မီတာ ဖတ္သူ၏ ေပါ့ဆမႈေၾကာင့္ ႏိုင္ငံေတာ္ကခြင့္ျပဳတဲ့ ယူနစ္ (၁၅၀) ကင္းလႊတ္ခြ င့္ မခံစား ရတဲ့ အျပင္ နစ္နာသြာတဲ့ ျဖစ္ရပ္

မီတာဖတ္စာေရး ရဲ႕ ပ်င္းရိျခင္း မိမိတာဝန္ မိမိ မေက်ႁပြန္ ျခင္းေၾကာင့္ ႏိုင္ငံေတာ္ အစိုးရက ” ေပးကားေပး၏ မရ ” ျဖစ္သြားတာ ဝမ္းနည္း ပါတယ္ တဲ့ ဗ်ာ ,,,, EPC ရဲ႕ ဝင္ေငြရေငြ စာရင္းထဲ ေပးသြင္းရေတာ့မွာပါ။ ဒါေၾကာင့္ အခု နစ္နာဆုံးရႈံးခံရျခင္းမွ ကင္းလြတ္ခြင့္ရေအာင္ အ ခန္း အမွတ္ (၀၀၄) က ဝန္ထမ္း လင္မယား ႏွစ္ဦးအတြက္ ဆုေတာင္းေပးၾကပါ ခင္ဗ်ာ။လႈိင္ သာယာ ၿမိဳ႕နယ္၊ က်န္စစ္မင္း အိမ္ယာ တိုက္ (၄၅) ၊ အခန္း အမွတ္ (၀၀၄) ကပါ။ ေမလ အသုံးျပဳ မီတာ ေဘလ္ ေရာက္လာတာ ယခုလ ဖတ္ခ်က္ ၇၄၇ ယခင္လ ဖတ္ခ်က္ ၃၂၀ သုံးစြဲ ယူနစ္ ၄၂၇ မီတာခ က်သင့္ေငြ ၄၆၄၂၅ က်ပ္ ကင္းလြတ္ခြင့္ ၁၁၅၅၀ က်ပ္ ေပးသြင္းရန္ ၃၄၈၇၅ က်ပ္ ဆိုၿပီး ေဖၚျပထားပါတယ္။

လင္မယား ႏွစ္ေယာက္တည္း ေနတာ မနက္႐ုံးသြား ညက်မွ တိုက္ခန္း ျပန္ေရာက္ ပုံမွန္ လ်ပ္စစ္ မီးလုံး၊ ပန္ကာ ဘဲ သုံးလို႔ လစဥ္ ယူနစ္ ၁၀၀ ဝန္းက်င္ခန႔္ဘဲ ပုံမွန္ က်သင့္ ေပးေဆာင္ေနရတာပါ။ မတ္လ၊ ဧၿပီလ ကလည္း အစိုးရ က ယူနစ္ ၁၅၀ အထိ ကင္းလြတ္ခြင့္ေပးလို႔ ယူနစ္ ၁၀၀ ဝန္းက်င္သာ သုံးတဲ့ ယခု ဒီ အခန္းေလး အဲဒီ ႏွစ္လလုံး မီတာခ က်သင့္ေငြ မေပးေဆာင္ခဲ့ရပါဘူး။ ယခု ေမလ အသုံးျပဳ မီ တာခ ၄ ေသာင္းေက်ာ္ က်သင့္ၿပီး ၁ ေသာင္းေက်ာ္ ကင္းလြတ္ခြင့္ ေပးသည့္တိုင္ေအာင္ ၃ ေသာင္းခြဲ ခန႔္ မီတာခ ေဆာင္ရမယ္ ဆိုေတာ့ မ်က္လုံးျပဴး မ်က္ဆံျပဴး ရပါတယ္။ဒီ ဝန္ထမ္း လင္မယား ႏွစ္ေယာက္က ဒီ တိုက္ခန္းမွာ ဌါးေနတာပါ။

ကုမၸဏီ က ဦးစီး လုပ္ေဆာင္တဲ့ အဌါးအိမ္ရာ စခန္းပါ။ စံနစ္ တက် ေဆာင္႐ြက္ထားသလို စည္းကမ္းလည္း ႀကီးပါတယ္။ ယခုလို ႏိုင္ငံ ေတာ္ အစိုးရက ယူနစ္ ၁၅၀ ကင္းလြတ္ခြင့္ ေပးတဲ့ လေတြမွာေတာင္ တိုက္ခန္း နံပါတ္ေတြအလိုက္ ယခင္လက ဖတ္တဲ့ မီတာယူနစ္၊ ယ ေန႔ လမကုန္မွီ ရွိေနတဲ့ ယူနစ္၊ ကင္းလြတ္ခြင့္ေပးတဲ့ မီတာ ၁၅၀ ႏုတ္ၿပီး သုံးစြဲၿပီး ပို/လို စာရင္းဇယား ဆိုၿပီး လမကုန္မွီ ရက္သတၱပါတ္ခန႔္ အလိုမွာ ေဖၚျပပါ စာရင္း ဇယား နဲ႔ တိုက္ ေၾကာ္ျငာ သင္ပုန္း မွာ ကပ္ၿပီး လစဥ္ အသိေပး ႏိုးေဆာ္ ေနတာပါ။ဒါေၾကာင့္ အဌါးအိမ္ရာ ကုမၸ ဏီ မန္ေနဂ်ာထံ ေတြ႕ဆုံ ေျပာျပေတာ့ ခ်က္ျခင္း ျပန္စစ္ေပးပါတယ္။ ခက္ခဲမႈ႕လည္း မရွိပါဘူး။

မီတာခ ပိုေတာင္းတဲ့ တိုက္ခန္းရဲ႕ မီတာပုံးကို ဓါတ္ပုံ႐ိုက္ယူလိုက္ေတာ့ ပုံ မွာပါတဲ့အတိုင္း ၅၃၅ ယူနစ္ သာ ရွိပါတယ္။ အဌါး အိမ္ရာ ကုမၸ ဏီ ကေတာ့ ေျပာပါတယ္၊ EPC ကို report လုပ္ေပးပါ့မယ္ေပါ့ ,, ဒါေပမဲ့ မီတာ ေဘလ္က ထြက္လာၿပီမို႔ မီတာခ က ေပးသြင္းရ ေတာ့မွာ ပါ။ ေနာင္လေတြမွာ ယခုရွိရင္း မီတာယူနစ္ထက္ ပိုသုံးထားတဲ့ ယူနစ္ေတြကို EPC က ခုႏွိမ္ေပးမွာပါ။သို႔ေသာ္ အခု ဇြန္လ မွာ လည္း ႏိုင္ငံေတာ္ က ကင္းလြတ္ခြင့္ ေပးခဲ့တဲ့ ယူနစ္ ၁၅၀ ကို မခံစားရႏိုင္ေတာ့ပါဘူး၊ ဘာ့ေၾကာင့္ဆိုေတာ့ မီတာဖတ္စာေရးက ကင္းလြတ္ ခြင့္ ေပးမဲ့ ဇြန္လ အတြက္ ယူနစ္ ၂၀၀ ေက်ာ္အတြက္ ေက်ာ္လြန္ ေရးမွတ္လိုက္လို႔ပါ။

အလႊာလိုက္ တန္ဖိုးျမင့္သြားတဲ့ ၁၅၀ ယူနစ္အထက္ သုံးရင္ က်သင့္ေငြက တစ္ယူနစ္ ႏူန္း ၁၂၀ က်ပ္ နဲ႔ ၁၂၅ က်ပ္ နဲ႔ တြက္ထားလို႔ ယူနစ္ ၂၀၀ ေက်ာ္ဘိုး အတြက္ ၂ ေသာင္းခြဲက်ပ္ ဝန္းက်င္ နစ္နာဆုံးရႈံး သြားတဲ့အတြက္ စိတ္မေကာင္းပါဘူးဗ်ာ ,,,, တဲ့။

Thein Htun

UNICODE

မီတာ ဖတ်သူ၏ ပေါ့ဆမှုကြောင့် နိုင်ငံတော်ကခွင့်ပြုတဲ့ ယူနစ် (၁၅၀) ကင်းလွှတ်ခွ င့် မခံစား ရတဲ့ အပြင် နစ်နာသွာတဲ့ ဖြစ်ရပ်

မီတာဖတ်စာရေး ရဲ့ ပျင်းရိခြင်း မိမိတာဝန် မိမိ မကျေပြွန် ခြင်းကြောင့် နိုင်ငံတော် အစိုးရက ” ပေးကားပေး၏ မရ ” ဖြစ်သွားတာ ဝမ်းနည်း ပါတယ် တဲ့ ဗျာ ,,,, EPC ရဲ့ ဝင်ငွေရငွေ စာရင်းထဲ ပေးသွင်းရတော့မှာပါ။ ဒါကြောင့် အခု နစ်နာဆုံးရှုံးခံရခြင်းမှ ကင်းလွတ်ခွင့်ရအောင် အ ခန်း အမှတ် (၀၀၄) က ဝန်ထမ်း လင်မယား နှစ်ဦးအတွက် ဆုတောင်းပေးကြပါ ခင်ဗျာ။လှိုင် သာယာ မြို့နယ်၊ ကျန်စစ်မင်း အိမ်ယာ တိုက် (၄၅) ၊ အခန်း အမှတ် (၀၀၄) ကပါ။ မေလ အသုံးပြု မီတာ ဘေလ် ရောက်လာတာ ယခုလ ဖတ်ချက် ၇၄၇ ယခင်လ ဖတ်ချက် ၃၂၀ သုံးစွဲ ယူနစ် ၄၂၇ မီတာခ ကျသင့်ငွေ ၄၆၄၂၅ ကျပ် ကင်းလွတ်ခွင့် ၁၁၅၅၀ ကျပ် ပေးသွင်းရန် ၃၄၈၇၅ ကျပ် ဆိုပြီး ဖေါ်ပြထားပါတယ်။

လင်မယား နှစ်ယောက်တည်း နေတာ မနက်ရုံးသွား ညကျမှ တိုက်ခန်း ပြန်ရောက် ပုံမှန် လျပ်စစ် မီးလုံး၊ ပန်ကာ ဘဲ သုံးလို့ လစဉ် ယူနစ် ၁၀၀ ဝန်းကျင်ခန့်ဘဲ ပုံမှန် ကျသင့် ပေးဆောင်နေရတာပါ။ မတ်လ၊ ဧပြီလ ကလည်း အစိုးရ က ယူနစ် ၁၅၀ အထိ ကင်းလွတ်ခွင့်ပေးလို့ ယူနစ် ၁၀၀ ဝန်းကျင်သာ သုံးတဲ့ ယခု ဒီ အခန်းလေး အဲဒီ နှစ်လလုံး မီတာခ ကျသင့်ငွေ မပေးဆောင်ခဲ့ရပါဘူး။ ယခု မေလ အသုံးပြု မီ တာခ ၄ သောင်းကျော် ကျသင့်ပြီး ၁ သောင်းကျော် ကင်းလွတ်ခွင့် ပေးသည့်တိုင်အောင် ၃ သောင်းခွဲ ခန့် မီတာခ ဆောင်ရမယ် ဆိုတော့ မျက်လုံးပြူး မျက်ဆံပြူး ရပါတယ်။ဒီ ဝန်ထမ်း လင်မယား နှစ်ယောက်က ဒီ တိုက်ခန်းမှာ ဌါးနေတာပါ။

ကုမ္ပဏီ က ဦးစီး လုပ်ဆောင်တဲ့ အဌါးအိမ်ရာ စခန်းပါ။ စံနစ် တကျ ဆောင်ရွက်ထားသလို စည်းကမ်းလည်း ကြီးပါတယ်။ ယခုလို နိုင်ငံ တော် အစိုးရက ယူနစ် ၁၅၀ ကင်းလွတ်ခွင့် ပေးတဲ့ လတွေမှာတောင် တိုက်ခန်း နံပါတ်တွေအလိုက် ယခင်လက ဖတ်တဲ့ မီတာယူနစ်၊ ယ နေ့ လမကုန်မှီ ရှိနေတဲ့ ယူနစ်၊ ကင်းလွတ်ခွင့်ပေးတဲ့ မီတာ ၁၅၀ နုတ်ပြီး သုံးစွဲပြီး ပို/လို စာရင်းဇယား ဆိုပြီး လမကုန်မှီ ရက်သတ္တပါတ်ခန့် အလိုမှာ ဖေါ်ပြပါ စာရင်း ဇယား နဲ့ တိုက် ကြော်ငြာ သင်ပုန်း မှာ ကပ်ပြီး လစဉ် အသိပေး နိုးဆော် နေတာပါ။ဒါကြောင့် အဌါးအိမ်ရာ ကုမ္ပ ဏီ မန်နေဂျာထံ တွေ့ဆုံ ပြောပြတော့ ချက်ခြင်း ပြန်စစ်ပေးပါတယ်။ ခက်ခဲမှု့လည်း မရှိပါဘူး။

မီတာခ ပိုတောင်းတဲ့ တိုက်ခန်းရဲ့ မီတာပုံးကို ဓါတ်ပုံရိုက်ယူလိုက်တော့ ပုံ မှာပါတဲ့အတိုင်း ၅၃၅ ယူနစ် သာ ရှိပါတယ်။ အဌါး အိမ်ရာ ကုမ္ပ ဏီ ကတော့ ပြောပါတယ်၊ EPC ကို report လုပ်ပေးပါ့မယ်ပေါ့ ,, ဒါပေမဲ့ မီတာ ဘေလ်က ထွက်လာပြီမို့ မီတာခ က ပေးသွင်းရ တော့မှာ ပါ။ နောင်လတွေမှာ ယခုရှိရင်း မီတာယူနစ်ထက် ပိုသုံးထားတဲ့ ယူနစ်တွေကို EPC က ခုနှိမ်ပေးမှာပါ။သို့သော် အခု ဇွန်လ မှာ လည်း နိုင်ငံတော် က ကင်းလွတ်ခွင့် ပေးခဲ့တဲ့ ယူနစ် ၁၅၀ ကို မခံစားရနိုင်တော့ပါဘူး၊ ဘာ့ကြောင့်ဆိုတော့ မီတာဖတ်စာရေးက ကင်းလွတ် ခွင့် ပေးမဲ့ ဇွန်လ အတွက် ယူနစ် ၂၀၀ ကျော်အတွက် ကျော်လွန် ရေးမှတ်လိုက်လို့ပါ။

အလွှာလိုက် တန်ဖိုးမြင့်သွားတဲ့ ၁၅၀ ယူနစ်အထက် သုံးရင် ကျသင့်ငွေက တစ်ယူနစ် နူန်း ၁၂၀ ကျပ် နဲ့ ၁၂၅ ကျပ် နဲ့ တွက်ထားလို့ ယူနစ် ၂၀၀ ကျော်ဘိုး အတွက် ၂ သောင်းခွဲကျပ် ဝန်းကျင် နစ်နာဆုံးရှုံး သွားတဲ့အတွက် စိတ်မကောင်းပါဘူးဗျာ ,,,, တဲ့။

Thein Htun

Add a Comment

Your email address will not be published. Required fields are marked *