တ႐ုတ္ႏိုင္ငံၿမိဳ႕ေတာ္ ေပက်င္း ရွိ ေစ်းႀကီး တြင္ လူအစုလိုက္ အၿပဳံလိုက္ ကိုဗစ္ ကူးစက္ခံရမႈ ျဖစ္ပြား

တ႐ုတ္ႏိုင္ငံ ေပက်င္းအာဏာပိုင္ေတြဟာ အေစာပိုင္း ကပဲ ရွင္ဖန္ဒီေဈးမွာ အမဲသားနဲ႔ သိုးသားေရာင္းခ် မႈကို ပိတ္ပင္ခဲ့ၿပီး ၿမိဳ႕အႏွံ႔က တ ျခား လက္ကားေဈးႀကီးေတြကိုလည္း ပိတ္ထားခဲ့တယ္လို႔ သိရပါတယ္။ထို႔ျပင္ ၿပီးခဲ့သည့္ ဇြန္လ ၁၂ ရက္က ေပက်င္းၿမိဳ႕တြင္ အတည္ျပဳ ေတြ႕ရွိခဲ့တဲ့ လူနာ ေျခာက္ဦးစလုံးသည္လည္း ရွင္ဖန္ဒီေဈးသို႔ သြားေရာက္ ခဲ့ၾကသည္ဟု သိရသည္။ လက္ရွိ တ႐ုတ္ၿမိဳ႕ေတာ္ တြင္ အား ကစားပြဲမ်ား က်င္းပျခင္းကို ရပ္ဆိုင္းထားမည္ျဖစ္ၿပီး ေဒသတြင္း ခရီးသြားလာမႈကိုလည္း ခ်က္ခ်င္း ရပ္ဆိုင္း ထားမယ္လို႔ သိရပါတယ္။

ဗိုင္းရပ္စ္ ကူးစက္ခံရသူ အသစ္မ်ား ေတြ႕ရွိခဲ့တဲ့ ေနရာနားက စာသင္ေက်ာင္းမ်ား၊ မူႀကိဳေက်ာင္း မ်ားကို ပိတ္ထားလိုက္ၿပီျဖစ္ပါတယ္။ လက္ရွိအခ်ိန္ တြင္ ဗိုင္းရပ္စ္ကို ေအာင္ျမင္စြာ ထိန္းခ်ဳပ္ထားႏိုင္ခဲ့ ၿပီဟု ယူဆရေသာ ႏိုင္ငံမ်ားအပါအဝင္ ကမာၻ႔ႏိုင္ငံမ်ားတြင္ ဗိုင္းရပ္စ္ ကူးစက္မႈ ဒုတိယလႈိင္း ထပ္ျဖစ္ လာႏိုင္တယ္လို႔ ပညာရွင္မ်ားက ေျပာၾကားထားပါတယ္။ၿမိဳ႕ေတာ္ ေပက်င္း ၌ လူအစုအ ၿပဳံလိုက္ ကို႐ိုနာ ကူးစက္ခံရမႈျဖစ္စဥ္သစ္ ေပၚထြက္လာခဲ့၍ ၿမိဳ႕တြင္းရွိ ေနရာတခ်ိဳ႕ကို ေလာ့ခ္ေဒါင္းခ်ကာ ပိတ္ပင္မႈမ်ား လုပ္ေဆာင္ထားပါတယ္။

ထိုအျဖစ္အပ်က္ေၾကာင့္ လူအစု လိုက္ အၿပဳံလိုက္ ကိုဗစ္ ကူးစက္ခံရမႈေၾကာင့္ ကူးစက္မႈလႈိင္းသစ္တစ္ခု ျဖစ္ေပၚလာမည့္အေပၚ စိုးရိမ္ပူ ပန္မႈမ်ားကိုလည္း ျမင့္တက္ေစခဲ့ပါတယ္။ ယခုအခါ ေပက်င္းၿမိဳ႕ရွိ လူေနရပ္ကြက္ ၁၁ ခုႏွင့္ လက္ကားေဈးႀကီးတစ္ခုကို အာဏာပိုင္မ်ား က ေလာ့ခ္ေဒါင္းခ် ထားလိုက္ၿပီျဖစ္ပါတယ္။ေပက်င္းၿမိဳ႕ အေနာက္ေတာင္ပိုင္း ဖန္တိုင္း ခ႐ိုင္ရွိ တာဝန္ရွိသူတစ္ဦးက သတင္းစာရွင္းလင္း ပြဲတစ္ခုတြင္ ေျပာၾကားရာတြင္ ၎တို႔ခ႐ိုင္သည္ ယခုအခါ အေရးေပၚအေျခအေနတစ္ခုေအာက္တြင္ ရွိေနသည္ဟု ေျပာသြားခဲ့ပါတယ္။

ယင္းခ႐ိုင္ရွိ ရွင္ဖန္ဒီ လက္ကားေဈးႀကီး မွ လူေပါင္း ၅၁၇ ဦးကို စစ္ေဆးခဲ့ရာ ၎တို႔အနက္ လူ ၄၅ ဦး၏ သလိပ္ နမူနာမ်ားထဲတြင္ ဗိုင္း ရပ္စ္ပိုး ရွိေနသည္ကို ေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။ ေဈးကို မၾကာမီက အလည္ေရာက္လာတဲ့ အသားသုေတသနစင္တာမွာ အလုပ္လုပ္ သူ ႏွစ္ဦးမွာ ကို႐ိုနာ ဗိုင္းရပ္ ကူးစက္ခံထားရေၾကာင္း ေတြ႕ရွိရပါတယ္။လတ္တေလာမွာေတာ့ ဒီလူေတြ ဘယ္လို ကူးစက္ခံထားရတယ္ ဆိုတာေတာ့ ရွင္းလင္းစြာ မသိရေသးပါဘူး။

ရွင္ဖန္ဒီေဈးက ဆယ္လ္မြန္ငါးခုတ္တဲ့ စဥ္းႏွီျပားေတြေပၚမွာလည္း ကို႐ိုနာဗိုင္းရပ္စ္ေတြ႕ရွိလို႔ ေပက်င္းက အဓိကစူပါမားကတ္ႀကီး ေတြမွာ လည္း ဆယ္လ္မြန္ငါးေတြကို ညတြင္းခ်င္း ဖယ္ရွားခဲ့ရ ပါတယ္။

REF: L.K.T

UNICODE

တရုတ်နိုင်ငံမြို့တော် ပေကျင်း ရှိ ဈေးကြီး တွင် လူအစုလိုက် အပြုံလိုက် ကိုဗစ် ကူးစက်ခံရမှု ဖြစ်ပွား

တရုတ်နိုင်ငံ ပေကျင်းအာဏာပိုင်တွေဟာ အစောပိုင်း ကပဲ ရှင်ဖန်ဒီဈေးမှာ အမဲသားနဲ့ သိုးသားရောင်းချ မှုကို ပိတ်ပင်ခဲ့ပြီး မြို့အနှံ့က တ ခြား လက်ကားဈေးကြီးတွေကိုလည်း ပိတ်ထားခဲ့တယ်လို့ သိရပါတယ်။ထို့ပြင် ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်က ပေကျင်းမြို့တွင် အတည်ပြု တွေ့ရှိခဲ့တဲ့ လူနာ ခြောက်ဦးစလုံးသည်လည်း ရှင်ဖန်ဒီဈေးသို့ သွားရောက် ခဲ့ကြသည်ဟု သိရသည်။ လက်ရှိ တရုတ်မြို့တော် တွင် အား ကစားပွဲများ ကျင်းပခြင်းကို ရပ်ဆိုင်းထားမည်ဖြစ်ပြီး ဒေသတွင်း ခရီးသွားလာမှုကိုလည်း ချက်ချင်း ရပ်ဆိုင်း ထားမယ်လို့ သိရပါတယ်။

ဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ်များ တွေ့ရှိခဲ့တဲ့ နေရာနားက စာသင်ကျောင်းများ၊ မူကြိုကျောင်း များကို ပိတ်ထားလိုက်ပြီဖြစ်ပါတယ်။ လက်ရှိအချိန် တွင် ဗိုင်းရပ်စ်ကို အောင်မြင်စွာ ထိန်းချုပ်ထားနိုင်ခဲ့ ပြီဟု ယူဆရသော နိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ဗိုင်းရပ်စ် ကူးစက်မှု ဒုတိယလှိုင်း ထပ်ဖြစ် လာနိုင်တယ်လို့ ပညာရှင်များက ပြောကြားထားပါတယ်။မြို့တော် ပေကျင်း ၌ လူအစုအ ပြုံလိုက် ကိုရိုနာ ကူးစက်ခံရမှုဖြစ်စဉ်သစ် ပေါ်ထွက်လာခဲ့၍ မြို့တွင်းရှိ နေရာတချို့ကို လော့ခ်ဒေါင်းချကာ ပိတ်ပင်မှုများ လုပ်ဆောင်ထားပါတယ်။

ထိုအဖြစ်အပျက်ကြောင့် လူအစု လိုက် အပြုံလိုက် ကိုဗစ် ကူးစက်ခံရမှုကြောင့် ကူးစက်မှုလှိုင်းသစ်တစ်ခု ဖြစ်ပေါ်လာမည့်အပေါ် စိုးရိမ်ပူ ပန်မှုများကိုလည်း မြင့်တက်စေခဲ့ပါတယ်။ ယခုအခါ ပေကျင်းမြို့ရှိ လူနေရပ်ကွက် ၁၁ ခုနှင့် လက်ကားဈေးကြီးတစ်ခုကို အာဏာပိုင်များ က လော့ခ်ဒေါင်းချ ထားလိုက်ပြီဖြစ်ပါတယ်။ပေကျင်းမြို့ အနောက်တောင်ပိုင်း ဖန်တိုင်း ခရိုင်ရှိ တာဝန်ရှိသူတစ်ဦးက သတင်းစာရှင်းလင်း ပွဲတစ်ခုတွင် ပြောကြားရာတွင် ၎င်းတို့ခရိုင်သည် ယခုအခါ အရေးပေါ်အခြေအနေတစ်ခုအောက်တွင် ရှိနေသည်ဟု ပြောသွားခဲ့ပါတယ်။

ယင်းခရိုင်ရှိ ရှင်ဖန်ဒီ လက်ကားဈေးကြီး မှ လူပေါင်း ၅၁၇ ဦးကို စစ်ဆေးခဲ့ရာ ၎င်းတို့အနက် လူ ၄၅ ဦး၏ သလိပ် နမူနာများထဲတွင် ဗိုင်း ရပ်စ်ပိုး ရှိနေသည်ကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ဈေးကို မကြာမီက အလည်ရောက်လာတဲ့ အသားသုတေသနစင်တာမှာ အလုပ်လုပ် သူ နှစ်ဦးမှာ ကိုရိုနာ ဗိုင်းရပ် ကူးစက်ခံထားရကြောင်း တွေ့ရှိရပါတယ်။လတ်တလောမှာတော့ ဒီလူတွေ ဘယ်လို ကူးစက်ခံထားရတယ် ဆိုတာတော့ ရှင်းလင်းစွာ မသိရသေးပါဘူး။

ရှင်ဖန်ဒီဈေးက ဆယ်လ်မွန်ငါးခုတ်တဲ့ စဉ်းနှီပြားတွေပေါ်မှာလည်း ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိလို့ ပေကျင်းက အဓိကစူပါမားကတ်ကြီး တွေမှာ လည်း ဆယ်လ်မွန်ငါးတွေကို ညတွင်းချင်း ဖယ်ရှားခဲ့ရ ပါတယ်။

REF:    L.K.T

Add a Comment

Your email address will not be published. Required fields are marked *