ေက်ာင္းဖြင့္ခ်ိန္တြင္ ေျပးဆြဲမည့္ႀကိဳ/ပို႔ယာဥ္မ်ား ေက်ာင္းသားဦးေရတစ္ဝက္သာ လိုက္ပါခြင့္ ျပဳမည္
|မၾကာမီေက်ာင္းဖြင့္ခ်ိန္မွာ School Bus ေက်ာင္းကား စီးနင္းမည့္ ေက်ာင္းသား/သူမ်ားသည္ ကိုဗစ္ ေရာဂါကူးစက္မႈ ႀကိဳတင္ကာကြယ္ ႏိုင္ ေစရန္ ေက်ာင္းကားအ တက္အဆင္းျပဳလုပ္ရာတြင္ ႏွာေခါင္းစည္း (Mask) မ်ားတပ္ဆင္ရမည္ျဖစ္ၿပီး Covid -19 ကာကြယ္ထိန္းခ်ဳပ္ ကုသေရး အမ်ိဳးသားအဆင့္ ၫႊန္ၾကားခ်က္မ်ားႏွင့္အညီ တက္ေရာက္သင္ၾကားၾကရမည္ျဖစ္ေၾကာင္း သိရသည္။ အေျခခံပညာေက်ာင္း မ်ားတြင္ ၂၀၁၉-၂၀၂၀ ပညာ သင္ႏွစ္မွစ၍ ရန္ကုန္တိုင္းအစိုးရအဖြဲ႕မွဝယ္ယူထားေသာ ေက်ာင္းကားအစီး ၂၀ဝ ရွိေၾကာင္း သိရသည္။
ထိုေက်ာင္းကားမ်ား အနက္ ေက်ာင္းကား ၉၂ စီးျဖင့္ ေက်ာင္းသားဦးေရ ၁၈၀ဝ ေက်ာ္ကို ေျပးဆြဲေပးလ်က္ရွိရာ ယခုႏွစ္ေက်ာင္းျပန္ဖြင့္ ခ်ိန္၌ School Bus မ်ား ထပ္တိုးေျပးဆြဲေပးႏိုင္ရန္ စီစဥ္ထားေၾကာင္းလည္း သိရသည္။ဇူလိုင္ ၂၁ ရက္မွစတင္၍ အေျခခံပညာေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္မည္ျဖစ္ရာ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ ေျပးဆြဲေပးေနသည့္ School Bus ေက်ာင္းႀကိဳ/ပို႔ယာဥ္မ်ားသည္ ေက်ာင္းသားဦးေရတစ္ဝက္သာ တင္ေဆာင္ေျပးဆြဲသြားရန္ စီစဥ္ထားေၾကာင္း သိရသည္။
ယင္းကိစၥကို ရန္ကုန္တိုင္းေဒသႀကီး အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္မႈအာဏာပိုင္အဖြဲ႕ (YRTA)ထံမွ ယေန႔ဇြန္ ၁၅ ရက္တြင္ သိရသည္။ေက်ာင္းကား စနစ္တြင္ ေက်ာင္းသားဦးေရ တစ္ဝက္သာ တင္ေဆာင္ေျပးဆြဲမည္ ဆိုပါက ေက်ာင္းကားစနစ္တြင္မပါဝင္ေသာ က်န္းမာေရးသတ္မွတ္ခ်က္ႏွင့္မကိုက္ညီသည့္ ျပင္ပမွ လုပ္ငန္းသုံးကားမ်ားပါ ေျပးဆြဲလာႏိုင္၍ School Bus ေက်ာင္းကားစနစ္ေပ်ာက္ သြားမည္ကို စိုးရိမ္မႈအခ်ိဳ႕လည္း ရွိေနသည္။
ေက်ာင္းေတြျပန္ဖြင့္တဲ့အခ်ိန္ က်န္းမာေရးဝန္ႀကီးဌာနကၫႊန္ၾကားထားတာရွိတယ္။ေက်ာင္းကားစနစ္ကို ေက်ာင္းသားဦးေရတစ္ဝက္ဘဲ တင္ေဆာင္ေျပးဆြဲဖို႔ ေဆြးေႏြးထားတာရွိတယ္။ ဒါေပမယ့္လည္း ေက်ာင္းသားတစ္ဝက္သာ တင္ေဆာင္ေျပးဆြဲမယ္ဆိုရင္ ေက်ာင္းကား အစီးေရကလည္းမေလာက္ေတာ့ ျပင္ပက ေက်ာင္းကားစနစ္သတ္မွတ္ခ်က္ထဲမပါဝင္တဲ့ Hiace လိုကားေတြ Hijet လို ကားေတြေျပးဆြဲ လာႏိုင္တယ္။ ေက်ာင္းကားစနစ္ေပ်ာက္သြားမွာလည္း စိုးရိမ္ရတယ္”ဟု (YRTA) အတြင္းေရးမႉး ေဒါက္တာေမာင္ေအာင္က ေျပာသည္။
REF: ျမန္မာတိုင္းစ္
UNICODE
ကျောင်းဖွင့်ချိန်တွင် ပြေးဆွဲမည့်ကြို/ပို့ယာဉ်များ ကျောင်းသားဦးရေတစ်ဝက်သာ လိုက်ပါခွင့် ပြုမည်
မကြာမီကျောင်းဖွင့်ချိန်မှာ School Bus ကျောင်းကား စီးနင်းမည့် ကျောင်းသား/သူများသည် ကိုဗစ် ရောဂါကူးစက်မှု ကြိုတင်ကာကွယ် နိုင် စေရန် ကျောင်းကားအ တက်အဆင်းပြုလုပ်ရာတွင် နှာခေါင်းစည်း (Mask) များတပ်ဆင်ရမည်ဖြစ်ပြီး Covid -19 ကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ညွှန်ကြားချက်များနှင့်အညီ တက်ရောက်သင်ကြားကြရမည်ဖြစ်ကြောင်း သိရသည်။ အခြေခံပညာကျောင်း များတွင် ၂၀၁၉-၂၀၂၀ ပညာ သင်နှစ်မှစ၍ ရန်ကုန်တိုင်းအစိုးရအဖွဲ့မှဝယ်ယူထားသော ကျောင်းကားအစီး ၂၀ဝ ရှိကြောင်း သိရသည်။
ထိုကျောင်းကားများ အနက် ကျောင်းကား ၉၂ စီးဖြင့် ကျောင်းသားဦးရေ ၁၈၀ဝ ကျော်ကို ပြေးဆွဲပေးလျက်ရှိရာ ယခုနှစ်ကျောင်းပြန်ဖွင့် ချိန်၌ School Bus များ ထပ်တိုးပြေးဆွဲပေးနိုင်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။ဇူလိုင် ၂၁ ရက်မှစတင်၍ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြေးဆွဲပေးနေသည့် School Bus ကျောင်းကြို/ပို့ယာဉ်များသည် ကျောင်းသားဦးရေတစ်ဝက်သာ တင်ဆောင်ပြေးဆွဲသွားရန် စီစဉ်ထားကြောင်း သိရသည်။
ယင်းကိစ္စကို ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့ (YRTA)ထံမှ ယနေ့ဇွန် ၁၅ ရက်တွင် သိရသည်။ကျောင်းကား စနစ်တွင် ကျောင်းသားဦးရေ တစ်ဝက်သာ တင်ဆောင်ပြေးဆွဲမည် ဆိုပါက ကျောင်းကားစနစ်တွင်မပါဝင်သော ကျန်းမာရေးသတ်မှတ်ချက်နှင့်မကိုက်ညီသည့် ပြင်ပမှ လုပ်ငန်းသုံးကားများပါ ပြေးဆွဲလာနိုင်၍ School Bus ကျောင်းကားစနစ်ပျောက် သွားမည်ကို စိုးရိမ်မှုအချို့လည်း ရှိနေသည်။
ကျောင်းတွေပြန်ဖွင့်တဲ့အချိန် ကျန်းမာရေးဝန်ကြီးဌာနကညွှန်ကြားထားတာရှိတယ်။ကျောင်းကားစနစ်ကို ကျောင်းသားဦးရေတစ်ဝက်ဘဲ တင်ဆောင်ပြေးဆွဲဖို့ ဆွေးနွေးထားတာရှိတယ်။ ဒါပေမယ့်လည်း ကျောင်းသားတစ်ဝက်သာ တင်ဆောင်ပြေးဆွဲမယ်ဆိုရင် ကျောင်းကား အစီးရေကလည်းမလောက်တော့ ပြင်ပက ကျောင်းကားစနစ်သတ်မှတ်ချက်ထဲမပါဝင်တဲ့ Hiace လိုကားတွေ Hijet လို ကားတွေပြေးဆွဲ လာနိုင်တယ်။ ကျောင်းကားစနစ်ပျောက်သွားမှာလည်း စိုးရိမ်ရတယ်”ဟု (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။
REF: မြန်မာတိုင်းစ်