COVID-19ျဖစ္ပြားေနခ်ိန္ ျမန္မာျပည္မွာ ရာသီတုပ္ေကြးေရာဂါ စတင္ျဖစ္ပြားေနၿပီး (၁၃) ဦး စေတြ႕

ျမန္မာႏိုင္ငံတြင္ ၂၀၁၇ ခုႏွစ္ ကစ၍ ရာသီတုပ္ေကြးေရာဂါ စတင္ျဖစ္ပြားခဲ့ၿပီး ဗိုင္းရပ္စ္ ပိုးေတြ႕ရွိသူ ၄၀၆ ဦး၊ ထိုအထဲမွ ေသဆုံးသူ ၃၈ ဦး ရွိခဲ့သည္။ ၂၀၁၈ ခုႏွစ္တြင္ ရာသီတုပ္ေကြးေရာဂါပိုးေတြ႕ရွိသူ ၁၃ ဦးရွိခဲ့ၿပီး ေသဆုံးသူ မရွိခဲ့ေပ။ ၂၀၁၉ ခုႏွစ္တြင္ လူ(၂)ေထာင္ေက်ာ္ကို စစ္ေဆးခဲ့ၿပီး ဗိုင္းရပ္စ္ ပိုးေတြ႕ရွိသူ ၈၀၆ ဦးႏွင့္ ေသဆုံးသူ ၁၂၈ ဦး အထိ ရွိခဲ့သည္။

“ဒီႏွစ္အ တြက္ ရာသီတုပ္ေကြး ဓာတ္ခြဲနမူနာ ရရွိမႈက အရမ္းကို နည္းပါတယ္။ ဘာျဖစ္လို႔လဲဆို ေတာ့ ကိုဗစ္ကိုပဲ အာ႐ုံစိုက္ ေနၾကတယ္။ ေနာက္တစ္ခု က ဓာတ္ခြဲနမူနာေပးပို႔ဖို႔ ေလာေလာဆယ္ မွာလည္း NHL (အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာန-ရန္ကုန္) အတြက္ လည္း ဝန္ပိတာေပါ့။

ပထမပိုင္းမွာ NHL တစ္ခုထဲ စစ္ေဆးရတာျဖစ္တဲ့အတြက္ စစ္ေဆးတဲ့နမူနာ စုစုေပါင္းမွာ Positive ျဖစ္တာ ၁၃ ေယာက္ ရွိပါတယ္” ဟု ေဒါက္တာခင္ခင္ႀကီးက ေျပာၾကားသည္။ယခုႏွစ္ ရာသီတုပ္ေကြးေရာဂါ ဓာတ္ခြဲနမူနာ စစ္ေဆးထားသူ ၁၈၃ ဦးအနက္ ၁၃ ဦး တြင္ ေရာ ဂါေတြ႕ရွိရေၾကာင္း ဗဟိုကူးစက္ ေရာဂါတိုက္ဖ်က္ေရးဌာနခြဲမွ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက ေျပာၾကားလိုက္သည္။

ေရာဂါေတြ႕ရွိသူ ၁၃ ဦးတြင္ ရာသီတုပ္ေကြးေရာဂါ၏ ဗိုင္းရပ္စ္အမ်ိဳးအစားမ်ားထဲမွ Influenza A H1N1pdm09 ျဖစ္ပြားသူ (၇) ဦး၊ Influenza A/H3 ျဖစ္ပြားသူ (၄) ဦးႏွင့္ Influenza B ျဖစ္ပြားသူ (၂) ဦးေတြ႕ရွိေၾကာင္း ေဒါက္တာ ခင္ခင္ႀကီးက ေျပာၾကားသည္။

ရာသီတုပ္ေကြးေရာဂါ ကူးစက္ႏိုင္ေျခအမ်ားဆုံး အသက္အ႐ြယ္မွာ အသက္ ၁၅ ႏွစ္မွ ၆၅ ႏွစ္အတြင္းျဖစ္ေသာ္လည္း ကူးစက္ခံရပါက အသက္ ၅ ႏွစ္ေအာက္ႏွင့္ ၆၅ ႏွစ္အထက္ အ႐ြယ္မ်ားမွာ ေသဆုံးႏႈန္းျမင့္မားေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ စာရင္းမ်ားအရ သိရသည္။

REF: CENTRAL ONLINE NEWS

UNICODE

COVID-19ဖြစ်ပွားနေချိန် မြန်မာပြည်မှာ ရာသီတုပ်ကွေးရောဂါ စတင်ဖြစ်ပွားနေပြီး (၁၃) ဦး စတွေ့

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ် ကစ၍ ရာသီတုပ်ကွေးရောဂါ စတင်ဖြစ်ပွားခဲ့ပြီး ဗိုင်းရပ်စ် ပိုးတွေ့ရှိသူ ၄၀၆ ဦး၊ ထိုအထဲမှ သေဆုံးသူ ၃၈ ဦး ရှိခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ရာသီတုပ်ကွေးရောဂါပိုးတွေ့ရှိသူ ၁၃ ဦးရှိခဲ့ပြီး သေဆုံးသူ မရှိခဲ့ပေ။ ၂၀၁၉ ခုနှစ်တွင် လူ(၂)ထောင်ကျော်ကို စစ်ဆေးခဲ့ပြီး ဗိုင်းရပ်စ် ပိုးတွေ့ရှိသူ ၈၀၆ ဦးနှင့် သေဆုံးသူ ၁၂၈ ဦး အထိ ရှိခဲ့သည်။

“ဒီနှစ်အ တွက် ရာသီတုပ်ကွေး ဓာတ်ခွဲနမူနာ ရရှိမှုက အရမ်းကို နည်းပါတယ်။ ဘာဖြစ်လို့လဲဆို တော့ ကိုဗစ်ကိုပဲ အာရုံစိုက် နေကြတယ်။ နောက်တစ်ခု က ဓာတ်ခွဲနမူနာပေးပို့ဖို့ လောလောဆယ် မှာလည်း NHL (အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန-ရန်ကုန်) အတွက် လည်း ဝန်ပိတာပေါ့။

ပထမပိုင်းမှာ NHL တစ်ခုထဲ စစ်ဆေးရတာဖြစ်တဲ့အတွက် စစ်ဆေးတဲ့နမူနာ စုစုပေါင်းမှာ Positive ဖြစ်တာ ၁၃ ယောက် ရှိပါတယ်” ဟု ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။ယခုနှစ် ရာသီတုပ်ကွေးရောဂါ ဓာတ်ခွဲနမူနာ စစ်ဆေးထားသူ ၁၈၃ ဦးအနက် ၁၃ ဦး တွင် ရော ဂါတွေ့ရှိရကြောင်း ဗဟိုကူးစက် ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားလိုက်သည်။

ရောဂါတွေ့ရှိသူ ၁၃ ဦးတွင် ရာသီတုပ်ကွေးရောဂါ၏ ဗိုင်းရပ်စ်အမျိုးအစားများထဲမှ Influenza A H1N1pdm09 ဖြစ်ပွားသူ (၇) ဦး၊ Influenza A/H3 ဖြစ်ပွားသူ (၄) ဦးနှင့် Influenza B ဖြစ်ပွားသူ (၂) ဦးတွေ့ရှိကြောင်း ဒေါက်တာ ခင်ခင်ကြီးက ပြောကြားသည်။

ရာသီတုပ်ကွေးရောဂါ ကူးစက်နိုင်ခြေအများဆုံး အသက်အရွယ်မှာ အသက် ၁၅ နှစ်မှ ၆၅ နှစ်အတွင်းဖြစ်သော်လည်း ကူးစက်ခံရပါက အသက် ၅ နှစ်အောက်နှင့် ၆၅ နှစ်အထက် အရွယ်များမှာ သေဆုံးနှုန်းမြင့်မားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

REF:   CENTRAL  ONLINE  NEWS

Add a Comment

Your email address will not be published. Required fields are marked *