REF: 7DAY DAILY
UNICODE
ရခိုင်ပြည်နယ် ရသေ့တောင်ရှိ ရဲကင်းစခန်းတစ်ခုကို (AA) ဝင်ရောက်တိုက်ခိုက်၊ ထိခိုက်ဒဏ်ရာရမှုမရှိ
ရခိုင်ပြည်နယ်ရှိ ရဲကင်းစခန်းများသည် တပ် စခန်းထက် လူသူ၊ လက်နက်အင် အားနည်းပါးသဖြင့် AA အဖွဲ့က ယင်းအားနည်းချက်ကို အ ခွင့် ကောင်းယူ ကာ ရဲကင်းများကို တိုက်ခိုက်နေခြင်းဖြစ်ကြောင်း တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ်က မှတ်ချက်ပြုသည်။ထိုသို့ ရဲကင်းစခန်း တိုက်ခိုက် ခံရမှု ကြောင့် ဒုံးပိုက်ကျေးရွာဒေ သခံများမှာ နီးစပ်ရာကျေးရွာများ သို့ ထွက်ေပြေးတိမ်းရှောင်သွား ကြကြောင်းသိရသည်။
ဒေသတွင်းစစ်ရှောင် အရေး ဆောင်ရွက်သူတစ်ဦးက ပြောသည်။ ဒုံးပိုက်ကျေးရွာတွင် အိမ်ခြေသုံးရာခန့်ရှိသည်။ဒုံးပိုက် နယ်ခြားစောင့်ရဲ ကင်းစခန်းကို ဝင်ရောက်တိုက် ခိုက်မှုနှင့်ပတ်သက်၍ AA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူထံ ယမန်နေ့ ညနေက ဖုန်း ဆက်သွယ်သော် လည်း အဆက်အသွယ်မရရှိခဲ့ပါ။
ရသေ့တောင်မြို့နယ် ဒုံးပိုက်နယ်ခြားစောင့် ရဲကင်းစ ခန်းကို ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က ဝင်ရောက်တိုက်ခိုက်သ ဖြင့် တိုက်ပွဲဖြစ် ပွားခဲ့၍ ဒေသခံ များမှာ အနီးပတ်ဝန်းကျင်ကျေး ရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ သည်။ဇွန်လ ၁၃ရက် နံနက် ၅နာရီ ကျော်တွင် ဒုံးပိုက် ရဲကင်းစခန်းကို AAအဖွဲ့လာရောက်ပစ် ခတ်၍ ပြန်လည်ခုခံခဲ့ရာ ၁၅မိနစ် ခန့်ကြာ ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။
AA အဖွဲ့ ဆုတ်ခွာသွားကြောင်း တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ် မှူးချုပ်ဇော်မင်းထွန်းက ပြော သည်။‘‘ထိခိုက်ဒဏ်ရာရမှုတော့ မရှိပါဘူး’’ဟု ဗိုလ်မှူးချုပ်ကပြော သည်။
REF:    7DAY  DAILY
Add a Comment
Your email address will not be published. Required fields are marked *