ထိေရာက္ သည့္ အုပ္ခ်ဳပ္ မႈမေဖာ္ေဆာင္ပါက ရခို င္ကို (AA) က အုပ္ခ်ဳပ္သြားႏိုင္ေၾကာင္း ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းေျပာဆို

ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္အတြင္း ႏိုင္ငံေရးပါတီအခ်ိဳ႕က ရခိုင္ျပည္နယ္ေျမာက္ပိုင္းကို စစ္အုပ္ခ်ဳပ္ေရးေပးရန္ ေတာင္းဆိုခဲ့ဖူးသည္။ “ရခိုင္ ျပည္နယ္ေျမာက္ပိုင္းဟာ စစ္အုပ္ခ်ဳပ္ေရးေပးဖို႔ အခ်ိန္ေတာင္ ေနာက္က်ေနပါၿပီ။ ၂၀၁၉ ခုႏွစ္ ဧၿပီေလာက္ကတည္းက စစ္အုပ္ခ်ဳပ္ေရး ေပးခဲ့သင့္တာ” ဟု ႏိုင္ငံေရး ေလ့လာသုံးသပ္သူ ေဒါက္တာ ေအာင္မ်ိဳးက ေျပာသည္။ ေမလ ၂၉ ရက္ နံနက္အေစာပိုင္းကလည္း ရေသ့ ေတာင္ၿမိဳ႕နယ္ရွိ သဇင္ၿမိဳင္ ရဲကင္းစခန္းရွိ ပင္မစခန္းေနရာအား ေအေအ အဖြဲ႕ဝင္ ၁၀ဝ ဦးခန႔္က လက္နက္ႀကီး၊ လက္နက္ငယ္မ်ား အသုံး ျပဳကာ အင္အားအလုံးအရင္းျဖင့္ ဝင္ေရာက္ တိုက္ခိုက္ခဲ့သည္။

ထို႔ျပင္ေအေအ သည္ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီ ၄ ရက္တြင္ ဘူးသီးေတာင္ၿမိဳ႕နယ္ရွိ ကထီးလွ၊ ငျမင္းေဘာ္၊ ဂုပၸိႏွင့္ ေက်ာင္းေတာင္ ရဲကင္းစ ခန္း ၄ ခုကို တစ္ခ်ိန္တည္း တိုက္ခိုက္ခဲ့သည္။ မတ္ ၉ ရက္တြင္ ပုဏၰားကြၽန္းၿမိဳ႕နယ္ရွိ ယိုးတ႐ုတ္ ရဲကင္းစခန္းကိုလည္းေကာင္း၊ ဧၿပီ ၁၀ ရက္တြင္ ေျမာက္ဦးၿမိဳ႕ရွိ ရဲတပ္ရင္းဌာနခ်ဳပ္အားလည္းေကာင္း၊ ဇူလိုင္ ၁၆ ရက္ေန႔တြင္ ဘူးသီးေတာင္ၿမိဳ႕နယ္ရွိ ေညာင္ေခ်ာင္းနယ္ေျမရဲ ကင္းစခန္းကိုလည္းေကာင္း တိုက္ခိုက္မႈမ်ားျပဳလုပ္ခဲ့သည္။၂၀၁၉ ခုႏွစ္မွ ယခုအခ်ိန္အထိ ေအေအအဖြဲ႕က ရဲကင္းစခန္းမ်ားကို တိုက္ခိုက္ မႈေၾကာင့္ ရဲတပ္ဖြဲ႕ဝင္ ၂၉ ဦး က်ဆုံးၿပီး ၁၆ ဦး ဒဏ္ရာရရွိခဲ့ကာ ရဲတပ္ဖြဲ႕ဝင္အခ်ိဳ႕ ဖမ္းဆီးျခင္းခံခဲ့ရသည္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းတြင္ တပ္မေတာ္ႏွင့္ ေအေအ တို႔တိုက္ပြဲမ်ားျပင္းထန္မႈေၾကာင့္ အရပ္သား ၁၅၀ဝဝဝ ေက်ာ္သည္ အိုးအိမ္စြန႔္ ခြာထြက္ေျပးလ်က္ရွိသည္။ရ ခိုင္ျပည္နယ္ေျမာက္ပိုင္း၌ ထိေရာက္သည့္ အုပ္ခ်ဳပ္မႈကို မေဖာ္ေဆာင္ႏိုင္ပါက ရခိုင္ေဒသကို ေအေအ အ ဖြဲ႕က အုပ္ခ်ဳပ္သြားႏိုင္ေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရး အဖြဲ႕ေျပာေရးဆိုခြင့္ရွိသူဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။ တရားဥပေဒစိုးမိုးေရးက ဂ႐ုစိုက္ရမယ့္ အေျခအေနေရာက္ေနၿပီလို႔ ကြၽန္ေတာ္ေျပာခ်င္တယ္။ထိေရာက္တဲ့ အုပ္ခ်ဳပ္မႈ စနစ္ေတာ့ ကြၽန္ ေတာ္တို႔ေဖာ္ေဆာင္မွရမယ္ဟု ေျပာဆိုသည္။

မေဖာ္ေဆာင္ဘူးဆိုရင္ေတာ့ တရားဥပေဒစိုးမိုးမႈ ပ်က္ယြင္းတာကေနစၿပီးေတာ့ သူတို႔(ေအေအ)ေျပာသလို အစားထိုးခံရမယ့္ ပုံစံမ်ိဳးျဖစ္ သြားလိမ့္မယ္” ဟု ၎က ေျပာသည္။ေအေအ သည္ ရခိုင္ျပည္နယ္ ကို လက္ရွိအစိုးရ၏ အုပ္ခ်ဳပ္ေရး စနစ္အစား ၎တို႔၏ အုပ္ခ်ဳပ္ေရး စနစ္ျဖင့္ အစားထိုး မည္ဟု ေႂကြးေၾကာ္ထားသည္။ရခိုင္ျပည္နယ္အတြင္းမွ အစိုးရႏွင့္ တပ္မေတာ္ ကို အၿပီးအပိုင္ ထြက္ခြာသြားရန္ ၿပီးခဲ့ သည့္ ေမ ၂၉ ရက္တြင္ ေအေအက သေဘာထားထုတ္ျပန္ခဲ့သည္။ ဇြန္လ ၁၃ ရက္ေန႔က ရေသ့ေတာင္ၿမိဳ႕နယ္ ဒုံးပိုက္ ရဲကင္းစခန္း တိုက္ ခိုက္ခံခဲ့ရသည့္အျပင္ ေက်ာက္ေတာ္ၿမိဳ႕တြင္ ရဲအရာရွိတစ္ဦး လုပ္ႀကံခံရသည္။

ၿပီးခဲ့သည့္ဇြန္လ ၁၁ ရက္ေန႔က ပုဏၰားကြၽန္းၿမိဳ႕နယ္တြင္ တပ္မေတာ္အရာရွိတစ္ဦး လုပ္ႀကံခံရၿပီး လုပ္ႀကံသူမ်ားက တပ္မေတာ္သားတစ္ ဦးကို ဖမ္းဆီးသြားသည္။ ဇြန္လ ၁၀ ရက္ေန႔က စစ္ေတြၿမိဳ႕ရွိ ကေမာၻဇဘဏ္ဓားျပတိုက္ခံခဲ့ရသည္။ ယခုျဖစ္စဥ္မ်ားသည္ ေအေအ အဖြဲ႕ႏွင့္ ဆက္စပ္ပတ္သက္ေနႏိုင္ေၾကာင္း တပ္မေတာ္က သုံးသပ္ထားသည္။ယင္းျဖစ္စဥ္မ်ားအေပၚ အေျခခံကာ ရခိုင္ျပည္နယ္ေျမာက္ပိုင္း၌ တ ရားဥပေဒစိုးမိုးေရးအေျခအေနမွာ အထူးဂ႐ုစိုက္ရမည့္ အေျခအေနျဖစ္သည္ဟု တပ္မေတာ္က ဆိုသည္။ထိေရာက္သည့္ အုပ္ခ်ဳပ္မႈ ပုံစံ ေျပာင္းလဲက်င့္သုံးရမည္ဟုဆိုေသာ္လည္း တိတိက်က်ထုတ္ေဖာ္ေျပာဆိုျခင္းမရွိေပ။”

ကြၽန္ေတာ္ဆိုလိုတာက ခုလက္ရွိက်င့္သုံးေနတဲ့ အုပ္ခ်ဳပ္မႈစနစ္ထက္ ပဋိပကၡျဖစ္ပြားတဲ့ေနရာမွာ ထိေရာက္တဲ့ဟာက ဘာလဲ။ ဒါနဲ႔ပတ္ သက္ၿပီးေတာ့ အဓိပၸာယ္မဖြင့္ေတာ့ပါဘူး။” ဟု ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

REF: ဒီဗြီဘီ

UNICODE

ထိရောက် သည့် အုပ်ချုပ် မှုမဖော်ဆောင်ပါက ရခို င်ကို (AA) က အုပ်ချုပ်သွားနိုင်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြောဆို

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံရေးပါတီအချို့က ရခိုင်ပြည်နယ်မြောက်ပိုင်းကို စစ်အုပ်ချုပ်ရေးပေးရန် တောင်းဆိုခဲ့ဖူးသည်။ “ရခိုင် ပြည်နယ်မြောက်ပိုင်းဟာ စစ်အုပ်ချုပ်ရေးပေးဖို့ အချိန်တောင် နောက်ကျနေပါပြီ။ ၂၀၁၉ ခုနှစ် ဧပြီလောက်ကတည်းက စစ်အုပ်ချုပ်ရေး ပေးခဲ့သင့်တာ” ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ အောင်မျိုးက ပြောသည်။ မေလ ၂၉ ရက် နံနက်အစောပိုင်းကလည်း ရသေ့ တောင်မြို့နယ်ရှိ သဇင်မြိုင် ရဲကင်းစခန်းရှိ ပင်မစခန်းနေရာအား အေအေ အဖွဲ့ဝင် ၁၀ဝ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ်များ အသုံး ပြုကာ အင်အားအလုံးအရင်းဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

ထို့ပြင်အေအေ သည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ဘူးသီးတောင်မြို့နယ်ရှိ ကထီးလှ၊ ငမြင်းဘော်၊ ဂုပ္ပိနှင့် ကျောင်းတောင် ရဲကင်းစ ခန်း ၄ ခုကို တစ်ချိန်တည်း တိုက်ခိုက်ခဲ့သည်။ မတ် ၉ ရက်တွင် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးတရုတ် ရဲကင်းစခန်းကိုလည်းကောင်း၊ ဧပြီ ၁၀ ရက်တွင် မြောက်ဦးမြို့ရှိ ရဲတပ်ရင်းဌာနချုပ်အားလည်းကောင်း၊ ဇူလိုင် ၁၆ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်ရှိ ညောင်ချောင်းနယ်မြေရဲ ကင်းစခန်းကိုလည်းကောင်း တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။၂၀၁၉ ခုနှစ်မှ ယခုအချိန်အထိ အေအေအဖွဲ့က ရဲကင်းစခန်းများကို တိုက်ခိုက် မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂၉ ဦး ကျဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ကာ ရဲတပ်ဖွဲ့ဝင်အချို့ ဖမ်းဆီးခြင်းခံခဲ့ရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် အေအေ တို့တိုက်ပွဲများပြင်းထန်မှုကြောင့် အရပ်သား ၁၅၀ဝဝဝ ကျော်သည် အိုးအိမ်စွန့် ခွာထွက်ပြေးလျက်ရှိသည်။ရ ခိုင်ပြည်နယ်မြောက်ပိုင်း၌ ထိရောက်သည့် အုပ်ချုပ်မှုကို မဖော်ဆောင်နိုင်ပါက ရခိုင်ဒေသကို အေအေ အ ဖွဲ့က အုပ်ချုပ်သွားနိုင်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။ တရားဥပဒေစိုးမိုးရေးက ဂရုစိုက်ရမယ့် အခြေအနေရောက်နေပြီလို့ ကျွန်တော်ပြောချင်တယ်။ထိရောက်တဲ့ အုပ်ချုပ်မှု စနစ်တော့ ကျွန် တော်တို့ဖော်ဆောင်မှရမယ်ဟု ပြောဆိုသည်။

မဖော်ဆောင်ဘူးဆိုရင်တော့ တရားဥပဒေစိုးမိုးမှု ပျက်ယွင်းတာကနေစပြီးတော့ သူတို့(အေအေ)ပြောသလို အစားထိုးခံရမယ့် ပုံစံမျိုးဖြစ် သွားလိမ့်မယ်” ဟု ၎င်းက ပြောသည်။အေအေ သည် ရခိုင်ပြည်နယ် ကို လက်ရှိအစိုးရ၏ အုပ်ချုပ်ရေး စနစ်အစား ၎င်းတို့၏ အုပ်ချုပ်ရေး စနစ်ဖြင့် အစားထိုး မည်ဟု ကြွေးကြော်ထားသည်။ရခိုင်ပြည်နယ်အတွင်းမှ အစိုးရနှင့် တပ်မတော် ကို အပြီးအပိုင် ထွက်ခွာသွားရန် ပြီးခဲ့ သည့် မေ ၂၉ ရက်တွင် အေအေက သဘောထားထုတ်ပြန်ခဲ့သည်။ ဇွန်လ ၁၃ ရက်နေ့က ရသေ့တောင်မြို့နယ် ဒုံးပိုက် ရဲကင်းစခန်း တိုက် ခိုက်ခံခဲ့ရသည့်အပြင် ကျောက်တော်မြို့တွင် ရဲအရာရှိတစ်ဦး လုပ်ကြံခံရသည်။

ပြီးခဲ့သည့်ဇွန်လ ၁၁ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်တွင် တပ်မတော်အရာရှိတစ်ဦး လုပ်ကြံခံရပြီး လုပ်ကြံသူများက တပ်မတော်သားတစ် ဦးကို ဖမ်းဆီးသွားသည်။ ဇွန်လ ၁၀ ရက်နေ့က စစ်တွေမြို့ရှိ ကမ္ဘောဇဘဏ်ဓားပြတိုက်ခံခဲ့ရသည်။ ယခုဖြစ်စဉ်များသည် အေအေ အဖွဲ့နှင့် ဆက်စပ်ပတ်သက်နေနိုင်ကြောင်း တပ်မတော်က သုံးသပ်ထားသည်။ယင်းဖြစ်စဉ်များအပေါ် အခြေခံကာ ရခိုင်ပြည်နယ်မြောက်ပိုင်း၌ တ ရားဥပဒေစိုးမိုးရေးအခြေအနေမှာ အထူးဂရုစိုက်ရမည့် အခြေအနေဖြစ်သည်ဟု တပ်မတော်က ဆိုသည်။ထိရောက်သည့် အုပ်ချုပ်မှု ပုံစံ ပြောင်းလဲကျင့်သုံးရမည်ဟုဆိုသော်လည်း တိတိကျကျထုတ်ဖော်ပြောဆိုခြင်းမရှိပေ။”

ကျွန်တော်ဆိုလိုတာက ခုလက်ရှိကျင့်သုံးနေတဲ့ အုပ်ချုပ်မှုစနစ်ထက် ပဋိပက္ခဖြစ်ပွားတဲ့နေရာမှာ ထိရောက်တဲ့ဟာက ဘာလဲ။ ဒါနဲ့ပတ် သက်ပြီးတော့ အဓိပ္ပာယ်မဖွင့်တော့ပါဘူး။” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

REF:    ဒီဗွီဘီ

Add a Comment

Your email address will not be published. Required fields are marked *