လာအိုႏိုင္ငံ မွာ ကို႐ိုနာ ဗိုင္းရပ္စ္ ကင္းစင္သြား၍ COVID-19 ကို အႏိုင္ရခဲ့ၿပီဟု ထုတ္ျပန္ေၾကညာ

လာအိုႏိုင္ငံ အစိုးရအေနႏွင့္ ျပည္သူတို႔၏ လူမႈဘဝ ႏွင့္ အမ်ိဳးသားအက်ိဳး စီးပြားမထိခိုက္ေစေရးအတြက္ ကိုဗစ္-၁၉ ကပ္ေရာႏွင့္ ပတ္ သက္ၿပီး အေျခအေနကို အေလးအနက္ထား ဆက္လက္သုံးသပ္သြားမည္ျဖစ္ ၿပီး ေရာဂါထိန္းခ်ဳပ္ကာကြယ္ေရး အစီအမံမ်ားကိုလည္း အခ်ိန္ႏွင့္တစ္ေျပးညီ လုပ္ေဆာင္သြားမည္ ဟု ဝန္ႀကီးခ်ဳပ္ ေထာင္လြန္းဆီ စူလစ္ကေျပာၾကားထားသည္။

လာအိုႏိုင္ငံမွာ ဧၿပီ ၁၂ ရက္ေန႔က ၁၉ ေယာက္ေျမာက္ ကိုဗစ္ လူနာကို ေနာက္ဆုံးေတြ႕ရွိၿပီး ေနာက္ႏွစ္လေက်ာ္ၾကာသည္အထိ လူနာသစ္ ထပ္မံမေတြ႕ရွိေတာ့ဘဲ ႏိုင္ငံအတြင္း ကိုဗစ္-၁၉ ျပႆနာအဆုံးသတ္သြားၿပီျဖစ္သည္။လာအိုႏိုင္ငံသည္ ကို႐ိုနာေၾကာင့္ ေသဆုံးသူတစ္ဦးမွ မရွိခဲ့ဘဲ ကူးစက္အတည္ျပဳလူနာ ၁၉ ဦးသာရွိခဲ့ေၾကာင္း သိရသည္။

ေနာက္ဆုံးလူနာမွာ ၿပီးခဲ့သည့္အဂၤါေန႔က ေဆး႐ုံမွဆင္းသက္ခဲ့ၿပီးေနာက္ ေဆး႐ုံတြင္ ကုသမႈခံယူေနသူတစ္ဦးမွ မရွိေတာ့ေပ။ ယင္းေနာက္ ႏိုင္ငံတြင္း၌ ကိုဗစ္-၁၉ ကို ေအာင္ပြဲရခဲ့ၿပီ ျဖစ္ေၾကာင္းအစိုးရအဖြဲ႕က ေၾကညာခဲ့သည္။“အေရးပါတဲ့ေအာင္ပြဲတစ္ပြဲျဖစ္ၿပီး ပထမအႀကိမ္ တြန္းလွန္မႈအတြင္းမွာပဲ ဆိုး႐ြားတဲ့ ရန္သူကို အႏိုင္ရၿပီျဖစ္ပါတယ္” ဟုလာအိုဝန္ႀကီးခ်ဳပ္ေထာင္လြန္းဆီစူလစ္က ေျပာၾကားခဲ့သည္။

လာအိုႏိုင္ငံတြင္ မတ္လ ၂၄ ရက္ေန႔က ကို႐ိုနာဗိုင္းရပ္စ္ အတည္ျပဳလူနာ (၂) ဦးကို စတင္ေတြ႕ရွိခဲ့ျခင္းျဖစ္ၿပီး ျမန္မာႏိုင္ငံႏွင့္ ေရွ႕ဆင့္ ေနာက္ဆင့္ ေတြ႕ရွိခဲ့ကာ ကူးစက္ခံရမႈ အေနာက္က်ဆုံးႏိုင္ငံမ်ားျဖစ္ၾကသည္။ႏိုင္ငံ၏ ဦးေဆာင္မႈႏွင့္ ကိုဗစ္ ထိန္းခ်ဳပ္ကာကြယ္ေရး အထူးအဖြဲ႕က ဗိုင္းရပ္စ္ကို တုန႔္ျပန္ရင္ဆိုင္မႈအတြင္း ခိုင္မာေသာလမ္းၫႊန္ခ်က္မ်ားကို ခ်မွတ္ႏိုင္ခဲ့ေၾကာင္း ဝန္ႀကီးခ်ဳပ္က ေျပာသည္။

လာအိုႏိုင္ငံတြင္ ေလာ့ခ္ေဒါင္း အားလုံးကို ၿပီးခဲ့သည့္ေမလ ၃၀ ရက္ေန႔က ေဖေလ်ာ့ေပးခဲ့ၿပီး ေမလေႏွာင္းပိုင္းကတည္းက ေက်ာင္းမ်ား၊ အားကစားခန္းမမ်ား၊ ေဈးမ်ားႏွင့္ ႐ုပ္ရွင္႐ုံမ်ားကို တစ္ျဖည္းျဖည္းျပန္လည္ဖြင့္လွစ္လာခဲ့သည္။

crd : blacker

UNICODE

လာအိုနိုင်ငံ မှာ ကိုရိုနာ ဗိုင်းရပ်စ် ကင်းစင်သွား၍ COVID-19 ကို အနိုင်ရခဲ့ပြီဟု ထုတ်ပြန်ကြေညာ

လာအိုနိုင်ငံ အစိုးရအနေနှင့် ပြည်သူတို့၏ လူမှုဘဝ နှင့် အမျိုးသားအကျိုး စီးပွားမထိခိုက်စေရေးအတွက် ကိုဗစ်-၁၉ ကပ်ရောနှင့် ပတ် သက်ပြီး အခြေအနေကို အလေးအနက်ထား ဆက်လက်သုံးသပ်သွားမည်ဖြစ် ပြီး ရောဂါထိန်းချုပ်ကာကွယ်ရေး အစီအမံများကိုလည်း အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်သွားမည် ဟု ဝန်ကြီးချုပ် ထောင်လွန်းဆီ စူလစ်ကပြောကြားထားသည်။

လာအိုနိုင်ငံမှာ ဧပြီ ၁၂ ရက်နေ့က ၁၉ ယောက်မြောက် ကိုဗစ် လူနာကို နောက်ဆုံးတွေ့ရှိပြီး နောက်နှစ်လကျော်ကြာသည်အထိ လူနာသစ် ထပ်မံမတွေ့ရှိတော့ဘဲ နိုင်ငံအတွင်း ကိုဗစ်-၁၉ ပြဿနာအဆုံးသတ်သွားပြီဖြစ်သည်။လာအိုနိုင်ငံသည် ကိုရိုနာကြောင့် သေဆုံးသူတစ်ဦးမှ မရှိခဲ့ဘဲ ကူးစက်အတည်ပြုလူနာ ၁၉ ဦးသာရှိခဲ့ကြောင်း သိရသည်။

နောက်ဆုံးလူနာမှာ ပြီးခဲ့သည့်အင်္ဂါနေ့က ဆေးရုံမှဆင်းသက်ခဲ့ပြီးနောက် ဆေးရုံတွင် ကုသမှုခံယူနေသူတစ်ဦးမှ မရှိတော့ပေ။ ယင်းနောက် နိုင်ငံတွင်း၌ ကိုဗစ်-၁၉ ကို အောင်ပွဲရခဲ့ပြီ ဖြစ်ကြောင်းအစိုးရအဖွဲ့က ကြေညာခဲ့သည်။“အရေးပါတဲ့အောင်ပွဲတစ်ပွဲဖြစ်ပြီး ပထမအကြိမ် တွန်းလှန်မှုအတွင်းမှာပဲ ဆိုးရွားတဲ့ ရန်သူကို အနိုင်ရပြီဖြစ်ပါတယ်” ဟုလာအိုဝန်ကြီးချုပ်ထောင်လွန်းဆီစူလစ်က ပြောကြားခဲ့သည်။

လာအိုနိုင်ငံတွင် မတ်လ ၂၄ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ (၂) ဦးကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံနှင့် ရှေ့ဆင့် နောက်ဆင့် တွေ့ရှိခဲ့ကာ ကူးစက်ခံရမှု အနောက်ကျဆုံးနိုင်ငံများဖြစ်ကြသည်။နိုင်ငံ၏ ဦးဆောင်မှုနှင့် ကိုဗစ် ထိန်းချုပ်ကာကွယ်ရေး အထူးအဖွဲ့က ဗိုင်းရပ်စ်ကို တုန့်ပြန်ရင်ဆိုင်မှုအတွင်း ခိုင်မာသောလမ်းညွှန်ချက်များကို ချမှတ်နိုင်ခဲ့ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

လာအိုနိုင်ငံတွင် လော့ခ်ဒေါင်း အားလုံးကို ပြီးခဲ့သည့်မေလ ၃၀ ရက်နေ့က ဖေလျော့ပေးခဲ့ပြီး မေလနှောင်းပိုင်းကတည်းက ကျောင်းများ၊ အားကစားခန်းမများ၊ ဈေးများနှင့် ရုပ်ရှင်ရုံများကို တစ်ဖြည်းဖြည်းပြန်လည်ဖွင့်လှစ်လာခဲ့သည်။

crd :  blacker

Add a Comment

Your email address will not be published. Required fields are marked *