လက္ရွိ အသုံးျပဳေန တဲ့ ပိုက္ဆံ အားလုံးကို ဗိုလ္ခ်ဳပ္ပုံ နဲ႔ ထုတ္ေဝသြားမယ္လို႔ ဗဟိုဘဏ္ေျပာၿပီ

ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္က အသစ္ထုတ္လိုက္တဲ့ ဗိုလ္ခ်ဳပ္ ပုံပါ ေငြစကၠဴ အသစ္ကို အျပင္မွာ အမ်ားအျပား တြင္တြင္က်ယ္က်ယ္ အ သုံးမျပဳတာဟာ ႐ြက္ေရအကန႔္အသတ္ နဲ႔ ထုတ္တာေၾကာင့္ လို႔လည္း သိရပါတယ္။ဗိုလ္ခ်ဳပ္ပုံပါ ေငြစကၠဴသစ္ ကို ေနာက္လည္း ဆက္ လက္ ထုတ္ေဝသြားမွာျဖစ္သလို အခုအခ်ိန္မွာေတာ့ တေသာင္းတန္ထက္ျမင့္တဲ့ ေငြစကၠဴကိုေတာ့ ထပ္ထုတ္ဖို႔ မရွိေသးဘူးလို႔ ဆိုပါတယ္။

လက္ရွိ အသုံးျပဳေနတဲ့ ေငြစကၠဴ အားလုံးကို ဗိုလ္ခ်ဳပ္႐ုပ္ပုံ နဲ႔ ႐ိုက္ႏွိပ္ ထုတ္ေဝသြားမယ္လို႔ ျမန္မာႏိုင္ငံ ဗဟိုဘဏ္ရဲ႕ ဒုတိယဥကၠ႒ ဦးစိုး မင္းက ေျပာၾကားလိုက္ပါတယ္။ ဒီေန႔ ဇြန္လ(၁၅)ရက္ေန႔ ေနျပည္ေတာ္မွာ ျပဳလုပ္တဲ့ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ရဲ႕ ႏိုင္ငံေတာ္အစိုးရ စတုထၳ (၁)ႏွစ္ အတြင္း ေဆာင္႐ြက္ခဲ့မႈေတြ နဲ႔ပတ္သက္ၿပီး ရွင္းလင္းပြဲမွာ အဲဒီလိုေျပာၾကားခဲ့တာျဖစ္ပါတယ္။

အခုႏွစ္ထဲမွာပဲ ဗိုလ္ခ်ဳပ္႐ုပ္ပုံ နဲ႔ ေငြစကၠဴ ကိုလည္း ဇန္နဝါရီလ(၄)ရက္ေန႔ က စထုတ္ခဲ့ပါေသးတယ္။ “အခုရွိေနတဲ့ ေငြစကၠဴ အကုန္လုံး ကိုေတာ့ (၅၀၀၀)တန္ေကာ၊ (၁၀၀၀၀)တန္ေကာ၊ (၅၀၀)တန္ေကာ ဆိုလိုတာက ေငြစကၠဴ အားလုံးအတြက္ ထုတ္သြားမွာပါ။”လို႔ ဦးစိုး မင္းက ေျပာ ပါတယ္။

crd : thuthulay

unicode

လက်ရှိ အသုံးပြုနေ တဲ့ ပိုက်ဆံ အားလုံးကို ဗိုလ်ချုပ်ပုံ နဲ့ ထုတ်ဝေသွားမယ်လို့ ဗဟိုဘဏ်ပြောပြီ

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အသစ်ထုတ်လိုက်တဲ့ ဗိုလ်ချုပ် ပုံပါ ငွေစက္ကူ အသစ်ကို အပြင်မှာ အများအပြား တွင်တွင်ကျယ်ကျယ် အ သုံးမပြုတာဟာ ရွက်ရေအကန့်အသတ် နဲ့ ထုတ်တာကြောင့် လို့လည်း သိရပါတယ်။ဗိုလ်ချုပ်ပုံပါ ငွေစက္ကူသစ် ကို နောက်လည်း ဆက် လက် ထုတ်ဝေသွားမှာဖြစ်သလို အခုအချိန်မှာတော့ တသောင်းတန်ထက်မြင့်တဲ့ ငွေစက္ကူကိုတော့ ထပ်ထုတ်ဖို့ မရှိသေးဘူးလို့ ဆိုပါတယ်။

လက်ရှိ အသုံးပြုနေတဲ့ ငွေစက္ကူ အားလုံးကို ဗိုလ်ချုပ်ရုပ်ပုံ နဲ့ ရိုက်နှိပ် ထုတ်ဝေသွားမယ်လို့ မြန်မာနိုင်ငံ ဗဟိုဘဏ်ရဲ့ ဒုတိယဥက္ကဋ္ဌ ဦးစိုး မင်းက ပြောကြားလိုက်ပါတယ်။ ဒီနေ့ ဇွန်လ(၁၅)ရက်နေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ နိုင်ငံတော်အစိုးရ စတုထ္ထ (၁)နှစ် အတွင်း ဆောင်ရွက်ခဲ့မှုတွေ နဲ့ပတ်သက်ပြီး ရှင်းလင်းပွဲမှာ အဲဒီလိုပြောကြားခဲ့တာဖြစ်ပါတယ်။

အခုနှစ်ထဲမှာပဲ ဗိုလ်ချုပ်ရုပ်ပုံ နဲ့ ငွေစက္ကူ ကိုလည်း ဇန်နဝါရီလ(၄)ရက်နေ့ က စထုတ်ခဲ့ပါသေးတယ်။ “အခုရှိနေတဲ့ ငွေစက္ကူ အကုန်လုံး ကိုတော့ (၅၀၀၀)တန်ကော၊ (၁၀၀၀၀)တန်ကော၊ (၅၀၀)တန်ကော ဆိုလိုတာက ငွေစက္ကူ အားလုံးအတွက် ထုတ်သွားမှာပါ။”လို့ ဦးစိုး မင်းက ပြော ပါတယ်။

crd :  thuthulay

Add a Comment

Your email address will not be published. Required fields are marked *