ပုဂံေဒသအတြင္း ေဖာက္ထြင္းမီးရႈိ႕ခံရမႈ ျဖစ္စဥ္မ်ားသည္ ကမာၻ႔အေမြအႏွစ္ညီလာခံတြင္ ေဆြးေႏြးလာႏိုင္ေၾကာင္း သာသနာေရးဝန္ႀကီးေျပာ

ပုဂံရွိ ဘုရားအဆူ ၅၀ ခန႔္ ေဖာက္ထြင္းခံရသည္ဟု လူမႈကြန္ရက္ႏွင့္ သတင္းမီ ဒီယာအခ်ိဳ႕တြင္ စသည္ျဖင့္ ေဖာ္ျပေနၾက၍ အႀကီး အကဲ မ်ားႏွင့္ ျပည္သူမ်ား စိုးရိမ္ ပူပန္မႈကို ၾကားသိရေၾကာင္း၊ အ မွန္စင္စစ္မွာ စုစုေပါင္းဘုရား ၃၃ ဆူ ဌာပနာတိုက္ေဖာက္ထြင္းခံရ သည္ဟု သံသယျဖစ္ရၿပီး ၁၂ ဆူ တြင္ ဌာပနာေဖာက္ထြင္းခံထား ရသည္ကို ေတြ႕ရွိရေၾကာင္းႏွင့္ က်န္ ၂၁ ဆူသည္ ေစတီပုထိုးမ်ား ကို အသစ္ျပဳ ျပင္မြမ္းမံခဲ့စဥ္က အလႉရွင္မ်ားဌာပနာရန္ အထက္ ဌာပနာေပါက္အျဖစ္ တစ္ေပပတ္လည္ခန႔္ ခ်န္ထားျခင္းျဖစ္ ေၾကာင္း သာသနာ ေရး ႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားေၾကာင္း သိရသည္။

ပုဂံေဒသတြင္ ေစတီပုထိုးေပါင္း ၃,၈၂၂ ဆူရွိ သည့္အနက္ COVID-19 ေၾကာင့္ ေရာဂါကူးစက္မႈမရွိေစရန္ Stay at Home ေနထိုင္ၾကစဥ္ ကာလအတြင္း ေစတီပုထိုး ၁၂ ဆူ၏ ဌာပနာမ်ား ေဖာက္ထြင္းခိုးယူခံရသည့္ျဖစ္စဥ္ကို ပုဂံကဲ့သို႔ေသာ ကမာၻ႔ယဥ္ေက်းမႈအေမြ အႏွစ္ စာရင္း ဝင္ေဒသမ်ားအတြင္း ထပ္မံမျဖစ္ပြားေစေရး ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕အင္အား တိုးခ်ဲ႕ကင္းလွည့္ျခင္း၊ ေဒသခံမ်ားႏွင့္ ေရွးေဟာင္း သုေတသန ႏွင့္ အမ်ိဳးသားျပတိုက္ ဦးစီးဌာန၏ လုံၿခဳံေရးအင္အားမ်ား ပူးေပါင္းစစ္ေဆးျခင္း၊ ကင္းလွည့္ျခင္းမ်ား တိုးျမႇင့္ေဆာင္႐ြက္ ေနေၾကာင္း၊ ေရ ရွည္အတြက္ လုံၿခဳံေရး ဝန္ထမ္းမ်ား တိုးခ်ဲ႕ခန႔္ထားရန္၊ CCTVေစာင့္ၾကည့္ကိရိယာမ်ား တပ္ဆင္ရန္ ေဆာင္႐ြက္ေနသည္ဟုသိရသည္။

ေရွးေဟာင္းၿမိဳ႕ေတာ္ ပုဂံေဒသရွိ ေစတီပုထိုးမ်ား ဌာပနာေဖာက္ခံရမႈႏွင့္ ေလာကထိပ္ပန္ဘုရား မီးရႈိ႕ခံရမႈျဖစ္စဥ္သည္ ကမာၻ႔အေမြအႏွစ္ ညီလာခံတြင္ ပုဂံေဒသယဥ္ေက်းမႈအေမြအႏွစ္မ်ား ထိန္းသိမ္းကာကြယ္မႈႏွင့္ လုံၿခဳံေရးကိစၥမ်ားႏွင့္ ပတ္သက္၍ ေဆြးေႏြးလာႏိုင္သည္ အထိ သက္ေရာက္မႈရွိလာႏိုင္ေၾကာင္း သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး သူရဦးေအာင္ကိုကေျပာသည္။ ျပည္ေထာင္စုဝန္ႀကီး သူရ ဦးေအာင္ကိုႏွင့္အဖြဲ႕သည္ ဇြန္လ ၁၃ ရက္က ပုဂံေဒသသို႔ သြား ေရာက္စစ္ေဆးၿပီးေနာက္ ပုဂံေရွး ေဟာင္းသု ေတသနျပတိုက္ အ စည္းအေဝးခန္းမ၌ တာဝန္ရွိသူ မ်ားႏွင့္ ေတြ႕ဆုံ၍ ထည့္သြင္းေျပာ ၾကားျခင္းျဖစ္သည္။

ထို႔အျပင္ ႏွစ္စဥ္ ဇြန္၊ ဇူလိုင္လမ်ားတြင္ ျပဳလုပ္ေနက်ျဖစ္သည့္ ကမာၻ႔အေမြအႏွစ္ညီလာခံတြင္ ယခုကဲ့သို႔ ပုဂံေဒသ ယဥ္ေက်းမႈအေမြအႏွစ္ မ်ား ထိန္းသိမ္းကာကြယ္မႈႏွင့္ လုံၿခဳံေရးကိစၥမ်ားႏွင့္ပတ္သက္၍ ေဆြးေႏြးလာႏိုင္သည္အထိ သက္ေရာက္မႈရွိလာႏိုင္ေၾကာင္းႏွင့္ ေဒသဖြံ႕ ၿဖိဳးေရး၊ ေဒသခံမ်ား လုပ္ကိုင္စားေသာက္မႈမ်ားအျပင္ ယဥ္ေက်းမႈအေမြအႏွစ္ ကာကြယ္ေစာင့္ေရွာက္ေရးအတြက္ပါ သက္ေရာက္မႈမ်ား ျဖစ္ေပၚလာႏိုင္ေၾကာင္း ေျပာၾကားသည္။

REF: 7DAY DAILY

UNICODE

ပုဂံဒေသအတွင်း ဖောက်ထွင်းမီးရှို့ခံရမှု ဖြစ်စဉ်များသည် ကမ္ဘာ့အမွေအနှစ်ညီလာခံတွင် ဆွေးနွေးလာနိုင်ကြောင်း သာသနာရေးဝန်ကြီးပြော

ပုဂံရှိ ဘုရားအဆူ ၅၀ ခန့် ဖောက်ထွင်းခံရသည်ဟု လူမှုကွန်ရက်နှင့် သတင်းမီ ဒီယာအချို့တွင် စသည်ဖြင့် ဖော်ပြနေကြ၍ အကြီး အကဲ များနှင့် ပြည်သူများ စိုးရိမ် ပူပန်မှုကို ကြားသိရကြောင်း၊ အ မှန်စင်စစ်မှာ စုစုပေါင်းဘုရား ၃၃ ဆူ ဌာပနာတိုက်ဖောက်ထွင်းခံရ သည်ဟု သံသယဖြစ်ရပြီး ၁၂ ဆူ တွင် ဌာပနာဖောက်ထွင်းခံထား ရသည်ကို တွေ့ရှိရကြောင်းနှင့် ကျန် ၂၁ ဆူသည် စေတီပုထိုးများ ကို အသစ်ပြု ပြင်မွမ်းမံခဲ့စဉ်က အလှူရှင်များဌာပနာရန် အထက် ဌာပနာပေါက်အဖြစ် တစ်ပေပတ်လည်ခန့် ချန်ထားခြင်းဖြစ် ကြောင်း သာသနာ ရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရသည်။

ပုဂံဒေသတွင် စေတီပုထိုးပေါင်း ၃,၈၂၂ ဆူရှိ သည့်အနက် COVID-19 ကြောင့် ရောဂါကူးစက်မှုမရှိစေရန် Stay at Home နေထိုင်ကြစဉ် ကာလအတွင်း စေတီပုထိုး ၁၂ ဆူ၏ ဌာပနာများ ဖောက်ထွင်းခိုးယူခံရသည့်ဖြစ်စဉ်ကို ပုဂံကဲ့သို့သော ကမ္ဘာ့ယဉ်ကျေးမှုအမွေ အနှစ် စာရင်း ဝင်ဒေသများအတွင်း ထပ်မံမဖြစ်ပွားစေရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့အင်အား တိုးချဲ့ကင်းလှည့်ခြင်း၊ ဒေသခံများနှင့် ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာန၏ လုံခြုံရေးအင်အားများ ပူးပေါင်းစစ်ဆေးခြင်း၊ ကင်းလှည့်ခြင်းများ တိုးမြှင့်ဆောင်ရွက် နေကြောင်း၊ ရေ ရှည်အတွက် လုံခြုံရေး ဝန်ထမ်းများ တိုးချဲ့ခန့်ထားရန်၊ CCTVစောင့်ကြည့်ကိရိယာများ တပ်ဆင်ရန် ဆောင်ရွက်နေသည်ဟုသိရသည်။

ရှေးဟောင်းမြို့တော် ပုဂံဒေသရှိ စေတီပုထိုးများ ဌာပနာဖောက်ခံရမှုနှင့် လောကထိပ်ပန်ဘုရား မီးရှို့ခံရမှုဖြစ်စဉ်သည် ကမ္ဘာ့အမွေအနှစ် ညီလာခံတွင် ပုဂံဒေသယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းကာကွယ်မှုနှင့် လုံခြုံရေးကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးလာနိုင်သည် အထိ သက်ရောက်မှုရှိလာနိုင်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုကပြောသည်။ ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုနှင့်အဖွဲ့သည် ဇွန်လ ၁၃ ရက်က ပုဂံဒေသသို့ သွား ရောက်စစ်ဆေးပြီးနောက် ပုဂံရှေး ဟောင်းသု တေသနပြတိုက် အ စည်းအဝေးခန်းမ၌ တာဝန်ရှိသူ များနှင့် တွေ့ဆုံ၍ ထည့်သွင်းပြော ကြားခြင်းဖြစ်သည်။

ထို့အပြင် နှစ်စဉ် ဇွန်၊ ဇူလိုင်လများတွင် ပြုလုပ်နေကျဖြစ်သည့် ကမ္ဘာ့အမွေအနှစ်ညီလာခံတွင် ယခုကဲ့သို့ ပုဂံဒေသ ယဉ်ကျေးမှုအမွေအနှစ် များ ထိန်းသိမ်းကာကွယ်မှုနှင့် လုံခြုံရေးကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးလာနိုင်သည်အထိ သက်ရောက်မှုရှိလာနိုင်ကြောင်းနှင့် ဒေသဖွံ့ ဖြိုးရေး၊ ဒေသခံများ လုပ်ကိုင်စားသောက်မှုများအပြင် ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်စောင့်ရှောက်ရေးအတွက်ပါ သက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ပြောကြားသည်။

REF:    7DAY  DAILY

Add a Comment

Your email address will not be published. Required fields are marked *