မၾကာမီ လာေတာ့မည့္ ကိုဗစ္ တတိယလႈိင္း ႏွင့္ ေသြးေအးေန ၾကတဲ့ ျမန္မာျပည္သူ ျပည္သားမ်ား

ကိုဗစ္ဟာ ဘယ္ေတာ့မွ ေပ်ာက္ကြယ္ မသြားဖူးလို႔ ကမာၻက ခန႔္မွန္းၿပီးသားပါ။ ကာကြယ္ေဆးနဲ႔ကုသေဆး ရမွသာ ရပ္တန႔္ႏိုင္မွာပါ။ လမ္းေပၚထြက္ ဖို႔၊ အလုပ္လုပ္ဖို႔က က်န္းမာေ ရးဌာနက မွတ္ထားတဲ့ စည္းကမ္းေတြ ကိုသာ အတိအက် လိုက္နာပါ။ ဒါေၾကာင့္တစ္ ေယာက္နဲ႔တစ္ေယာက္ ခပ္ခြာခြာေနပါ။ Mask တပ္ပါ။ ဆပ္ျပာနဲ႔ေရနဲ႔လက္ကိုမၾကာခဏေဆးပါ။ ဒီအခ်ိန္မွာတစ္ေယာက္ျပန္ေတြ႕ရင္ အလုပ္ေတြ၊ဆိုင္ေတြ၊ေက်ာင္းေတြ၊ေစ်းေတြအားလုံးဟာ အစုအေဝးလိုက္ကူးစက္မဲ့ေနရာခ်ည္းပဲ။ ဒါဆို အလုပ္ေတြ ျပန္ရပ္မယ္။

လူနာရွာေဖြ၊ စစ္ေဆး၊ ကုသမႈေတြ မႏိုင္နင္း ဘဲ အလြန္အမင္း ကူးစက္မယ္။ First wave နဲ႔ Second wave ႀကိဳးစား ခဲ့သမွ် သဲထဲေရသြန္ ျဖစ္သြားပါလိမ့္မယ္။ ျမန္မာျပည္ဟာကိုဗစ္မုန္တိုင္း မၿပီးေသးဘူး။ မုန္တိုင္းရဲ႕အလယ္ဗဟိုကိုေရာက္ေနတာ ပါ။ မုန္တိုင္းဗဟိုမွာ ေလၿငိမ္ တယ္။ ရာသီဥတုသာယာတယ္။ ဒါဟာ ျပင္ဆင္ခ်ိန္ေပးတာပါ။ ထပ္မုန္တိုင္းက်ဖို႔ရွိေသးတယ္။ ထပ္က်ရင္ေတာ့ ပိုဆိုးပါမယ္။ ဘယ္လို ကာကြယ္မလဲ။ မိမိကိုယ္တိုင္ စည္းကမ္းလိုက္နာ၊ မိမိပတ္ဝန္းက်င္ကို ပါ စည္းကမ္းလိုက္နာဖို႔ သတိေပးပါ။

ဒါဟာ ကိုယ့္ႏိုင္ငံ၊ကိုယ့္လူမ်ိဳး၊ကိုယ့္ေဒသ၊ကိုယ့္မိသားစုအတြက္ လုပ္ႏိုင္တဲ့တာဝန္ပါပဲ။ မလိုအပ္ဘဲအိမ္ျပင္မထြက္ပါနဲ႔။ ထြက္ဖို႔လိုတိုင္း mask ကို ပါးစပ္နဲ႔ ႏွာေခါင္း မွာတပ္ပါ။ ျပန္လာတိုင္း လက္ကိုဆပ္ျပာနဲ႔ေရနဲ႔ စကၠန႔္၂၀ေက်ာ္ၾကာေအာင္ လမ္းၫႊန္ခ်က္ပါအတိုင္း ေဆး ပါ။ ဒါေတြကို ကာကြယ္ေဆးထိုးၿပီးခ်ိန္ အထိ လုပ္ရမွာပါပဲ။ျမန္မာျပည္မွာ ကိုဗစ္တတိယလႈိင္းလာႏိုင္တယ္။ ကိုဗစ္ဟာ လႈိင္း ၃ လႈိင္းနဲ႔ လာတာပါ။ ပထမလႈိင္း – လူနာစေတြ႕တယ္။ လူေတြသိပ္ေၾကာက္ၾကတယ္။ ပစၥည္းေတြလုဝယ္ၾကတယ္။

လက္ေတြေဆးၾက၊ mask ေတြတပ္ၾကတယ္။ Maskေတြရွား၊ ‌ေစ်းေတြေထာင္တက္သြားတယ္။ Stay home တယ္။ အိမ္ေတြပိတ္၊ အ လုပ္ေတြပိတ္။နည္းနည္းၾကာလာေတာ့ ပ်င္းလာတယ္။ ဘယ္ေလာက္ၾကာမွာလဲ၊ဘာေတြျဖစ္လာမွာလဲ ဆိုတာေတြမစဥ္းစားေတာ့ဘူး။ ေသြးေအး သြားၾကတယ္။ လက္ဖက္ရည္ဆိုင္ေတြကခိုးေရာင္း လို႔ ခိုးထိုင္ၾကတယ္။ Mask ေတြစခြၽတ္ လာၾကတယ္။ လက္မေဆးၾက ေတာ့ဘူး။ လူနည္းနည္းခ်င္းစီ စု လာၾကတယ္။

Mask တပ္၊ လက္ေဆးၿပီး ဆိုင္ပါဆယ္လာဝယ္ရင္ေတာင္ လူထူးလူဆန္းလိုၾကည့္ လာၾကတယ္။ ပထမလႈိင္းကို အထိုက္အေလ်ာက္ ထိန္းၿပီးျပည္တြင္းကူးစက္သူေတြမေတြ႕ရသ ေလာက္ျဖစ္လာေတာ့ လမ္းေပၚလူအေတာ္စည္ေနၿပီ။ ဘီယာဆိုင္လူျပည့္။ အႏွိပ္ခန္း ျပန္စ။ ဒုတိယလႈိင္းလို႔ေခၚႏိုင္တဲ့ ျပည္ေတာ္ ျပန္ေတြ ျပန္လာတယ္။ အစိုးရကအေတြ႕အႀကဳံရၿပီဆိုေတာ့ Plan က စနစ္က်သြားၿပီ။ ကူးစက္မႈ႕မရွိ။ ပိုးေတြ႕မ်ားေပမယ့္ Qထားသူေတြပဲမို႔ jပည္သူအားလုံးက တို႔ႏိုင္ငံက ကိုဗစ္ကိုထိန္းႏိုင္ေလၿပီလို႔ မွားယြင္းစြာ ေတြးသူေတြ မ်ားလာၿပီ။

ပထမလႈိင္း အၿပီးေလာက္ လူေတြလႈပ္ရွားတာထက္ပို လႈပ္ရွားလာၿပီ။ ခပ္ခြာခြာမေနၾကေတာ့။ Maskမတပ္၊လက္မေဆး။ အခု တတိယ လႈိင္းစဖို႔ အလားအလာ ကေတာ့ စားေသာက္ဆိုင္ေတြ ႐ုံးေတြ ကားေတြ ေစ်းေတြ ေက်ာင္းေတြ ျပန္ဖြင့္ၿပီ။ ဘတ္စ္ကားေတြျပည့္၊ လိုင္စင္ သက္တမ္းတိုးေတြ၊ ဘာညာသင္တန္းေတြဖြင့္။ Maskကို စစ္တဲ့ေနရာကလြဲရင္ က်န္အခ်ိန္မွာ ေမးမွာပဲခ်ိတ္ပါတယ္။ ႐ုံး/ေစ်း တစ္ခုခု သြားတယ္။ Mask တပ္တယ္။ အဖ်ားတိုင္းတယ္။ အထဲေရာက္တာနဲ႔ mask ကို ေမးခ်ိတ္ၿပီးစကားေျပာတယ္။

က်န္းမာေရးဌာနကလည္း ျပန္ဖြင့္မယ့္ လုပ္ငန္းအမ်ိဳးအစားအေပၚ မူတည္ၿပီး ကိုဗစ္ေရာဂါပိုး ကူးစက္မႈမွ ကာကြယ္ဖို႔ လမ္းၫႊန္ခ်က္ေတြ၊ အမိန႔္ေတြထုတ္ေပမယ့္ လိုက္နာသူက ရွားပါတယ္။ ေၾကာက္စိတ္ေတာ္ေတာ္နည္းေနပါၿပီ။ ဒီအခ်ိန္ကေၾကာက္ဖို႔ သတိထားဖို႔အလြန္လို အပ္ခ်ိန္ပါလို႔ တိုက္တြန္းလိုက္ ပါတယ္။။

crd : whitesone

UNICODE

မကြာမီ လာတော့မည့် ကိုဗစ် တတိယလှိုင်း နှင့် သွေးအေးနေ ကြတဲ့ မြန်မာပြည်သူ ပြည်သားများ

ကိုဗစ်ဟာ ဘယ်တော့မှ ပျောက်ကွယ် မသွားဖူးလို့ ကမ္ဘာက ခန့်မှန်းပြီးသားပါ။ ကာကွယ်ဆေးနဲ့ကုသဆေး ရမှသာ ရပ်တန့်နိုင်မှာပါ။ လမ်းပေါ်ထွက် ဖို့၊ အလုပ်လုပ်ဖို့က ကျန်းမာေ ရးဌာနက မှတ်ထားတဲ့ စည်းကမ်းတွေ ကိုသာ အတိအကျ လိုက်နာပါ။ ဒါကြောင့်တစ် ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေပါ။ Mask တပ်ပါ။ ဆပ်ပြာနဲ့ရေနဲ့လက်ကိုမကြာခဏဆေးပါ။ ဒီအချိန်မှာတစ်ယောက်ပြန်တွေ့ရင် အလုပ်တွေ၊ဆိုင်တွေ၊ကျောင်းတွေ၊စျေးတွေအားလုံးဟာ အစုအဝေးလိုက်ကူးစက်မဲ့နေရာချည်းပဲ။ ဒါဆို အလုပ်တွေ ပြန်ရပ်မယ်။

လူနာရှာဖွေ၊ စစ်ဆေး၊ ကုသမှုတွေ မနိုင်နင်း ဘဲ အလွန်အမင်း ကူးစက်မယ်။ First wave နဲ့ Second wave ကြိုးစား ခဲ့သမျှ သဲထဲရေသွန် ဖြစ်သွားပါလိမ့်မယ်။ မြန်မာပြည်ဟာကိုဗစ်မုန်တိုင်း မပြီးသေးဘူး။ မုန်တိုင်းရဲ့အလယ်ဗဟိုကိုရောက်နေတာ ပါ။ မုန်တိုင်းဗဟိုမှာ လေငြိမ် တယ်။ ရာသီဥတုသာယာတယ်။ ဒါဟာ ပြင်ဆင်ချိန်ပေးတာပါ။ ထပ်မုန်တိုင်းကျဖို့ရှိသေးတယ်။ ထပ်ကျရင်တော့ ပိုဆိုးပါမယ်။ ဘယ်လို ကာကွယ်မလဲ။ မိမိကိုယ်တိုင် စည်းကမ်းလိုက်နာ၊ မိမိပတ်ဝန်းကျင်ကို ပါ စည်းကမ်းလိုက်နာဖို့ သတိပေးပါ။

ဒါဟာ ကိုယ့်နိုင်ငံ၊ကိုယ့်လူမျိုး၊ကိုယ့်ဒေသ၊ကိုယ့်မိသားစုအတွက် လုပ်နိုင်တဲ့တာဝန်ပါပဲ။ မလိုအပ်ဘဲအိမ်ပြင်မထွက်ပါနဲ့။ ထွက်ဖို့လိုတိုင်း mask ကို ပါးစပ်နဲ့ နှာခေါင်း မှာတပ်ပါ။ ပြန်လာတိုင်း လက်ကိုဆပ်ပြာနဲ့ရေနဲ့ စက္ကန့်၂၀ကျော်ကြာအောင် လမ်းညွှန်ချက်ပါအတိုင်း ဆေး ပါ။ ဒါတွေကို ကာကွယ်ဆေးထိုးပြီးချိန် အထိ လုပ်ရမှာပါပဲ။မြန်မာပြည်မှာ ကိုဗစ်တတိယလှိုင်းလာနိုင်တယ်။ ကိုဗစ်ဟာ လှိုင်း ၃ လှိုင်းနဲ့ လာတာပါ။ ပထမလှိုင်း – လူနာစတွေ့တယ်။ လူတွေသိပ်ကြောက်ကြတယ်။ ပစ္စည်းတွေလုဝယ်ကြတယ်။

လက်တွေဆေးကြ၊ mask တွေတပ်ကြတယ်။ Maskတွေရှား၊ ‌စျေးတွေထောင်တက်သွားတယ်။ Stay home တယ်။ အိမ်တွေပိတ်၊ အ လုပ်တွေပိတ်။နည်းနည်းကြာလာတော့ ပျင်းလာတယ်။ ဘယ်လောက်ကြာမှာလဲ၊ဘာတွေဖြစ်လာမှာလဲ ဆိုတာတွေမစဉ်းစားတော့ဘူး။ သွေးအေး သွားကြတယ်။ လက်ဖက်ရည်ဆိုင်တွေကခိုးရောင်း လို့ ခိုးထိုင်ကြတယ်။ Mask တွေစချွတ် လာကြတယ်။ လက်မဆေးကြ တော့ဘူး။ လူနည်းနည်းချင်းစီ စု လာကြတယ်။

Mask တပ်၊ လက်ဆေးပြီး ဆိုင်ပါဆယ်လာဝယ်ရင်တောင် လူထူးလူဆန်းလိုကြည့် လာကြတယ်။ ပထမလှိုင်းကို အထိုက်အလျောက် ထိန်းပြီးပြည်တွင်းကူးစက်သူတွေမတွေ့ရသ လောက်ဖြစ်လာတော့ လမ်းပေါ်လူအတော်စည်နေပြီ။ ဘီယာဆိုင်လူပြည့်။ အနှိပ်ခန်း ပြန်စ။ ဒုတိယလှိုင်းလို့ခေါ်နိုင်တဲ့ ပြည်တော် ပြန်တွေ ပြန်လာတယ်။ အစိုးရကအတွေ့အကြုံရပြီဆိုတော့ Plan က စနစ်ကျသွားပြီ။ ကူးစက်မှု့မရှိ။ ပိုးတွေ့များပေမယ့် Qထားသူတွေပဲမို့ jပည်သူအားလုံးက တို့နိုင်ငံက ကိုဗစ်ကိုထိန်းနိုင်လေပြီလို့ မှားယွင်းစွာ တွေးသူတွေ များလာပြီ။

ပထမလှိုင်း အပြီးလောက် လူတွေလှုပ်ရှားတာထက်ပို လှုပ်ရှားလာပြီ။ ခပ်ခွာခွာမနေကြတော့။ Maskမတပ်၊လက်မဆေး။ အခု တတိယ လှိုင်းစဖို့ အလားအလာ ကတော့ စားသောက်ဆိုင်တွေ ရုံးတွေ ကားတွေ စျေးတွေ ကျောင်းတွေ ပြန်ဖွင့်ပြီ။ ဘတ်စ်ကားတွေပြည့်၊ လိုင်စင် သက်တမ်းတိုးတွေ၊ ဘာညာသင်တန်းတွေဖွင့်။ Maskကို စစ်တဲ့နေရာကလွဲရင် ကျန်အချိန်မှာ မေးမှာပဲချိတ်ပါတယ်။ ရုံး/စျေး တစ်ခုခု သွားတယ်။ Mask တပ်တယ်။ အဖျားတိုင်းတယ်။ အထဲရောက်တာနဲ့ mask ကို မေးချိတ်ပြီးစကားပြောတယ်။

ကျန်းမာရေးဌာနကလည်း ပြန်ဖွင့်မယ့် လုပ်ငန်းအမျိုးအစားအပေါ် မူတည်ပြီး ကိုဗစ်ရောဂါပိုး ကူးစက်မှုမှ ကာကွယ်ဖို့ လမ်းညွှန်ချက်တွေ၊ အမိန့်တွေထုတ်ပေမယ့် လိုက်နာသူက ရှားပါတယ်။ ကြောက်စိတ်တော်တော်နည်းနေပါပြီ။ ဒီအချိန်ကကြောက်ဖို့ သတိထားဖို့အလွန်လို အပ်ချိန်ပါလို့ တိုက်တွန်းလိုက် ပါတယ်။။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *