာ ဆက်သွယ်လို့ မ ရ ဘူး။ သူ့ ရှာလို့ မ ရ တာ နဲ့ ဒီလို လုပ်ခဲ့မိတာ။

ဆရာဝန် ။ ။ ကဲ လိုအပ် တာ တွေ အကုန် လုပ်ပြိးပြီ ဆေးသွင်းတာ ခဏ စောင့်။ နေပါအုန်း မေးစမ်း ပါအုန်းမယ်။ ခုခေတ် ပေါ် နေတဲ့ အရေးပေါ် တားဆေး တွေ ကို မသိဘူးလားအေ။ မဟုတ်ရင်လည်း ထိုးဆေး၊ စားဆေး တွေ ရှိနေတာ ကို ။မဖြစ်ခင် တား ရမှာပေါ့။

လူနာ။ ။ သောက်တယ် ဆရာမ။

ဆရာဝန်။ ။ ၃ ရက် အတွင်း သောက်ရတာ လေ။ ရက်ကျော်သွားလို့နေမှာပေါ့ စော နိုင်သမျှ စောစော သောက်ရတယ်။ တစ်လုံး လား နှစ်လုံးလား။

လူနာ။ ။ တစ်လုံး ထဲ ဆေး ဝယ်သောက်တာ ဆရာမ။ ဖြစ်ပြီးပြီးချင်း သောက်တာ။

ဆရာဝန်။ ။ အင်း ရက်လွန်တာတော့ မရောင်းလောက်ပါဘူး။ အဲလို ချက်ချင်းသောက်ရင် လူဆယ်ယောက်မှာ ရှစ်ယောက် ကိုယ်ဝန်ကို တားနိုင်တယ် တဲ့။ ကျန် တဲ့ နှစ်ယောက် ထဲ ပါသွားတာ ကိုး။ အဲ ဒါ နဲ့ ကိုယ်ဝန် ကပ် သွားတော့ တရွာသွား ထပ် ဖျက် လိုက် က ရော။ သူများ အသက် သတ် ရင် ကိုယ့် အသက် ပါ သွားတတ်တယ် ဟဲ့။ ဒါမျိုး က လူသတ်မှုမြောက်တယ်။ ရဲခေါ် ဖမ်း ရ မယ့် အမှု ။ လူနာ ဖြစ်လာတော့လည်း ကုပေးနေရတာ။တို့ နိုင်ငံ က လည်း ဒီလို ဖျက်ပေးတဲ့ သူ တွေ ကို ထိထိရောက်ရောက် အရေးယူသင့်တယ်။ ဒီကိစ္စ ဘက် ကို မလှည့်နိုင်ကြသေးဘူး။

နှစ်နာရီ ခန့် ကြာပြီးနောက်

ဆရာဝန်ငယ်များ။ ။ အစ်မ ခုဏ က Induced abortion patient(ကိုယ်ဝန်ဖျက်ချထားသော လူနာ ) လေ Platelets 60 ပဲ (သွေးဥမွှား)( သာမန် လူ တစ်ယောက် 100ကျော် ရှိသင့် သည်) ရှိတဲ့လူနာလေ ကလေး ထွက် ၊အချင်း ကျပြီး SPO2 50% ( အနည်းဆုံး 94%ရှိသင့်သည်။)ရုတ်တရက် အောက်ဆီဂျင် တွေ ပြုတ်ကျပြီး Shock ရ သွေးပေါင်ချိန် 50/20 ဖြစ်သွားလို့ တဲ့။ ခု အကြီးဆုံး ဆရာဝန် ကြီး လာစောင့်ကြည့်နေရတယ်။ သမားတော် က အစ က တော့ ဖုန်းပဲ ဆက် တာ ခု တော့ ကိုယ်တိုင်လာကြည့်ပေးနေတယ်။ မေ့ဆေးဆရာဝန် တွေ ကို အကြောင်းကြားပြီး ICU ရွှေ့မယ်တဲ့။

ဆရာဝန်။ ။ ဟင် ခုဏလေး က မှ စကားတပြောပြော နဲ့လေ ။ အကောင်းကြီးလိုပဲ။ ခု သူ့ နောက် က လူနာ ငါးယောက်လောက် တင် ပြီး တာပဲ ရှိသေးတာ။ ခုဏ က နဲ့ တခြားစီ ပဲ ဘယ်လို ဖြစ်လို့ လူ က ဒီလောက် ပိန် ပိန်လေး က နေ ဖောသွပ်သွပ်ဖြစ်လာတာလဲ။ တကယ့်ကို ဖုတ်လှိုက် ဖုတ်လှိုက် ပါလား။ မြန်တာ ဟယ်။ ဘာ တွေ သုံး ပြီး ဖျက် ကြတာပါလိမ့်။

နောက်တစ်ရက် လူနာ ‌ဆီး လုံးဝ မထွက် တော့ပါ။ သမားတော်၊ ဆီးနှင့် ကျောက်ကပ် အထူးကု များ၊ သွေးရောဂါ အထူးကု သမားတော်ကြီးများ ၊ မေ့ဆေး နှင့် အထူးကြတ်မတ်ကုသဆောင် ဆရာဝန်များ ၊သူနာပြုများ အားလုံး သားဖွားမီးယပ် ဆရာဝန်ကြီးများ နှင့် ပူးပေါင်းကုသ သော်လည်း လူနာ မှာ ဆီး လုံးဝ မထွက်ကျောက်ကပ်ပျက်စီး ၊သွေးများ နေရာ အနှံ့ ယိုစိမ့် နေခြင်း၊ ခန္ဓာကိုယ် မှာ ဖောသွပ် လာခြင်း တို့ ကို ခံစား နေရတော့သည်။ ကျောက်ကပ်ဆေး ခြင်း၊သွေးနှင့် သွေးဥမွှား အလုံးပေါင်းမြောက်မြားစွာ သွင်း ၍ သွေးယိုစိမ့်ခြင်း ကို တားဆီး နေရပြီး အကောင်းဆုံး ပဋိဇီဝ ဆေး များသုံး ကုသသော်လည်း သိသိသာသာ တိုးတက်မှု မရှိ။ ပါမောက္ခများ ကိုယ် တိုင် လာရောက် ကုသ ပေးနေ သည်။

ဆရာဝန်ကြီးများ။ ။ ဒီလူနာ ရဲ့ သားအိမ်ခေါင်း ကို ဘယ်သူ စမ်းကြည့်လိုက် ရသေး လဲ ။

ဆရာဝန်။ ။ ကျွန်မ ကြည့်ပါတယ် နောက်ပြီး အကြီးဆုံး တာဝန်ကျ ဆရာဝန်ကိုယ်တိုင် စမ်း ပါတယ်။

ဆရာဝန်ကြီးများ ။ ။ ကောင်းရဲ့လား။ တချို့ က အက်ဆစ် တွေ သုံးပြီး ဖျက်ပေးတတ်တယ် ။သားအိမ်ခေါင်းစုတ်ပြတ်ပြီး အတွင်းကို လှိုက်စား နေတာမျိုး တွေ့ သလား။ ဘာလို့ဆို သုံးလိုက်တဲ့ Toxin (အဆိပ်) က သိပ်ပြင်းထန်တယ်။ အဲလို ပုံစံမျိုး တွေ ပဲ ကလေး က တော့ ထွက်တယ် နောက်ပြီး ဆီးလုံးဝ မထွက်တော့ဘဲ ကျောက်ကပ်ပျက်စီး တာပဲ။ သူ လာ တဲ့ နေ့ က ဆီးနည်း မနည်း ဘယ်သူ မေးလိုက်လဲ။ ဆီး နည်းတာ ဘယ်နှရက် ရှိပြီ တဲ့ လဲ။

ထိုနေ့က တာဝန်ကျ ဆရာဝန်များ။ ။ ဆီး မနည်း ပါ အစ်မ ဆီးစစ်ချင်လို့ သွားပေါက်ခိုင်းတာ ခဏ ပဲ ပေါက်ပြီး ပြန်လာတာပါ။ မေးလည်း မေး လိုက် ပါတယ် ပုံမှန် ပဲ လို့ပြောပါတယ်။ ကြည့်တော့ အကောင်းကြီး က နေ အဲ ကလေးထွက်ပြီးမှကို ချက်ချင်းကြီး Deteriorate ထ ဖောက် သွားတာ ပါ။ ကြည့်နေရင် နဲ့ ကို ချက်ချင်းချက်ချင်း ပြောင်း လဲ သွားတာပါ။ ခု တော့ နေရာ အနှံ့ သွေးခြေဥ မျက်လုံး ထဲ လည်း သွေးယို၊ အဆုတ် က လည်း အသက်ရှူစက် တပ်ထားရ၊ ကျောက်ကပ် ကိုလည်း ‌ဗိုက်က ဖောက်ပြီး ဆေး ထား ရ နဲ့ ပိုက်ပေါင်းစုံ၊ စက်ပေါင်းစုံ၊ ဆေးပေါင်းစုံ သုံး ပြီး ကုသ နေရတာပါ။

နောက်တစ်ရက်မနက်ပိုင်း သွေးပေါင်ချိန် ကျ သွေးဆိပ်တက် ပြီး သွေးဖောက် ၍ပင် မရ တော့ ပါ။

တာဝန်ကျဆရာဝန်များ။ ။ ဆရာမ တို့ ရေ မဖောက် နဲ့တော့ သွေးပေါင်ဒီလောက်ကျနေတာ သွေး မရှိတော့ ဘူး နေမှာ အကုန် ပြန်ထွက်နေပြီနေမှာ။ ရှင်းပြထားတယ်။ နေပါစေတော့။ဖောက်တဲ့နေရာ က သွေး က ကျ တော့ မတိတ်၊ သွေးကြော ထဲ ကျတော့ သွေးမရှိ ဒုက္ခ ပဲ။

နေ့လည်ပိုင်း လူနာ ကို လိုအပ်သော သွေးများ ထပ် သွင်း၊ကျောက်ကပ်ဆေးခြင်း၊ အသက်ရှူ စက် နှင့် ကူ ရှူပေးခြင်း ဆရာဝန်ကြီးများ ကုသခြင်း တို့ကြောင့် သွေး‌‌ ‌ ပေါင်ချိန် ပြန် တက်လာပြီးသွေးဖောက်၊ သွေး အဖြေများ တိုးတက်ကောင်းမွန်လာသည်။

ညနေပိုင်း

ဖခင်။ ။ ဆရာ တို့ ကျွန်တော့ သမီးလေး နေရာပေါင်းစုံ သွေးထွက် ၊ ပိုက်ပေါင်းစုံ၊ အညိုအမည်းကွက်တွေ နဲ့ မကြည့်ရက်လို့ပါ။ ဒီတိုင်း ပြန် ခေါ် သွားလို့ မရ ဘူးလား။ ကျုပ်တို့ အိမ် ပြန် ခေါ် သွားပါရစေ။

ဆရာဝန်များ။ ။ ဦးလေး သမီး ကို ဦးလေး ပြန် ခေါ်ပိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့် သူ က ဦးလေး တို့ ကို ထား မသွားဘူး မစွန့်လွှတ်ဘူးလေ။ မနက် က ကျွန်တော်တို့ပြောတယ် လေ သွေးပေါင်ချိန် ကျ နေလို့ သွေးဖောက်လို့ မရ တော့ ဘူး။ သွေးတွေ မစစ်တော့ဘူး လို့ ရှင်းပြတယ်မို့လား။ ဒါပေမယ့် နေ့လည်ပိုင်း မှာ အံ့ဩစရာ သွေးပေါင် ချိန် တက် လာတယ်လေ ပြီးတော့ သွေးအဖြေ တွေ က တိုးတက် လာတယ်။ သူ ကိုယ်တိုင်တောင် ဇွဲ မလျှော့ဘဲ အံတု ပြီး တိုက်ပွဲ ဝင် နေသေးတာ ကျွန် မ တို့ က ဘာလို့ လက်လျှော့ ရ မလဲ။ ဦးလေး တို့ က ဘာလို့ လက်လျှော့ချင်နေတာလဲ။ခဏ တော့ နေပါအုန်း ပြန် မခေါ်ပါနဲ့အုန်း။

မိဘများ။ ။ သမီး သမီးလေး သတိရလား။ မိန်းမ ကိုင်ကြည့်အုန်းဟ ။ဟုတ်တယ် ကိုယ်ငွေ့လေး ကောင်းလာပြီ။ နွေးလာပြီ။ တို့ ဆက် ကု ကြမယ်။

လူနာကလေး အသက် ဘေး က လွတ်ပါစေ။ အမြန်နေကောင်းပါစေ။ အကယ်၍ သူ နေ ကောင်း ခဲ့ ရင် ကျွန်မ မေး ကြည့်ချင်ပါတယ်။

ညီမလေး ခု ဖြစ်ပျက်ခဲ့တာ တွေကို ပြန် ပြင် လို့ ရမယ်ဆိုရင်၊ ပြောင်းလဲ လို့ ရမယ် ဆိုရင်ဘယ် နေရာ က စ ပြောင်းလဲ ချင် သလဲ? ဟို တိရစ္ဆာန် ကောင် နဲ့ မတွေ့ဆုံ ပဲ ပြန် စ မလား? တွေ့ခဲ့ ပေမယ့် ယုံ လို့ ပုံ မအပ်ဘဲ နေမလား? အရေးပေါ်ဆေး မသုံးဘဲ ပိုပြီးစိတ်ချရတဲ့ သားဆက်ခြားနည်းလမ်း ကို သုံးခဲ့ လေမလား? ကံ ဆိုးလွန်းလို့ ကိုယ်ဝန်ရ ခဲ့ တာ ကို ဆက်မွေးမလား? သောက်ဆေးလောက် နဲ့ ရပ်ပြီး လက် သည် ဆီ မသွားဘဲ နေ မလား? လို့ လေ

ဒီ အကြောင်းအရာ တွေဟာ ကျန်းမာရေးဝန်ထမ်းတွေ အတွက်တော့ အပ်ကြောင်းထပ် နေ တဲ့ ဓါတ်ပြား ပါပဲ။ နေရာစုံ တာဝန်ထမ်းဆောင် တဲ့ ဝန်ထမ်း အဆင့်မျိုးစုံ ကြုံတွေဖူးပါတယ်။ အဲလောက် ထိ များပြား ပါ တယ်။ ကျွန်မ တို့ မိန်းကလေး တွေ ကို ကျန်းမာရေး အသိပညာပေး ကြမလား။ ငယ်ရွယ်စဉ် ကတည်း က တဖြည်းဖြည်းချင်း ဒီလို အဖြစ်ဆိုးမျိုး တွေ ကို ကာကွယ်နိုင်မယ့် သင်ကြားမှု Sex education ပေးကြမလား။ ကိုယ့်တာဝန်ကို မယူ ဘဲ ရှောင်ပြေး နေ ကြ တဲ့ လူ့ အန္ဓ တွေ ကို အကုန်အပြစ်ပေးနိုင်မလား၊ တရားမဝင် လူသတ် နေတဲ့ ဖျက်ချပေးနေတဲ့ သူ တွေ ကို ရှာဖွေ ဖမ်းဆီး ‌အရေးယူကြမလား ?

မှတ်ချက်။ ။ ဆရာဝန် တစ်ယောက်၏ အဆိုးရွားဆုံးသော အတွေအကြုံများ၊ လူနာများ၏ လက်သုံး စကားများ၊ လူနာများ၏ အဆိုးရွားဆုံးသော ရောဂါလက္ခဏာများ၊ လူနာများ၏ အဖြစ်အများဆုံးသော ဘဝ ဇာတ်လမ်းများ ကို အခြေခံ၍ ရေးသားပါသည်။ မည်သူတစ်ဦးတစ်ယောက်၏ အထ္ထုပ္ပတ္တိကိုမျှ ပုံတူ ကူးယူ ထားခြင်း မရှိပါ။ကျွန်မ ဒီစာလေး ကို ရေးတဲ့ အချိန်မှာ ဆရာဝန်တစ်ယောက် ရဲ့ Ethics နဲ့ ညီ ရဲ့လား လို့ စဉ်းစားပါတယ်ရှင့်။ သတိပေးတဲ့ ပုဂ္ဂိုလ်များလည်း ရှိခဲ့ပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။ တခြားဆရာဝန် တွေ မပြောခဲ့ကြတာ မရေး ခဲ့ ကြတာ ဒီအချက် တွေကြောင့်ပဲ ဖြစ်ပါတယ်။ လူနာ များ၏ အတွင်းရေး ကို ဖွင့်ဆိုအပ်သည် မှ လွဲ၍ ဆိုတဲ့အချက်ရယ်၊ ကိုယ့် အလုပ်၊ ဆေးရုံကို၊ ကိုယ့် လုပ်ဖော်ကိုင်ဖက် တွေ ကို advertising လုပ် နေသလိုဖြစ်တာရယ်ကြောင့်ပါရှင့်။ ဒါပေမယ့် ကျွန်မ တို့ ရဲ့ Audiences တွေဟာ Health education နည်းပါးကြပါတယ်။

ဒီလို ကွက်ကွက်ကွင်းကွင်းမြင်အောင် မရေး ရင် ကြောက်စရာ လို့ မသိကြပါဘူး။ တကယ်တော့ သူတို့ဘေးပတ်ဝန်းကျင်မှာ ဒီလို ခံစား ခဲ့ဖူးသူတွေ ၊ဒီလို ကိုယ်ဝန်ဖျက်ခဲ့သူတွေ ရှိမှာပါ ဘယ်သူက မှ ထုတ်ဖော် မပြောကြပါဘူး။ ဒီလို အဖြစ်ဆိုးမျိုး ကို မြင်ဖူးတွေ့ဖူးသူ တွေ ရှိမှာပါ ဒါပေမယ့် ဒီအဖြစ်တွေ ဟာ သူတို့ ပြန်မပြောချင်လောက်အောင် ခါးသီး နေမှာ ဖြစ်တဲ့ အတွက် လက်ဆင့် မကမ်း ကြပါဘူး။ မလုပ်နဲ့ သေတတ်တယ် သေတာငါမြင်ဖူးတယ်နော် လို့တောင် သတိ ပေး ကြမှာ မဟုတ်ပါဘူး။ ဒါက ကျွန်မတို့ လူနေမှု စရိုက်(concealed type) ရဲ့အားနည်းချက်တွေပါ။ Blameလုပ် ခံရမှာ ကြောက်တာ ကြောင့်ပါ။ မသိတော့ မကြောက်ကြ တော့ပါဘူး။ အရှက် နဲ့ အသက် ကို လဲ နေကြပါတယ်။

ခု ကာလ မှာ ကမ္ဘာမီးလောင် လို့ သားတောင် ချ နင်း နေကြပါပြီ။အိမ်ထောင်ရှင် တွေ ပါ ဒီလို လုပ်နေကြပါပြီ။Patient တွေ ခံစားနေရတာတွေ ကို မှတ်တမ်းတင်ပြီး ပြချင်ပါတယ် ဒါပေမယ့် ဒါကလည်း Ethics နဲ့ မညီ ပြန်ဘူးဖြစ်နေပါတယ်။ Documentary လိုမျိုးလေး ရိုက်ပြီး တင်ပြရင်ရော ဆိုတော့လည်း ဒီလောက် ဆေးရုံ စက်ပစ္စည်းတွေ သုံးပြီး ရိုက်ဖို့ မလွယ်ပြန်ပါဘူး။ ဒီတော့ မသိလို့ မကြောက် ကြ၊ မရှောင်ကြ နဲ့ လူငယ်တွေ ဆုံးရှုံးနေရတာကို အမျိုးသမီး ထု သတိပြုမိ အောင် Facebook media ကို အသုံးပြုပြီး ဇာတ်လမ်းရေးသားပါတယ်ရှင့်။ ထပ်တူကျနေသော အဖြစ်မျိုးရှိပါက စာရေးသူ ၏ တာဝန်သာဖြစ်ပါတယ်ရှင့်။ Ethics နဲ့ မညီ ဘူး ထင်ပါကလည်း စာရေးသူ ၏ တာဝန်သာဖြစ်ပါတယ်ရှင့်။ အသေးစိတ် ရေး ပြ တာကို က သတိပြုရှောင်ရှားစေချင် တဲ့ စေတနာ နဲ့ ‌ရေးသားတင်ပြခြင်းသာဖြစ်ပါတယ်ရှင့်။

လေးစားစွာဖြင့် Kyi Thar Ye Maung

Add a Comment

Your email address will not be published. Required fields are marked *