ေက်ာက္ေတာ္ၿမိဳ႕နယ္တြင္ ရဲအုပ္တစ္ဦး အမည္မသိ လူ (၂) ဦး၏ ဓားျဖင့္လုပ္ႀကံခံရမႈ ျဖစ္ပြား

ရခိုင္ျပည္နယ္အတြင္း ရဲတပ္ဖြဲ႕ဝင္မ်ား အပါအဝင္ ေက်း႐ြာတခ်ိဳ႕၌ ယခုကဲ့သို႔ေသာ လုပ္ႀကံသတ္ျဖတ္ခံရသည့္ ျဖစ္စဥ္မ်ား က ခတ္စိပ္စိပ္ ျဖစ္ပြားေနၿပီး သတ္ျဖတ္ခံရသည့္ အေၾကာင္းရင္းမ်ားႏွင့္အတူ က်ဴးလြန္သည့္ တရားခံမ်ားကို လက္ရွိ အခ်ိန္အထိ ေဖာ္ထုတ္ ဖမ္းဆီးႏိုင္ ျခင္း မရွိေသးေပ။ရခိုင္ျပည္နယ္၌ ရဲတပ္ဖြဲ႕ဝင္မ်ား၊ ေက်း႐ြာအုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္မ်ားႏွင့္ ႐ြာသားမ်ားမွာ ယခုကဲ့သို႔ ဓားျဖင့္ ထိုးကာ သတ္ ျဖတ္ခံရျခင္း၊ ေနအိမ္အတြင္းသို႔ ဝင္ေရာက္၍ ေသနတ္ျဖင့္ ပစ္သတ္ခံရျခင္း စသည့္ ျဖစ္စဥ္မ်ား ျဖစ္ပြားေန သျဖင့္ ေဒသခံ ျပည္သူမ်ား ၾကား စိုးရိမ္မႈ ျမင့္တက္လ်က္ ရွိေနသည္။

ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕လယ္တြင္ ယမန္ေန႔ ညေန ၃ နာရီ ခန႔္က ရဲအရာရွိ ၁ ဦး သတ္ျဖတ္ခံရ၍ ေသဆုံး သြားေၾကာင္း သတင္း ရရွိသည္။အဆိုပါ သတ္ျဖတ္ခံရသူမွာ ေက်ာက္ေတာ္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး႐ုံးမွ ရဲအုပ္ ေအာင္မင္းေဇာ္ ျဖစ္ၿပီး ၿမိဳ႕လယ္ရွိ သာသနာ့ ဗိ မာန္ ေရွ႕လမ္းမေပၚတြင္ ရွိေနစဥ္ အမည္မသိ လူ ၂ ဦးမွ ဆိုင္ကယ္ျဖင့္ လာေရာက္ကာ ဓားျဖင့္ ထိုးသတ္သြားျခင္းျဖစ္ ေၾကာင္း ေက်ာက္ေတာ္ ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး႐ုံးမွ ရဲတပ္ဖြဲ႕ဝင္ တဦးက ေျပာသည္။၎က “ျဖစ္စဥ္ကေတာ့ ဟုတ္တယ္။ သူက CRO (ရဲ မႈခင္းမွတ္ဌာန) ကိုင္တယ္။ သာသနာ့ ဗိမာန္ေရွ႕ သြားလာေနတုန္း ဆိုင္ကယ္နဲ႔ လူ ၂ ေယာက္က ဓားနဲ႔ လာထိုး သြားတာလို႔ ေျပာတယ္။

ေက်ာက္ေတာ္ၿမိဳ႕ေပၚတြင္ ထိုသို႔ ရဲအရာရွိ ၁ ဦး လုပ္ႀကံ သတ္ျဖတ္ခံရသည့္အတြက္ ၿမိဳ႕ခံမ်ားမွာ စိုးရိမ္ေၾကာင့္ၾကမႈမ်ား ျဖစ္ေပၚကာ အိမ္ ျပင္ မထြက္ရဲၾကဘဲ အေျခအေနကို ေစာင့္ၾကည့္ေနၾကရေၾကာင္းလည္း သိရသည္။ေက်ာက္ေတာ္ၿမိဳ႕ခံ ျပည္သူ႔ လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးဦးထြန္းဝင္းက “အဲဒီလို ျဖစ္တယ္လို႔ေတာ့ ၾကားတယ္။ က်ေနာ့္ လည္း ျမင္တာေတာ့ မဟုတ္ဘူး။ လူေတြလည္း တေယာက္မွ သြားမ ၾကည့္ရဲၾကဘူး။ အားလုံး အိမ္ထဲကေန အိမ္ျပင္ မထြက္ရဲၾကဘူး။ ဆိုင္ေတြလည္း အကုန္ ပိတ္ထားၾကတယ္” ဟု ေျပာသည္။

ယခုလ ဇြန္လ ၁၁ ရက္ မနက္ပိုင္းကလည္း ပုဏၰားကြၽန္းၿမိဳ႕လယ္တြင္ တပ္မေတာ္ အရာရွိ ဓားထိုးခံရၿပီး တပ္ဖြဲ႕ဝင္ ၁ ဦး ဖမ္းဆီး ေခၚ ေဆာင္သြားျခင္း ခံရသည့္ ျဖစ္စဥ္ ျဖစ္ပြားခဲ့သည္။ထိုလုပ္ႀကံမႈမ်ားမွာ AA တပ္ဖြဲ႕ဝင္မ်ားႏွင့္ အမာခံမ်ား လက္ခ်က္ ျဖစ္သည္ဟု တပ္မ ေတာ္ သတင္းထုတ္ ျပန္ထားကာ ယင္းေန႔ မြန္းလြဲပိုင္းတြင္ တပ္မေတာ္က ပစ္ခတ္မႈေၾကာင့္ ၿမိဳ႕ခံ ၁ ဦး ေသဆုံးခဲ့သည္။ထိုေသဆုံးမႈမွာ လုံၿခဳံေရး ေဆာင္႐ြက္ေနေသာ တပ္မေတာ္သားမ်ားကို ရန္မူလာသည့္အတြက္ ပစ္ ခတ္လိုက္ျခင္း ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

REF: ဧရာ၀တီ

UNICODE

ကျောက်တော်မြို့နယ်တွင် ရဲအုပ်တစ်ဦး အမည်မသိ လူ (၂) ဦး၏ ဓားဖြင့်လုပ်ကြံခံရမှု ဖြစ်ပွား

ရခိုင်ပြည်နယ်အတွင်း ရဲတပ်ဖွဲ့ဝင်များ အပါအဝင် ကျေးရွာတချို့၌ ယခုကဲ့သို့သော လုပ်ကြံသတ်ဖြတ်ခံရသည့် ဖြစ်စဉ်များ က ခတ်စိပ်စိပ် ဖြစ်ပွားနေပြီး သတ်ဖြတ်ခံရသည့် အကြောင်းရင်းများနှင့်အတူ ကျူးလွန်သည့် တရားခံများကို လက်ရှိ အချိန်အထိ ဖော်ထုတ် ဖမ်းဆီးနိုင် ခြင်း မရှိသေးပေ။ရခိုင်ပြည်နယ်၌ ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ရွာသားများမှာ ယခုကဲ့သို့ ဓားဖြင့် ထိုးကာ သတ် ဖြတ်ခံရခြင်း၊ နေအိမ်အတွင်းသို့ ဝင်ရောက်၍ သေနတ်ဖြင့် ပစ်သတ်ခံရခြင်း စသည့် ဖြစ်စဉ်များ ဖြစ်ပွားနေ သဖြင့် ဒေသခံ ပြည်သူများ ကြား စိုးရိမ်မှု မြင့်တက်လျက် ရှိနေသည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့လယ်တွင် ယမန်နေ့ ညနေ ၃ နာရီ ခန့်က ရဲအရာရှိ ၁ ဦး သတ်ဖြတ်ခံရ၍ သေဆုံး သွားကြောင်း သတင်း ရရှိသည်။အဆိုပါ သတ်ဖြတ်ခံရသူမှာ ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် အောင်မင်းဇော် ဖြစ်ပြီး မြို့လယ်ရှိ သာသနာ့ ဗိ မာန် ရှေ့လမ်းမပေါ်တွင် ရှိနေစဉ် အမည်မသိ လူ ၂ ဦးမှ ဆိုင်ကယ်ဖြင့် လာရောက်ကာ ဓားဖြင့် ထိုးသတ်သွားခြင်းဖြစ် ကြောင်း ကျောက်တော် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင် တဦးက ပြောသည်။၎င်းက “ဖြစ်စဉ်ကတော့ ဟုတ်တယ်။ သူက CRO (ရဲ မှုခင်းမှတ်ဌာန) ကိုင်တယ်။ သာသနာ့ ဗိမာန်ရှေ့ သွားလာနေတုန်း ဆိုင်ကယ်နဲ့ လူ ၂ ယောက်က ဓားနဲ့ လာထိုး သွားတာလို့ ပြောတယ်။

ကျောက်တော်မြို့ပေါ်တွင် ထိုသို့ ရဲအရာရှိ ၁ ဦး လုပ်ကြံ သတ်ဖြတ်ခံရသည့်အတွက် မြို့ခံများမှာ စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပေါ်ကာ အိမ် ပြင် မထွက်ရဲကြဘဲ အခြေအနေကို စောင့်ကြည့်နေကြရကြောင်းလည်း သိရသည်။ကျောက်တော်မြို့ခံ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက “အဲဒီလို ဖြစ်တယ်လို့တော့ ကြားတယ်။ ကျနော့် လည်း မြင်တာတော့ မဟုတ်ဘူး။ လူတွေလည်း တယောက်မှ သွားမ ကြည့်ရဲကြဘူး။ အားလုံး အိမ်ထဲကနေ အိမ်ပြင် မထွက်ရဲကြဘူး။ ဆိုင်တွေလည်း အကုန် ပိတ်ထားကြတယ်” ဟု ပြောသည်။

ယခုလ ဇွန်လ ၁၁ ရက် မနက်ပိုင်းကလည်း ပုဏ္ဏားကျွန်းမြို့လယ်တွင် တပ်မတော် အရာရှိ ဓားထိုးခံရပြီး တပ်ဖွဲ့ဝင် ၁ ဦး ဖမ်းဆီး ခေါ် ဆောင်သွားခြင်း ခံရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။ထိုလုပ်ကြံမှုများမှာ AA တပ်ဖွဲ့ဝင်များနှင့် အမာခံများ လက်ချက် ဖြစ်သည်ဟု တပ်မ တော် သတင်းထုတ် ပြန်ထားကာ ယင်းနေ့ မွန်းလွဲပိုင်းတွင် တပ်မတော်က ပစ်ခတ်မှုကြောင့် မြို့ခံ ၁ ဦး သေဆုံးခဲ့သည်။ထိုသေဆုံးမှုမှာ လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်သားများကို ရန်မူလာသည့်အတွက် ပစ် ခတ်လိုက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

REF:   ဧရာ၀တီ

Add a Comment

Your email address will not be published. Required fields are marked *