ကိုဗစ္ ကင္းရွင္းေၾကာင္း ေဆးစစ္ခ်က္ ျပႏိုင္ မွသာ မေလးေရာက္ ျမန္မာမ်ား ျပန္ခြင့္ရမည္ဟု ျမန္မာသံ႐ုံးေျပာ

မေလးရွားမွာ ကိုဗစ္ ရွိမရွိ ေဆးစစ္မယ္ ဆိုရင္ ၃ရက္ ကေန ၅ရက္ ေစာင့္မွ အ‌ေျဖသိရၿပီး ေဆးစစ္ခ မေလးရွားရင္းဂစ္ ၄၀၀ ခန႔္ ေပးရ တယ္ လို႔လည္း မေလးရွားေရာက္ ျမန္မာေတြက ေျပာပါတယ္။ ျပည္ပႏိုင္ငံေတြမွာ အခက္အခဲ ႀကဳံေတြ႕ေနရတဲ့ ျမန္မာႏိုင္ငံသားေတြကို ျပန္လည္ ေခၚယူေနရာမွာ ဇြန္လ ၁၁ ရက္အထိ ျမန္မာႏိုင္ငံသားစုစုေပါင္း ၃၅၃၄ ဦး ျပန္လည္ေခၚယူၿပီးျဖစ္တယ္လို႔ ျမန္မာအစိုးရရဲ႕ တရားဝင္ထုတ္ျပန္ခ်က္ေတြအရ သိရပါတယ္။

အခု မေလးရွားက ဇြန္လ ၁၇ ရက္ေန႔ ကယ္ဆယ္ေရး ေလယာဥ္နဲ႔ လိုက္ပါမယ့္သူေတြဟာ ျမန္မာႏိုင္ငံ ျပန္ေရာက္ရင္ အစိုးရ သတ္မွတ္တဲ့ ကြာရန္တင္းေနရာ သို႔မဟုတ္ မိမိစရိတ္နဲ႔ ဟိုတယ္မွာ ၂၁ ရက္ ကြာရန္တင္း ဝင္ရမွာ ျဖစ္သလို ရန္ကုန္ေလဆိပ္ေရာက္မွ ေနရာ အေျပာင္း လဲ လုပ္လို႔ မရဘူးလို႔လည္း အသိေပး ေဖာ္ျပ ထားပါတယ္ ။

မေလးရွားႏိုင္ငံကေန ျမန္မာအစိုးရ ရဲ႕ အစီအစဥ္ နဲ႔ ျပန္လည္ေခၚယူ ဖို႔ရွိတဲ့ ကယ္ဆယ္ေရးေလယာဥ္နဲ႔ လိုက္ပါမယ့္သူေတြဟာ ကိုဗစ္ ကင္းရွင္းေၾကာင္း မေလးရွားအစိုးရရဲ႕ ေဆးစစ္ခ်က္တင္ျပဖို႔ လိုတယ္လို႔ မေလးရွားႏိုင္ငံ ကြာလာလမ္ပူမွာရွိတဲ့ ျမန္မာသံ႐ုံးက ထုတ္ျပန္ လိုက္ပါတယ္။ေလေၾကာင္းလိုင္း ရဲ႕ လိုအပ္ခ်က္အရ အခုလို ေဆးစစ္ခ်က္ ေတာင္းခံထားတာ ျဖစ္ၿပီးေတာ့ လူေပါင္း ၁၄၅ ဦးလိုက္ပါခြင့္ ရတယ္လို႔လည္း သိရပါတယ္။

အခုအစီအစဥ္ဟာ မေလးရွားေရာက္ ျမန္မာႏိုင္ငံသားေတြကို ကယ္ဆယ္ေရး ေလယာဥ္ေတြနဲ႔ တတိယအႀကိမ္ေျမာက္ ျပန္လည္ ေခၚ ယူတာျဖစ္ၿပီး အရင္ အေခါက္ေတြကေတာ့ ကိုဗစ္ကင္းရွင္းေၾကာင္း ေထာက္ခံခ်က္ ေတာင္းခံတာ မရွိခဲ့ပါဘူး။ ေလယာဥ္နဲ႔လိုက္ပါခြင့္ ရသူေတြ ဟာ ႏွာေခါင္းစည္း (mask) တပ္ၿပီး လိုက္ပါစီးနင္းရမွာ ျဖစ္ၿပီး ကိုဗစ္ ေရာဂါနဲ႔ ပတ္သက္ၿပီး သံသယရွိခဲ့ရင္ လိုက္ပါခြင့္ရမွာ မဟုတ္ဘူးလို႔လည္း ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

မေလးရွားက ျမန္မာသံ႐ုံးမွာ ျမန္မာႏိုင္ငံကို ျပန္ဖို႔ စာရင္းေပးထားၿပီး ေစာင့္ဆိုင္း ေနသူေတြ ၅၀၀ ေက်ာ္ရွိကာ ျမန္မာအစိုးရဆီကို စာတင္ ထားတယ္လို႔ မေလးရွားႏိုင္ငံ ျမန္မာသံ႐ုံးက သံ႐ုံးအုပ္ ဦးႏိုင္မင္းက ေျပာပါတယ္။အခုဆိုရင္ မေလးရွားကေန ကယ္ဆယ္ေရး ေလယာဥ္ နဲ႔ ျပန္ပို႔တာဟာ ေမလ ၂၀ ရက္ေန႔အထိ စုစုေပါင္း ၅၉ဝ ေက်ာ္ ရွိေနပါၿပီ။ အခုစီစဥ္ေပးတဲ့ ကယ္ဆယ္ေရးေလယာဥ္နဲ႔ လိုက္ပါမယ့္သူေတြ ဟာ သက္ဆိုင္ရာ မေလးရွား လူဝင္မႈႀကီးၾကပ္ေရးဌာနမွာ စစ္ေဆးမူေတြခံယူထားၿပီးေၾကာင္း သက္ေသခံ လက္မွတ္ေတြ လို ပါတယ္။

အခုကယ္ဆယ္ေရးေလယာဥ္နဲ႔ လိုက္ပါခြင့္ ရသူေတြဟာ ႏိုင္ငံကူးလက္မွတ္ အေထာက္အထားရွိသူေတြ ျဖစ္ၿပီး ႏိုင္ငံကူးလက္မွတ္ မရွိ သူေတြအတြက္လည္း စီစဥ္ေပးသင့္တယ္လို႔ မေလးရွားေရာက္ျမန္မာေတြက ေျပာပါတယ္။မေလးရွားႏိုင္ငံ ထိန္းသိမ္းေရးစခန္းေတြ မွာ ေရာက္ေနတဲ့ ျမန္မာ ၁၇ ဦးမွာ ကို႐ိုနာ ဗိုင္းရပ္စ္ပိုးေတြ႕ရွိတယ္လို႔ မေလးရွား က်န္းမာေရးဝန္ႀကီးဌာနက ေမလ ၂၁ ရက္ေန႔က ထုတ္ျပန္ ခဲ့တဲ့အေၾကာင္း သိရပါတယ္။ တရားမဝင္ ေနထိုင္သူေတြကို ဖမ္းဆီး ထားတဲ့ ထိန္းသိမ္းေရးစခန္းႏွစ္ခုမွာ ေဆးစစ္ပါတယ္။

ေဆးစစ္ ခ်က္အရ ၈၁ ဦးမွာ ကို႐ိုနာဗိုင္းရပ္စ္ ေတြ႕ရွိခဲ့ၿပီး အဲ့ဒီထဲမွာ ျမန္မာႏိုင္ငံသား ၁၇ ဦးပါဝင္ေနတယ္လို႔ ထုတ္ျပန္ထားထားေၾကာင္း လည္း သိရပါတယ္။ထိန္းသိမ္းေရးစခန္းေရာက္ေန တဲ့ ျမန္မာ ၃၀၀၀ ေလာက္ရွိၿပီး သူတို႔ကို ျမန္မာႏိုင္ငံကို ျပန္ပို႔ခ်င္တယ္လို႔ မေလးရွား ဘက္က ကမ္းလွမ္းထားတယ္လို႔ မေလးရွားႏိုင္ငံ ျမန္မာသံ႐ုံးဘက္က သတင္းေတြအရ သိရပါတယ္။ ဒါေပမယ့္ သူတို႔ကို ျပန္ေခၚဖို႔ ရွိမရွိ ဆိုတာကို ျမန္မာအစိုးရဘက္က ထုတ္ေျပာ တာမ်ိဳး မရွိေသးပါဘူး။

crd : whitesone

UNICODE

ကိုဗစ် ကင်းရှင်းကြောင်း ဆေးစစ်ချက် ပြနိုင် မှသာ မလေးရောက် မြန်မာများ ပြန်ခွင့်ရမည်ဟု မြန်မာသံရုံးပြော

မလေးရှားမှာ ကိုဗစ် ရှိမရှိ ဆေးစစ်မယ် ဆိုရင် ၃ရက် ကနေ ၅ရက် စောင့်မှ အ‌ဖြေသိရပြီး ဆေးစစ်ခ မလေးရှားရင်းဂစ် ၄၀၀ ခန့် ပေးရ တယ် လို့လည်း မလေးရှားရောက် မြန်မာတွေက ပြောပါတယ်။ ပြည်ပနိုင်ငံတွေမှာ အခက်အခဲ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည် ခေါ်ယူနေရာမှာ ဇွန်လ ၁၁ ရက်အထိ မြန်မာနိုင်ငံသားစုစုပေါင်း ၃၅၃၄ ဦး ပြန်လည်ခေါ်ယူပြီးဖြစ်တယ်လို့ မြန်မာအစိုးရရဲ့ တရားဝင်ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အခု မလေးရှားက ဇွန်လ ၁၇ ရက်နေ့ ကယ်ဆယ်ရေး လေယာဉ်နဲ့ လိုက်ပါမယ့်သူတွေဟာ မြန်မာနိုင်ငံ ပြန်ရောက်ရင် အစိုးရ သတ်မှတ်တဲ့ ကွာရန်တင်းနေရာ သို့မဟုတ် မိမိစရိတ်နဲ့ ဟိုတယ်မှာ ၂၁ ရက် ကွာရန်တင်း ဝင်ရမှာ ဖြစ်သလို ရန်ကုန်လေဆိပ်ရောက်မှ နေရာ အပြောင်း လဲ လုပ်လို့ မရဘူးလို့လည်း အသိပေး ဖော်ပြ ထားပါတယ် ။

မလေးရှားနိုင်ငံကနေ မြန်မာအစိုးရ ရဲ့ အစီအစဉ် နဲ့ ပြန်လည်ခေါ်ယူ ဖို့ရှိတဲ့ ကယ်ဆယ်ရေးလေယာဉ်နဲ့ လိုက်ပါမယ့်သူတွေဟာ ကိုဗစ် ကင်းရှင်းကြောင်း မလေးရှားအစိုးရရဲ့ ဆေးစစ်ချက်တင်ပြဖို့ လိုတယ်လို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာရှိတဲ့ မြန်မာသံရုံးက ထုတ်ပြန် လိုက်ပါတယ်။လေကြောင်းလိုင်း ရဲ့ လိုအပ်ချက်အရ အခုလို ဆေးစစ်ချက် တောင်းခံထားတာ ဖြစ်ပြီးတော့ လူပေါင်း ၁၄၅ ဦးလိုက်ပါခွင့် ရတယ်လို့လည်း သိရပါတယ်။

အခုအစီအစဉ်ဟာ မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေး လေယာဉ်တွေနဲ့ တတိယအကြိမ်မြောက် ပြန်လည် ခေါ် ယူတာဖြစ်ပြီး အရင် အခေါက်တွေကတော့ ကိုဗစ်ကင်းရှင်းကြောင်း ထောက်ခံချက် တောင်းခံတာ မရှိခဲ့ပါဘူး။ လေယာဉ်နဲ့လိုက်ပါခွင့် ရသူတွေ ဟာ နှာခေါင်းစည်း (mask) တပ်ပြီး လိုက်ပါစီးနင်းရမှာ ဖြစ်ပြီး ကိုဗစ် ရောဂါနဲ့ ပတ်သက်ပြီး သံသယရှိခဲ့ရင် လိုက်ပါခွင့်ရမှာ မဟုတ်ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မလေးရှားက မြန်မာသံရုံးမှာ မြန်မာနိုင်ငံကို ပြန်ဖို့ စာရင်းပေးထားပြီး စောင့်ဆိုင်း နေသူတွေ ၅၀၀ ကျော်ရှိကာ မြန်မာအစိုးရဆီကို စာတင် ထားတယ်လို့ မလေးရှားနိုင်ငံ မြန်မာသံရုံးက သံရုံးအုပ် ဦးနိုင်မင်းက ပြောပါတယ်။အခုဆိုရင် မလေးရှားကနေ ကယ်ဆယ်ရေး လေယာဉ် နဲ့ ပြန်ပို့တာဟာ မေလ ၂၀ ရက်နေ့အထိ စုစုပေါင်း ၅၉ဝ ကျော် ရှိနေပါပြီ။ အခုစီစဉ်ပေးတဲ့ ကယ်ဆယ်ရေးလေယာဉ်နဲ့ လိုက်ပါမယ့်သူတွေ ဟာ သက်ဆိုင်ရာ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနမှာ စစ်ဆေးမူတွေခံယူထားပြီးကြောင်း သက်သေခံ လက်မှတ်တွေ လို ပါတယ်။

အခုကယ်ဆယ်ရေးလေယာဉ်နဲ့ လိုက်ပါခွင့် ရသူတွေဟာ နိုင်ငံကူးလက်မှတ် အထောက်အထားရှိသူတွေ ဖြစ်ပြီး နိုင်ငံကူးလက်မှတ် မရှိ သူတွေအတွက်လည်း စီစဉ်ပေးသင့်တယ်လို့ မလေးရှားရောက်မြန်မာတွေက ပြောပါတယ်။မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းတွေ မှာ ရောက်နေတဲ့ မြန်မာ ၁၇ ဦးမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုးတွေ့ရှိတယ်လို့ မလေးရှား ကျန်းမာရေးဝန်ကြီးဌာနက မေလ ၂၁ ရက်နေ့က ထုတ်ပြန် ခဲ့တဲ့အကြောင်း သိရပါတယ်။ တရားမဝင် နေထိုင်သူတွေကို ဖမ်းဆီး ထားတဲ့ ထိန်းသိမ်းရေးစခန်းနှစ်ခုမှာ ဆေးစစ်ပါတယ်။

ဆေးစစ် ချက်အရ ၈၁ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့ပြီး အဲ့ဒီထဲမှာ မြန်မာနိုင်ငံသား ၁၇ ဦးပါဝင်နေတယ်လို့ ထုတ်ပြန်ထားထားကြောင်း လည်း သိရပါတယ်။ထိန်းသိမ်းရေးစခန်းရောက်နေ တဲ့ မြန်မာ ၃၀၀၀ လောက်ရှိပြီး သူတို့ကို မြန်မာနိုင်ငံကို ပြန်ပို့ချင်တယ်လို့ မလေးရှား ဘက်က ကမ်းလှမ်းထားတယ်လို့ မလေးရှားနိုင်ငံ မြန်မာသံရုံးဘက်က သတင်းတွေအရ သိရပါတယ်။ ဒါပေမယ့် သူတို့ကို ပြန်ခေါ်ဖို့ ရှိမရှိ ဆိုတာကို မြန်မာအစိုးရဘက်က ထုတ်ပြော တာမျိုး မရှိသေးပါဘူး။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *