













REF: SHWE WIKI

UNICODE

ကိုဗစ်ဖြစ်လိမ့်မယ် လို့ ‌ဟော ခဲ့ တဲ့ အိန္ဒိယ ဗေဒင် ဆရာလေးက နောက်ထပ် ‌ဟောကိန်းအသစ် တစ်ခုထပ်ထုတ်

အခုလို ကပ်ရောဂါတွေ မဖြစ်အောင် ကျွန်တော်တို့လူသားတွေက ကောင်းတာတွေပိုလုပ်ဖို့လိုအပ်လာပါပြီ။ ရိုင်းစိုင်းတဲ့အပြုအမှု မကောင်း တဲ့ အကျင့်တွေ ကို ပြင်ကြတော့ ဖို့လိုအပ်လာပါပြီ တစ်ယောက်နဲ့ တစ်ယောက် သနား ကြင်နာတတ်တဲ့ စိတ်တွေ ကို ပိုပြီး ထွန်းကားလာ အောင် ကြိုစားမြွေးမြူကြဖို့အချိန်တန်လာပါပြီ နောက်ဆုံး အရေးကြီးဆုံးကတော့ ((((( #မေတ္တာတရား ))) ပါပဲ။မေတ္တရားဖြင့် အရာရာကို ကျော်လွှားနိုင်ကြပါစေ မေတ္တာတရားဖြင့် ငြိမ်းချမ်းသာယာ အေးချမ်းပြီး ပျော်စရာကောင်းတဲ့ ကမ္ဘာကြီးကိုဖန်တီးနိုင်ကြပါစေလို့ ။

ကိုဗစ်ရော ဂါဖြစ်လိမ့်မယ် လို့ ‌ဟော ခဲ့ တဲ့ အိန္ဒိယ လူ ငယ်ဗေဒင် ဆရာ နောက်ထပ် ‌ဟောကိန်းတစ်ခုထပ်ထုတ် လိုက်ကြောင်း သိရပါတယ် ။အဲဒါကတော့ COVID-19 ထက်ပိုပြီးဆိုးဝါး ပိုပြီး ကြောက်စရာကောင်းမည်ဟု ဆိုပါတယ်။ လူေ တွ ငတ်ပြတ်ကြလိမ့်မည်ဟုဆို ပါ တယ်။သူသည် လွန်ခဲ့သော ၇ လခန့်၂၀၁၉ ခုနှစ် သြဂုတ်လကတည်းက ကမ္ဘာမှာ 2020 ပြည့်နှစ်အတွင်း ဇီဝပိုးလက်နက် တိုက်ပွဲဖြစ်လိမ့် မယ် ပိုးမွှားနှင့် လူတွေကြား တိုက်ခိုက်ရတဲ့ စစ်ပွဲဖြစ်လိမ့်မယ် ကမ္ဘာ့ကပ်ကြီးဖြစ်လိမ့်မယ်လို့ ကြိုတင်ခန့်မှန်းပြောဆိုခဲ့ပါတယ်။

သူဟာ အိန္ဒိယ ဝန်ကြီးချုပ်ကိုယ်တိုင် ခေါ်ယူတွေ့ဆုံခြင် းခံရသူလည်းဖြစ်ပါတယ်။ အရင်က သူ့ဟောကိန်းကို ဘယ်သူမှ အရေးမလုပ် ခဲ့ကြသော်လည်း ယခုတော့ နိုင်ငံတကာ ပညာရှင်တွေပါ သူ့ကို ဆက်သွယ်မေးမြန်းနေကြရပါပြီ။နှစ်တစ်ရာမှာတစ်ကြိမ်သာ ဖောက်ပြန် ဖြစ်ပေါ်လာတဲ့ ဂျူပီတာ ၊ မားစ်၊ စေတန်ဂြိုဟ်သုံးလုံးရဲ့ အနေထားကိုကြည့်ပြီး ဟောကိန်းထုတ်ခဲ့တာလို့ သိရ။ ဘာပဲဖြစ် ဒီကပ်ကြီးဖြစ် လိမ့်မယ်လို့ သူပြောဆို ခန့်မှန်းခဲ့တာ မှန်နေခဲ့အတွက် ကြောင့် ယခု မေ ၂၉ လောက်ကနေ စပြီး ။

ရောဂါသည်အရေအတွက်တွေ လျော့ကျလာပြီး လူသားတွေက ထိန်းချုပ်နိုင်သွားလိမ့်မယ်လို့ သူရဲ့ခန့်မှန်းတွက်ချက် ပြောဆိုမှုကလည်း မှန်လာပါစေလို့ပဲ ဆုတောင်းရမှာပဲ။ဒါဆုတောင်းပြည့်ခဲ့ပြန်ရင်လည်း သူက နောက်ထပ် ဟောကိန်းတစ်ခု ထပ်ထုတ်ထားပြန် သေးတယ် ကွယ် ။သူက သူ့ရဲ့နောက်ဆုံး Video ထဲမှာ ယခင် Video နဲ့ပတ်သက်ပြီး socicl meadi များ နှင့် သတင်းဌာနကြီးတွေက သူ့ရဲ ဟောကိန်း ကို လွဲမှားစွာ ယူဆပြီး ရေးသားနေကြတာ ကိုလည်း အောက်ပါအတိုင်း ရှင်းပြထားပါတယ်။

မီဒီယာတွေက မေ ၂၉ ကျရင်ဒီရောဂါ ကပ်က လုံးဝအဆုံးသတ်သွားမယ်လို့ Anand ကပြောကြောင်းရေးသားနေ ကြတာကိုး။ ကျွန်တော် ပြောခဲ့တာကဒီCOVID က မေလ ၂၉ ရက်မှာလုံးဝပြီးဆုံးချုပ်ငြိမ်း သွားမယ်လို့ပြောခဲ့တာ မဟုတ်ပါဘူး ။ အဲ့ဒီမေလ၂၉ ရက်နေ့ကနေစပြီး နောက်ပိုင်း ကမ္ဘာမှာ COVID-19 ရောဂါသည်အရေတွက်ဟာ တဖြည်းဖြည်း လျော့ကျသွားပြီး လူသားတွေက ထိန်းချုပ်သွားမယ် နိုင် လိမ့်မယ်လို့ပြောခဲ့တာပါ အဲ့ဒီ မေလ ၂၉ ရက်နေ့မှာ လုံးဝချုပ်ငြိမ်းသွားမယ်လို့ ဆိုလိုခဲ့တာ မဟုတ်ပါဘူး ´´ လို့ဖြေရှင်းထားပါတယ်။

လွန်ခဲ့တစ်ပတ် ဧပြီလ ၈ ရက်နေ့က Youtube မှာတင်ခဲ့တဲ့ သူရဲ့ နောက်ဆုံး Video ထဲမှာ ၂၀၂၀ ခုနှစ် ဇွန် လ ၃၀ ရက်အထိ တိုင်အောင် ကမ္ဘာ့ပေါ်မှာ မည့်သည့်ငြိမ်းချမ်းမှုမှ ရနိုင်သေးမှာ မဟုတ်ကြောင်း ၊ ကောင်းသော သတင်းတွေကို ကြားနိုင်သေးမည်မဟုတ်ကြောင်း လည်း ပြောဆိုထားပါတယ်။အဲ့ဒီနောက်ဆုံး Video ထဲမှာပဲ လူသားတွေဟာ ဒီ COVID-19 နဲ့ပတ်သက်တဲ့ ကာကွယ်ဆေးတွေကို ထုတ်ဖို့ အောင်မြင်ခဲ့ရင်တောင် ၂၀၂၀ ခုနှစ် ဒီဇင်ဘာ လ ၂၀ ရက်နေ့ ကလောက်စပြီး ဖြစ်ရပ်တစ်ခုရင်ဆိုင်ရမှာပါ။

ကမ္ဘာပေါ်မှာ COVID-19 ထက်ကိုပိုပြီးကြောက် စရာကောင်းပြီး ပိုပြီး ဆိုးဝါးမယ့် ကပ်ဘေးတစ်ခုကိုစတင် ရင်ဆိုင်ကြရဦးမည်လို့ အောက် ပါအတိုင်း ဟောကိန်းထုတ်ပြောဆိုထားပါသေးတယ်။ကျွန်တော်တို့ဟာ ဒီ COVID-19 အတွက် ကာကွယ်ဆေးကို ရှာဖွေတွေ့ရှိ ကောင်း တွေ့ရှိနိုင်ပါတယ် ၊ ဒါပေမဲ့ နောက်ထက်နောက်ထက်သော ဗိုင်းရပ်ပိုးတွေက ဆက်လာဦးမှာပဲ ၊ ပဋိဗဇီဝဆေးတွေကို ခံနိုင်ရည်ရှိ တဲ့ ဘက်တီးရီးယားတွေဗိုင်းရက်စ်တွေ လာပါဦးမယ်၊ ဒါကြောင့် ဒါတွေကို ရင်ဆိုင်နိုင်ဖို့အတွက် အရေးကြီးဆုံးကတော့ ကျွန်တော်တို့ရဲ့ ကိုယ်ခံအားစနစ်တွေကို ကောင်းမွန်သန်မာနေအောင်နေထိုင်စားသောက်ဖို့လိုအပ်ပါတယ်။

Organic စားသုံးကုန်တွေကို စားသုံးကြဖို့ လိုအပ်ပါတယ် ၊ သတ္တဝါတွေကို သက်ယူစားသောက်ခြင်းကိုလည်း တတ်နိုင်သမျှရှောင်ကျဉ်ကြ သင့်တယ်၊ ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ ကျွန်တော်တို့ဟာ ကမ္ဘာမြေကြီးရဲ့ ဆိုးရွားတဲ့ဒဏ်ခတ်အပြစ်ပေး တာတွေကိုရင်ဆိုင်ကြရဦး မယ်´´ လိုသတိပေ့းပြောဆိုထားပါတယ်။သတ္တဝါတွေကို သတ်ခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုနေတဲ့ သူတွေကိုလည်း မိမိတို့ရဲ့ ဒီ အသက်မွေးဝမ်းကြောင်းပြုမှုကြီးကို ရပ်တန့်သင့်ကြပြီလို့လည်း တိုက်တွန်းပြောဆိုထားပါတယ်။

အစာရေစာငတ်မွတ်ခေါင်းပါးလာမဲ့ အခြေနေတွေကို ထပ်ခါထပ်ခါပြောထား ပါတယ်။စိုက်ပျိုးရေးကို လုံးဝရပ်တံ့လိုက်ရင် ဒုက္ခရောက်နိုင် မည့်အခြေနေတွေကို မီးမောင်းထိုးပြထားပါတယ်။၂၀၂၀ ပြည့်နှစ်ဒီဇင်ဘာလ၂၀ ရက်နေ့ ကလောက်စပြီး ဒုတိယအကြိမ် တွေ့ကြုံရမည့် ဒီကပ်ကြီးကလည်း ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ တိုင်အောင်ဆက်လက်ဖြစ်ပွားနေလိမ့် မယ်လို့ ဟောကိန်းထုတ်ထားပါတယ် နောက်ဆုံးအနေနဲ့သူက သူဟာ ဒီလိုခန်းမှန်းဟောကိန်း ထုတ်ခြင်းတွေကို နှုတ်စည်းနဲ့ ဟောတာမဟုတ်ပါဘူး။

နက္ခတက်ဗေဒဆိုင်ရာလုပ်ငန်း တွေအပေါ်မှခြေခံပြီး သေချာခွဲခြမ်းစိတ်ဖြာပြီးမှ ပြောဆိုခန့်မှန်းဟောကိန်းထုတ်ခြင်း ဖြစ်ကြောင်း ပြောဆို ခဲ့ပါတယ်။ကဲ ဘာပဲဖြစ်ဖြစ်ဗျာ ဒီဇင်ဘာလ ၂၀ ရက်နေ့လောက်မှာ နောက်ထပ်ကပ်တစ်ခုကို စတင်ရင်ဆိုင်ကြရဦးမယ်ဆိုတဲ့ သူ့ရဲ့ ခန့်မှန်း ပြောဆိုချက်ကို ဘယ်သူမှ နှစ်မြို့လိမ့်မှာ မဟုတ်ဘူးဆိုတာတော့ ‌သေချာပါတယ်။ယုံတာ / မယုံတာက အသာထား ဖြစ်တာ / မဖြစ်တာက အသာထား ကျွန်တော်ကိုယ်တိုင်လည်း သူ့ရဲ့နောက်ဆုံးဟောကိန်းထုတ်ထားတဲ့ အတိုင်း ။

တကယ်ဖြစ်မယ်လို့ ယုံကြည်လို့ ဒီစာကိုရေးနေတာ မဟုတ်ပါဘူး။လုံးဝ မနှစ်မြို့ပါဘူး၊ ဖြစ်လာမှာ မဟုတ်ဘူးလို့ပဲ ကောင်းတဲ့ဘက်က ယူဆပါတယ် ဒါပေမဲ့ သူရဲ့ပြောဆိုမှု ခန့်မှန်းဟောကိန်းထုတ်တာတွေ ကလည်း တစ်ဖက်သတ် မဟုတ်ဘဲ သဘာဝရဲ့အမှန်တရားတွေ ပေါ်မှာ အခြေခံထားတယ်လို့တော့ ယူဆမိတယ် ဗုဒ္ဓဘာသာ တစ်ယောက် အနေနဲ့ ဆိုတော့ ပို၍တောင် လက်မခံနိုင်စရာ မရှိပါဘူး။( ပြောဆိုမှုကိုပြောတာနော် / ဖြစ်လာမှာကို ပြောတာမဟုတ်ဘူး / လက်ခံတယ်ဆိုတာက ) – ။

ဗုဒ္ဓရဲ့အဆုံးအမတွေအောက်မှာပဲရှိတဲ့ ခန့်မှန်းချက်တွေပဲဖြစ်တော့ သိပ်ပြီ းထွေထွေထူးထူး လက်မခံစရာ တော့မရှိပါဘူးးး ဗုဒ္ဓဘာ သာမှာ အရေးကြီးဆုံးသော့ချက် ဖြစ်တဲ့ #ကံကံရဲ့အကျိုး သဘောတရားနဲ့လည်း ကိုက်ညီတယ်လို့ ယူဆမိပါတယ်။လူသားတွေက ကောင်း တာတွေထက် မကောင်းတာတွေကိုပိုပြီး လုပ်ဆောင်လာကြလို့ အကျိုးဆက်အနေနဲ့ မကောင်းတာတွေကို တွေ့ကြုံခံစားရလာ တယ်လို့ပဲမြင်တယ် လူသားတွေရဲ့ တဖြည်းဖြည်းလူသား မဆန်ကြတော့တဲ့အပြုအမူအနေအထိုင်။

လူရိုင်းဆန်လာတဲ့ စားသောက်မှုပုံစံ တစ်ယောက်အပေါ်တစ်ယောက် မေတ္တာတရားခေါင်းပါးလာမှု ၊သနားစာနာစိတ်ကင်းမဲ့လာမှု ရက် စက်ကြမ်းကြုတ်လာမှု စတဲ့အကြောင်းတရားတွေကို အတိုင်းတာ တစ်ခုအထိ အခြေခံပြီး ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေကို ခန့် မှန်းပြောဆိုတာမို့ လက်မခံနိုင်စရာမရှိဘူးလို့ပြောတာပါ ဒါကြောင့် ဒီလိုရောဂါကပ်ဘေးမျိုးတွေ ဘေးတွေ နောက်ထပ်မဖြစ်အောင် လျော့ နည်းလာအောင် အရေးအပါဆုံးကတော့ ကျွန်တော်တို့ လူသားတွေပါပဲ ။

REF:   SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *