ေရျဖဴၿမိဳ႕မွာ က‌ေလးငယ္အပါအဝင္ မိ သားစု လိုက္ (၃)ေလာင္းၿပိဳင္ အသတ္ ခံရမႈျဖစ္ၿပီး တရားခံရွာေဖြဆဲ ျဖစ္

လက္ရွိမွာ ေရျဖဴ ၿမိဳ႕မရဲစခန္းမွာ ပုဒ္မ ၃၀၂ နဲ႔အမႈဖြင့္ထားၿပီးတရားခံကို စုံစမ္းေနကာ မေန႔ကညပိုင္း မွာေတာ့ ခ႐ိုင္ရဲတပ္ဖြဲ႕ကပါ ကြင္း ဆင္းၿပီးစစ္ေဆးတာေတြကိုလုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။ ‘ ‘ ဒါမ်ိဳးအမႈႀကီးေတြမရွိခဲ့ဖူးဘူး။ စုံစမ္းစစ္ေဆးတာကိုေတာ့ ကြၽန္ေတာ္တို႔ ၿမိဳ႕မစခန္းကပဲဆက္လုပ္မွာပါ။ အခုကေတာ့ ဘာေၾကာင့္ဆိုတာေကာက္ခ်က္ေျပာဖို႔ေတာ့ေစာပါေသးတယ္။ ေျပာလို႔မရေသးပါဘူး။ အဖိုး တန္ပစၥည္းယူခ်င္လို႔ဘာလို႔ေတာ့ မဟုတ္ေလာက္ဘူး”လို႔ ေရျဖဴၿမိဳ႕မရဲစခန္း၊ ဒုရဲအုပ္ေဇာ္ထက္က ေျပာျပပါတယ္။

တန သၤာရီတိုင္းေဒသႀကီး၊ ေရျဖဴၿမိဳ႕၊ ဥဳသာရံရထားလမ္းေဘးအနီးမွာေနထိုင္တဲ့မိသားစုတစ္စုဟာ ဇြန္၁၃ရက္ေန႔က အသက္တစ္ႏွစ္ခြဲ ဝန္းက်င္ကေလးငယ္တစ္ဦးအပါအဝင္ တစ္မိသားစုလုံးအသတ္ခံခဲ့တယ္လို႔ ေရျဖဳၿမိဳ႕မရဲစခန္းက ဒုရဲအုပ္ေဇာ္ထက္က ဘီဘီစီကိုေျပာပါ တယ္။ ေသဆုံးသူေတြထဲက အသက္ ၂၆ႏွစ္အ႐ြယ္ရွိအိမ္ေထာင္ဦးစီးျဖစ္သူအမ်ိဳးသားဟာ ရထားဝန္ထမ္းတစ္ဦးျဖစ္ၿပီးအဆိုပါေနရာမွာ ကားလမ္းနဲ႔ရထားလမ္းဆုံရာ ရထားလမ္းအဖြင့္အပိတ္ကို လုပ္ေဆာင္ေပးသူျဖစ္တယ္လို႔ အဆိုပါေနရာအနီးေဒသခံေတြကေျပာပါတယ္။

‘ေသသူအမ်ိဳးသားရဲ႕အေမကသူတို႔ဆီေန႔တိုင္းဖုန္းဆက္ေနၾကကို မေန႔ကဆက္မရလို႔လာၾကည့္ေတာ့ တံခါးက အျပင္ကေသာ့ပိတ္ထား တယ္လို႔ေျပာတယ္။ သူအထဲကိုဖုန္းမီးနဲ႔ထိုးၿပီး ေခ်ာင္းၾကည့္ေတာ့ အထဲမယ္အကုန္လုံးေသေနတာေတြ႕ရလို႔ ရပ္ကြက္လူႀကီးေတြကို အ ေၾကာင္းၾကား။ ရပ္ကြက္ကရဲစခန္းကိုအေၾကာင္းၾကားလို႔ ကြၽန္ေတာ္တို႔သြားေတာ့ ည ဆယ္နာရီ ေလာက္ရွိေနၿပီ။ အခုထိေတာ့တရားခံ ေတြကို စုံစမ္းဆဲပါ”လို႔ ေရျဖဴၿမိဳ႕မရဲစခန္းဒုရဲအုပ္ေဇာ္ထက္ကေျပာျပပါတယ္။

ေသဆုံးသူအမ်ိဳးသား၊ အမ်ိဳးသမီးနဲ႔ကေလးငယ္တို႔ဟာ ဓားဒဏ္ရာအမ်ားအျပားနဲ႔ေသဆုံးေနတာကိုေတြ႕ခဲ့ရတယ္လို႔ ေသဆုံးသူ႐ုပ္အ ေလာင္းေတြကိုသြားေရာက္သယ္ယူေပးခဲ့တဲ့ ျမင့္ျမတ္ ေရျဖဴအသင္းကကိုသက္ဦးက ေျပာျပပါတယ္။ ‘ ‘ အိမ္ကေျခတံရွည္အိမ္ေလး၊ ေလွ ကားကအတက္ေနရာအနီး အိပ္ခန္းအျပင္နားမွာ ၃ေယာက္လုံးတစ္ေနရာထဲပဲစုေသေနတာ။ ခုခံထားတဲ့ပုံစံ ႐ုန္ရင္းဆန္ခတ္ျဖစ္ထားတဲ့ အေျခအေနကို ေတာ့ေတြ႕ရတယ္။ သူတို႔ကအိမ္က႐ြာထဲမွာမဟုတ္ဘူး။ သူတို႔ေနတဲ့အိမ္ရဲ႕ဘယ္ဖက္မွာအိမ္မရွိဘူး။

သူတို႔အိမ္ရဲ႕ညာဖက္ ကိုက္၃ရာေလာက္မွာ ေဈးဆိုင္တစ္ဆိုင္ရွိတယ္။ အဲဒါကအနီးဆုံးပဲ။ အသံေတြဘာေတြမၾကားရေလာက္ဘူး”လို႔ အ ခင္းျဖစ္ရာေနရာမွာေတြ႕ျမင္ခဲ့ရတဲ့အေျခအေနကိုကိုသက္ဦးကျပန္လည္ေျပာျပပါတယ္။ေသဆုံးသူမိသားစုဟာဝန္ထမ္းမိသားစုျဖစ္ၿပီး မိသားစုေဆြမ်ိဳးသားခ်င္းမ်ားမွာလည္း ထားဝယ္ၿမိဳ႕နယ္မွာပဲရွိကာ အဆိုပါအခင္းျဖစ္ရာေရျဖဴၿမိဳ႕နယ္၊ ဂငယ္ရပ္ကြက္ကို ေျပာင္းလာတာ ဟာ တစ္ႏွစ္ခြဲဝန္းက်င္ခန႔္သာရွိေသးတယ္လို႔လည္း သိရပါတယ္။

အဆိုပါေနရာအနီးေနထိုင္သူအခ်ိဳ႕ရဲ႕ေျပာျပခ်က္ကို ေရျဖဴၿမိဳ႕နယ္၊လႊတ္ေတာ္ကိုယ္စားလွယ္ဦးလွေထြးက ေျပာျပ ပါတယ္။ ‘ ကြၽန္ေတာ္ တို႔ကိုလည္း သူတို႔နဲ႔အနီးဆုံးကေဈးဆိုင္ကသူေတြလွမ္းအေၾကာင္းၾကားလို႔သိတာ။ သူတို႔ေျပာျပခ်က္အရေတာ့ တခါတေလ ေဈးဆိုင္မွာ ေဈးလာဝယ္တာရွိတယ္။ ကိစၥရွိရင္ ထားဝယ္ဘက္ကိုသြားတယ္။ တျခားသူေတြနဲ႔ အဆက္စပ္ရွိတာေတာ့ မေတြ႕ရဘူးလို႔ ေျပာ ၾကတယ္။ အဖိုးတန္ပစၥည္းလည္းမရွိေလာက္ဘူး။ ကြၽန္ေတာ္တို႔ေတြ႕ရသေလာက္ေတာ့”လို႔ ျမင့္ျမင္ေရျဖဴအသင္းက ကိုသက္ဦးက ေျပာျပပါတယ္။

REF: ဘီဘီစီ

UNICODE

ရေဖြူမြို့မှာ က‌လေးငယ်အပါအဝင် မိ သားစု လိုက် (၃)လောင်းပြိုင် အသတ် ခံရမှုဖြစ်ပြီး တရားခံရှာဖွေဆဲ ဖြစ်

လက်ရှိမှာ ရေဖြူ မြို့မရဲစခန်းမှာ ပုဒ်မ ၃၀၂ နဲ့အမှုဖွင့်ထားပြီးတရားခံကို စုံစမ်းနေကာ မနေ့ကညပိုင်း မှာတော့ ခရိုင်ရဲတပ်ဖွဲ့ကပါ ကွင်း ဆင်းပြီးစစ်ဆေးတာတွေကိုလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ‘ ‘ ဒါမျိုးအမှုကြီးတွေမရှိခဲ့ဖူးဘူး။ စုံစမ်းစစ်ဆေးတာကိုတော့ ကျွန်တော်တို့ မြို့မစခန်းကပဲဆက်လုပ်မှာပါ။ အခုကတော့ ဘာကြောင့်ဆိုတာကောက်ချက်ပြောဖို့တော့စောပါသေးတယ်။ ပြောလို့မရသေးပါဘူး။ အဖိုး တန်ပစ္စည်းယူချင်လို့ဘာလို့တော့ မဟုတ်လောက်ဘူး”လို့ ရေဖြူမြို့မရဲစခန်း၊ ဒုရဲအုပ်ဇော်ထက်က ပြောပြပါတယ်။

တန င်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့၊ ဥုသာရံရထားလမ်းဘေးအနီးမှာနေထိုင်တဲ့မိသားစုတစ်စုဟာ ဇွန်၁၃ရက်နေ့က အသက်တစ်နှစ်ခွဲ ဝန်းကျင်ကလေးငယ်တစ်ဦးအပါအဝင် တစ်မိသားစုလုံးအသတ်ခံခဲ့တယ်လို့ ရေဖြုမြို့မရဲစခန်းက ဒုရဲအုပ်ဇော်ထက်က ဘီဘီစီကိုပြောပါ တယ်။ သေဆုံးသူတွေထဲက အသက် ၂၆နှစ်အရွယ်ရှိအိမ်ထောင်ဦးစီးဖြစ်သူအမျိုးသားဟာ ရထားဝန်ထမ်းတစ်ဦးဖြစ်ပြီးအဆိုပါနေရာမှာ ကားလမ်းနဲ့ရထားလမ်းဆုံရာ ရထားလမ်းအဖွင့်အပိတ်ကို လုပ်ဆောင်ပေးသူဖြစ်တယ်လို့ အဆိုပါနေရာအနီးဒေသခံတွေကပြောပါတယ်။

‘သေသူအမျိုးသားရဲ့အမေကသူတို့ဆီနေ့တိုင်းဖုန်းဆက်နေကြကို မနေ့ကဆက်မရလို့လာကြည့်တော့ တံခါးက အပြင်ကသော့ပိတ်ထား တယ်လို့ပြောတယ်။ သူအထဲကိုဖုန်းမီးနဲ့ထိုးပြီး ချောင်းကြည့်တော့ အထဲမယ်အကုန်လုံးသေနေတာတွေ့ရလို့ ရပ်ကွက်လူကြီးတွေကို အ ကြောင်းကြား။ ရပ်ကွက်ကရဲစခန်းကိုအကြောင်းကြားလို့ ကျွန်တော်တို့သွားတော့ ည ဆယ်နာရီ လောက်ရှိနေပြီ။ အခုထိတော့တရားခံ တွေကို စုံစမ်းဆဲပါ”လို့ ရေဖြူမြို့မရဲစခန်းဒုရဲအုပ်ဇော်ထက်ကပြောပြပါတယ်။

သေဆုံးသူအမျိုးသား၊ အမျိုးသမီးနဲ့ကလေးငယ်တို့ဟာ ဓားဒဏ်ရာအများအပြားနဲ့သေဆုံးနေတာကိုတွေ့ခဲ့ရတယ်လို့ သေဆုံးသူရုပ်အ လောင်းတွေကိုသွားရောက်သယ်ယူပေးခဲ့တဲ့ မြင့်မြတ် ရေဖြူအသင်းကကိုသက်ဦးက ပြောပြပါတယ်။ ‘ ‘ အိမ်ကခြေတံရှည်အိမ်လေး၊ လှေ ကားကအတက်နေရာအနီး အိပ်ခန်းအပြင်နားမှာ ၃ယောက်လုံးတစ်နေရာထဲပဲစုသေနေတာ။ ခုခံထားတဲ့ပုံစံ ရုန်ရင်းဆန်ခတ်ဖြစ်ထားတဲ့ အခြေအနေကို တော့တွေ့ရတယ်။ သူတို့ကအိမ်ကရွာထဲမှာမဟုတ်ဘူး။ သူတို့နေတဲ့အိမ်ရဲ့ဘယ်ဖက်မှာအိမ်မရှိဘူး။

သူတို့အိမ်ရဲ့ညာဖက် ကိုက်၃ရာလောက်မှာ ဈေးဆိုင်တစ်ဆိုင်ရှိတယ်။ အဲဒါကအနီးဆုံးပဲ။ အသံတွေဘာတွေမကြားရလောက်ဘူး”လို့ အ ခင်းဖြစ်ရာနေရာမှာတွေ့မြင်ခဲ့ရတဲ့အခြေအနေကိုကိုသက်ဦးကပြန်လည်ပြောပြပါတယ်။သေဆုံးသူမိသားစုဟာဝန်ထမ်းမိသားစုဖြစ်ပြီး မိသားစုဆွေမျိုးသားချင်းများမှာလည်း ထားဝယ်မြို့နယ်မှာပဲရှိကာ အဆိုပါအခင်းဖြစ်ရာရေဖြူမြို့နယ်၊ ဂငယ်ရပ်ကွက်ကို ပြောင်းလာတာ ဟာ တစ်နှစ်ခွဲဝန်းကျင်ခန့်သာရှိသေးတယ်လို့လည်း သိရပါတယ်။

အဆိုပါနေရာအနီးနေထိုင်သူအချို့ရဲ့ပြောပြချက်ကို ရေဖြူမြို့နယ်၊လွှတ်တော်ကိုယ်စားလှယ်ဦးလှထွေးက ပြောပြ ပါတယ်။ ‘ ကျွန်တော် တို့ကိုလည်း သူတို့နဲ့အနီးဆုံးကဈေးဆိုင်ကသူတွေလှမ်းအကြောင်းကြားလို့သိတာ။ သူတို့ပြောပြချက်အရတော့ တခါတလေ ဈေးဆိုင်မှာ ဈေးလာဝယ်တာရှိတယ်။ ကိစ္စရှိရင် ထားဝယ်ဘက်ကိုသွားတယ်။ တခြားသူတွေနဲ့ အဆက်စပ်ရှိတာတော့ မတွေ့ရဘူးလို့ ပြော ကြတယ်။ အဖိုးတန်ပစ္စည်းလည်းမရှိလောက်ဘူး။ ကျွန်တော်တို့တွေ့ရသလောက်တော့”လို့ မြင့်မြင်ရေဖြူအသင်းက ကိုသက်ဦးက ပြောပြပါတယ်။

REF:   ဘီဘီစီ

Add a Comment

Your email address will not be published. Required fields are marked *