အေျခခံပညာေက်ာင္းမ်ားႏွင့္ တကၠသိုလ္/ေကာလိပ္မ်ားအတြက္ ဆရာ/ဆရာမ (၁၆၀၀၀) ေက်ာ္ေခၚ မည္ (ေဒသခံမ်ား ဦးစားေပးမည္)
|လက္ရွိအခ်ိန္တြင္ အေျခခံပညာက႑ႏွင့္ အဆင့္ျမင့္ပညာက႑တို႔၌ ေက်ာင္းသား ႏွင့္ ဆရာ အခ်ိဳးမွာ ဆရာတစ္ဦးလွ်င္ ေက်ာင္းသား ၄၅ဦးႏႈန္း ျဖစ္ေပၚေန ေၾကာင္း ပညာေရးဝန္ႀကီးဌာမွ သိရသည္။ကိုဗစ္ကာလ အေျခခံပညာ ေက်ာင္းမ်ား ျပန္ဖြင့္ရာတြင္ က်န္းမာေရး ဝန္ႀကီးဌာန၏ ၫႊန္ၾကားခ်က္အရ ေက်ာင္းသား တစ္ဦးႏွင့္တစ္ဦး ေျခာက္ေပအကြာထားရွိရမည္ျဖစ္သည္။
ထို႔အတြက္ေၾကာင့္ စာသင္ ခန္းတစ္ခန္းလွ်င္ ေက်ာင္းသား/သူ(၂၀)ဦး ဝန္းက်င္သာ သင္ၾကားႏိုင္မည္ျဖစ္ကာ ဆရာ/ဆရာမ ပိုမိုလိုအပ္ လာမွာ ျဖစ္ပါတယ္။အေျခ ခံပညာေက်ာင္းမ်ားတြင္ ေက်ာင္းသားႏွင့္ဆရာအခ်ိဳး မညီမမွ်ျဖစ္ေနမႈမ်ားအေပၚ ေျဖရွင္းရန္ ပညာေရးဝန္ ထမ္း(၁၆၀၀၀)ေက်ာ္ ခန႔္သြားမည္ျဖစ္ၿပီး ေဒသခံတိုင္းရင္းသား/သူမ်ားကို ဦးစားေပးခန႔္သြားမယ္လို႔ သိရပါတယ္။
ဇြန္လ(၁၂)ရက္ေန႔ေနျပည္ေတာ္ ျပန္ၾကားေရးဝန္ႀကီးဌာန႐ုံးတြင္ ျပဳလုပ္သည့္ အစိုးရသက္တမ္း စတုတၳႏွစ္ တစ္ႏွစ္တာေဆာင္ ႐ြက္ ခ်က္မ်ားႏွင့္ ပါတ္သက္သည့္ သတင္းစာရွင္းလင္းပြဲတြင္ ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးက ေျပာၾကား ခဲ့ျခင္း ျဖစ္ပါတယ္။
ပညာေရးဝန္ထမ္း ဆရာ/ဆရာမမ်ား ခန႔္ထားရာတြင္ မူလတန္း၊ အလယ္တန္း၊ အထက္တန္းျပ (၁၄၃၈၈)ဦး၊ တကၠသိုလ္၊ ဒီဂရီေကာလိပ္ မ်ားတြင္ သ႐ုပ္ျပဆရာ/ဆရာမ(၁၇၉၆)ဦး ခန႔္ထားရန္ စီစဥ္ေနတယ္လို႔ သိရပါတယ္။
UNICODE
အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်/ကောလိပ်များအတွက် ဆရာ/ဆရာမ (၁၆၀၀၀) ကျော်ခေါ် မည် (ဒေသခံများ ဦးစားပေးမည်)
လက်ရှိအချိန်တွင် အခြေခံပညာကဏ္ဍနှင့် အဆင့်မြင့်ပညာကဏ္ဍတို့၌ ကျောင်းသား နှင့် ဆရာ အချိုးမှာ ဆရာတစ်ဦးလျှင် ကျောင်းသား ၄၅ဦးနှုန်း ဖြစ်ပေါ်နေ ကြောင်း ပညာရေးဝန်ကြီးဌာမှ သိရသည်။ကိုဗစ်ကာလ အခြေခံပညာ ကျောင်းများ ပြန်ဖွင့်ရာတွင် ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ ကျောင်းသား တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာထားရှိရမည်ဖြစ်သည်။
ထို့အတွက်ကြောင့် စာသင် ခန်းတစ်ခန်းလျှင် ကျောင်းသား/သူ(၂၀)ဦး ဝန်းကျင်သာ သင်ကြားနိုင်မည်ဖြစ်ကာ ဆရာ/ဆရာမ ပိုမိုလိုအပ် လာမှာ ဖြစ်ပါတယ်။အခြေ ခံပညာကျောင်းများတွင် ကျောင်းသားနှင့်ဆရာအချိုး မညီမမျှဖြစ်နေမှုများအပေါ် ဖြေရှင်းရန် ပညာရေးဝန် ထမ်း(၁၆၀၀၀)ကျော် ခန့်သွားမည်ဖြစ်ပြီး ဒေသခံတိုင်းရင်းသား/သူများကို ဦးစားပေးခန့်သွားမယ်လို့ သိရပါတယ်။
ဇွန်လ(၁၂)ရက်နေ့နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနရုံးတွင် ပြုလုပ်သည့် အစိုးရသက်တမ်း စတုတ္ထနှစ် တစ်နှစ်တာဆောင် ရွက် ချက်များနှင့် ပါတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြား ခဲ့ခြင်း ဖြစ်ပါတယ်။
ပညာရေးဝန်ထမ်း ဆရာ/ဆရာမများ ခန့်ထားရာတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းပြ (၁၄၃၈၈)ဦး၊ တက္ကသိုလ်၊ ဒီဂရီကောလိပ် များတွင် သရုပ်ပြဆရာ/ဆရာမ(၁၇၉၆)ဦး ခန့်ထားရန် စီစဉ်နေတယ်လို့ သိရပါတယ်။