


REF: မိုး/ဇလ

UNICODE

ရစ်(ခ်)တာစကေး (၅.ဝ) အဆင့်ရှိ မြေငလျင်တစ်ခု ကလေးမြို့အနီး ဗဟိုပြု၍ လှုပ်ခတ်

ဇွန်လ(၁၄)ရက်နေ့၊ ယနေ့ မြန်မာစံတော်ချိန် (၁၂) နာရီ၊ (၀၅) မိနစ်၊ (၃၁)စက္ကန့်အချိန် တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၄၆)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်တွင် ငလျင်တစ်ခုလှုပ်ခတ် သွားကြောင်း သိရသည်။

လှုပ်ခတ်သွားသော နေရာမှာ ကလေးမြို့၏ အနောက်-အနောက်မြောက်ဘက်(၁၂)မိုင်ခန့်အကွာ)၊ မြောက်လတ္တီ တွဒ် (၂၃.၂၅) ဒီဂရီ၊ အ ရှေ့လောင်ဂျီတွဒ် (၉၃.၈၈)ဒီဂရီ၊ အနက်(၃၈)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၀)အဆင့်ရှိ အင်အားအသင့်အတင့်ရှိ သော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

REF:    မိုး/ဇလ

Add a Comment

Your email address will not be published. Required fields are marked *