ကိုဗစ္လူနာ အမွတ္ (၂၆၂) သည္ ဘဂၤလားေဒ့ရွ္ သို႔ ေဆးကုသရန္ ခိုးဝင္ ခိုးထြက္ လုပ္ေနသူဟု သိရွိရ

ရခိုင္ျပည္နယ္ ဘူးသီးေတာင္ၿမိဳ႕နယ္တြင္ ဘဂၤလားေဒ့ရွ္ မွ ခိုးဝင္ လာသည့္ ၂၆ ႏွစ္အ႐ြယ္ မူဆလင္ တစ္ဦးထံမွ လည္း ဇြန္လ ၁၁ ရက္ေန႔ တြင္ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါပိုးေတြ႕ရွိခဲ့သည္။လက္ရွိ ရခိုင္ျပည္နယ္တြင္ ဇြန္လ ၁၅ ရက္ေန႔အထိ ဘူးသီးေတာင္ၿမိဳ႕နယ္ တြင္ ႏွစ္ဦး၊ ေမာင္ ေတာၿမိဳ႕နယ္တြင္ ေလးဦး၊ ေတာင္ကုတ္ၿမိဳ႕နယ္တြင္ တစ္ဦးႏွင့္ သံတြဲၿမိဳ႕တြင္ တစ္ဦး၊ စုစုေပါင္း ၈ ဦးတြင္ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါပိုးေတြ႕ရွိ ထားၿပီဟု က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ ထားသည္။

ကို႐ိုနာ ဗိုင္းရပ္စ္ေရာဂါမွာ လူမ်ိဳးမေ႐ြး၊ ဘာသာမေ႐ြး ကူးစက္ႏိုင္သျဖင့္ လူမ်ိဳးေပါင္းစုံေနထိုင္သည့္ ေမာင္ေတာႏွင့္ ဘူးသီးေတာင္ၿမိဳ႕နယ္ မ်ားတြင္ က်န္းမာေရး အသိပညာေပးမႈမ်ားကို က်ယ္က်ယ္ျပန႔္ျပန႔္ လုပ္ေဆာင္ရန္ လိုအပ္ေနေၾကာင္း လူမႈေရး လႈပ္ရွား ေဆာင္႐ြက္ေနသူ မ်ားက ေျပာၾကားသည္။ယေန႔မနက္ အတည္ျပဳသည့္ ကိုဗစ္လူနာအမွတ္ (၂၆၂) သည္ ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕ ၌ ဘဂၤလားေဒ့ရွ္ ႏိုင္ငံသို႔ တရားမဝင္ ေဆးသြားကုသရန္သြားခဲ့ၿပီး ျပန္ဝင္လာသူ အသက္ ၆ဝ ေက်ာ္အ႐ြယ္ အမ်ိဳးသားတစ္ဦး ျဖစ္တယ္လို႔ သိရပါတယ္။

ေမာင္ေတာနဲ႔ ဘူးသီးေတာင္က သူေတြဟာ အားလုံး အဲလို ေဆးကုဖို႔ ဆိုၿပီးသြားၾကတယ္။ ဘယ္လို သြားၾကလဲေတာ့ က်ေနာ္လည္း မသိဘူး။ သူတို႔ေျပာလို႔ သိတာ။ တရားမဝင္ ခိုးဝင္ခိုးထြက္ခ်ည္းပဲအားလုံး” ဟု ဘူးသီးေတာင္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးေ႐ႊလွေအာင္က ေျပာသည္။ေရာဂါပိုးေတြ႕ရွိသူမွာ အသက္ ၆၃ ႏွစ္အ႐ြယ္ မူဆလင္ အမ်ိဳးသားျဖစ္ၿပီး သူသည္ ဆီးခ်ိဳ၊ ေသြးခ်ိဳႏွင့္ C ပိုးေရာဂါ ခံစားေနရသူ ျဖစ္သည္ဟု ဆိုသည္။ ၎သည္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ သို႔ မၾကာမၾကာ ေဆးသြား ကုေနသူ ျဖစ္သည္ဟု တိုင္တန္းခ်က္အရသိရသည္။

သက္ဆိုင္ရာက သြားေရာက္စစ္ေဆးၾကရာ ေဆးသြားကုသည္မွာ မဟုတ္မွန္ဟု ပိုးေတြ႕လူနာက က်မ္းက်ိန္ျငင္းေၾကာင္း ၿမိဳ႕နယ္အုပ္ခ်ဳပ္ ေရးမႉး က ေျပာသည္။ပိုးေတြ႕ လူနာသည္ ေမလ ၂၉ ရက္ေန႔ တြင္ ေမာင္ေတာ မွတဆင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ ေနာက္ဆုံးအႀကိမ္ သြား ေရာက္ေဆးကုသခဲ့သည္ကို စစ္ေဆးေတြ႕ရွိရေၾကာင္း ဆိုသည္။လက္ရွိတြင္ ပိုးေတြ႕လူနာကို ဘူးသီးေတာင္ၿမိဳ႕ ေဆး႐ုံတြင္ ပို႔ေဆာင္ထား ၿပီး သူ႔မိသားစုဝင္ (၅)ကိုလည္း ေမာင္ေတာ ၿမိဳ႕နယ္ လွဖိုးေခါင္ၾကားစခန္းသို႔ ပို႔ေဆာင္ရန္စီစဥ္ထားသည္ဟုဆိုသည္။

ယင္း အျပင္ ပိုးေတြ႕ လူနာႏွင့္ ပတ္သက္ ခဲ့သူမ်ားကိုလည္း လိုက္လံစုံစမ္းေနၿပီး လွဖိုးေခါင္ၾကားစခန္းသို႔ ပို႔ေဆာင္မည္ ဟုလည္း သိရ သည္။ဘူးသီးေတာင္ ၿမိဳ႕နယ္မွ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးထြန္းေအာင္သိန္းက “ေမာင္ေတာ ခ႐ိုင္မွာ နယ္ျခားေစာင့္တပ္ (၈)ရင္းရွိတယ္။ ဒီေလာက္ လုံၿခဳံေရးရွိရဲ႕နဲ႔ အခုလို တစ္ေယာက္မွ မသိလိုက္ဘဲ ဝင္ေရာက္ ေနထိုင္တယ္ဆိုရင္ ႏိုင္ငံေတာ္ရဲ႕ လုံၿခဳံေရး အတြက္ေသာ္လည္းေကာင္း၊ အခုျဖစ္ေနတဲ့ Covid–19 ေရာဂါ အတြက္ေသာ္လည္းေကာင္း အလြန္တရာမွ ဆိုးက်ိဳးကို ျဖစ္ေစတယ္။

ဒါဟာ ရခိုင္ျပည္နယ္ အစိုးရတစ္ခုတည္းမဟုတ္ဘဲ ဒါဟာ ျပည္ေထာင္စုအစိုးရနဲ႔ သက္ဆိုင္တယ္။ ဒါဟာ နယ္စပ္ျဖစ္တဲ့အတြက္ေၾကာင့္၊ အစိုးရႏွစ္ရပ္စလုံးမွာ တာဝန္ရွိတဲ့ အတြက္ေၾကာင့္၊ ဒီ တာဝန္ ေပးထားတဲ့ ပုဂၢိဳလ္ေတြကိုလည္း ဒီလိုပုံစံမ်ိဳး ေနာက္ထပ္ မျဖစ္ဖို႔အတြက္ သင့္ေတာ္တဲ့၊ သင့္တင့္တဲ့ ျပစ္ဒဏ္ ေတြကိုေတာ့ အေရးယူေပးဖို႔ လိုအပ္တယ္လို႔ အဲလို ျမင္ပါတယ္။ အဲလိုသာ မလုပ္ခဲ့ဘူးဆိုရင္ ေနာက္ ဆက္တြဲလည္း ဒီလို ခိုးဝင္မႈေတြ ျဖစ္လာမယ္” ဟု ေျပာပါသည္။

crd : blacker

UNICODE

ကိုဗစ်လူနာ အမှတ် (၂၆၂) သည် ဘင်္ဂလားဒေ့ရှ် သို့ ဆေးကုသရန် ခိုးဝင် ခိုးထွက် လုပ်နေသူဟု သိရှိရ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ဘင်္ဂလားဒေ့ရှ် မှ ခိုးဝင် လာသည့် ၂၆ နှစ်အရွယ် မူဆလင် တစ်ဦးထံမှ လည်း ဇွန်လ ၁၁ ရက်နေ့ တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိခဲ့သည်။လက်ရှိ ရခိုင်ပြည်နယ်တွင် ဇွန်လ ၁၅ ရက်နေ့အထိ ဘူးသီးတောင်မြို့နယ် တွင် နှစ်ဦး၊ မောင် တောမြို့နယ်တွင် လေးဦး၊ တောင်ကုတ်မြို့နယ်တွင် တစ်ဦးနှင့် သံတွဲမြို့တွင် တစ်ဦး၊ စုစုပေါင်း ၈ ဦးတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့ရှိ ထားပြီဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။

ကိုရိုနာ ဗိုင်းရပ်စ်ရောဂါမှာ လူမျိုးမရွေး၊ ဘာသာမရွေး ကူးစက်နိုင်သဖြင့် လူမျိုးပေါင်းစုံနေထိုင်သည့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ် များတွင် ကျန်းမာရေး အသိပညာပေးမှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရန် လိုအပ်နေကြောင်း လူမှုရေး လှုပ်ရှား ဆောင်ရွက်နေသူ များက ပြောကြားသည်။ယနေ့မနက် အတည်ပြုသည့် ကိုဗစ်လူနာအမှတ် (၂၆၂) သည် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ ၌ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တရားမဝင် ဆေးသွားကုသရန်သွားခဲ့ပြီး ပြန်ဝင်လာသူ အသက် ၆ဝ ကျော်အရွယ် အမျိုးသားတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။

မောင်တောနဲ့ ဘူးသီးတောင်က သူတွေဟာ အားလုံး အဲလို ဆေးကုဖို့ ဆိုပြီးသွားကြတယ်။ ဘယ်လို သွားကြလဲတော့ ကျနော်လည်း မသိဘူး။ သူတို့ပြောလို့ သိတာ။ တရားမဝင် ခိုးဝင်ခိုးထွက်ချည်းပဲအားလုံး” ဟု ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က ပြောသည်။ရောဂါပိုးတွေ့ရှိသူမှာ အသက် ၆၃ နှစ်အရွယ် မူဆလင် အမျိုးသားဖြစ်ပြီး သူသည် ဆီးချို၊ သွေးချိုနှင့် C ပိုးရောဂါ ခံစားနေရသူ ဖြစ်သည်ဟု ဆိုသည်။ ၎င်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ မကြာမကြာ ဆေးသွား ကုနေသူ ဖြစ်သည်ဟု တိုင်တန်းချက်အရသိရသည်။

သက်ဆိုင်ရာက သွားရောက်စစ်ဆေးကြရာ ဆေးသွားကုသည်မှာ မဟုတ်မှန်ဟု ပိုးတွေ့လူနာက ကျမ်းကျိန်ငြင်းကြောင်း မြို့နယ်အုပ်ချုပ် ရေးမှူး က ပြောသည်။ပိုးတွေ့ လူနာသည် မေလ ၂၉ ရက်နေ့ တွင် မောင်တော မှတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နောက်ဆုံးအကြိမ် သွား ရောက်ဆေးကုသခဲ့သည်ကို စစ်ဆေးတွေ့ရှိရကြောင်း ဆိုသည်။လက်ရှိတွင် ပိုးတွေ့လူနာကို ဘူးသီးတောင်မြို့ ဆေးရုံတွင် ပို့ဆောင်ထား ပြီး သူ့မိသားစုဝင် (၅)ကိုလည်း မောင်တော မြို့နယ် လှဖိုးခေါင်ကြားစခန်းသို့ ပို့ဆောင်ရန်စီစဉ်ထားသည်ဟုဆိုသည်။

ယင်း အပြင် ပိုးတွေ့ လူနာနှင့် ပတ်သက် ခဲ့သူများကိုလည်း လိုက်လံစုံစမ်းနေပြီး လှဖိုးခေါင်ကြားစခန်းသို့ ပို့ဆောင်မည် ဟုလည်း သိရ သည်။ဘူးသီးတောင် မြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက “မောင်တော ခရိုင်မှာ နယ်ခြားစောင့်တပ် (၈)ရင်းရှိတယ်။ ဒီလောက် လုံခြုံရေးရှိရဲ့နဲ့ အခုလို တစ်ယောက်မှ မသိလိုက်ဘဲ ဝင်ရောက် နေထိုင်တယ်ဆိုရင် နိုင်ငံတော်ရဲ့ လုံခြုံရေး အတွက်သော်လည်းကောင်း၊ အခုဖြစ်နေတဲ့ Covid–19 ရောဂါ အတွက်သော်လည်းကောင်း အလွန်တရာမှ ဆိုးကျိုးကို ဖြစ်စေတယ်။

ဒါဟာ ရခိုင်ပြည်နယ် အစိုးရတစ်ခုတည်းမဟုတ်ဘဲ ဒါဟာ ပြည်ထောင်စုအစိုးရနဲ့ သက်ဆိုင်တယ်။ ဒါဟာ နယ်စပ်ဖြစ်တဲ့အတွက်ကြောင့်၊ အစိုးရနှစ်ရပ်စလုံးမှာ တာဝန်ရှိတဲ့ အတွက်ကြောင့်၊ ဒီ တာဝန် ပေးထားတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ဒီလိုပုံစံမျိုး နောက်ထပ် မဖြစ်ဖို့အတွက် သင့်တော်တဲ့၊ သင့်တင့်တဲ့ ပြစ်ဒဏ် တွေကိုတော့ အရေးယူပေးဖို့ လိုအပ်တယ်လို့ အဲလို မြင်ပါတယ်။ အဲလိုသာ မလုပ်ခဲ့ဘူးဆိုရင် နောက် ဆက်တွဲလည်း ဒီလို ခိုးဝင်မှုတွေ ဖြစ်လာမယ်” ဟု ပြောပါသည်။

crd :  blacker

Add a Comment

Your email address will not be published. Required fields are marked *