(၁၀)တန္းေအာင္စာရင္း မ်ားကို ပုံစံ (၃) မ်ိဳးျဖင့္ ထုတ္ျပန္မည္ဟု အေျခခံပညာဒု-ၫႊန္ခ်ဳပ္ေျပာ

(၁၀)တန္းေအာင္စာရင္းကို အြန္လိုင္း သုံးစြဲႏိုင္တဲ့ေက်ာင္းသား၊ ေက်ာင္းသူေတြအေနနဲ႔ အြန္လိုင္း ကေနၾကည့္ႏိုင္သလို အြန္လိုင္း ဝန္ ေဆာင္မႈ မရွိတဲ့သူေတြအေန နဲ႔ ေရဒီယိုကေန နားေထာင္တာ၊ သက္ဆိုင္ရာေက်ာင္းေတြမွာ သြားေရာက္ၾကည့္ရႈ တာေတြ လုပ္ေဆာင္ ႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။

တကၠသိုလ္ဝင္တန္းေအာင္ စာရင္းေတြကို ပုံမွန္ေအာင္ စာရင္းကပ္တာ၊ ေရဒီယိုနဲ႔အြန္လိုင္းအစရွိတဲ့ ပုံစံသုံးမ်ိဳးအ သုံးျပဳၿပီးထုတ္ျပန္ေပး သြားမွာျဖစ္တယ္လို႔ အေျခခံပညာဦးစီးဌာန၊ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာ တင္ေမာင္ဝင္းကေျပာပါတယ္။ ‘ေက်ာင္းေတြမွာ ပုံမွန္ေအာင္ စာရင္းကပ္တာ၊ ေရဒီယိုနဲ႔ အြန္လိုင္းကေနေၾကညာတာေတြ ျပဳလုပ္ေပးမွာ ျဖစ္ပါတယ္။

ပညာေရးဝန္ႀကီးဌာနရဲ႕ အြန္လိုင္းစာမ်က္ႏွာကေၾကညာတာ၊ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနက ေနထုတ္ျပန္တဲ့ ေန႔မနက္ေစာေစာ ကစၿပီး တိုင္းေဒသႀကီးနဲ႔ျပည္နယ္ အလိုက္ေၾကညာတာေတြလုပ္သြားမွာပါ။ ဩဂုတ္လေရာက္ မွ ေအာင္စာရင္းေတြထြက္ လာမွာျဖစ္တဲ့ အတြက္ အဲဒီအခ်ိန္မွာ အေျခအေနအေပၚမူတည္ၿပီး အေကာင္းဆုံးျဖစ္ေအာင္ လုပ္ေဆာင္သြားမွာ ပါ”လို႔ေဒါက္တာတင္ေမာင္ဝင္းက ေျပာပါတယ္။

crd : whitesone

UNICODE

(၁၀)တန်းအောင်စာရင်း များကို ပုံစံ (၃) မျိုးဖြင့် ထုတ်ပြန်မည်ဟု အခြေခံပညာဒု-ညွှန်ချုပ်ပြော

(၁၀)တန်းအောင်စာရင်းကို အွန်လိုင်း သုံးစွဲနိုင်တဲ့ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ အွန်လိုင်း ကနေကြည့်နိုင်သလို အွန်လိုင်း ဝန် ဆောင်မှု မရှိတဲ့သူတွေအနေ နဲ့ ရေဒီယိုကနေ နားထောင်တာ၊ သက်ဆိုင်ရာကျောင်းတွေမှာ သွားရောက်ကြည့်ရှု တာတွေ လုပ်ဆောင် နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

တက္ကသိုလ်ဝင်တန်းအောင် စာရင်းတွေကို ပုံမှန်အောင် စာရင်းကပ်တာ၊ ရေဒီယိုနဲ့အွန်လိုင်းအစရှိတဲ့ ပုံစံသုံးမျိုးအ သုံးပြုပြီးထုတ်ပြန်ပေး သွားမှာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်းကပြောပါတယ်။ ‘ကျောင်းတွေမှာ ပုံမှန်အောင် စာရင်းကပ်တာ၊ ရေဒီယိုနဲ့ အွန်လိုင်းကနေကြေညာတာတွေ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာနရဲ့ အွန်လိုင်းစာမျက်နှာကကြေညာတာ၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက နေထုတ်ပြန်တဲ့ နေ့မနက်စောစော ကစပြီး တိုင်းဒေသကြီးနဲ့ပြည်နယ် အလိုက်ကြေညာတာတွေလုပ်သွားမှာပါ။ ဩဂုတ်လရောက် မှ အောင်စာရင်းတွေထွက် လာမှာဖြစ်တဲ့ အတွက် အဲဒီအချိန်မှာ အခြေအနေအပေါ်မူတည်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားမှာ ပါ”လို့ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။

crd :   whitesone

Add a Comment

Your email address will not be published. Required fields are marked *