မိမိတို့ကျန်းမာရေးဌာနနှင့်ဝန်ထမ်းများအခြားနှီးနွယ်သောဌာနများနှင့် Volunteers များ, လွတ်တော်ကိုယ်စားလှယ်များ, အထွေထွေ အုပ်ချုပ်ရေးဌာနမှတာဝန်ရှိသူများသည် အားလုံးဝိုင်းဝန်းပြီး ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရ်ျ ကြိုးစားပြီး ယခု Caseအတွက်ကောCOVID-19 ကာကွယ် ထိန်းချုပ် ကုသရေး အတွက် အဖက်ဖက်မှကြိုးစားနေကြပါသည်။
Dr.Min Zaw Aye
Meiktila Hospital
UNICODE
အတည်ပြု လူနာအမှတ် (၂၄၉) နှင့် ထိတွေ့ ခဲ့သူ (၁)သောင်းကျော် ရှိသည့် သတင်းမှာ မဖြစ်နိုင်ကြောင်း ဆရာဝန်ကြီးပြော
Case No( 249 ) ၏ (၁၂/၆/၂၀၂၀ )အခြေအနေမှာ အားလုံးတည်ငြိမ် အေးဆေးလျှက်ရှိပြီး ကောင်းကောင်းအိပ် ကောင်းကောင်းစား နိုင်ပြီး ခန္ဓာကိုယ်အပူချိန်သွေးပေါင်ချိန် သွေးခုန်နှုန်း သွေးတွင်း အောက်စီဂျင်ပမာဏ အဆုပ် နှလုံး တို့ အားလုံးမှာ ပုံမှန်အတိုင်း ရှိနေ ပါကြောင်း သိရသည်။
လွယ်ဂျယ်န ယ်စပ်ဂိတ်ပေါက်မှ( ၁၆/၄/၂၀၂၀ )မှ ( ၁၂/၆/၂၀၂၀ ) ထိ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည် ဝင်ရောက်လာသူ နိုင်ငံသား စုစုပေါင်းမှာ ( ၁၀၂၅၈ ) ဦးရှိပါတယ်အဲ့ဒီအထဲကမှဗန်းမော်ခရိုင်တစ်ခုလုံးတွင်ပြန်လာသူ ( ၄၇၇၁ ) ဦး နှင့်ဗန်းမော်မြို့သို့ ပြန်လည် ဝင်ရောက်လာသူ ( ၁၅၉၅ ) ဦးပါဝင်ပါသည်။လွယ်ဂျယ်တစ်မြို့လုံးရှိ လူဦးရေ စုစုပေါင်းမှာ ( ၁၀၅၀၀ ) ဦး သာရှိပါသည်။
Case No( 249 ) သည် လွယ်ဂျယ် ဂိတ်တွင်နေ့စဉ် တာဝန်မကျပါ တာဝန်များကို ဝန်ထမ်းများမှအလှည့်ကျ ထမ်းဆောင်ရပါသည်။ ထို့ကြောင့် Case No( 249 ) လွယ်ဂျယ်ဂိတ်မှပြန်ဝင်လာသူ ( ၁၀၂၅၈ ) ဦးလုံးနှင့် လည်းကောင်း လွယ်ဂျယ်တစ်မြို့လုံးရှိ ရှိရှိသမျှလူ( ၁၀၅၀၀ )ဦး လုံးနှင့် ထိတွေ့ဖို့ရန်ဖြစ်နိုင်ချေ အလွန်နည်း( မဖြစ်နိုင်)ပါသည်။
Case No( 249 )နှင့် Close Contact( ထိတွေ့ခဲ့သူ ) စုစုပေါင်းမှာ ယခုထိ( ၁၃၇ )ဦး( ကာကွယ်ဆေးထိုးသူ, ဆေးခန်းလာပြသူ ,အိမ်တွင် သွားကြည့်ပေးသောလူနာ, ကိုယ်ဝန် လာအပ်ကြသူများ ,Case No 249 ၏ အိမ်သူအိမ်သားများ( ယောင်္ကျားအပါအဝင် ) ,ကားသမား များ,တည်းခိုနေအိမ်မှအိမ်သားများ, ဝင်ထွက် သွားလာနေကြသောအိမ်နီးနားချင်းများ, လကုန် အစည်းအဝေးတွင်တွေ့ခဲ့ကြသူများ ) သာရှိပါကြောင်း တွေ့ရှိရပါသည်
နောက်ထပ်လည်းဖြစ်နိုင်ချေရှိသူများကိုဆက်လက်ရှာဖွေသွားမည်ဖြစ်ပြီး ယခုလည်းထိုအထဲမှလူ( ၉၆ ) ဦး၏ နှာခေါင်းနှင့် အာခေါင် တို့ဖတ်များအား( ၁၂/၆/၂၀၂၀) ညနေအထိယူထားပြီးပြီ ဖြစ်ပြီး မနက်ဖြန်တွင်လည်း ဆက်လက်ယူဆောင်သွားမည်ဖြစ်ပြီးပိုး ရှိ/မရှိ ပေးပို့စစ်ဆေးပေးသွားပါမည်
မိမိတို့ကျန်းမာရေးဌာနနှင့်ဝန်ထမ်းများအခြားနှီးနွယ်သောဌာနများနှင့် Volunteers များ, လွတ်တော်ကိုယ်စားလှယ်များ, အထွေထွေ အုပ်ချုပ်ရေးဌာနမှတာဝန်ရှိသူများသည် အားလုံးဝိုင်းဝန်းပြီး ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရျ် ကြိုးစားပြီး ယခု Caseအတွက်ကောCOVID-19 ကာကွယ် ထိန်းချုပ် ကုသရေး အတွက် အဖက်ဖက်မှကြိုးစားနေကြပါသည်။
ပြည်သူများ အနေဖြင့်လည်း မိမိတို့ တတ်နိုင်သည့်ဖက်မှနေရျ် လူ, ငွေ , လုပ်အား,အကြံဉာဏ်များ ပေးပြီး မဟုတ်သော သတင်းများ လုပ် ဇာတ်များအား မဖြန့်ဝေပေးကြရန်အတွက် မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါသည်။ဗန်းမော်မြို့ကြီးကို ဝိုင်းဝန်း ကာကွယ် ကူညီကြရအောင် ဗန်းမော်သူ/သား အပေါင်းတို့ ”။
Dr.Min Zaw Aye
Meiktila Hospital
Add a Comment
Your email address will not be published. Required fields are marked *