



REF: THE LADIES NEWS

UNICODE

လားရှိုး-မူဆယ်လမ်းပိုင်းရှိ ဂုတ်တွင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများ တရဟောစီးဆင်းနေ(ရုပ်သံ)

ယမန်နေ့(ဇွန် ၁၄) နံနက် ၁၁ နာရီခန့်ကတည်း က ဂုတ်တွင်းတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ ပြီး တောင်ကျ ရေများ အရှိန်အဟုန် ပြင်းစွာ စီး ဆင်းခဲ့ခြင်း ဖြစ်ကာ အ ဆိုပါလမ်းပိုင်းတွင်သွားလာနေ သူများအား ခရီးသွား ဖော်များနှင့် ကားကြီးမောင်းနှင်သူများက သတိပေးထား ကြသည်ကို လည်း တွေ့ရသည်။

ယနေ့ ( ဇွန် ၁၅ ) မွန်းလွဲ ၂ နာရီအချိန်ခန့်က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-မူဆယ်လမ်းပိုင်းရှိ ဂုတ် တွင်းတွင် မိုးသည်းထန်စွာ ရွာ သွန်းမှုကြောင့် တောင် ကျရေများစီးဆင်းကာ ရေကြီးနေမှုဖြစ်သည်။

တောင်ကျရေများကျဆင်းမှုကြောင့် ယခုကဲ့သို့ဂုတ် တွင်း ကားလမ်းမပေါ်တွင်ရေကြီးနေမှုမျိုးကို ယခင်က မကြုံဖူးခဲ့ကြောင်း အဆိုပါလမ်း ပိုင်းတွင် သွားလာနေသူများက မှတ်ချက်ပေးထားကြသည်။

REF:    THE  LADIES  NEWS

Add a Comment

Your email address will not be published. Required fields are marked *