ေတာင္ကိုရီးယား၌ ခိုလႈံေနသည့္ ေျမာက္ကိုရီးယားႏိုင္ငံသားမ်ားႏွင့္ပတ္သက္၍ ေတာင္ကိုရီးယားအား လက္စားေခ်မည္ဟု ကင္ဂ်ဳံအြန္၏ ညီမသတိေပး

ေျမာက္ကိုရီးယားဘက္သို႔ လက္ကမ္းစာေစာင္မ်ား၊ ဆန္မ်ားကို ေပးပို႔ေနသည့္ ေျမာက္ကိုရီးယားမွ တိမ္းေရွာင္လာသူမ်ားအား ေတာင္ကို ရီးယားအစိုးရက တရားေရးအရ အေရးယူခဲ့ၿပီးေနာက္ ေျမာက္ကိုရီးယားေခါင္းေဆာင္၏ညီမက တုံ႔ျပန္မည္ျဖစ္ေၾကာင္း ေျပာဆိုခဲ့ သည္။ ထိုကိစၥႏွင့္ပတ္သက္၍ ေျမာက္ကိုရီးယားသည္ ေတာင္ကိုရီးယားႏွင့္ ဆက္ဆံေရးျဖတ္ေတာက္မည္ျဖစ္ေၾကာင္း ေျပာ ဆိုခဲ့ၿပီးျဖစ္သည္။

ေျမာက္ကိုရီးယားအေနျဖင့္ ယခင္ကထားရွိခဲ့သည့္ သေဘာတူညီမႈမ်ားကို ေစာင့္ထိန္းရန္လိုအပ္ေၾကာင္း ကိုရီးယားႏွစ္ ႏိုင္ငံ ျပန္လည္ ေပါင္းစည္းေရးဝန္ႀကီးဌာနက ေတာင္းဆိုခဲ့သည္။ရန္သူနဲ႔ဆက္ဆံေရးကိုတာဝန္ယူထားတဲ့ ဌာနကို ေနာက္ထပ္အေရးယူမႈ ဆက္လက္ လုပ္ေဆာင္ဖို႔ ၫႊန္ၾကားလိုက္ၿပီျဖစ္ပါတယ္” ဟု ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအြန္၏ ညီမကင္ယိုဂ်ဳံက ေျပာဆိုခဲ့သည္။

ေနာက္ထပ္အေရးယူမႈဆိုသည္မွာ မည္သည့္အရာျဖစ္သည္ကိုမူ ၎ကရွင္းလင္းေျပာဆိုျခင္းမျပဳခဲ့ေခ်။ေတာင္ကိုရီးယား၌ ခိုလႈံေနသည့္ ေျမာက္ကိုရီးယားႏိုင္ငံသားမ်ားက ေျမာက္ကိုရီးယားႏိုင္ငံဘက္သို႔ ဝါဒျဖန႔္ခ်ိေရးႏွင့္ အစားအစာမ်ားေပးပို႔ေနမႈႏွင့္ပတ္သက္၍ ေတာင္ကို ရီးယားအား လက္စားေခ်တုံ႔ျပန္မည္ျဖစ္ေၾကာင္း ကင္ယိုဂ်ဳံက သတိေပးလိုက္ၿပီျဖစ္ေၾကာင္း ဇြန္ ၁၃ ရက္တြင္ ေဖာ္ျပခဲ့သည္။

REF: ျမန္မာတိုင္းစ္

UNICODE

တောင်ကိုရီးယား၌ ခိုလှုံနေသည့် မြောက်ကိုရီးယားနိုင်ငံသားများနှင့်ပတ်သက်၍ တောင်ကိုရီးယားအား လက်စားချေမည်ဟု ကင်ဂျုံအွန်၏ ညီမသတိပေး

မြောက်ကိုရီးယားဘက်သို့ လက်ကမ်းစာစောင်များ၊ ဆန်များကို ပေးပို့နေသည့် မြောက်ကိုရီးယားမှ တိမ်းရှောင်လာသူများအား တောင်ကို ရီးယားအစိုးရက တရားရေးအရ အရေးယူခဲ့ပြီးနောက် မြောက်ကိုရီးယားခေါင်းဆောင်၏ညီမက တုံ့ပြန်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ သည်။ ထိုကိစ္စနှင့်ပတ်သက်၍ မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့် ဆက်ဆံရေးဖြတ်တောက်မည်ဖြစ်ကြောင်း ပြော ဆိုခဲ့ပြီးဖြစ်သည်။

မြောက်ကိုရီးယားအနေဖြင့် ယခင်ကထားရှိခဲ့သည့် သဘောတူညီမှုများကို စောင့်ထိန်းရန်လိုအပ်ကြောင်း ကိုရီးယားနှစ် နိုင်ငံ ပြန်လည် ပေါင်းစည်းရေးဝန်ကြီးဌာနက တောင်းဆိုခဲ့သည်။ရန်သူနဲ့ဆက်ဆံရေးကိုတာဝန်ယူထားတဲ့ ဌာနကို နောက်ထပ်အရေးယူမှု ဆက်လက် လုပ်ဆောင်ဖို့ ညွှန်ကြားလိုက်ပြီဖြစ်ပါတယ်” ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ ညီမကင်ယိုဂျုံက ပြောဆိုခဲ့သည်။

နောက်ထပ်အရေးယူမှုဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကိုမူ ၎င်းကရှင်းလင်းပြောဆိုခြင်းမပြုခဲ့ချေ။တောင်ကိုရီးယား၌ ခိုလှုံနေသည့် မြောက်ကိုရီးယားနိုင်ငံသားများက မြောက်ကိုရီးယားနိုင်ငံဘက်သို့ ဝါဒဖြန့်ချိရေးနှင့် အစားအစာများပေးပို့နေမှုနှင့်ပတ်သက်၍ တောင်ကို ရီးယားအား လက်စားချေတုံ့ပြန်မည်ဖြစ်ကြောင်း ကင်ယိုဂျုံက သတိပေးလိုက်ပြီဖြစ်ကြောင်း ဇွန် ၁၃ ရက်တွင် ဖော်ပြခဲ့သည်။

REF:    မြန်မာတိုင်းစ်

Add a Comment

Your email address will not be published. Required fields are marked *