(၂၀၂၀)ေ႐ြးေကာက္ပြဲအတြက္ ကိုယ္စားလွယ္ေလာင္း ဦးစားေပးအဆင့္ (၂) ၌သာ ေ႐ြးခ်ယ္ခံရဟု ဒီခ်ဳပ္CEC ဦးေအာင္ၾကည္ၫြန႔္ ေျပာ

ဦးေအာင္ၾကည္ၫြန႔္ သည္ ၂၀၁၂ ၾကားျဖတ္ေ႐ြးေကာက္ပြဲႏွင့္ ၂၀၁၅ အေထြေထြ ေ႐ြးေကာက္ပြဲတို႔၌ မေကြးတိုင္းေဒသ ႀကီး မဲဆႏၵနယ္ အမွတ္(၄) (ေတာင္တြင္းႀကီးၿမိဳ႕နယ္)မွ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္အျဖစ္ ေ႐ြးေကာက္တင္ေျမႇာက္ခံခဲ့ရသူ ျဖစ္သည္။NLD ဗဟိုျပန္ၾကားေရးေကာ္မတီအဖြဲ႕ဝင္ ဦးေက်ာ္ေအးႏိုင္က” ၿမိဳ႕မိၿမိဳ႕ဖက သမာသမတ္ရွိေအာင္၊ ဂိုဏ္းဂဏမရွိေအာင္၊ ဘက္လိုက္မႈမရွိေအာင္ ထိန္းေက်ာင္းတဲ့ပုံစံနဲ႔ပဲ သူတို႔ကို ႀကီးၾကပ္ခိုင္းထားတဲ့ သေဘာေလ။ ၿမိဳ႕နယ္အလုပ္အမႈေဆာင္အဖြဲ႕ရဲ႕ ဆုံးျဖတ္ခ်က္က အတည္ပဲ။

သူတို႔ ဆုံးျဖတ္ၿပီးတာနဲ႔ တိုင္း/ျပည္နယ္အဆင့္ကို တင္ေပးရမယ္။ တိုင္း/ျပည္နယ္အဆင့္ကလည္း ျပန္လည္စိစစ္မယ္။ ျပန္လည္စိစစ္ၿပီး ေတာ့ ဗဟိုကို တင္ျပရမယ္။ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ရဲ႕ အတည္ျပဳၿပီးေတာ့မွ အမည္စာရင္းထြက္မယ္”ဟု ေျပာၾကားသည္။ ဦးေအာင္ ၾကည္ၫြန႔္သည္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ဆိုင္ရာ ဥပေဒၾကမ္းကို တင္သြင္းခဲ့သူျဖစ္ၿပီး ျပည္ေထာင္စုလႊတ္ေတာ္၌ ဖြဲ႕စည္းေဆာင္ ႐ြက္ခဲ့သည့္ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရး ၄၅ ဦးပူးေပါင္းေကာ္မတီတြင္ အဓိကက်သည့္ အခန္းက႑မွပါဝင္ခဲ့သူျဖစ္သည္။

ႏိုင္ငံေရးႏွင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ရာ ပါတီ၏ ရပ္တည္ခ်က္အမ်ားအျပားကို ဦးေအာင္ၾကည္ၫြန႔္က မီဒီယာမ်ားသို႔ တာဝန္ခံေျပာ ၾကားခဲ့သည္။NLD ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီ (CEC) အဖြဲ႕ဝင္လည္းျဖစ္၊ ထင္ရွားေသာ ႏိုင္ငံေရးသမားတစ္ဦးလည္းျဖစ္သည့္ ဦးေအာင္ၾကည္ၫြန႔္သည္ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲ၌ ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ ၿမိဳ႕နယ္အဆင့္ ကိုယ္စားလွယ္ေလာင္းေ႐ြးခ်ယ္မႈတြင္ ဦးစားေပးအဆင့္ ၂ ေနရာ၌သာ ေ႐ြးခ်ယ္ခံခဲ့ရၿပီး ယင္းအေပၚ တစုံတရာ ေျပာစရာမရွိေၾကာင္း ၎က ေျပာသည္။

ၿမိဳ႕မိၿမိဳ႕ဖ ၅ ဦးက ဇြန္လ ၁၂ ရက္စြဲျဖင့္ လက္မွတ္ေရးထိုးထုတ္ျပန္ခဲ့သည့္ NLD ေတာင္တြင္းႀကီးၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ေလာင္းစိစစ္ေရးအဖြဲ႕၏ ထုတ္ျပန္ခ်က္တြင္ ဦးဝင္းေအာင္ဟုဆိုသည့္ ပုဂၢိဳလ္မွာ မဲေပါင္း ၁၉ မဲျဖင့္ ၿမိဳ႕နယ္ဦးစားေပး အဆင့္ ၁၊ ဦးေအာင္ ၾကည္ၫြန႔္မွာ မဲေပါင္း ၁၄ မဲျဖင့္ ၿမိဳ႕နယ္ဦးစားေပး အဆင့္ ၂ ေနရာ၌ ေ႐ြးခ်ယ္ခံရေၾကာင္း ပါရွိသည္။ ဦးေအာင္ၾကည္ၫြန႔္က”ဘယ္လိုမွ သေဘာထားမရွိဘူးဗ်။ ဒါ သူတို႔ ေလာေလာဆယ္ မဲေပးတဲ့စနစ္နဲ႔ ေ႐ြးခ်ယ္ၾကတာေလ။

မဲေပးတဲ့စနစ္နဲ႔ ေ႐ြးခ်ယ္တဲ့ေနရာမွာ တခုေတာ့ရွိတယ္။ တဦးကေနၿပီးေတာ့ ႏွစ္ဦးကို မဲေပးခြင့္ဆိုတဲ့စနစ္နဲ႔လုပ္တယ္။ အဲဒါကေတာ့ မူနဲ႔ ကိုက္လား၊ မကိုက္လားဆိုတာေတာ့ လူႀကီးေတြပဲ စဥ္းစားဖို႔ပါ။ ရလာတဲ့အေျဖကိုေတာ့ ကြၽန္ေတာ္ ဘာမွေျပာစရာ မရွိပါဘူးခင္ဗ်ာ”ဟု ၎က ဇြန္လ ၁၃ ရက္ေန႔တြင္ ေျပာသည္။NLD သည္ ၂၀၁၅ အေထြေထြေ႐ြးေကာက္ပြဲအတြက္ ကိုယ္စားလွယ္ေလာင္း ေ႐ြးခ်ယ္ရာတြင္ လည္း အျငင္းပြားမႈအမ်ားအျပားႏွင့္ ရင္ဆိုင္ခဲ့ရသည္။အျငင္းပြားမႈေတြေတာ့ ျဖစ္လာႏိုင္တာေပါ့။

၂၀၁၅ မွာလည္း အဲဒီလို ျဖစ္ခဲ့တာပဲ။ ေနာက္ဆုံးက ဘယ္လိုပဲ အျငင္းပြားမႈေတြျဖစ္ျဖစ္ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ရဲ႕ ဆုံးျဖတ္ခ်က္သာ အတည္ျဖစ္တယ္ဆိုတာ ေျပာထားၿပီးသားေလ”ဟု ဦးေက်ာ္ေအးႏိုင္က ေျပာၾကားခဲ့သည္။ အြန္လိုင္ေပၚမွ ႏိုင္ငံေရးေလ့လာေစာင့္ၾကည့္ သူမ်ားက ၿမိဳ႕နယ္ဦးစားေပး အဆင့္ ၂ ေနရာ၌ ဦးေအာင္ၾကည္ၫြန႔္အား ေ႐ြးခ်ယ္ခံရမႈအေပၚ အံ့ဩခဲ့ၾကၿပီး ယင္းမွာ မူဝါဆိုင္ရာ ဦးေဆာင္ သူတဦးအေပၚ အေလးမထားမႈအျဖစ္ ေဝဖန္မႈမ်ားထြက္ေပၚခဲ့သည္။

REF: NEWS WATCH

(၂၀၂၀)ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ဦးစားပေးအဆင့် (၂) ၌သာ ရွေးချယ်ခံရဟု ဒီချုပ်CEC ဦးအောင်ကြည်ညွန့် ပြော

ဦးအောင်ကြည်ညွန့် သည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတို့၌ မကွေးတိုင်းဒေသ ကြီး မဲဆန္ဒနယ် အမှတ်(၄) (တောင်တွင်းကြီးမြို့နယ်)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသူ ဖြစ်သည်။NLD ဗဟိုပြန်ကြားရေးကော်မတီအဖွဲ့ဝင် ဦးကျော်အေးနိုင်က” မြို့မိမြို့ဖက သမာသမတ်ရှိအောင်၊ ဂိုဏ်းဂဏမရှိအောင်၊ ဘက်လိုက်မှုမရှိအောင် ထိန်းကျောင်းတဲ့ပုံစံနဲ့ပဲ သူတို့ကို ကြီးကြပ်ခိုင်းထားတဲ့ သဘောလေ။ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်က အတည်ပဲ။

သူတို့ ဆုံးဖြတ်ပြီးတာနဲ့ တိုင်း/ပြည်နယ်အဆင့်ကို တင်ပေးရမယ်။ တိုင်း/ပြည်နယ်အဆင့်ကလည်း ပြန်လည်စိစစ်မယ်။ ပြန်လည်စိစစ်ပြီး တော့ ဗဟိုကို တင်ပြရမယ်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ အတည်ပြုပြီးတော့မှ အမည်စာရင်းထွက်မယ်”ဟု ပြောကြားသည်။ ဦးအောင် ကြည်ညွန့်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို တင်သွင်းခဲ့သူဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်၌ ဖွဲ့စည်းဆောင် ရွက်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦးပူးပေါင်းကော်မတီတွင် အဓိကကျသည့် အခန်းကဏ္ဍမှပါဝင်ခဲ့သူဖြစ်သည်။

နိုင်ငံရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပါတီ၏ ရပ်တည်ချက်အများအပြားကို ဦးအောင်ကြည်ညွန့်က မီဒီယာများသို့ တာဝန်ခံပြော ကြားခဲ့သည်။NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC) အဖွဲ့ဝင်လည်းဖြစ်၊ ထင်ရှားသော နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်သည့် ဦးအောင်ကြည်ညွန့်သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် မြို့နယ်အဆင့် ကိုယ်စားလှယ်လောင်းရွေးချယ်မှုတွင် ဦးစားပေးအဆင့် ၂ နေရာ၌သာ ရွေးချယ်ခံခဲ့ရပြီး ယင်းအပေါ် တစုံတရာ ပြောစရာမရှိကြောင်း ၎င်းက ပြောသည်။

မြို့မိမြို့ဖ ၅ ဦးက ဇွန်လ ၁၂ ရက်စွဲဖြင့် လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည့် NLD တောင်တွင်းကြီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် လောင်းစိစစ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဦးဝင်းအောင်ဟုဆိုသည့် ပုဂ္ဂိုလ်မှာ မဲပေါင်း ၁၉ မဲဖြင့် မြို့နယ်ဦးစားပေး အဆင့် ၁၊ ဦးအောင် ကြည်ညွန့်မှာ မဲပေါင်း ၁၄ မဲဖြင့် မြို့နယ်ဦးစားပေး အဆင့် ၂ နေရာ၌ ရွေးချယ်ခံရကြောင်း ပါရှိသည်။ ဦးအောင်ကြည်ညွန့်က”ဘယ်လိုမှ သဘောထားမရှိဘူးဗျ။ ဒါ သူတို့ လောလောဆယ် မဲပေးတဲ့စနစ်နဲ့ ရွေးချယ်ကြတာလေ။

မဲပေးတဲ့စနစ်နဲ့ ရွေးချယ်တဲ့နေရာမှာ တခုတော့ရှိတယ်။  တဦးကနေပြီးတော့ နှစ်ဦးကို မဲပေးခွင့်ဆိုတဲ့စနစ်နဲ့လုပ်တယ်။ အဲဒါကတော့ မူနဲ့ ကိုက်လား၊ မကိုက်လားဆိုတာတော့ လူကြီးတွေပဲ စဉ်းစားဖို့ပါ။ ရလာတဲ့အဖြေကိုတော့ ကျွန်တော် ဘာမှပြောစရာ မရှိပါဘူးခင်ဗျာ”ဟု ၎င်းက ဇွန်လ ၁၃ ရက်နေ့တွင် ပြောသည်။NLD သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် လည်း အငြင်းပွားမှုအများအပြားနှင့် ရင်ဆိုင်ခဲ့ရသည်။အငြင်းပွားမှုတွေတော့ ဖြစ်လာနိုင်တာပေါ့။

၂၀၁၅ မှာလည်း အဲဒီလို ဖြစ်ခဲ့တာပဲ။ နောက်ဆုံးက ဘယ်လိုပဲ အငြင်းပွားမှုတွေဖြစ်ဖြစ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်သာ အတည်ဖြစ်တယ်ဆိုတာ ပြောထားပြီးသားလေ”ဟု ဦးကျော်အေးနိုင်က ပြောကြားခဲ့သည်။ အွန်လိုင်ပေါ်မှ နိုင်ငံရေးလေ့လာစောင့်ကြည့် သူများက မြို့နယ်ဦးစားပေး အဆင့် ၂ နေရာ၌ ဦးအောင်ကြည်ညွန့်အား ရွေးချယ်ခံရမှုအပေါ် အံ့ဩခဲ့ကြပြီး ယင်းမှာ မူဝါဆိုင်ရာ ဦးဆောင် သူတဦးအပေါ် အလေးမထားမှုအဖြစ် ဝေဖန်မှုများထွက်ပေါ်ခဲ့သည်။

REF:    NEWS  WATCH

Add a Comment

Your email address will not be published. Required fields are marked *