တျခား သူေတြ နဲ႔ ယွဥ္ရင္ ေအာင္ျမင္ ႀကီးပြားဖို႔ ငါအရမ္းေနာက္က်ေနၿပီလား…သိခ်င္ရင္ ဒီစာေလးဖတ္ၾကည့္ပါ

လူတစ္ေယာက္က တျခားသူေတြကိုပဲ အာ႐ုံစိုက္ၿပီးကိုယ့္ဘဝကိုယ္အျပည့္အဝ အာ႐ုံ မစိုက္ႏိုင္ခဲ့ရင္ သူ႔ရဲ႕ အမွတ္စက္ေလးေတြဟာ လွလွ ပပ ပုံေပၚႏိုင္မွာ မဟုတ္ဘူး။ကြၽန္ေတာ္ တို႔က ေနာက္မက် ပါဘူး။မတူညီတဲ့ လမ္းေတြေပၚ မွာ ေလွ်ာက္လွမ္းေန ရတဲ့ အတြက္ေၾကာင့္ ေျပ ျပစ္ေခ်ာေမြ႕ပုံခ်င္း အဖုအထစ္ခ်င္း မတူညီၾက တာပါ။ မတူညီတဲ့အေနအထားနဲ႔ အေၾကာင္းရင္းခံ ေတြေပၚမွာ လိုက္ၿပီးႏႈိင္းယွဥ္ၾကည့္ေန မယ့္အစား ကိုယ့္လမ္းေပၚမွာသာ အျပည့္အဝအာ႐ုံစိုက္ၿပီး ကိုယ့္အမွတ္စက္ေတြ ကိုသာ အျပည့္အဝပုံေဖာ္သြားပါ။

ဒါဆိုရင္ ကြၽန္ေတာ္တို႔ရဲ႕ဘဝပုံရိပ္ကလည္း ျပည့္စုံသြားလိမ့္မယ္။၂၀၁၂ ခုႏွစ္ မွာ ကြၽန္ေတာ္ ဘြဲ႕ ရ တယ္ ။ အရင္တုန္း ကေတာ့ ေက်ာင္း သား ။ အခု ဘြဲ႕ရသြားၿပီး အလုပ္မရခင္စပ္ၾကားမွာေတာ့ အလုပ္ လက္မဲ့ ။အလုပ္ရွာ မရဘဲ အိမ္မွာ အလကားေန အလကား ထိုင္စားရတဲ့ အခ်ိန္ၾကာ လာတာ နဲ႔အမွ် ကိုယ့္ကို ကိုယ္ရွက္လာတ ယ္။ သူငယ္ခ်င္း အေပါင္းအသင္း ေတြ အလုပ္ကိုယ္စီနဲ႔ ျဖစ္လာတဲ့ အခါ အဲဒီရွက္ ႐ြံ႕သိမ္ငယ္မႈက ပိုဆိုး လာတယ္။ အရင္က လက္ဘက္ရည္ အတူတူ ထိုင္ေနက်လူေတြ အလုပ္ေတြ ရကုန္ေတာ့။

တစ္ေယာက္ၿပီး တစ္ေယာက္ မအားေတာ့ဘူး ။အရင္က အတူတူ ဂိမ္းေဆာ့ေဖာ္ေဆာ့ဖက္ေတြ က ႐ုံးတက္ရ မွာမို႔ ညဥ့္နက္တဲ့ အထိ မေန ႏိုင္ေတာ့ ဘူး။ အဲဒီအခ်ိန္ထိ ကိုယ္က အလုပ္လက္မဲ့။တျဖည္းျဖည္း နဲ႔ သူတို႔နဲ႔ ေဝးတဲ့ ေနရာမွာ ေနခ်င္ စိတ္ေပၚ လာတယ္။ ေဆြမ်ိဳးေတြနဲ႔ ေတြ႕လို႔ ဘာလုပ္ေနလဲ ေမးတဲ့အခါ ကိုယ့္မွာေျဖစရာမရွိဘူး။ သူငယ္ခ်င္းအေပါင္း အသင္းေတြ ေတြ႕လို႔ သူ႔အလုပ္အေၾကာင္း ကိုယ့္အလုပ္ အေၾကာင္းေျပာတဲ့အခါ ကိုယ့္မွာ ေျပာစရာမရွိဘူး။ ဒီလိုနဲ႔ ေတြ႕ရာအလုပ္ေခၚတဲ့ေနရာေတြ မွန္သမွ် စီဗြီေဖာင္ေတြ လိုက္ပို႔။

အင္တာဗ်ဴးေျဖၿပီးရင္ ဖုန္းဆက္ၿပီး အလုပ္မခန႔္ျဖစ္ဘူးလားလို႔အႀကိမ္ႀကိမ္လွမ္းေမး။ တစ္ေယာက္တည္းကမာၻပ်က္ေနတာေပါ့။ ျပႆနာ က ရွက္႐ြံ႕သိမ္ငယ္မႈနဲ႔ အလုပ္မရမွာကို စိုးရိမ္ တႀကီးျဖစ္ေန တဲ့ အသက္ ၂၂ ႏွစ္အ႐ြယ္ လူငယ္တစ္ေယာက္ ရဲ႕ ကိုယ့္ကိုယ္ ယုံၾကည္ခ်က္မ ရွိမႈ အသြင္အျပင္က အတိုင္းသားျဖစ္ေနေတာ့ အလုပ္က ရွာသာရွာ မရႏိုင္ဘူး။ အလုပ္မရႏိုင္ျဖစ္ေလ အလုပ္ရွိေနတဲ့ကိုယ့္ သူငယ္ခ်င္းအ ေပါင္း အသင္းေတြၾကည့္ၿပီး ငါဟာ အရႈံးသမား သတ္သတ္တစ္ေယာက္ ပဲ။ အသုံးမက်တဲ့သတၱဝါတစ္ေကာင္ပဲ။

အရမ္းကိုေနာက္က်ေနၿပီဆိုတဲ့ ခံစားခ်က္ေတြ ဖိစီး လာတယ္။ ၈ ႏွစ္အၾကာဒီေန႔အခ်ိန္မွာေတာ့ အဲဒီျပႆနာ ေတြမရွိေတာ့ဘူး။ အကုန္ လုံး အလုပ္ အကိုင္ ကိုယ္စီနဲ႔ ကိုယ္စီကြၽမ္းက်င္ရာ နယ္ပယ္ေတြမွာ ေနရာရေနၾကတယ္။ အဲဒီတုန္းက ကိုယ္ထ င္ခဲ့သလို ငါေတာ့ လုံးလုံး အသုံးမက်တဲ့သူျဖစ္ပါၿပီဆိုတာမ်ိဳးလည္းမျဖစ္လာဘူး။ အရမ္းေနာက္က်ေနပါလားဆိုတဲ့ခံစားခ်က္လည္း မရွိေတာ့ဘူး။ အခ်ိန္၊ အားစိုက္ ထုတ္မႈနဲ႔ ကြၽမ္းက်င္မႈေတြ ေပါင္းစုံမိသြား တဲ့အခါ ကိုယ္သြားေနတဲ့လမ္းနဲ႔ပန္းတိုင္က ထင္ထင္ရွားရွား ျမင္လာရၿပီ။

ဒါျဖင့္ရင္ အဲဒီအခ်ိန္တုန္းက ဘာလို႔ ဘဝပ်က္မတတ္ စိတ္ပ်က္အားေလ်ာ့ခဲ့ရတာလဲ။ တရားခံကေတာ့ “ႏႈိင္းယွဥ္လို႔”ပါ။လူေတြက သူတို႔ ကိုယ္သူတို႔ တျခားလူေတြနဲ႔ ႏႈိင္းယွဥ္ေလ့ရွိတယ္။ အထူးသျဖင့္ ကိုယ္နိမ့္ပါးေနတဲ့အခ်ိန္လို႔ သူတို႔ခံစားရခ်ိန္ဆိုရင္ တျခားသူေတြနဲ႔ ပိုၿပီး ႏႈိင္းယွဥ္တယ္။ စိတ္ဓာတ္က်တယ္။ စိတ္ဖိစီးတယ္။ ကိုယ္အလုပ္မရေသးတဲ့အခ်ိန္မွာ အလုပ္ရသြားတဲ့သူေတြ နဲ႔ႏႈိင္းယွဥ္ၿပီး အသုံးမက်တဲ့ ခံစားခ်က္ႀကီးကို ေမြးျမဴတယ္။ စိတ္ဖိစီးမႈေတြကို အသက္သြင္းတယ္။

မတူညီတဲ့ အေၾကာင္းရင္းခံနဲ႔ အေနအထားေတြ ေပၚမွာရွိေနတဲ့ ကိုယ္နဲ႔ တျခားသူနဲ႔ကို ႏႈိင္းယွဥ္ၾကည့္တဲ့အခါ နာက်င္မႈေတြ စတင္ျဖစ္ေပၚ လာတယ္”လူေတြ ကို ေမြးက တည္းက မတူညီတဲ့ လမ္းတစ္လမ္း စီမွာ ေမြးလာတယ္။ ကိုယ့္ မိဘေတြေဖာက္ေပးထားတဲ့ လမ္းေတြေပါ့။ ကိုယ္နဲ႔အတူ အနီးအနားက တျခားလမ္းေတြကိုလည္းျမင္ေနရတယ္။ ဒါေပမယ့္ လမ္းေ႐ြးခ်ယ္ပိုင္ခြင့္မရွိဘူး။ ခ်မ္းသာတဲ့မိဘေတြဆီမွာ ေပါက္ဖြားပါရေစလို႔ ေတာင္းဆိုပိုင္ခြင့္မရွိဘူး။ တခ်ိဳ႕မိဘေတြ ေဖာက္ေပးထားတဲ့လမ္းေတြက ေျပျပစ္ေခ်ာေမြ႕တယ္။

တခ်ိဳ႕မိဘေတြေဖာက္ေပးထားတဲ့လမ္းကေတာ့ အခက္အခဲေတြရွိတယ္။ အဖုအထစ္ေတြရွိတယ္။ကိုယ္ပိုင္တဲ့လမ္း ႀကိဳက္သလိုအသုံးခ် လို႔ရတယ္။ ေျပးလိုကေျပး။ ေလွ်ာက္လိုကေလွ်ာက္။ ဘယ္မွမသြားဘဲ ရပ္ေနခ်င္သပဆိုလည္း ရတာပဲ။ ေျပျပစ္ေခ်ာေမြ႕ေအာင္ ေဖာက္ ထားတဲ့လမ္းမွာ ေမြးဖြားႀကီးျပင္းလာခဲ့တဲ့သူတစ္ေယာက္က တျခားသူ႔ထက္ ခက္ခဲၾကမ္းတမ္းတဲ့ေနရာမွာ ေမြးဖြား လာခဲ့ရတဲ့သူထက္ ေတာ့ ေရွ႕ေရာက္ေနမွာပဲ။ ဒီလိုပဲ ကိုယ့္ထက္ၾကမ္းတမ္းတဲ့ အဖုအထစ္မ်ားတဲ့ လမ္းေတြေပၚမွာ ေမြးဖြားခဲ့ၾကသူေတြလည္းရွိတယ္။

သူတို႔ကေတာ့ ကိုယ့္ေနာက္ကေန ဆက္ေလွ်ာက္ေနၾကရမွာ။ ခက္ခဲၾကမ္းတမ္းတဲ့လမ္းေပၚေလွ်ာက္ ေနရသူအတြက္ ေျပျပစ္တဲ့လမ္းေပၚ ေလွ်ာက္ေန သူေတြဟာ အားက်စရာအတိပဲ။ေက်ာင္းၿပီးတာနဲ႔ အေဖ့ ကုမၸဏီမွာ မန္ေနဂ်ာျဖစ္သြားတဲ့ သူကို အားမက်မိဘဲ ေနပါ့မလား။ ကိုယ့္မွာအလုပ္ရဖို႔႐ုန္းကန္ေနရခ်ိန္မွာ ဘြဲ႕ရၿပီးတာနဲ႔ ဆိုင္တစ္ဆိုင္ဖြင့္ေအးေဆးေနေနတဲ့ သူေတြကိုျမင္ရေတာ့ ကိုယ့္ဘဝကိုယ္ မက်ိန္ဆဲ မိဘဲေနပါ့မလား။ဒါေပမယ့္ ကိုယ့္လမ္းကိုယ္ဆက္မေလွ်ာက္ဘဲေနလို႔မရဘူး။ ေရွ႕ကိုေတာ့ ဆက္သြားေနမွျဖစ္လိမ့္မယ္။

ခက္ခဲၾကမ္းတမ္းလြန္းတယ္ကြာလို႔ ညည္းညဴေနလို႔မရဘူး။ တျခားလမ္းေတြကေတာ့ သာယာလိုက္တာလို႔ စိတ္ပ်က္အားေလ်ာ့ ေနလို႔ မရဘူး။ ကိုယ္ပိုင္တဲ့လမ္း ကိုယ္တိုင္အဆုံးထိမေဖာက္ႏိုင္ရင္ သြားၿပီ။ ဒီေတာ့ ကုန္းတက္ေရာက္ရင္ ပိုအားထည့္ရမယ္။ ဆူးေညႇာင့္ခလုတ္ ေတြရွိရင္ ဂ႐ုတ စိုက္ဖယ္သြားရမယ္။ သူမ်ားလမ္းကို အာ႐ုံစိုက္လြန္းၿပီး ကိုယ့္လမ္းကိုယ္ စိတ္ပ်က္အားေလ်ာ့မႈမွာပဲ စိတ္ေရာက္ေနရင္ ဆူးေညႇာင့္ ေတြနင္းမိမယ္။ အတားအဆီးေတြမွာ ရပ္တန႔္ေနရလိမ့္မယ္။ကိုယ့္ထက္ လမ္းေျပျပစ္သူဟာ ကိုယ့္ထက္ အေရွ႕ေရာက္ေနမယ္။

ကိုယ့္ထက္ ပိုလမ္းၾကမ္းတဲ့သူက ကိုယ့္အ ေနာက္မွာရွိေနမယ္။ကိုယ္ေနာက္ေရာက္ေနရင္လည္း အားငယ္စရာမလိုသလို ကိုယ္ေရွ႕ေရာက္ ေနလို႔လည္း ရပ္တန႔္ဂုဏ္ယူ ေနစရာမလိုဘူး။လမ္းဆိုကတည္းက ကုန္းတက္ကုန္းဆင္း ေျပျပစ္ ၾကမ္းတမ္းမႈေတြက အကန႔္လိုက္ ေနရာ ယူထားတာပဲေလ။ အခ်ိန္အပိုင္းအျခားတစ္ခုမွာ ဘယ္ေနရာ ေတြ ေရာက္ေနမလဲဆိုတာကို ဘယ္သူမွ မသိႏိုင္ဘူး။ အိုဘားမားက အသက္ ၅၅ႏွစ္မွာ သမၼတအျဖစ္ကေန ပင္စင္ယူတယ္။ ေဒၚနယ္ထရန႔္က အသက္ ရဝမွာမွ သမၼတျဖစ္တယ္။

ေနာက္က်တယ္ မေနာက္က်ဘူးဆိုတာက တျခားသူေတြနဲ႔ႏႈိင္းယွဥ္ၾကည့္ရာကေန ျဖစ္လာတာပဲ။ ဒီလိုသာဆိုရင္ ကိုယ့္ထက္ေစာေနတဲ့သူ အၿမဲတမ္းရွိတယ္။ အဲဒီလိုပဲ ကိုယ့္ထက္ ေနာက္က်ေနတဲ့သူေတြလည္း အၿမဲတမ္းရွိေနဦးမွာပဲ။ ဒါေၾကာင့္ ႏႈိင္းယွဥ္တာေတြကို စိတ္ထဲမ ထားဘဲ ကိုယ့္လမ္းကိုယ္ပဲ အာ႐ုံစိုက္ၿပီးသြားပါ။အတားအဆီးေတြေတြ႕ရင္ ေက်ာ္လႊားပါ။ ကုန္းတက္ေတြဆိုအားစိုက္ထုတ္ပါ။ ေျပျပစ္တဲ့ ေနရာေလးေတြမွာ လမ္းေဘးက အလွအပေတြကို ခံစားပါ။ ဘဝရဲ႕ သာယာနာေပ်ာ္မႈေတြကို သတိျပဳပါ။

ဒါကိုယ့္လမ္းပဲမလား။ ကိုယ့္စိတ္ႀကိဳက္ ေျပးလိုက ေျပးပါ ေလွ်ာက္ လိုက ေလွ်ာက္ပါ။ ဒါေပမယ့္ ကိုယ့္လမ္းကိုယ္ အာ႐ုံအျပည့္စိုက္ဖို႔ ေတာ့မေမ့ပါနဲ႔။ စတိဗ္ေဂ်ာ့က ေျပာဖူးတယ္။ လူ႔ဘဝဟာ အမွတ္စက္ေတြကို ဆက္ေနရတာပဲတဲ့။ ကိုယ့္ဘဝရဲ႕ အမွတ္စက္ေတြကို အျပည့္ အဝ အာ႐ုံစိုက္ထားတဲ့သူတစ္ေယာက္က သူ႔အမွတ္စက္ေတြကို ေပါင္းစပ္လိုက္တဲ့အခါ ပုံရိပ္တစ္ခု ျပည့္ျပည့္ဝဝေပၚလာႏိုင္ပါလိမ့္မယ္။

Dr. Thurein Hlaing Win

UNICODE

တခြား သူတွေ နဲ့ ယှဉ်ရင် အောင်မြင် ကြီးပွားဖို့ ငါအရမ်းနောက်ကျနေပြီလား…သိချင်ရင် ဒီစာလေးဖတ်ကြည့်ပါ

လူတစ်ယောက်က တခြားသူတွေကိုပဲ အာရုံစိုက်ပြီးကိုယ့်ဘဝကိုယ်အပြည့်အဝ အာရုံ မစိုက်နိုင်ခဲ့ရင် သူ့ရဲ့ အမှတ်စက်လေးတွေဟာ လှလှ ပပ ပုံပေါ်နိုင်မှာ မဟုတ်ဘူး။ကျွန်တော် တို့က နောက်မကျ ပါဘူး။မတူညီတဲ့ လမ်းတွေပေါ် မှာ လျှောက်လှမ်းနေ ရတဲ့ အတွက်ကြောင့် ပြေ ပြစ်ချောမွေ့ပုံချင်း အဖုအထစ်ချင်း မတူညီကြ တာပါ။ မတူညီတဲ့အနေအထားနဲ့ အကြောင်းရင်းခံ တွေပေါ်မှာ လိုက်ပြီးနှိုင်းယှဉ်ကြည့်နေ မယ့်အစား ကိုယ့်လမ်းပေါ်မှာသာ အပြည့်အဝအာရုံစိုက်ပြီး ကိုယ့်အမှတ်စက်တွေ ကိုသာ အပြည့်အဝပုံဖော်သွားပါ။

ဒါဆိုရင် ကျွန်တော်တို့ရဲ့ဘဝပုံရိပ်ကလည်း ပြည့်စုံသွားလိမ့်မယ်။၂၀၁၂ ခုနှစ် မှာ ကျွန်တော် ဘွဲ့ ရ တယ် ။ အရင်တုန်း ကတော့ ကျောင်း သား ။ အခု ဘွဲ့ရသွားပြီး အလုပ်မရခင်စပ်ကြားမှာတော့ အလုပ် လက်မဲ့ ။အလုပ်ရှာ မရဘဲ အိမ်မှာ အလကားနေ အလကား ထိုင်စားရတဲ့ အချိန်ကြာ လာတာ နဲ့အမျှ ကိုယ့်ကို ကိုယ်ရှက်လာတ ယ်။ သူငယ်ချင်း အပေါင်းအသင်း တွေ အလုပ်ကိုယ်စီနဲ့ ဖြစ်လာတဲ့ အခါ အဲဒီရှက် ရွံ့သိမ်ငယ်မှုက ပိုဆိုး လာတယ်။ အရင်က လက်ဘက်ရည် အတူတူ ထိုင်နေကျလူတွေ အလုပ်တွေ ရကုန်တော့။

တစ်ယောက်ပြီး တစ်ယောက် မအားတော့ဘူး ။အရင်က အတူတူ ဂိမ်းဆော့ဖော်ဆော့ဖက်တွေ က ရုံးတက်ရ မှာမို့ ညဥ့်နက်တဲ့ အထိ မနေ နိုင်တော့ ဘူး။ အဲဒီအချိန်ထိ ကိုယ်က အလုပ်လက်မဲ့။တဖြည်းဖြည်း နဲ့ သူတို့နဲ့ ဝေးတဲ့ နေရာမှာ နေချင် စိတ်ပေါ် လာတယ်။ ဆွေမျိုးတွေနဲ့ တွေ့လို့ ဘာလုပ်နေလဲ မေးတဲ့အခါ ကိုယ့်မှာဖြေစရာမရှိဘူး။ သူငယ်ချင်းအပေါင်း အသင်းတွေ တွေ့လို့ သူ့အလုပ်အကြောင်း ကိုယ့်အလုပ် အကြောင်းပြောတဲ့အခါ ကိုယ့်မှာ ပြောစရာမရှိဘူး။ ဒီလိုနဲ့ တွေ့ရာအလုပ်ခေါ်တဲ့နေရာတွေ မှန်သမျှ စီဗွီဖောင်တွေ လိုက်ပို့။

အင်တာဗျူးဖြေပြီးရင် ဖုန်းဆက်ပြီး အလုပ်မခန့်ဖြစ်ဘူးလားလို့အကြိမ်ကြိမ်လှမ်းမေး။ တစ်ယောက်တည်းကမ္ဘာပျက်နေတာပေါ့။ ပြဿနာ က ရှက်ရွံ့သိမ်ငယ်မှုနဲ့ အလုပ်မရမှာကို စိုးရိမ် တကြီးဖြစ်နေ တဲ့ အသက် ၂၂ နှစ်အရွယ် လူငယ်တစ်ယောက် ရဲ့ ကိုယ့်ကိုယ် ယုံကြည်ချက်မ ရှိမှု အသွင်အပြင်က အတိုင်းသားဖြစ်နေတော့ အလုပ်က ရှာသာရှာ မရနိုင်ဘူး။ အလုပ်မရနိုင်ဖြစ်လေ အလုပ်ရှိနေတဲ့ကိုယ့် သူငယ်ချင်းအ ပေါင်း အသင်းတွေကြည့်ပြီး ငါဟာ အရှုံးသမား သတ်သတ်တစ်ယောက် ပဲ။ အသုံးမကျတဲ့သတ္တဝါတစ်ကောင်ပဲ။

အရမ်းကိုနောက်ကျနေပြီဆိုတဲ့ ခံစားချက်တွေ ဖိစီး လာတယ်။ ၈ နှစ်အကြာဒီနေ့အချိန်မှာတော့ အဲဒီပြဿနာ တွေမရှိတော့ဘူး။ အကုန် လုံး အလုပ် အကိုင် ကိုယ်စီနဲ့ ကိုယ်စီကျွမ်းကျင်ရာ နယ်ပယ်တွေမှာ နေရာရနေကြတယ်။ အဲဒီတုန်းက ကိုယ်ထ င်ခဲ့သလို ငါတော့ လုံးလုံး အသုံးမကျတဲ့သူဖြစ်ပါပြီဆိုတာမျိုးလည်းမဖြစ်လာဘူး။ အရမ်းနောက်ကျနေပါလားဆိုတဲ့ခံစားချက်လည်း မရှိတော့ဘူး။ အချိန်၊ အားစိုက် ထုတ်မှုနဲ့ ကျွမ်းကျင်မှုတွေ ပေါင်းစုံမိသွား တဲ့အခါ ကိုယ်သွားနေတဲ့လမ်းနဲ့ပန်းတိုင်က ထင်ထင်ရှားရှား မြင်လာရပြီ။

ဒါဖြင့်ရင် အဲဒီအချိန်တုန်းက ဘာလို့ ဘဝပျက်မတတ် စိတ်ပျက်အားလျော့ခဲ့ရတာလဲ။ တရားခံကတော့ “နှိုင်းယှဉ်လို့”ပါ။လူတွေက သူတို့ ကိုယ်သူတို့ တခြားလူတွေနဲ့ နှိုင်းယှဉ်လေ့ရှိတယ်။ အထူးသဖြင့် ကိုယ်နိမ့်ပါးနေတဲ့အချိန်လို့ သူတို့ခံစားရချိန်ဆိုရင် တခြားသူတွေနဲ့ ပိုပြီး နှိုင်းယှဉ်တယ်။ စိတ်ဓာတ်ကျတယ်။ စိတ်ဖိစီးတယ်။ ကိုယ်အလုပ်မရသေးတဲ့အချိန်မှာ အလုပ်ရသွားတဲ့သူတွေ နဲ့နှိုင်းယှဉ်ပြီး အသုံးမကျတဲ့ ခံစားချက်ကြီးကို မွေးမြူတယ်။ စိတ်ဖိစီးမှုတွေကို အသက်သွင်းတယ်။

မတူညီတဲ့ အကြောင်းရင်းခံနဲ့ အနေအထားတွေ ပေါ်မှာရှိနေတဲ့ ကိုယ်နဲ့ တခြားသူနဲ့ကို နှိုင်းယှဉ်ကြည့်တဲ့အခါ နာကျင်မှုတွေ စတင်ဖြစ်ပေါ် လာတယ်”လူတွေ ကို မွေးက တည်းက မတူညီတဲ့ လမ်းတစ်လမ်း စီမှာ မွေးလာတယ်။ ကိုယ့် မိဘတွေဖောက်ပေးထားတဲ့ လမ်းတွေပေါ့။ ကိုယ်နဲ့အတူ အနီးအနားက တခြားလမ်းတွေကိုလည်းမြင်နေရတယ်။ ဒါပေမယ့် လမ်းရွေးချယ်ပိုင်ခွင့်မရှိဘူး။ ချမ်းသာတဲ့မိဘတွေဆီမှာ ပေါက်ဖွားပါရစေလို့ တောင်းဆိုပိုင်ခွင့်မရှိဘူး။ တချို့မိဘတွေ ဖောက်ပေးထားတဲ့လမ်းတွေက ပြေပြစ်ချောမွေ့တယ်။

တချို့မိဘတွေဖောက်ပေးထားတဲ့လမ်းကတော့ အခက်အခဲတွေရှိတယ်။ အဖုအထစ်တွေရှိတယ်။ကိုယ်ပိုင်တဲ့လမ်း ကြိုက်သလိုအသုံးချ လို့ရတယ်။ ပြေးလိုကပြေး။ လျှောက်လိုကလျှောက်။ ဘယ်မှမသွားဘဲ ရပ်နေချင်သပဆိုလည်း ရတာပဲ။ ပြေပြစ်ချောမွေ့အောင် ဖောက် ထားတဲ့လမ်းမှာ မွေးဖွားကြီးပြင်းလာခဲ့တဲ့သူတစ်ယောက်က တခြားသူ့ထက် ခက်ခဲကြမ်းတမ်းတဲ့နေရာမှာ မွေးဖွား လာခဲ့ရတဲ့သူထက် တော့ ရှေ့ရောက်နေမှာပဲ။ ဒီလိုပဲ ကိုယ့်ထက်ကြမ်းတမ်းတဲ့ အဖုအထစ်များတဲ့ လမ်းတွေပေါ်မှာ မွေးဖွားခဲ့ကြသူတွေလည်းရှိတယ်။

သူတို့ကတော့ ကိုယ့်နောက်ကနေ ဆက်လျှောက်နေကြရမှာ။ ခက်ခဲကြမ်းတမ်းတဲ့လမ်းပေါ်လျှောက် နေရသူအတွက် ပြေပြစ်တဲ့လမ်းပေါ် လျှောက်နေ သူတွေဟာ အားကျစရာအတိပဲ။ကျောင်းပြီးတာနဲ့ အဖေ့ ကုမ္ပဏီမှာ မန်နေဂျာဖြစ်သွားတဲ့ သူကို အားမကျမိဘဲ နေပါ့မလား။ ကိုယ့်မှာအလုပ်ရဖို့ရုန်းကန်နေရချိန်မှာ ဘွဲ့ရပြီးတာနဲ့ ဆိုင်တစ်ဆိုင်ဖွင့်အေးဆေးနေနေတဲ့ သူတွေကိုမြင်ရတော့ ကိုယ့်ဘဝကိုယ် မကျိန်ဆဲ မိဘဲနေပါ့မလား။ဒါပေမယ့် ကိုယ့်လမ်းကိုယ်ဆက်မလျှောက်ဘဲနေလို့မရဘူး။ ရှေ့ကိုတော့ ဆက်သွားနေမှဖြစ်လိမ့်မယ်။

ခက်ခဲကြမ်းတမ်းလွန်းတယ်ကွာလို့ ညည်းညူနေလို့မရဘူး။ တခြားလမ်းတွေကတော့ သာယာလိုက်တာလို့ စိတ်ပျက်အားလျော့ နေလို့ မရဘူး။ ကိုယ်ပိုင်တဲ့လမ်း ကိုယ်တိုင်အဆုံးထိမဖောက်နိုင်ရင် သွားပြီ။ ဒီတော့ ကုန်းတက်ရောက်ရင် ပိုအားထည့်ရမယ်။ ဆူးညှောင့်ခလုတ် တွေရှိရင် ဂရုတ စိုက်ဖယ်သွားရမယ်။ သူများလမ်းကို အာရုံစိုက်လွန်းပြီး ကိုယ့်လမ်းကိုယ် စိတ်ပျက်အားလျော့မှုမှာပဲ စိတ်ရောက်နေရင် ဆူးညှောင့် တွေနင်းမိမယ်။ အတားအဆီးတွေမှာ ရပ်တန့်နေရလိမ့်မယ်။ကိုယ့်ထက် လမ်းပြေပြစ်သူဟာ ကိုယ့်ထက် အရှေ့ရောက်နေမယ်။

ကိုယ့်ထက် ပိုလမ်းကြမ်းတဲ့သူက ကိုယ့်အ နောက်မှာရှိနေမယ်။ကိုယ်နောက်ရောက်နေရင်လည်း အားငယ်စရာမလိုသလို ကိုယ်ရှေ့ရောက် နေလို့လည်း ရပ်တန့်ဂုဏ်ယူ နေစရာမလိုဘူး။လမ်းဆိုကတည်းက ကုန်းတက်ကုန်းဆင်း ပြေပြစ် ကြမ်းတမ်းမှုတွေက အကန့်လိုက် နေရာ ယူထားတာပဲလေ။ အချိန်အပိုင်းအခြားတစ်ခုမှာ ဘယ်နေရာ တွေ ရောက်နေမလဲဆိုတာကို ဘယ်သူမှ မသိနိုင်ဘူး။ အိုဘားမားက အသက် ၅၅နှစ်မှာ သမ္မတအဖြစ်ကနေ ပင်စင်ယူတယ်။ ဒေါ်နယ်ထရန့်က အသက် ရဝမှာမှ သမ္မတဖြစ်တယ်။

နောက်ကျတယ် မနောက်ကျဘူးဆိုတာက တခြားသူတွေနဲ့နှိုင်းယှဉ်ကြည့်ရာကနေ ဖြစ်လာတာပဲ။ ဒီလိုသာဆိုရင် ကိုယ့်ထက်စောနေတဲ့သူ အမြဲတမ်းရှိတယ်။ အဲဒီလိုပဲ ကိုယ့်ထက် နောက်ကျနေတဲ့သူတွေလည်း အမြဲတမ်းရှိနေဦးမှာပဲ။ ဒါကြောင့် နှိုင်းယှဉ်တာတွေကို စိတ်ထဲမ ထားဘဲ ကိုယ့်လမ်းကိုယ်ပဲ အာရုံစိုက်ပြီးသွားပါ။အတားအဆီးတွေတွေ့ရင် ကျော်လွှားပါ။ ကုန်းတက်တွေဆိုအားစိုက်ထုတ်ပါ။ ပြေပြစ်တဲ့ နေရာလေးတွေမှာ လမ်းဘေးက အလှအပတွေကို ခံစားပါ။ ဘဝရဲ့ သာယာနာပျော်မှုတွေကို သတိပြုပါ။

ဒါကိုယ့်လမ်းပဲမလား။ ကိုယ့်စိတ်ကြိုက် ပြေးလိုက ပြေးပါ လျှောက် လိုက လျှောက်ပါ။ ဒါပေမယ့် ကိုယ့်လမ်းကိုယ် အာရုံအပြည့်စိုက်ဖို့ တော့မမေ့ပါနဲ့။ စတိဗ်ဂျော့က ပြောဖူးတယ်။ လူ့ဘဝဟာ အမှတ်စက်တွေကို ဆက်နေရတာပဲတဲ့။ ကိုယ့်ဘဝရဲ့ အမှတ်စက်တွေကို အပြည့် အဝ အာရုံစိုက်ထားတဲ့သူတစ်ယောက်က သူ့အမှတ်စက်တွေကို ပေါင်းစပ်လိုက်တဲ့အခါ ပုံရိပ်တစ်ခု ပြည့်ပြည့်ဝဝပေါ်လာနိုင်ပါလိမ့်မယ်။

Dr. Thurein Hlaing Win

Add a Comment

Your email address will not be published. Required fields are marked *