နာမည္ေက်ာ္ အိႏၵိယမင္းသား ကိုယ့္ကိုယ္ကိုယ္ ေသေၾကာင္းႀကံ၍ သတ္ေသမႈ ျဖစ္ပြား

ၿပီးခဲ့သည့္ ရက္အနည္းငယ္ ကပင္ Sushant သည္ ၎၏ မန္ေနဂ်ာေဟာင္း Disha Salian ေသဆုံးမႈ အတြက္ ဝမ္းနည္းေၾကာင္း ထုတ္ ေဖာ္ခဲ့ေသးသည္။ Disha သည္ မြမ္ဘိုင္းၿမိဳ႕ အေဆာက္အအုံ ၁၄ ထပ္ကေန ခုန္ခ်ၿပီး ေသေၾကာင္းႀကံခဲ့ျခင္းျဖစ္သည္။Sushant ကို ၁၉၈၆ ခုႏွစ္ ဇန္နဝါရီ ၂၁ ရက္ က Bihar ျပည္နယ္ Patna ၿမိဳ႕တြင္ ေမြးဖြား ခဲ့သည္။ ယင္းေနာက္ ၂၀၀၀ ျပည့္ႏွစ္တြင္ ၎တို႔မိသားစုသည္ နယူး ေဒလီသို႔ ေျပာင္းေ႐ႊ႕ခဲ့ၿပီး ၂၀၀၂ ခုႏွစ္တြင္ ၎၏ မိခင္ ကြယ္လြန္ခဲ့သည္။

Sushant သည္ အင္ဂ်င္နီယာဘာသာရပ္ကို ေလ့လာသင္ယူခဲ့ၿပီး တခ်ိန္တည္းမွာပင္ Shiamak Davar ၏ အကသင္တန္းအကယ္ဒမီသို႔ တက္ခဲ့သည္။ ယင္းေနာက္ Barry John ၏ ဒရာမာေက်ာင္းတြင္ တက္ခဲ့သည္။ ၂၀၀၅ ခုႏွစ္တြင္ ၎သည္ ၾသစေၾတးလ်ရွိ ဓနသဟာယ အားကစားၿပိဳင္ပြဲ ဖြင့္ပြဲအခမ္းအနားတြင္ တင္ဆက္ေဖ်ာ္ေျဖခဲ့သည္။ Sushant သည္ ေနာက္ဆုံးတြင္ ေကာလိပ္ေက်ာင္းမွ ထြက္ကာ သ႐ုပ္ေဆာင္သည့္ အလုပ္ကို ဆက္လုပ္ခဲ့သူျဖစ္သည္။

Sushant သည္ ‘Pavitra Rishta’ တြင္ အတူ တြဲဖက္သ႐ုပ္ေဆာင္ခဲ့သည့္ မင္းသမီး Ankita Lokhande ႏွင့္ ေျခာက္ႏွစ္ ၾကာ တြဲခဲ့ၿပီး ယင္းေနာက္ ၂၀၁၆ ခုႏွစ္ တြင္ လမ္းခြဲခဲ့ၾကသည္။နာမည္ေက်ာ္ အိႏၵိယ ေဘာလိဝုဒ္မင္းသား Sushant Singh Rajput သည္ ဇြန္လ ၁၄ ရက္က မြမ္ဘိုင္းၿမိဳ႕ရွိ ၎၏ ေနအိမ္တြင္ ကိုယ့္ကိုယ္ကိုယ္ အဆုံးစီရင္သြားခဲ့ေၾကာင္း သိရသည္။ ၎ကို Bandra ရပ္ကြက္ရွိ ေနအိမ္တြင္ ကိုယ့္ကိုယ္ကိုယ္ ႀကိဳးဆြဲခ်လ်က္သား ေသဆုံးေနသည္ကို ေတြ႕ရွိခဲ့ျခင္း ျဖစ္သည္။

ကြယ္လြန္ခ်ိန္တြင္ ၎သည္ အသက္ ၃၄ ႏွစ္ရွိၿပီျဖစ္သည္။၎ အဆုံးစီရင္မႈျဖစ္စဥ္ကို စုံစမ္းစစ္ေဆးရန္ မြမ္ဘိုင္း ရဲတပ္ဖြဲ႕မွ အဖြဲ႕တစ္ဖြဲ႕ ၎၏ ေနအိမ္သို႔ ေရာက္ရွိခဲ့သည္။ ၎သည္ ၿပီးခဲ့သည့္ လအနည္းငယ္အတြင္း စိတ္ဖိစီးမႈႏွင့္ စိတ္ဓာတ္က်ဆင္းမႈတို႔ ခံစားေနခဲ့ရသည္ဟု သိရသည္။Sushant သည္ ၿပီးခဲ့ သည့္ ေျခာက္လအၾကာ ကမွ Bandra ရွိ ေနအိမ္ကို ေျပာင္းေ႐ႊ႕ေနထိုင္ခဲ့သည္။ ၎သည္ အဆိုပါ ေနအိမ္ တိုက္ခန္းအတြက္ တစ္လလ်င္ ႐ူပီး ၄ သိန္းခြဲ ေက်ာ္ ေပးကာ ေနထိုင္ခဲ့သည္။

၎ ေသဆုံးၿပီးေနာက္ ၎၏ အဖြဲ႕က ထုတ္ျပန္ခ်က္တစ္ေစာင္ ထုတ္ခဲ့ၿပီး ၎၏ ဘဝႏွင့္ အလုပ္အတြက္ ၎အား သတိတယ ရွိၾကရန္ ပရိသတ္မ်ားကို တိုက္တြန္းခဲ့သည္။ ထို႔ျပင္ ယခုကဲ့သို႔ ဝမ္းနည္းေၾကကြဲဖြယ္ေကာင္းသည့္အခိုက္အတန႔္တြင္ ၎၏ သီးသန႔္တည္ရွိမႈကို ေလးစားၾကရန္ အားလုံးကို ပန္ၾကားခဲ့သည္။

REF: THE LIFESTYLE MYANMAR

UNICODE

နာမည်ကျော် အိန္ဒိယမင်းသား ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံ၍ သတ်သေမှု ဖြစ်ပွား

ပြီးခဲ့သည့် ရက်အနည်းငယ် ကပင် Sushant သည် ၎င်း၏ မန်နေဂျာဟောင်း Disha Salian သေဆုံးမှု အတွက် ဝမ်းနည်းကြောင်း ထုတ် ဖော်ခဲ့သေးသည်။ Disha သည် မွမ်ဘိုင်းမြို့ အဆောက်အအုံ ၁၄ ထပ်ကနေ ခုန်ချပြီး သေကြောင်းကြံခဲ့ခြင်းဖြစ်သည်။Sushant ကို ၁၉၈၆ ခုနှစ် ဇန်နဝါရီ ၂၁ ရက် က Bihar ပြည်နယ် Patna မြို့တွင် မွေးဖွား ခဲ့သည်။ ယင်းနောက် ၂၀၀၀ ပြည့်နှစ်တွင် ၎င်းတို့မိသားစုသည် နယူး ဒေလီသို့ ပြောင်းရွှေ့ခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် ၎င်း၏ မိခင် ကွယ်လွန်ခဲ့သည်။

Sushant သည် အင်ဂျင်နီယာဘာသာရပ်ကို လေ့လာသင်ယူခဲ့ပြီး တချိန်တည်းမှာပင် Shiamak Davar ၏ အကသင်တန်းအကယ်ဒမီသို့ တက်ခဲ့သည်။ ယင်းနောက် Barry John ၏ ဒရာမာကျောင်းတွင် တက်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ၎င်းသည် သြစတြေးလျရှိ ဓနသဟာယ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် တင်ဆက်ဖျော်ဖြေခဲ့သည်။ Sushant သည် နောက်ဆုံးတွင် ကောလိပ်ကျောင်းမှ ထွက်ကာ သရုပ်ဆောင်သည့် အလုပ်ကို ဆက်လုပ်ခဲ့သူဖြစ်သည်။

Sushant သည် ‘Pavitra Rishta’ တွင် အတူ တွဲဖက်သရုပ်ဆောင်ခဲ့သည့် မင်းသမီး Ankita Lokhande နှင့် ခြောက်နှစ် ကြာ တွဲခဲ့ပြီး ယင်းနောက် ၂၀၁၆ ခုနှစ် တွင် လမ်းခွဲခဲ့ကြသည်။နာမည်ကျော် အိန္ဒိယ ဘောလိဝုဒ်မင်းသား Sushant Singh Rajput သည် ဇွန်လ ၁၄ ရက်က မွမ်ဘိုင်းမြို့ရှိ ၎င်း၏ နေအိမ်တွင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ကြောင်း သိရသည်။ ၎င်းကို Bandra ရပ်ကွက်ရှိ နေအိမ်တွင် ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချလျက်သား သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ကွယ်လွန်ချိန်တွင် ၎င်းသည် အသက် ၃၄ နှစ်ရှိပြီဖြစ်သည်။၎င်း အဆုံးစီရင်မှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် မွမ်ဘိုင်း ရဲတပ်ဖွဲ့မှ အဖွဲ့တစ်ဖွဲ့ ၎င်း၏ နေအိမ်သို့ ရောက်ရှိခဲ့သည်။ ၎င်းသည် ပြီးခဲ့သည့် လအနည်းငယ်အတွင်း စိတ်ဖိစီးမှုနှင့် စိတ်ဓာတ်ကျဆင်းမှုတို့ ခံစားနေခဲ့ရသည်ဟု သိရသည်။Sushant သည် ပြီးခဲ့ သည့် ခြောက်လအကြာ ကမှ Bandra ရှိ နေအိမ်ကို ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ၎င်းသည် အဆိုပါ နေအိမ် တိုက်ခန်းအတွက် တစ်လလျင် ရူပီး ၄ သိန်းခွဲ ကျော် ပေးကာ နေထိုင်ခဲ့သည်။

၎င်း သေဆုံးပြီးနောက် ၎င်း၏ အဖွဲ့က ထုတ်ပြန်ချက်တစ်စောင် ထုတ်ခဲ့ပြီး ၎င်း၏ ဘဝနှင့် အလုပ်အတွက် ၎င်းအား သတိတယ ရှိကြရန် ပရိသတ်များကို တိုက်တွန်းခဲ့သည်။ ထို့ပြင် ယခုကဲ့သို့ ဝမ်းနည်းကြေကွဲဖွယ်ကောင်းသည့်အခိုက်အတန့်တွင် ၎င်း၏ သီးသန့်တည်ရှိမှုကို လေးစားကြရန် အားလုံးကို ပန်ကြားခဲ့သည်။

REF:    THE  LIFESTYLE  MYANMAR

Add a Comment

Your email address will not be published. Required fields are marked *