အိႏၵိယ ႏိုင္ငံ ၿမိဳ႕ေတာ္ ေဒ လီ မွာ ကိုဗစ္-၁၉ လူနာ မ်ားျပားလာ တဲ့ အတြက္ ေဆး႐ုံတက္ရန္ ေနရာ မရွိေတာ့ဟု ဆို

အိႏၵိယႏိုင္ငံမွာ ကိုဗစ္ကူးစက္ခံရတဲ့ လူနာမ်ား ကုသရန္ ကုတင္ ရရွိေရးအတြက္ မိသားစုေတြက ေငြေၾကးအကုန္အက် အမ်ားအျပား ေပး ၾကရေၾကာင္း သိရပါတယ္။ ဗိုင္းရပ္စ္ပိုးေတြ႕ရွိသူ ဖခင္အား ပုဂၢလိက ေဆး႐ုံမွာ ကုတင္တစ္လုံးအတြက္ အေမရိကန္ေဒၚလာ ၁၃,၂၀၀ ေပး ရေၾကာင္းကို သမီးျဖစ္သူက ေျပာပါတယ္။ အလားတူ ေဒလီရွိေဆး႐ုံေတြကလည္း ကို႐ိုနာဗိုင္းရပ္စ္ပိုးေတြ႕ရွိသူေတြအား ေဆး႐ုံတက္ ကု သခြင့္ရရန္ အတြက္ အေမရိကန္ေဒၚလာ ၅,၂၅၀ ေပးရေၾကာင္း သိရပါတယ္။

ေဒသတြင္းသတင္းေတြမွာ ေသခါနီး လူေတြကို ေဆး႐ုံေတြမွာ လက္မခံေတာ့အေၾကာင္း၊ ကိုယ္ဝန္ေဆာင္မိခင္တစ္ေယာက္ကို ေဆး႐ုံက လက္မခံေတာ့အတြက္ ေသဆုံးခဲ့ေၾကာင္း၊ အသက္ ၇၈ ႏွစ္အ႐ြယ္အမ်ိဳးသားတစ္ဦးက သူ႔ကို ေဆး႐ုံကုတင္နဲ႔ အသက္ရႉအေထာက္အကူ စက္ မေပးတဲ့ အတြက္ တရား႐ုံးကို ဦးတိုက္ေလွ်က္ထားရာ တရား႐ုံးမွ လက္မခံခင္မွာဘဲ ေသဆုံးခဲ့ေၾကာင္း စတဲ့ အေၾကာင္းအရာေတြကို ေတြ႕ေနရပါတယ္။အိႏၵိယႏိုင္ငံမွာ လက္ရွိအခ်ိန္ထိ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူေပါင္း ၃ သိန္း ၃ ေသာင္းေက်ာ္ရွိေနပါၿပီ။

ကမာၻမွာ စတုတၳ ေျမာက္ ကူးစက္မႈအမ်ားဆုံးႏိုင္ငံျဖစ္လာပါတယ္။အိႏၵိ ယႏိုင္ငံရဲ႕ ၿမိဳ႕ေတာ္ ေဒလီ တစ္ေန ရာ ထဲ မွာ လူေပါင္း ၁,၂၀၀ ေက်ာ္ေသဆုံးၿပီး လူေပါင္း ၃၉,၀၀၀ ေက်ာ္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံေနရေၾကာင္း သိရပါတယ္။ကို႐ိုနာဗိုင္းရပ္စ္လူနာမ်ား ကုသရန္အ တြက္ ရထားတြဲ ေပါင္း ၂,၀၀၀ ထဲက ၅၀၀ ကို ကုတင္ ၈,၀၀၀ ပါတဲ့ ယာယီေဆး႐ုံအျဖစ္ တနဂၤေႏြေန႔က ေျပာင္းလဲ သိရပါတယ္။ ေဒလီအ စိုးရက ကုတင္ ၈၀,၀၀၀ ေလာက္ ဇူလိုင္လကုန္ပိုင္းမွာ လိုႏိုင္ေၾကာင္း ခန႔္မွန္းထားတဲ့အတြက္ ဟိုတယ္ ၄၀ နဲ႔ မဂၤလာခန္းမ ၈၀ ကို ေဆး႐ုံ အျဖစ္ေျပာင္း ပစ္ႏိုင္ေၾကာင္း သိရပါတယ္။

လက္ရွိအခ်ိန္မွာ အစိုးရေဆး႐ုံေတြ မွာ ဗိုင္းရပ္စ္ ပိုးကုသရန္ ကုတင္ေပါင္း ၈,၅၀၅ ကုတင္နဲ႔ ပုဂၢလိကေဆး႐ုံေတြမွာ ကုတင္ေပါင္း ၁,၄၄၁ ကုတင္ရွိေၾကာင္း သိရပါတယ္။

REF: blacker

UNICODE

အိန္ဒိယ နိုင်ငံ မြို့တော် ဒေ လီ မှာ ကိုဗစ်-၁၉ လူနာ များပြားလာ တဲ့ အတွက် ဆေးရုံတက်ရန် နေရာ မရှိတော့ဟု ဆို

အိန္ဒိယနိုင်ငံမှာ ကိုဗစ်ကူးစက်ခံရတဲ့ လူနာများ ကုသရန် ကုတင် ရရှိရေးအတွက် မိသားစုတွေက ငွေကြေးအကုန်အကျ အများအပြား ပေး ကြရကြောင်း သိရပါတယ်။ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ဖခင်အား ပုဂ္ဂလိက ဆေးရုံမှာ ကုတင်တစ်လုံးအတွက် အမေရိကန်ဒေါ်လာ ၁၃,၂၀၀ ပေး ရကြောင်းကို သမီးဖြစ်သူက ပြောပါတယ်။ အလားတူ ဒေလီရှိဆေးရုံတွေကလည်း ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူတွေအား ဆေးရုံတက် ကု သခွင့်ရရန် အတွက် အမေရိကန်ဒေါ်လာ ၅,၂၅၀ ပေးရကြောင်း သိရပါတယ်။

ဒေသတွင်းသတင်းတွေမှာ သေခါနီး လူတွေကို ဆေးရုံတွေမှာ လက်မခံတော့အကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ကို ဆေးရုံက လက်မခံတော့အတွက် သေဆုံးခဲ့ကြောင်း၊ အသက် ၇၈ နှစ်အရွယ်အမျိုးသားတစ်ဦးက သူ့ကို ဆေးရုံကုတင်နဲ့ အသက်ရှူအထောက်အကူ စက် မပေးတဲ့ အတွက် တရားရုံးကို ဦးတိုက်လျှေက်ထားရာ တရားရုံးမှ လက်မခံခင်မှာဘဲ သေဆုံးခဲ့ကြောင်း စတဲ့ အကြောင်းအရာတွေကို တွေ့နေရပါတယ်။အိန္ဒိယနိုင်ငံမှာ လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၃ သိန်း ၃ သောင်းကျော်ရှိနေပါပြီ။

ကမ္ဘာမှာ စတုတ္ထ မြောက် ကူးစက်မှုအများဆုံးနိုင်ငံဖြစ်လာပါတယ်။အိန္ဒိ ယနိုင်ငံရဲ့ မြို့တော် ဒေလီ တစ်နေ ရာ ထဲ မှာ လူပေါင်း ၁,၂၀၀ ကျော်သေဆုံးပြီး လူပေါင်း ၃၉,၀၀၀ ကျော် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရကြောင်း သိရပါတယ်။ကိုရိုနာဗိုင်းရပ်စ်လူနာများ ကုသရန်အ တွက် ရထားတွဲ ပေါင်း ၂,၀၀၀ ထဲက ၅၀၀ ကို ကုတင် ၈,၀၀၀ ပါတဲ့ ယာယီဆေးရုံအဖြစ် တနင်္ဂနွေနေ့က ပြောင်းလဲ သိရပါတယ်။ ဒေလီအ စိုးရက ကုတင် ၈၀,၀၀၀ လောက် ဇူလိုင်လကုန်ပိုင်းမှာ လိုနိုင်ကြောင်း ခန့်မှန်းထားတဲ့အတွက် ဟိုတယ် ၄၀ နဲ့ မင်္ဂလာခန်းမ ၈၀ ကို ဆေးရုံ အဖြစ်ပြောင်း ပစ်နိုင်ကြောင်း သိရပါတယ်။

လက်ရှိအချိန်မှာ အစိုးရဆေးရုံတွေ မှာ ဗိုင်းရပ်စ် ပိုးကုသရန် ကုတင်ပေါင်း ၈,၅၀၅ ကုတင်နဲ့ ပုဂ္ဂလိကဆေးရုံတွေမှာ ကုတင်ပေါင်း ၁,၄၄၁ ကုတင်ရှိကြောင်း သိရပါတယ်။

REF:    blacker

Add a Comment

Your email address will not be published. Required fields are marked *