စီးပြားေရးၿမိဳ႕ေတာ္ ရန္ကုန္ၿမိဳ႕မွာ မၾကာမီ ဖြင့္လွစ္ေတာ့မယ္ သီတဂူဆရာေတာ္ႀကီး၏ စကၡဳဒါန ေဆး႐ုံ

သီတဂူဆရာေတာ္ႀကီးသည္ ႏိုင္ငံအဝွမ္း ေဆး႐ုံေတာ္-၄၅ခု တည္ေဆာက္ရန္ ရည္စိတ္သန္လွ်က္ရွိၿပီး လက္ရွိစာရင္းအရ အားလုံးၿပီးစီး ကာဖြင့္လွစ္ ပါက ျမန္မာႏိုင္ငံတြင္ သီတဂူ-အာယုဒါန၊ အာေရာဂ်ဒါန၊ စကၡဳဒါန ေဆး႐ုံ ေတာ္ေပါင္း-၄၄ ခုျဖင့္ ျပည္သူျပည္သား မ်ား၏ က်န္းမာေရးက႑ကို႔ အားျဖည့္ ေဆာင္႐ြက္ေပးႏိုင္မည္ ျဖစ္သည္။ ျမန္မာႏိုင္ငံက်န္းမာေရးက႑၊ က်န္းမာေရးေစာင့္ေရွာက္မႈ လိုအပ္ ခ်က္မ်ားကို တစ္ေထာင့္တစ္ေနရာမွ ျဖည့္ဆည္းေပးႏိုင္ရန္အတြက္ သီတဂူဆရာေတာ္ႀကီး၏ လမ္းၫႊန္မႈျဖင့္ တည္ေဆာက္ခဲ့ေသာ သီ တဂူစကၡဳဒါနေဆး႐ုံ (ရန္ကုန္)ျဖစ္ပါတယ္။

ျဖစ္ေျမာက္ေအာင္ အဖက္ဖက္က ပါဝင္ကုသိုလ္ယူၾကသည့္ ေစတနာရွင္မ်ား၊ အလႉရွင္မ်ား၏ မြန္ျမတ္ေသာအလႉေတာ္ကို သီတဂူ သာ သနာျပဳအဖြဲ႕က ဝမ္းေျမာက္ဝမ္းသာျဖင့္ သာဓုအႏုေမာဒနာ ေခၚဆိုပါေၾကာင္း မွတ္တမ္းတင္ဂုဏ္ျပဳအပ္ပါသည္။သီတဂူစန္းလပမာ ခ်မ္း ျမသာယာ ရွိၾကပါေစ…။ေက်းဇူးေတာ္ရွင္ သီတဂူဆရာေတာ္ႀကီးသည္ ၁၅-၆-၂၀၂၀ ရက္ေန႔ နံနက္ခင္းတြင္ ရန္ကုန္တိုင္းေဒသႀကီး၊ ေျမာက္ဒဂုံၿမိဳ႕နယ္၊ အမွတ္-၁၀ ပင္လုံလမ္းတြင္ တည္ရွိေသာ သီတဂူဗုဒၶတကၠသိုလ္ (ရန္ကုန္) ၈-ထပ္ေက်ာင္းေဆာင္တြင္ တည္ေဆာက္ ၿပီးစီးသည့္ “သီတဂူစကၡဳဒါနအဆင့္ျမင့္ေဆး႐ုံ” ကို စစ္ေဆးၾကည့္ရႈေတာ္မူသည္။

ယေန႔နံနက္ စကၡဳဒါနေဆး႐ုံတြင္ တပ္ဆင္ထားသည့္ ေခတ္မီစမ္းသပ္စစ္ေဆးသည့္ စက္သစ္ႀကီးမ်ားျဖင့္ မ်က္စိအထူးကု ဆရာဝန္ႀကီး မ်ားျဖစ္ၾကေသာ သီတဂူသာသနာျပဳအဖြဲ႕ ဥကၠ႒ ေဒါက္တာဦးျမေအာင္၊ သီတဂူေဒါက္တာဦးသိန္းျမင့္ (အဂၤလန္)ႏွင့္ သီတဂူစကၡဳဒါန ေဆး႐ုံေတာ္မ်ား လွည့္လည္ကုသေရးတာဝန္ခံ သီတဂူေဒါက္တာဦးစေဂ်လြင္တို႔က သီတဂူဆရာေတာ္ႀကီး၊ ဗုဒၶဂါယာဆရာေတာ္ႀကီးႏွင့္ ေဝဇယႏၲာဆရာေတာ္ႀကီးတို႔ကို စတင္စမ္းသပ္ စစ္ေဆးျခင္း မဂၤလာျပဳခဲ့ပါသည္။သီတဂူစကၡဳဒါန အစီစဥ္စတင္ခဲ့သည့္ ၁၉၉၃ခုႏွစ္-ဇန္န ဝါရီလမွ ၂၀၁၉ ခုႏွစ္-ဒီဇင္ဘာကုန္အထိ စမ္းသပ္ စစ္ေဆး ၅၂၂,၇၃၀ ဦး၊ ခြဲစိတ္ကုသလူနာ-၁၀၀,၈၅၄ ဦးတို႔ကို စကၡဳဒါန အလင္းကုသိုလ္ ျပဳေပးႏိုင္ခဲ့ပါသည္။

လက္ရွိအခ်ိန္အထိ သီတဂူဆရာေတာ္ႀကီး တည္ေထာင္ဖြင့္လွစ္ၿပီးေသာ သီတဂူ-အာယုဒါန၊ အာေရာဂ်ဒါန၊ စကၡဳဒါန ေဆး႐ုံေတာ္ေပါင္း -၃၇ ႐ုံရွိၿပီး (ေဆာက္လုပ္ေန ဆဲမ်ားမွာ) ၃၈။ စစ္ကိုင္းတိုင္း-ပုလဲၿမိဳ႕၊ ၃၉။ တနသၤာရီ တိုင္း-ပုေလာၿမိဳ႕၊ ၄၀။ ရန္ကုန္တိုင္း-ဒဂုံၿမိဳ႕သစ္ ေျမာက္ပိုင္း၊ ၄၁။ တနသၤာရီတိုင္း-ၿမိတ္ၿမိဳ႕၊ ၄၂။ စစ္ကိုင္းတိုင္း-ခႏၲီးၿမိဳ႕၊ ၄၃။ စစ္ကိုင္းတိုင္း-အင္းေတာ္ၿမိဳ႕၊ ၄၄။ မႏၲေလးတိုင္း-ကူမဲၿမိဳ႕ တို႔ ျဖစ္ပါသည္။သီတဂူေဆး႐ုံ အမွတ္စဥ္-၄၀ ျဖစ္ေသာ သီတဂူစကၡဳဒါနေဆး႐ုံ (ရန္ကုန္)ကို က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ဖြင့္လွစ္ ရန္ ခြင့္ျပဳခ်က္ ရရွိသည့္အခါသမယတြင္ Grand Open မဂၤလာအခမ္းအနားျဖင့္ မ်က္စိေဝဒနာရွင္မ်ားအား စကၡဳဒါနကုသေပးမည္ ျဖစ္ပါ ေၾကာင္း ဝမ္းေျမာက္ဖြယ္ရာသတင္းအား ႀကိဳတင္သိရွိေစအပ္ပါသည္။

သီတဂူသာသနာျပဳအဖြဲ႕

REF: CENTRAL ONLINE NEWS

UNICODE

စီးပွားရေးမြို့တော် ရန်ကုန်မြို့မှာ မကြာမီ ဖွင့်လှစ်တော့မယ် သီတဂူဆရာတော်ကြီး၏ စက္ခုဒါန ဆေးရုံ

သီတဂူဆရာတော်ကြီးသည် နိုင်ငံအဝှမ်း ဆေးရုံတော်-၄၅ခု တည်ဆောက်ရန် ရည်စိတ်သန်လျှက်ရှိပြီး လက်ရှိစာရင်းအရ အားလုံးပြီးစီး ကာဖွင့်လှစ် ပါက မြန်မာနိုင်ငံတွင် သီတဂူ-အာယုဒါန၊ အာရောဂျဒါန၊ စက္ခုဒါန ဆေးရုံ တော်ပေါင်း-၄၄ ခုဖြင့် ပြည်သူပြည်သား များ၏ ကျန်းမာရေးကဏ္ဍကို့ အားဖြည့် ဆောင်ရွက်ပေးနိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍ၊ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ် ချက်များကို တစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်းပေးနိုင်ရန်အတွက် သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် တည်ဆောက်ခဲ့သော သီ တဂူစက္ခုဒါနဆေးရုံ (ရန်ကုန်)ဖြစ်ပါတယ်။

ဖြစ်မြောက်အောင် အဖက်ဖက်က ပါဝင်ကုသိုလ်ယူကြသည့် စေတနာရှင်များ၊ အလှူရှင်များ၏ မွန်မြတ်သောအလှူတော်ကို သီတဂူ သာ သနာပြုအဖွဲ့က ဝမ်းမြောက်ဝမ်းသာဖြင့် သာဓုအနုမောဒနာ ခေါ်ဆိုပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။သီတဂူစန်းလပမာ ချမ်း မြသာယာ ရှိကြပါစေ…။ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် ၁၅-၆-၂၀၂၀ ရက်နေ့ နံနက်ခင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၊ အမှတ်-၁၀ ပင်လုံလမ်းတွင် တည်ရှိသော သီတဂူဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ၈-ထပ်ကျောင်းဆောင်တွင် တည်ဆောက် ပြီးစီးသည့် “သီတဂူစက္ခုဒါနအဆင့်မြင့်ဆေးရုံ” ကို စစ်ဆေးကြည့်ရှုတော်မူသည်။

ယနေ့နံနက် စက္ခုဒါနဆေးရုံတွင် တပ်ဆင်ထားသည့် ခေတ်မီစမ်းသပ်စစ်ဆေးသည့် စက်သစ်ကြီးများဖြင့် မျက်စိအထူးကု ဆရာဝန်ကြီး များဖြစ်ကြသော သီတဂူသာသနာပြုအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဦးမြအောင်၊ သီတဂူဒေါက်တာဦးသိန်းမြင့် (အင်္ဂလန်)နှင့် သီတဂူစက္ခုဒါန ဆေးရုံတော်များ လှည့်လည်ကုသရေးတာဝန်ခံ သီတဂူဒေါက်တာဦးစဂျေလွင်တို့က သီတဂူဆရာတော်ကြီး၊ ဗုဒ္ဓဂါယာဆရာတော်ကြီးနှင့် ဝေဇယန္တာဆရာတော်ကြီးတို့ကို စတင်စမ်းသပ် စစ်ဆေးခြင်း မင်္ဂလာပြုခဲ့ပါသည်။သီတဂူစက္ခုဒါန အစီစဉ်စတင်ခဲ့သည့် ၁၉၉၃ခုနှစ်-ဇန်န ဝါရီလမှ ၂၀၁၉ ခုနှစ်-ဒီဇင်ဘာကုန်အထိ စမ်းသပ် စစ်ဆေး ၅၂၂,၇၃၀ ဦး၊ ခွဲစိတ်ကုသလူနာ-၁၀၀,၈၅၄ ဦးတို့ကို စက္ခုဒါန အလင်းကုသိုလ် ပြုပေးနိုင်ခဲ့ပါသည်။

လက်ရှိအချိန်အထိ သီတဂူဆရာတော်ကြီး တည်ထောင်ဖွင့်လှစ်ပြီးသော သီတဂူ-အာယုဒါန၊ အာရောဂျဒါန၊ စက္ခုဒါန ဆေးရုံတော်ပေါင်း -၃၇ ရုံရှိပြီး (ဆောက်လုပ်နေ ဆဲများမှာ) ၃၈။ စစ်ကိုင်းတိုင်း-ပုလဲမြို့၊ ၃၉။ တနင်္သာရီ တိုင်း-ပုလောမြို့၊ ၄၀။ ရန်ကုန်တိုင်း-ဒဂုံမြို့သစ် မြောက်ပိုင်း၊ ၄၁။ တနင်္သာရီတိုင်း-မြိတ်မြို့၊ ၄၂။ စစ်ကိုင်းတိုင်း-ခန္တီးမြို့၊ ၄၃။ စစ်ကိုင်းတိုင်း-အင်းတော်မြို့၊ ၄၄။ မန္တလေးတိုင်း-ကူမဲမြို့ တို့ ဖြစ်ပါသည်။သီတဂူဆေးရုံ အမှတ်စဉ်-၄၀ ဖြစ်သော သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်)ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဖွင့်လှစ် ရန် ခွင့်ပြုချက် ရရှိသည့်အခါသမယတွင် Grand Open မင်္ဂလာအခမ်းအနားဖြင့် မျက်စိဝေဒနာရှင်များအား စက္ခုဒါနကုသပေးမည် ဖြစ်ပါ ကြောင်း ဝမ်းမြောက်ဖွယ်ရာသတင်းအား ကြိုတင်သိရှိစေအပ်ပါသည်။

သီတဂူသာသနာပြုအဖွဲ့

REF:    CENTRAL  ONLINE  NEWS

Add a Comment

Your email address will not be published. Required fields are marked *