ဘုန္းႀကီး တစ္ပါးေမာင္း လာတဲ့ ကား ရပ္ထားတဲ့ ဆိုင္ကယ္ ၅ စီး ကို ဝင္တိုက္၊ လူတ ဦး ေသဆုံးမႈ ျဖစ္ပြား

ဘုန္းႀကီးတစ္ပါး ေမာင္းႏွင္လာ ေသာ ကားနဲ႔တိုက္မိတဲ့အတြက္ ဦးေဌးႏိုင္ ဟာ ေနာက္ေစ့ ေပါက္ၿပဲ ယာနဖူးေပါက္ၿပဲ ဒဏ္ရာရရွိၿပီး ေန ရာမွာပဲပြဲခ်င္းၿပီးေသဆုံးခဲ့ပါတယ္။ယာဥ္တိုက္မႈ က်ဴးလြန္ခဲ့တဲ့ ဦးၾသသဓကို ၿမိဳ႕နယ္သံဃာ့နာယကဆရာေတာ္ေတြရဲ႕ ေမတၱာရပ္ခံခ်က္နဲ႔ သကၤန္းမခြၽတ္ပဲအာမခံေပးထားေၾကာင္း အင္းမနယ္ေျမရဲစခန္းကစခန္းမႉးရဲအုပ္စန္းေမာင္ထံကသိရပါတယ္။

ပဲ ခူးတိုင္းအေနာက္ျခမ္း၊ သဲကုန္းၿမိဳ႕နယ္၊ အင္းမ အ.ထ.ကေရွ႕မွာ ယေန႔မနက္ပိုင္းက ဘုန္းႀကီးေမာင္းလာတဲ့ကားက ရပ္ထားတဲ့ ဆိုင္ ကယ္ငါးစီးကို ဝင္တိုက္ခဲ့ရာ အမ်ိဳးသားတဦးေသဆုံးမူျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။ျပည္ဘက္ကေန အသက္ ၃၉ ႏွစ္ ဝါ ၁၇ ဝါရွိတဲ့ ဦး ၾသသဓ၊ ဓမၼရတနာေက်ာင္းၿမိဳ႕သစ္ ၁၀ လမ္း၊ ျပည္ၿမိဳ႕ တဦးတည္းေမာင္းႏွင္လာတဲ့ ဟြန္ဒါ CRV ကားက ဝင္တိုက္လိုက္တာပါ။

ကားဟာ လမ္းေဘးမွာ ဆိုင္ကယ္ရပ္ၿပီးထိုင္ ေနတဲ့ အင္းမၿမိဳ႕ကန္တရာလမ္းမွာေနတဲ့ အသက္ ၄၉ ႏွစ္ အ႐ြယ္ ဦးေဌးႏိုင္ကို ဝင္တိုက္ၿပီး ဆိုင္ကယ္စတန္းမွာ ရပ္ထားတဲ့ ဆိုင္ကယ္ေလးစီးကို ပါ ထပ္ဆင့္တိုက္ခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။

REF: SHWE WIKI

UNICODE

ဘုန်းကြီး တစ်ပါးမောင်း လာတဲ့ ကား ရပ်ထားတဲ့ ဆိုင်ကယ် ၅ စီး ကို ဝင်တိုက်၊ လူတ ဦး သေဆုံးမှု ဖြစ်ပွား

ဘုန်းကြီးတစ်ပါး မောင်းနှင်လာ သော ကားနဲ့တိုက်မိတဲ့အတွက် ဦးဌေးနိုင် ဟာ နောက်စေ့ ပေါက်ပြဲ ယာနဖူးပေါက်ပြဲ ဒဏ်ရာရရှိပြီး နေ ရာမှာပဲပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ယာဉ်တိုက်မှု ကျူးလွန်ခဲ့တဲ့ ဦးသြသဓကို မြို့နယ်သံဃာ့နာယကဆရာတော်တွေရဲ့ မေတ္တာရပ်ခံချက်နဲ့ သင်္ကန်းမချွတ်ပဲအာမခံပေးထားကြောင်း အင်းမနယ်မြေရဲစခန်းကစခန်းမှူးရဲအုပ်စန်းမောင်ထံကသိရပါတယ်။

ပဲ ခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်၊ အင်းမ အ.ထ.ကရှေ့မှာ ယနေ့မနက်ပိုင်းက ဘုန်းကြီးမောင်းလာတဲ့ကားက ရပ်ထားတဲ့ ဆိုင် ကယ်ငါးစီးကို ဝင်တိုက်ခဲ့ရာ အမျိုးသားတဦးသေဆုံးမူဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ပြည်ဘက်ကနေ အသက် ၃၉ နှစ် ဝါ ၁၇ ဝါရှိတဲ့ ဦး သြသဓ၊ ဓမ္မရတနာကျောင်းမြို့သစ် ၁၀ လမ်း၊ ပြည်မြို့ တဦးတည်းမောင်းနှင်လာတဲ့ ဟွန်ဒါ CRV ကားက ဝင်တိုက်လိုက်တာပါ။

ကားဟာ လမ်းဘေးမှာ ဆိုင်ကယ်ရပ်ပြီးထိုင် နေတဲ့ အင်းမမြို့ကန်တရာလမ်းမှာနေတဲ့ အသက် ၄၉ နှစ် အရွယ် ဦးဌေးနိုင်ကို ဝင်တိုက်ပြီး ဆိုင်ကယ်စတန်းမှာ ရပ်ထားတဲ့ ဆိုင်ကယ်လေးစီးကို ပါ ထပ်ဆင့်တိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

REF:    SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *