အုံးလြဲရင္ စိတ္ညစ္စရာမလို လက္ေတြ႕ေပ်ာက္သည့္ အေကာင္းဆုံးနည္း

အုန္းလြဲလို႔ ဘယ္မွလွည့္မရေတာ့ရင္ ဦးေခါင္းရဲ႕ ပထဝီေၾကာ ေျခေထာက္ကို သတိရလိုက္ပါ။ေျခဖဝါးေစာင္းကို ဦးစြာႏွိပ္ပါ။ ၿပီးေတာ့ ေျခခ လယ္ကိုႏွိပ္ပါ။ ၿပီးရင္ ေျခသူႂကြယ္ကို ႏွိပ္ပါ။

မျပင္းထန္ရင္ တစ္ႀကိမ္ႏွိပ္႐ုံနဲ႔ ေပ်ာက္ၿပီးျပင္းထန္ရင္ နာရီဝက္ျခားတစ္ႀကိမ္ ႏွိပ္ေပးပါ။ အမ်ားဆုံး ၃၄ ႀကိမ္ ႏွိပ္႐ုံျဖင့္ သက္သာေပ်ာက္ ကင္းႏိုင္ပါတယ္။ ယခု တင္ျပခ်က္မွာ စာေတြ႕မဟုတ္။ လက္ေတြ႕ ျဖစ္ပါတယ္။လူေတာ္ေတာ္မ်ားမ်ား အုံးလြဲတတ္ၾကပါတယ္။ အုံးလြဲလွ်င္ ဦးေခါင္းကို လွည့္မရေတာ့ပဲ အလြန္ နာက်င္တဲ့ေဝဒနာကို ခံစားရတတ္ပါ တယ္။

ဒီအခါမွာ ေဆးေသာက္ေဆးထိုး ဒဏ္ေက်ေဆးမ်ိဳးစုံလိမ္းၿပီး ႏွိပ္နယ္တတ္ၾကေပမဲ့ ေဝဒနာကား မသက္သာ။ နာက်င္ေနတဲ့ ႂကြက္သား မ်ားကို ႏွိပ္နယ္ျခင္းေၾကာင့္ နာက်င္တဲ့ဒဏ္ကို ပို၍ပင္ ခံစားရတတ္ပါတယ္။

(ေရာဂါကင္းလ်က္ လိုရာခရီး ေလွ်ာက္လွမ္းႏိုင္ၾကပါေစ)

Credit: ဦးပညာေဇာတ

UNICODE

အုံးလွဲရင် စိတ်ညစ်စရာမလို လက်တွေ့ပျောက်သည့် အကောင်းဆုံးနည်း

အုန်းလွဲလို့ ဘယ်မှလှည့်မရတော့ရင် ဦးခေါင်းရဲ့ ပထဝီကြော ခြေထောက်ကို သတိရလိုက်ပါ။ခြေဖဝါးစောင်းကို ဦးစွာနှိပ်ပါ။ ပြီးတော့ ခြေခ လယ်ကိုနှိပ်ပါ။ ပြီးရင် ခြေသူကြွယ်ကို နှိပ်ပါ။

မပြင်းထန်ရင် တစ်ကြိမ်နှိပ်ရုံနဲ့ ပျောက်ပြီးပြင်းထန်ရင် နာရီဝက်ခြားတစ်ကြိမ် နှိပ်ပေးပါ။ အများဆုံး ၃၄ ကြိမ် နှိပ်ရုံဖြင့် သက်သာပျောက် ကင်းနိုင်ပါတယ်။ ယခု တင်ပြချက်မှာ စာတွေ့မဟုတ်။ လက်တွေ့ ဖြစ်ပါတယ်။လူတော်တော်များများ အုံးလွဲတတ်ကြပါတယ်။ အုံးလွဲလျှင် ဦးခေါင်းကို လှည့်မရတော့ပဲ အလွန် နာကျင်တဲ့ဝေဒနာကို ခံစားရတတ်ပါ တယ်။

ဒီအခါမှာ ဆေးသောက်ဆေးထိုး ဒဏ်ကျေဆေးမျိုးစုံလိမ်းပြီး နှိပ်နယ်တတ်ကြပေမဲ့ ဝေဒနာကား မသက်သာ။ နာကျင်နေတဲ့ ကြွက်သား များကို နှိပ်နယ်ခြင်းကြောင့် နာကျင်တဲ့ဒဏ်ကို ပို၍ပင် ခံစားရတတ်ပါတယ်။

(ရောဂါကင်းလျက် လိုရာခရီး လျှောက်လှမ်းနိုင်ကြပါစေ)

Credit:  ဦးပညာဇောတ

Add a Comment

Your email address will not be published. Required fields are marked *