ဒု-သမၼတ ဦးဟင္နရီဗန္ထီးယူ (၂၀၂၀)ေ႐ြးေကာက္ပြဲတြင္ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ျပန္အေ႐ြးခံရန္ အဆိုျပဳ
|အသက္ ၆၂ ႏွစ္အ႐ြယ္ ရွိေနၿပီျဖစ္ေသာ ဦးဟင္နရီဗန္ထီးယူသည္ ခ်င္းအမ်ိဳးသားတစ္ဦးျဖစ္ကာ ယခု ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ၂၀၁၅ တုန္း က အႏိုင္ရရွိခဲ့ သည့္ မဲဆႏၵနယ္မွ ထပ္မံဝင္ေရာက္ ေ႐ြးခ်ယ္ခံရန္ ထန္တလန္ၿမိဳ႕နယ္ ကိုယ္စားလွယ္ေ႐ြးခ်ယ္ေရးအဖြဲ႕က ဇြန္လ ၁၃ ရက္ ေန႔တြင္ မဲခြဲဆုံးျဖတ္ရာ ဦးဟင္နရီဗန္ထီးယူ၏ အမည္စာရင္းပါလာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ဦးဟင္နရီ ဗန္ထီးယူ သည္ ၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲတြင္ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ပါတီမွ ခ်င္း ျပည္နယ္ အမ်ိဳးသား လႊတ္ေတာ္ ကိုယ္စားလွယ္ မဲဆႏၵနယ္ အမွတ္ (၃) တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ကာ အႏိုင္ရရွိခဲ့ျခင္းျဖစ္သည္။ လက္ရွိ ဒုသမၼတ ဦးဟင္နရီဗန္ထီးယူသည္ လာမည့္၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ ဝင္ေရာက္အေ႐ြးခံရန္ သူ၏အမည္စာရင္းကို အဆိုျပဳထားသည္။
သက္ဆိုင္ရာ ၿမိဳ႕နယ္ ပါတီ ေခါင္းေဆာင္မ်ားက အဆိုျပဳထားေၾကာင္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ (ခ်င္းျပည္နယ္) ဥကၠ႒ ပူးဇိုဘြဲ႕ က ေျပာၾကားသည္။သက္ဆိုင္ရာ ၿမိဳ႕နယ္ေခါင္းေဆာင္ေတြက အဆိုျပဳထားတာ ဟုတ္ပါတယ္။ ထန္တလန္ဘက္က ေ႐ြးခ်ယ္မႈကေတာ့ ၿပီးသြားၿပီ။ မနက္ျဖန္မွာေတာ့ မင္းတပ္မွာ ေ႐ြးခ်ယ္မယ္။ က်န္တဲ့ၿမိဳ႕နယ္ေတြကေတာ့ ဒီေန႔မွာ အကုန္လုပ္မယ္”ဟု ၎က ဆိုသည္။
REF: THE VOICE
UNICODE
ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူ (၂၀၂၀)ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်အရွေးခံရန် အဆိုပြု
အသက် ၆၂ နှစ်အရွယ် ရှိနေပြီဖြစ်သော ဦးဟင်နရီဗန်ထီးယူသည် ချင်းအမျိုးသားတစ်ဦးဖြစ်ကာ ယခု ၂၀၂၀ ရွေးကောက်ပွဲမှာ ၂၀၁၅ တုန်း က အနိုင်ရရှိခဲ့ သည့် မဲဆန္ဒနယ်မှ ထပ်မံဝင်ရောက် ရွေးချယ်ခံရန် ထန်တလန်မြို့နယ် ကိုယ်စားလှယ်ရွေးချယ်ရေးအဖွဲ့က ဇွန်လ ၁၃ ရက် နေ့တွင် မဲခွဲဆုံးဖြတ်ရာ ဦးဟင်နရီဗန်ထီးယူ၏ အမည်စာရင်းပါလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဦးဟင်နရီ ဗန်ထီးယူ သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ချင်း ပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ် (၃) တွင် ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ လက်ရှိ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူသည် လာမည့်၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံရန် သူ၏အမည်စာရင်းကို အဆိုပြုထားသည်။
သက်ဆိုင်ရာ မြို့နယ် ပါတီ ခေါင်းဆောင်များက အဆိုပြုထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ချင်းပြည်နယ်) ဥက္ကဋ္ဌ ပူးဇိုဘွဲ့ က ပြောကြားသည်။သက်ဆိုင်ရာ မြို့နယ်ခေါင်းဆောင်တွေက အဆိုပြုထားတာ ဟုတ်ပါတယ်။ ထန်တလန်ဘက်က ရွေးချယ်မှုကတော့ ပြီးသွားပြီ။ မနက်ဖြန်မှာတော့ မင်းတပ်မှာ ရွေးချယ်မယ်။ ကျန်တဲ့မြို့နယ်တွေကတော့ ဒီနေ့မှာ အကုန်လုပ်မယ်”ဟု ၎င်းက ဆိုသည်။
REF: THE VOICE