





crd : whitesone

unicode

မိခင်မေတ္တာ ကို ယှဉ်လို့ မရတဲ့ ကိုရိုနာ ဗိုင်းရပ်စ် (သားသည် မိခင်များ ဝမ်းမြောက်ဖွယ် သတင်း)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့ မိခင် ဖြစ်သူတွေဟာ ရင်သွေးငယ်တွေကို နို့ချိုဆက်လက် တိုက်ကျွေး နိုင်ကြောင်း၊ ရင်သွေးနဲ့ ခွဲပြီးမနေသင့်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO ) က ပြောကြားလိုက်ပါတယ်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) မှ အထွေထွေညွှန်ကြားရေးမှူးချုပ်က ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက် ခံနေရတဲ့ မိခင်ဖြစ်သူမှ ရင်သွေးငယ်ကို နို့ချို တိုက်ကျွေးနေစဉ် ဗိုင်းရပ်စ်ကူးစက်နိုင်ခြေ ရှိ/မရှိ ကို ဂရုတစိုက် လေ့လာစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ကလေးငယ် တွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်ခြေ နည်းပါးပြီး မိခင်နို့ချိုတိုက်ကျွေးခြင်းဟာ ကလေးငယ်တွေ အတွက် ကိုရိုနာဗိုင်းရပ်စ်ထက် အန္တရာယ်များတဲ့ များစွာသော ရောဂါအခြေအနေတွေမှ ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။

WHO က မိခင်နို့ချို မတိုက်ကျွေးခြင်း ရဲ့ကြောင့် ဖြစ်လာနိုင်တဲ့ ကိစ္စတွေဟာ ကိုရိုနာဗိုင်းရပ်စ် ဘေးအန္တရာယ် ထက် ပိုများတယ်လို့ အကြံပြုထားကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် သံသယရှိ ( သို့ ) ကူးစက်လူနာအဖြစ် အတည်ပြုထားတဲ့ မိခင်ဟာ မိမိရဲ့ ရင်သွေးကို နို့ချိုဆက်လက် တိုက်ကျွေးသင့်ကြောင်း ပြောကြားလိုက်ပါတယ်။

WHO မျိုးဆက်ပွား နဲ့ သုတေသနဌာနမှ အကြီးတန်းအကြံပေး က မိခင်နို့ရည်ထဲမှာ ကိုရိုနာ ဗိုင်းရပ်စ် အသက်ရှင်နိုင်ခြင်း မရှိတာ တွေ့ရတာ ကြောင့် နို့ရည်က တဆင့် ရင်သွေးကို ဗိုင်းရပ်စ်ကူးစက်မှုဟာ အခုချိန်ထိ မတွေ့ရှိရသေးဘူးလို့ ပြောကြားခဲ့ပါတယ်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *