





UNICODE

မိုးရာသီတွင် အဆိပ်ရှိပိုးကောင်များ အ ကိုက်ခံရလျှင် (၅)မိနစ် အတွင်း သက်သာစေမဲ့ ဆေးနည်း

အဆိပ်ရှိတဲ့ ပိုးကောင်းများ အကိုက်ခံရရင် လက်တစ်ကမ်းမှာ ရှိနေတဲ့ အရေးပေါ် ဆေးနည်းတိုများနဲ့ ကုသနိုင်အောင် မျှေ၀ ပေးလိုက်ပါ တယ်။ကြက်သွန်ဖြူရဲ့ ဆေးဖက်ဝင်ပုံများကို ထပ်လေ့လာ ကြည့်လိုက်ရင်လည်း ပုရွက်ဆိတ်၊ ပျား စတဲ့ ပိုးကောင်များရဲ့ အသေးအမွားအ ဆိပ်တွေကို ပြေစေနိုင်ကြောင်း တွေ့ရပါတယ်။

သံလွင်ဆီက လည်း ပိုးကောင် အဆိပ်များကို ပြေပျောက် စေကြောင်း ထပ်တွေ့ ရပါတယ်။မ နေ့က အိမ် မှာ ကလေးက ဆော့နေရင်း ပျားတစ်ကောင် ကို တက်နင်းလိုက် လို့ ခြေဖဝါး နုနုလေးကိုပျားတုပ်သွားပါတယ် ။ အထိတ်တလန့်အော်ငိုသံကြောင့် အဖေရော အမေ ပါပြေးသွားကြည့် တော့ ပျားတစ်ကောင် ကသူ့ ခြေ ထောက်နားမှာချာချာလည် နေ တာကို တွေ့လိုက် တော့။

ပျားတုပ်သွားတယ်ဆိုတာသိလိုက်ရတာ ကြောင့်မီးဖိုချောင်ထဲက ကြက် သွန်ဖြူ ယူ၊ င ရုတ် ကျည် ပွေ့ နဲ့ ထု ထောင်း ပြီး ကြက် သွန် ဖြူ အ စေး နဲ့ ပွတ် လိမ်း ပေး လိုက် တော့ (၃) မိ နစ် တောင် မ ကြာ ပဲ အ ငို တိတ် သွား ပါ တယ်။ ၅ မိနစ် လောက် မှာ ပဲ ကိုက် ထား တဲ့ နေ ရာ က နေ ပျား အ စွယ် က အပြင်ကို စူ ထွက် လာ ပါ တယ်။

ဇာဂနာနဲ့ ဆွဲထုတ်လိုက်ပြီး ကြက်သွန်ဖြူကို ဓါးနဲ့ပိုင်းဖြတ်၊ အစေးနဲ့ တို့ပေးထား လိုက်တော့ ယောင်တာ၊ ကိုင်းတာ မရှိပဲ နာလည်း မနာ တော့တဲ့ အတွက် ကလေးက ၁၀ မိနစ် လောက်မှာပဲ ပုံမှန်အတိုင်း ပြန်ဆော့နိုင်သွားပါတယ်။

Credit :   စောနွဲ့နေဆိုင် – ပူတာအို

Add a Comment

Your email address will not be published. Required fields are marked *