အထည္ခ်ဳပ္ စက္႐ုံႀကီး တစ္ခုမွ အလုပ္သမ အခ်ိဳ႕ကို တိုင္းတစ္ပါးသား ပညာရွင္တစ္ဦးက လိင္ပိုင္း ဆိုင္ရာ က်ဴးလြန္ရန္ ႀကံစည္မႈျဖစ္ပြား

လက္ရွိအခ်ိန္တြင္ေတာ့ အဆိုပါ အင္ဒိုနီးရွားႏိုင္ငံသား ပညာရွင္ကို စက္႐ုံ တာဝန္ရွိသူေတြရဲ႕ သေဘာထားဆုံးျဖတ္ခ်က္နဲ႔ အေရးယူေဆာင္ ႐ြက္ေပးထား ၿပီး လိင္ပိုင္းဆိုင္ရာေလာက္ထိေတာ့ ျပႆနာက မသြားထား တာေၾကာင့္ လုပ္ငန္းသေဘာတရားနဲ႔ပတ္သက္ ၿပီး အေရးယူ ေဆာင္ ႐ြက္ထားတာေတြ ရွိပါတယ္လို႔ ဆိုပါတယ္။ လိင္ပိုင္းဆိုင္ရာ က်ဴးလြန္မႈေတြ ရွိေနတယ္လို႔ စြပ္စြဲခံထားရတဲ့ Amava Apparel အထည္ခ်ဳပ္စ က္႐ုံမွာ ၂၀၁၉ ခုႏွစ္အတြင္းမွာလည္း အလားတူျဖစ္စဥ္မ်ိဳး ရွိခဲ့တာေၾကာင့္ ၂၀၁၉ ခုႏွစ္ ဇြန္လိုင္လ ၂၉ ရက္ ေန႔က အလုပ္ သမားေတြက လုပ္ငန္းခြင္အတြင္း လိင္ပိုင္းဆိုင္ရာ ထိပါး ေစာ္ကားမႈမ်ား အလိုမရွိေၾကာင္း

ဆႏၵထုတ္ေဖာ္တာေတြ ျပဳလုပ္ခဲ့ပါတယ္။ Amava Apparel အထည္ခ်ဳပ္ စက္႐ုံကို ၂၀၁၇ ခုႏွစ္က စတင္ဖြင့္လွစ္ခဲ့တာျဖစ္ၿပီး စက္႐ုံ ပိုင္ ရွင္မွာ သီရိလကၤာႏိုင္ငံသား တဦးျဖစ္ကာ တ႐ုတ္၊ အင္ဒိုနီးရွား နဲ႔ ဗီယက္နမ္ႏိုင္ငံတို႔မွ လာေရာက္ အလုပ္လုပ္ကိုင္တဲ့ ျပည္ပႏိုင္ငံသား ၁၂ ဦး ရွိၿပီး လိင္ပိုင္းဆိုင္ရာ က်ဴးလြန္မႈေတြ ျပဳလုပ္ေနတဲ့ အင္ဒိုနီးရွား ႏိုင္ငံသားကေတာ့ စက္႐ုံကို ေရာက္လာတာ ၅ လနီးပါးသာ ရွိေသး တယ္လို႔ တာဝန္ရွိသူေတြ ထံက သိရပါတယ္။ သီရိလ ကၤာႏိုင္ငံသားပိုင္ Amava Apparel အထည္ခ်ဳပ္ ဟာ အလုပ္သမား ၁၀၀၀ ေက်ာ္ နဲ႔ လုပ္ငန္းေနတာျဖစ္ၿပီး စက္႐ုံမွ ဂ်ပန္နဲ႔ ဥေရာပႏိုင္ငံေတြကို တင္ပို႔ေနတဲ့ Kappa, Blak Lader, Lindex, Esmara စတဲ့ ႏိုင္ငံတကာ ကုန္အမွတ္ တံဆိပ္ေတြကို ခ်ဳပ္လုပ္ေနတာ လို႔ သိရပါတယ္။

ဧရာဝတီတိုင္း၊ ပုသိမ္ၿမိဳ႕၊ အမွတ္ ၁၃ ရပ္ကြက္ရွိ Amava Apparel အထည္ခ်ဳပ္ စက္႐ုံက အလုပ္သမား အခ်ိဳ႕ဟာ ႏိုင္ငံျခားသားပညာရွင္ တဦးရဲ႕ လိင္ပိုင္းဆိုင္ရာက်ဴးလြန္ တာေတြ ခံေနရတယ္လို႔ အလုပ္သမားေတြက ေျပာပါတယ္။စက္႐ုံအတြင္းက အလုပ္သမား အမ်ိဳးသမီး ၅ ဦး၊ ၆ ဦးေလာက္ကိုအင္ဒိုနီးရွားႏိုင္ငံသား ျမန္မာ စကားကို ကြၽမ္းက်င္စြာေျပာႏိုင္သူက ႏႈတ္နဲ႔ေရာ လက္နဲ႔ပါ လိင္ပိုင္းဆိုင္ရာ ထိပါး ေႏွာင့္ယွက္တာေတြ ျပဳလုပ္လာတာေၾကာင့္ က်ဴးလြန္ခံရသူေတြထဲက အိမ္ေထာင္ရွိ အမ်ိဳးသမီးတဦးက ဇြန္လ ၁၃ ရက္ေန႔ ညေနပိုင္းမွာ လာေရာက္အကူညီေတာင္းခံခဲ့တယ္လို႔ အလုပ္သမား အခ်င္းခ်င္း ႐ိုင္းပင္းကူညီေရးအဖြဲ႕က ပဋိပကၡ ေျဖရွင္းေရး တာဝန္ခံ ေဒၚခခက ဒီဗြီဘီကို ေျပာပါတယ္။

လာတိုင္တဲ့ မိန္းကေလးအပါအဝင္ စက္႐ုံက မိန္းကေလး ၅ ေယာက္ ၆ ေယာက္ေလာက္ ကို သူက ခ်စ္သူရွိလား ခ်စ္ျခင္တယ္၊ ခ်စ္က်မယ္ ဒါမ်ိဳးေတြ ေျပာတယ္၊ ေနာက္တဆင့္က အမ်ိဳးသမီးေတြရဲ႕ ရင္သား နဲ႔ အနီးဆုံး ဂ်ိဳင္းသား ေနရာေတြကို ပြတ္ဆြဲတာေတြ ကိုင္တာေတြ ၿပီး ေတာ့ ေပါင္းရင္းေနရာေလာက္ကို သူ႔လက္ကေရာက္ လာၿပီးေတာ့ ပြတ္လိမ္ ဆြဲတာမ်ိဳးေတြ လုပ္တယ္လို႔ သိရပါတယ္။” ဒါျပင္ အဆိုပါ အင္ ဒိုနီးရွားႏိုင္ငံသား ပညာရွင္ဟာ အလုပ္သမား အမ်ိဳးသမီးေတြ ကို ရည္းစားရွိလား၊ အိမ္ေထာင္ရွိလား ေမးျမန္းတာေတြ ျပဳလုပ္ၿပီး ရွိ ေၾကာင္းျပန္ေျပာပါက သူနဲ႔ ခ်စ္ရေအာင္ အဲ့လို ကိစၥကိုလည္း လူေတြမသိေစနဲ႔။

ဒါမ်ိဳးေတြ ျပဳမႈေျပာဆိုတာ ေတြရွိေနတာေၾကာင့္ ျမန္မာအလုပ္သမားေတြ အေပၚမွာ လိင္ပိုင္းဆိုင္ရာ ထိပါးေႏွာင့္ယွက္ေစာ္ကားမႈကို က်ဴးလြန္ေနတာ ေတာ္ေတာ္ေလး ဆိုး႐ြာတဲ့ အေျခအေန ျဖစ္တယ္လို႔ ဆိုပါတယ္။စက္႐ုံက အလုပ္သမားေတြကို အင္ဒိုနီးရွားႏိုင္ငံသားရဲ႕ ေျပာဆိုဆက္ဆံမႈေတြနဲ႔ ပတ္သက္ၿပီး တိုင္ၾကားတာ ရွိလာလို႔ တိုင္ၾကားတဲ့သူေရာ တိုင္ၾကားခံရတဲ့သူကိုေရာ မ်က္ႏွာဆုံးညီေတြ႕ဆုံ ရွင္း လင္းတာေတြျပဳလုပ္ေပးခဲ့တယ္လို႔ Amava Apparel အထည္ခ်ဳပ္စက္႐ုံ HR မန္ေနဂ်ာ ေဒၚၾကည္ၾကည္လြင္က DVB ကိုေျပာပါတယ္ ။“ဒီကေလးရဲ႕ တိုင္စာကို အဓိကၾကည့္တယ္၊ တကယ္ျဖစ္ေန သလားဆိုၿပီး ေခၚယူေျဖရွင္းေပး ထားပါတယ္။

အဲဒီလူ ကိုလည္း အေရးယူ ေဆာင္႐ြက္ထားပါတယ္။ ဒီလိုေျပာတယ္ဆိုတဲ့ ကိစၥေတြက လိင္ပိုင္း ဆိုင္ရာ ပတ္သက္ေလာက္တဲ့အထိေတာ့ မဟုတ္ဘူး၊ အဲ့ေတာ့ ေနာက္ကိုလည္း သူ႔ကို လုပ္ငန္း သေဘာတရားအရပဲ ေျပာရမယ္၊ မသက္ဆိုင္တဲ့ ဟာေတြကို မေျပာရဘူးဆိုတာကို စာခ်ဳပ္ပါ အခ်က္ေတြကို ျပသၿပီး ေျဖရွင္းေပးထားပါတယ္” လို႔ ေျပာပါတယ္။

Credit – မင္းထက္မုန္း (ပုသိမ္)

UNICODE

အထည်ချုပ် စက်ရုံကြီး တစ်ခုမှ အလုပ်သမ အချို့ကို တိုင်းတစ်ပါးသား ပညာရှင်တစ်ဦးက လိင်ပိုင်း ဆိုင်ရာ ကျူးလွန်ရန် ကြံစည်မှုဖြစ်ပွား

လက်ရှိအချိန်တွင်တော့ အဆိုပါ အင်ဒိုနီးရှားနိုင်ငံသား ပညာရှင်ကို စက်ရုံ တာဝန်ရှိသူတွေရဲ့ သဘောထားဆုံးဖြတ်ချက်နဲ့ အရေးယူဆောင် ရွက်ပေးထား ပြီး လိင်ပိုင်းဆိုင်ရာလောက်ထိတော့ ပြဿနာက မသွားထား တာကြောင့် လုပ်ငန်းသဘောတရားနဲ့ပတ်သက် ပြီး အရေးယူ ဆောင် ရွက်ထားတာတွေ ရှိပါတယ်လို့ ဆိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ရှိနေတယ်လို့ စွပ်စွဲခံထားရတဲ့ Amava Apparel အထည်ချုပ်စ က်ရုံမှာ ၂၀၁၉ ခုနှစ်အတွင်းမှာလည်း အလားတူဖြစ်စဉ်မျိုး ရှိခဲ့တာကြောင့် ၂၀၁၉ ခုနှစ် ဇွန်လိုင်လ ၂၉ ရက် နေ့က အလုပ် သမားတွေက လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါး စော်ကားမှုများ အလိုမရှိကြောင်း

ဆန္ဒထုတ်ဖော်တာတွေ ပြုလုပ်ခဲ့ပါတယ်။ Amava Apparel အထည်ချုပ် စက်ရုံကို ၂၀၁၇ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး စက်ရုံ ပိုင် ရှင်မှာ သီရိလင်္ကာနိုင်ငံသား တဦးဖြစ်ကာ တရုတ်၊ အင်ဒိုနီးရှား နဲ့ ဗီယက်နမ်နိုင်ငံတို့မှ လာရောက် အလုပ်လုပ်ကိုင်တဲ့ ပြည်ပနိုင်ငံသား ၁၂ ဦး ရှိပြီး လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ပြုလုပ်နေတဲ့ အင်ဒိုနီးရှား နိုင်ငံသားကတော့ စက်ရုံကို ရောက်လာတာ ၅ လနီးပါးသာ ရှိသေး တယ်လို့ တာဝန်ရှိသူတွေ ထံက သိရပါတယ်။ သီရိလ င်္ကာနိုင်ငံသားပိုင် Amava Apparel အထည်ချုပ် ဟာ အလုပ်သမား ၁၀၀၀ ကျော် နဲ့ လုပ်ငန်းနေတာဖြစ်ပြီး စက်ရုံမှ ဂျပန်နဲ့ ဥရောပနိုင်ငံတွေကို တင်ပို့နေတဲ့ Kappa, Blak Lader, Lindex, Esmara စတဲ့ နိုင်ငံတကာ ကုန်အမှတ် တံဆိပ်တွေကို ချုပ်လုပ်နေတာ လို့ သိရပါတယ်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၁၃ ရပ်ကွက်ရှိ Amava Apparel အထည်ချုပ် စက်ရုံက အလုပ်သမား အချို့ဟာ နိုင်ငံခြားသားပညာရှင် တဦးရဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန် တာတွေ ခံနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။စက်ရုံအတွင်းက အလုပ်သမား အမျိုးသမီး ၅ ဦး၊ ၆ ဦးလောက်ကိုအင်ဒိုနီးရှားနိုင်ငံသား မြန်မာ စကားကို ကျွမ်းကျင်စွာပြောနိုင်သူက နှုတ်နဲ့ရော လက်နဲ့ပါ လိင်ပိုင်းဆိုင်ရာ ထိပါး နှောင့်ယှက်တာတွေ ပြုလုပ်လာတာကြောင့် ကျူးလွန်ခံရသူတွေထဲက အိမ်ထောင်ရှိ အမျိုးသမီးတဦးက ဇွန်လ ၁၃ ရက်နေ့ ညနေပိုင်းမှာ လာရောက်အကူညီတောင်းခံခဲ့တယ်လို့ အလုပ်သမား အချင်းချင်း ရိုင်းပင်းကူညီရေးအဖွဲ့က ပဋိပက္ခ ဖြေရှင်းရေး တာဝန်ခံ ဒေါ်ခခက ဒီဗွီဘီကို ပြောပါတယ်။

လာတိုင်တဲ့ မိန်းကလေးအပါအဝင် စက်ရုံက မိန်းကလေး ၅ ယောက် ၆ ယောက်လောက် ကို သူက ချစ်သူရှိလား ချစ်ခြင်တယ်၊ ချစ်ကျမယ် ဒါမျိုးတွေ ပြောတယ်၊ နောက်တဆင့်က အမျိုးသမီးတွေရဲ့ ရင်သား နဲ့ အနီးဆုံး ဂျိုင်းသား နေရာတွေကို ပွတ်ဆွဲတာတွေ ကိုင်တာတွေ ပြီး တော့ ပေါင်းရင်းနေရာလောက်ကို သူ့လက်ကရောက် လာပြီးတော့ ပွတ်လိမ် ဆွဲတာမျိုးတွေ လုပ်တယ်လို့ သိရပါတယ်။” ဒါပြင် အဆိုပါ အင် ဒိုနီးရှားနိုင်ငံသား ပညာရှင်ဟာ အလုပ်သမား အမျိုးသမီးတွေ ကို ရည်းစားရှိလား၊ အိမ်ထောင်ရှိလား မေးမြန်းတာတွေ ပြုလုပ်ပြီး ရှိ ကြောင်းပြန်ပြောပါက သူနဲ့ ချစ်ရအောင် အဲ့လို ကိစ္စကိုလည်း လူတွေမသိစေနဲ့။

ဒါမျိုးတွေ ပြုမှုပြောဆိုတာ တွေရှိနေတာကြောင့် မြန်မာအလုပ်သမားတွေ အပေါ်မှာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်စော်ကားမှုကို ကျူးလွန်နေတာ တော်တော်လေး ဆိုးရွာတဲ့ အခြေအနေ ဖြစ်တယ်လို့ ဆိုပါတယ်။စက်ရုံက အလုပ်သမားတွေကို အင်ဒိုနီးရှားနိုင်ငံသားရဲ့ ပြောဆိုဆက်ဆံမှုတွေနဲ့ ပတ်သက်ပြီး တိုင်ကြားတာ ရှိလာလို့ တိုင်ကြားတဲ့သူရော တိုင်ကြားခံရတဲ့သူကိုရော မျက်နှာဆုံးညီတွေ့ဆုံ ရှင်း လင်းတာတွေပြုလုပ်ပေးခဲ့တယ်လို့ Amava Apparel အထည်ချုပ်စက်ရုံ HR မန်နေဂျာ ဒေါ်ကြည်ကြည်လွင်က DVB ကိုပြောပါတယ် ။“ဒီကလေးရဲ့ တိုင်စာကို အဓိကကြည့်တယ်၊ တကယ်ဖြစ်နေ သလားဆိုပြီး ခေါ်ယူဖြေရှင်းပေး ထားပါတယ်။

အဲဒီလူ ကိုလည်း အရေးယူ ဆောင်ရွက်ထားပါတယ်။ ဒီလိုပြောတယ်ဆိုတဲ့ ကိစ္စတွေက လိင်ပိုင်း ဆိုင်ရာ ပတ်သက်လောက်တဲ့အထိတော့ မဟုတ်ဘူး၊ အဲ့တော့ နောက်ကိုလည်း သူ့ကို လုပ်ငန်း သဘောတရားအရပဲ ပြောရမယ်၊ မသက်ဆိုင်တဲ့ ဟာတွေကို မပြောရဘူးဆိုတာကို စာချုပ်ပါ အချက်တွေကို ပြသပြီး ဖြေရှင်းပေးထားပါတယ်” လို့ ပြောပါတယ်။

Credit –   မင်းထက်မုန်း (ပုသိမ်)

Add a Comment

Your email address will not be published. Required fields are marked *