တ႐ု တ္ျပည္ ေဘက်င္းၿမိဳ႕ မွာ ကိုဗစ္-၁၉ပိုးအမ်ားအျပား ေတြ႕ရွိ၍ ေလာခ့္ေဒါင္း အ မိန႔္ထုတ္ျပန္

တ႐ုတ္ျပည္ ေဘက်င္းၿမိဳ႕က ေဈးထဲမွာ လူ ၂၀၀၀ နီးပါးကို ပိုးရွိ မရွိ စစ္ေဆးမႈ လုပ္ရာမွာ ၄၅ ဦး ကို ဆက္လက္ ေတြ႕ရွိ ခဲ့ ပါတယ္ ။ ေနာက္ၿပီး လယ္ယာထြက္ ပစၥည္းေရာင္းတဲ့ ဆိုင္ခန္းေတြ ဖက္မွာလည္း ပိုးေတြ႕သူ တစ္ယာက္ ရွိခဲ့ပါတယ္ ။ စင္ဖာဒီေဈး တစ္ခုလုံးကို ပိတ္ဖို႔ အတြက္ ေဒသခံ အာဏါပိုင္ေတြက ခ်က္ျခင္းကို အမိန႔္ထုတ္ျပန္ခဲ့ပါတယ္ ။ေဘက်င္း မွာ လြန္ခဲ့တဲ့ ၂လ က ပထမဆုံး ကိုဗစ္-၁၉ ေရာဂါသည္ကို ေတြ႕ရွိၿပီးေနာက္ ေရာဂါ ထိန္းခ်ဳပ္မႈ ေတြကို လုပ္ႏိုင္ခဲ့ပါတယ္ ။

စင္ဖာဒီ ေဈးအတြင္းက ေရာဂါပိုး ေတြ႕ရွိသူေတြကို ေနာက္ေၾကာင္း ရာဇဝင္ လိုက္ရာ မည္သူတစ္ဦး ကမွ ေဘက်င္းၿမိဳ႕ျပင္ကို ခရီးသြားမႈ ရာဇဝင္ရွိခဲ့ပါဘူး ။လက္ရွိ မွာေတာ့ ပိုးေတြ႕ လူနာေတြကို ေဆး႐ုံတင္ ကုသမႈလုပ္ေနစဥ္မွာ အသားတန္းက အသားေတြကို ၿမိဳ႕ေတာ္နဲ႔ ၇ ကီလိုမီတာအကြာအေဝးမွာ ရွိတဲ့ အသားသုေတသန စင္တာကို ပို႔ၿပီး စစ္ေဆးမႈေတြ လုပ္ေနပါတယ္ ။ စင္ဖာဒီေဈးထဲမွာ ေနထိုင္တဲ့သူေတြ ကိုလည္း ဘယ္သူမွ အျပင္ထြက္ခြင့္ မေပးထားပါဘူး ။

ဒီကေန႔ကစၿပီးထုတ္တဲ့ အာဏါပိုင္ေတြရဲ႕ ေလာ့ခ္ေဒါင္း အသစ္က အသက္ဝင္ေနပါၿပီ ။ တ ႐ုတ္ႏိုင္ငံ ၿမိဳ႕ေတာ္ ေဘက်င္း က လက္ကား ဆိုင္ တစ္ဆိုင္ကေန ေကာ္႐ိုနာ ဗိုင္းရက္ ျပန႔္ႏွံ႔မႈေတြ ျဖစ္ပြားခဲ့ လို႔ ဒါဇင္ေပါင္း မ်ားစြာေသာ လူေတြ ေရာဂါကူးစက္ခံရတဲ့ အတြက္ေၾကာင့္ ဒီကေန႔( စေနေန႔ )က စၿပီး ေဘက်င္း နယ္ေျမ အခ်ိဳ႕ တို ကို ေလာ့ခ္ေဒါင္း အသစ္ ကို ခ်မွတ္ လိုက္တယ္ လို႔ သိရပါတယ္ ။ ေဘက်င္း ေတာင္ပိုင္း ဖန္တိုင္ခ႐ိုင္က နယ္ေျမ ၁၁ ခု မွာေနထိုင္တဲ့ သူအားလုံး ကို အိမ္တြင္းေအာင္းဖို႔ အတြက္ အမိန႔္ထုတ္ ထား ပါတယ္ ။

ကို႐ိုနာ ဗိုင္းရက္ ဒုတိယလႈိင္း ျဖစ္တဲ့ ေဒသတြင္း ေရာဂါျပန႔္ႏွံ႔မႈ ကို ထိန္းခ်ဳပ္ဖို႔ အတြက္ စင္ဖာဒီေဈး နဲ႔ အနီးတဝိုက္ ကိုလည္း လုံး၀ အ သြားအလာ ကန႔္သတ္ လိုက္ ပါၿပီ ။ အမ်ိဳးသား က်န္းမာေရး ေကာ္မရွင္ ရဲ႕ ထုတ္ျပန္ ခ်က္ အရ စင္ဖာဒီ ေဈးထဲက အသားတန္းနဲ႔ ဟင္းသီး ဟင္း႐ြက္ တန္းကေန လူ ၆ ဦးက စတင္ၿပီး ေရာဂါျဖစ္ပြားရာက စခဲ့ ပါတယ္ လို႔ ဆို ပါ တယ္ ။ေဒသတြင္း ေရာဂါ ကူးစက္မႈ က စိုးရိမ္ရ တဲ့ အေျခအေန ျဖစ္တဲ့ အတြက္ေၾကာင့္ ေဒသခံ အာဏါပိုင္ေတြက တင္းက်ပ္တဲ့ ထိန္းခ်ဳပ္မႈေတြကို ေရာဂါပိုး ေတြ႕ ေတြ႕ခ်င္း လုပ္ေန တာ ပါ ။

REF: SHWE WIKI

UNICODE

တရု တ်ပြည် ဘေကျင်းမြို့ မှာ ကိုဗစ်-၁၉ပိုးအများအပြား တွေ့ရှိ၍ လောခ့်ဒေါင်း အ မိန့်ထုတ်ပြန်

တရုတ်ပြည် ဘေကျင်းမြို့က ဈေးထဲမှာ လူ ၂၀၀၀ နီးပါးကို ပိုးရှိ မရှိ စစ်ဆေးမှု လုပ်ရာမှာ ၄၅ ဦး ကို ဆက်လက် တွေ့ရှိ ခဲ့ ပါတယ် ။ နောက်ပြီး လယ်ယာထွက် ပစ္စည်းရောင်းတဲ့ ဆိုင်ခန်းတွေ ဖက်မှာလည်း ပိုးတွေ့သူ တစ်ယာက် ရှိခဲ့ပါတယ် ။ စင်ဖာဒီဈေး တစ်ခုလုံးကို ပိတ်ဖို့ အတွက် ဒေသခံ အာဏါပိုင်တွေက ချက်ခြင်းကို အမိန့်ထုတ်ပြန်ခဲ့ပါတယ် ။ဘေကျင်း မှာ လွန်ခဲ့တဲ့ ၂လ က ပထမဆုံး ကိုဗစ်-၁၉ ရောဂါသည်ကို တွေ့ရှိပြီးနောက် ရောဂါ ထိန်းချုပ်မှု တွေကို လုပ်နိုင်ခဲ့ပါတယ် ။

စင်ဖာဒီ ဈေးအတွင်းက ရောဂါပိုး တွေ့ရှိသူတွေကို နောက်ကြောင်း ရာဇဝင် လိုက်ရာ မည်သူတစ်ဦး ကမှ ဘေကျင်းမြို့ပြင်ကို ခရီးသွားမှု ရာဇဝင်ရှိခဲ့ပါဘူး ။လက်ရှိ မှာတော့ ပိုးတွေ့ လူနာတွေကို ဆေးရုံတင် ကုသမှုလုပ်နေစဉ်မှာ အသားတန်းက အသားတွေကို မြို့တော်နဲ့ ၇ ကီလိုမီတာအကွာအဝေးမှာ ရှိတဲ့ အသားသုတေသန စင်တာကို ပို့ပြီး စစ်ဆေးမှုတွေ လုပ်နေပါတယ် ။ စင်ဖာဒီဈေးထဲမှာ နေထိုင်တဲ့သူတွေ ကိုလည်း ဘယ်သူမှ အပြင်ထွက်ခွင့် မပေးထားပါဘူး ။

ဒီကနေ့ကစပြီးထုတ်တဲ့ အာဏါပိုင်တွေရဲ့ လော့ခ်ဒေါင်း အသစ်က အသက်ဝင်နေပါပြီ ။ တ ရုတ်နိုင်ငံ မြို့တော် ဘေကျင်း က လက်ကား ဆိုင် တစ်ဆိုင်ကနေ ကော်ရိုနာ ဗိုင်းရက် ပြန့်နှံ့မှုတွေ ဖြစ်ပွားခဲ့ လို့ ဒါဇင်ပေါင်း များစွာသော လူတွေ ရောဂါကူးစက်ခံရတဲ့ အတွက်ကြောင့် ဒီကနေ့( စနေနေ့ )က စပြီး ဘေကျင်း နယ်မြေ အချို့ တို ကို လော့ခ်ဒေါင်း အသစ် ကို ချမှတ် လိုက်တယ် လို့ သိရပါတယ် ။ ဘေကျင်း တောင်ပိုင်း ဖန်တိုင်ခရိုင်က နယ်မြေ ၁၁ ခု မှာနေထိုင်တဲ့ သူအားလုံး ကို အိမ်တွင်းအောင်းဖို့ အတွက် အမိန့်ထုတ် ထား ပါတယ် ။

ကိုရိုနာ ဗိုင်းရက် ဒုတိယလှိုင်း ဖြစ်တဲ့ ဒေသတွင်း ရောဂါပြန့်နှံ့မှု ကို ထိန်းချုပ်ဖို့ အတွက် စင်ဖာဒီဈေး နဲ့ အနီးတဝိုက် ကိုလည်း လုံး၀ အ သွားအလာ ကန့်သတ် လိုက် ပါပြီ ။ အမျိုးသား ကျန်းမာရေး ကော်မရှင် ရဲ့ ထုတ်ပြန် ချက် အရ စင်ဖာဒီ ဈေးထဲက အသားတန်းနဲ့ ဟင်းသီး ဟင်းရွက် တန်းကနေ လူ ၆ ဦးက စတင်ပြီး ရောဂါဖြစ်ပွားရာက စခဲ့ ပါတယ် လို့ ဆို ပါ တယ် ။ဒေသတွင်း ရောဂါ ကူးစက်မှု က စိုးရိမ်ရ တဲ့ အခြေအနေ ဖြစ်တဲ့ အတွက်ကြောင့် ဒေသခံ အာဏါပိုင်တွေက တင်းကျပ်တဲ့ ထိန်းချုပ်မှုတွေကို ရောဂါပိုး တွေ့ တွေ့ချင်း လုပ်နေ တာ ပါ ။

REF:    SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *