ပိုလီယိုကာကြယ္ေဆး သည္ ကိုဗစ္-၁၉ တားဆီးႏိုင္ေၾကာင္း ကမာၻ႔ထိပ္တန္းကြၽမ္းက်င္သူမ်ား ေျပာ

ပါးစပ္တြင္း အစက္ခ် ပိုလီယိုကာကြယ္ေဆးတြင္ အားနည္းသြားေသာ ပိုလီယိုဗိုင္းရပ္စ္ပိုးအား ကာကြယ္ေဆးအျဖစ္အသုံးျပဳသည္။ အား ေပ်ာ့သြားေသာ ေရာဂါပိုးမႊားမ်ားပါ ကာကြယ္ေဆးမ်ားသည္ ေရရွည္တည္တန႔္ၿပီး သန္မာေသာ ခုခံအားတုံ႔ျပန္မႈကို ထုတ္လုပ္သည္။ သို႔ ေသာ္ ၎တို႔သည္ ဗိုင္းရပ္စ္တစ္မ်ိဳးမွ မ်ိဳး႐ိုးဗီဇပစၥည္းမ်ားကိုသာ အသုံးျပဳေသာေၾကာင့္ ေခတ္မီကာကြယ္ေဆးမ်ားထက္ ထုတ္လုပ္ရန္ ေႏွးေကြးသည္။

ထိုေၾကာင့္ ကို႐ိုနာဗိုင္း ရပ္စ္ေရာဂါကာကြယ္ေဆးအျဖစ္ အသုံးျပဳရန္ အေမရိကန္ႏွင့္ဥေရာပကုမၸဏီတို႔က ပိုမိုျမန္ဆန္စြာ ထုတ္လုပ္ ႏိုင္ မည့္ နည္းလမ္းကို ရွာေဖြလွ်က္ရွိၾကသည္။ကူးစက္ ကပ္ေရာဂါအတြက္ ထိေရာက္ေသာ Covid -19 ကာကြယ္ေဆးကိုထုတ္လုပ္ရန္ ကမာၻ ႀကီးက ႀကိဳးစားလ်က္ရွိစဥ္ လူတိုင္းနီးပါးရရွိၿပီးျဖစ္ေသာ ေဆးဝါးမွာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါအား ကာကြယ္ရာတြင္ အေထာက္အကူျဖစ္ႏိုင္ ေၾကာင္း ကြၽမ္းက်င္သူမ်ားက ေျပာဆိုသည္ဟု CNN က ယေန႔ေရးသားသည္။

ကေလးငယ္မ်ားကို ေရာဂါကူးစက္ျခင္းမွ ထိေရာက္စြာ အကာအကြယ္ေပးႏိုင္သည့္ ယခုရွိေနၿပီး ပိုလီယို အေၾကာေသေရာဂါ ကာကြယ္ ေဆးကဲ့သို႔ေသာ ေဆးဝါးသည္ ကို႐ိုနာဗိုင္းရပ္စ္သစ္ေၾကာင့္ ျဖစ္ပြားေသာေရာဂါ တားဆီးေရးတြင္ ေကာင္းစြာထိေရာက္ေၾကာင္း အ ေထာက္အထားမ်ားစြာေတြ႕ရွိရသည္ဟု ကြၽမ္းက်င္သူအဖြဲ႕က ၾကာသပေတးေန႔ သိပၸံမဂၢဇင္းတြင္ေရးသားခဲ့သည္။

ပါးစပ္အတြင္း အစက္ခ်ေပးရေသာ ပိုလီယိုကာကြယ္ေဆးသည္ စိတ္ခ်ရျခင္း၊ ေဈးသက္သာျခင္း၊ လြယ္ကူစြာတိုက္ေကြၽးႏိုင္ျခင္းတို႔ေၾကာင့္ ႏွစ္စဥ္ႏိုင္ငံေပါင္း ၁၄၀ ေက်ာ္တို႔၌ တိုက္ေကြၽးမႈ ၁ ဘီလီယံေက်ာ္ရွိသည္ဟု ကြၽမ္းက်င္သူအဖြဲ႕က ေျပာဆိုသည္။အဆိုပါအဖြဲ႕တြင္ အိပ္ခ်္ အိုင္ဗြီဗိုင္းရပ္စ္ကို ရွာေဖြေတြ႕ရွိခဲ့သည့္ သိပၸံပညာရွင္တစ္ဦးႏွင့္ အစားအစာႏွင့္ေဆးဝါးကြပ္ကဲေရးဌာနမွ ကာကြယ္ေဆးကြၽမ္းက်င္သူ ပါ ဝင္ေၾကာင္း သိရွိရသည္။ ၎ ကာကြယ္ေဆးျဖင့္ ကမာၻတစ္ဝန္း၌ ပိုလီယိုေရာဂါကို ကင္းစင္ေလာက္နီးပါး တိုက္ဖ်က္ခဲ့သည္။

ေလးစားမႈျဖင့္ ခရစ္ဒက္ Akonthi

UNICODE

ပိုလီယိုကာကွယ်ဆေး သည် ကိုဗစ်-၁၉ တားဆီးနိုင်ကြောင်း ကမ္ဘာ့ထိပ်တန်းကျွမ်းကျင်သူများ ပြော

ပါးစပ်တွင်း အစက်ချ ပိုလီယိုကာကွယ်ဆေးတွင် အားနည်းသွားသော ပိုလီယိုဗိုင်းရပ်စ်ပိုးအား ကာကွယ်ဆေးအဖြစ်အသုံးပြုသည်။ အား ပျော့သွားသော ရောဂါပိုးမွှားများပါ ကာကွယ်ဆေးများသည် ရေရှည်တည်တန့်ပြီး သန်မာသော ခုခံအားတုံ့ပြန်မှုကို ထုတ်လုပ်သည်။ သို့ သော် ၎င်းတို့သည် ဗိုင်းရပ်စ်တစ်မျိုးမှ မျိုးရိုးဗီဇပစ္စည်းများကိုသာ အသုံးပြုသောကြောင့် ခေတ်မီကာကွယ်ဆေးများထက် ထုတ်လုပ်ရန် နှေးကွေးသည်။

ထိုကြောင့် ကိုရိုနာဗိုင်း ရပ်စ်ရောဂါကာကွယ်ဆေးအဖြစ် အသုံးပြုရန် အမေရိကန်နှင့်ဥရောပကုမ္ပဏီတို့က ပိုမိုမြန်ဆန်စွာ ထုတ်လုပ် နိုင် မည့် နည်းလမ်းကို ရှာဖွေလျှက်ရှိကြသည်။ကူးစက် ကပ်ရောဂါအတွက် ထိရောက်သော Covid -19 ကာကွယ်ဆေးကိုထုတ်လုပ်ရန် ကမ္ဘာ ကြီးက ကြိုးစားလျက်ရှိစဉ် လူတိုင်းနီးပါးရရှိပြီးဖြစ်သော ဆေးဝါးမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါအား ကာကွယ်ရာတွင် အထောက်အကူဖြစ်နိုင် ကြောင်း ကျွမ်းကျင်သူများက ပြောဆိုသည်ဟု CNN က ယနေ့ရေးသားသည်။

ကလေးငယ်များကို ရောဂါကူးစက်ခြင်းမှ ထိရောက်စွာ အကာအကွယ်ပေးနိုင်သည့် ယခုရှိနေပြီး ပိုလီယို အကြောသေရောဂါ ကာကွယ် ဆေးကဲ့သို့သော ဆေးဝါးသည် ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် ဖြစ်ပွားသောရောဂါ တားဆီးရေးတွင် ကောင်းစွာထိရောက်ကြောင်း အ ထောက်အထားများစွာတွေ့ရှိရသည်ဟု ကျွမ်းကျင်သူအဖွဲ့က ကြာသပတေးနေ့ သိပ္ပံမဂ္ဂဇင်းတွင်ရေးသားခဲ့သည်။

ပါးစပ်အတွင်း အစက်ချပေးရသော ပိုလီယိုကာကွယ်ဆေးသည် စိတ်ချရခြင်း၊ ဈေးသက်သာခြင်း၊ လွယ်ကူစွာတိုက်ကျွေးနိုင်ခြင်းတို့ကြောင့် နှစ်စဉ်နိုင်ငံပေါင်း ၁၄၀ ကျော်တို့၌ တိုက်ကျွေးမှု ၁ ဘီလီယံကျော်ရှိသည်ဟု ကျွမ်းကျင်သူအဖွဲ့က ပြောဆိုသည်။အဆိုပါအဖွဲ့တွင် အိပ်ချ် အိုင်ဗွီဗိုင်းရပ်စ်ကို ရှာဖွေတွေ့ရှိခဲ့သည့် သိပ္ပံပညာရှင်တစ်ဦးနှင့် အစားအစာနှင့်ဆေးဝါးကွပ်ကဲရေးဌာနမှ ကာကွယ်ဆေးကျွမ်းကျင်သူ ပါ ဝင်ကြောင်း သိရှိရသည်။ ၎င်း ကာကွယ်ဆေးဖြင့် ကမ္ဘာတစ်ဝန်း၌ ပိုလီယိုရောဂါကို ကင်းစင်လောက်နီးပါး တိုက်ဖျက်ခဲ့သည်။

လေးစားမှုဖြင့် ခရစ်ဒက် Akonthi

Add a Comment

Your email address will not be published. Required fields are marked *