




crd : panpyoelat

UNICODE

ကိုဗစ်ကာလမှာ ဂျပန်နိုင်ငံ ကို အတုယူ ရမယ့် အချက် (၁)ချက်အား ပြည်သူတွေသိအောင် အတိုင်ပင်ခံပြောကြား

ကိုဗစ်ရောဂါကလည်း ဘယ်အချိန်မှ ပြီးမလဲ မသိတော့ Mask ကို တပ်ချင်သည် ဖြစ်စေ မတပ်ချင်သည် ဖြစ်စေ .. ရောဂါကာကွယ်တဲ့ အ နေနဲ့ အမြဲတပ်ထားရမှာ ဖြစ်လို့။နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောသလို ဂျပန်နိုင်ငံကို အတုယူပြီး အပူဒဏ် ခံ နိုင်စေမယ့် Mask တွေ မြန်မာပြည် အတွက် ထုတ်နိုင်လာရင်တော့ ပြည်သူ အားလုံးအတွက် အဆင်ပြေစေမှာ ဖြစ်ပါ တယ်နော်။

မြန်မာနိုင်ငံရဲ့ ရာသီဥတုဟာလည်း တဖြေးဖြေး ပူလာတာ နဲ့ အမျှ Mask တပ်တဲ့အခါ တကယ်ကို မသက်သာ လှပါဘူး။ အထူးသဖြင့် Mask တပ်ပြီး အလုပ်လုပ်နေတဲ့ရတဲ့ သူတွေမှာ အသက်ရှု ကြပ်တာ… အပူဒဏ် မခံနိုင်ဘဲ ချွေးထွက်များတာကြောင့်Mask ကို မေး စေ့ချိတ်ပြီး သွားလာ ကြတာ များပါတယ်။

အဲ့ဒီကိစ္စနဲ့ ပတ်သတ်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဂျပန်နိုင်ငံ မှာ ထုတ်လုပ်နေ တဲ့ အပူဒဏ် ခံနိုင်တဲ့ Mask တွေ ကို အတုယူပြီး ထုတ်လုပ် စေချင်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။ဂျပန် နိုင်ငံမှာက ဟို အရင်တုန်း ကတည်းက Mask တပ်တဲ့အလေ့အ ထ ရှိကြပြီး အမြဲတပ်ဆင်တာ မဟုတ် ပေမယ့် အခု ကိုဗစ် ကာလ အတွင်းမှာတော့ Mask တွေကို ဆက်တိုက် ဝတ်ဆင်နေပါတယ်။

အဲဒီအခါမှာ သူတို့ ပြည်သူတွေက ပူတယ် ကြာကြာ မနေနိုင်ဘူး ဆိုတာ တွေပြောလာကြတော့သူတို့စက်ရုံတွေကအပူခံနိုင်တဲ့အပြင် ပိုပြီး အသက်ရှုလို့ဝနိုင်တဲ့ Mask မျိုးထုတ်တော့မယ်သိရတယ် မြန်မာနိုင်ငံမှာလည်း အဲဒီလိုပုံကိုနမူနာယူပြီးလုပ်နိုင်ရင်ကောင်းမယ်” ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် က ပြောကြား လိုက်တာ ဖြစ်ပါတယ်။

crd :  panpyoelat

Add a Comment

Your email address will not be published. Required fields are marked *