




REF: MINISTRY OF HEALTH

UNICODE

(၁၅-၆-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီCOVID-19 အတည်ပြုလူနာသစ်(၁)ဦး ထပ်တွေ့၍စုစုပေါင်း(၂၆၂)ဦး ရှိပြီဖြစ်

(၁၄-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများအနေဖြင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ (ပထမအသုတ်နှင့် ဒုတိယ အသုတ်)ဓာတ်ခွဲနမူနာ (၁,၂၄၁)ခု ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၁၆၄)ခု၊

ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL-MDY)မှ ဓာတ်ခွဲနမူနာ (၃၇၅)ခုနှင့် ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော် ဆေး ရုံကြီး၊ ခုတင် (၁၀၀၀)မှ ဓာတ်ခွဲနမူနာ (၂၁၄)ခု၊ စုစုပေါင်းဓာတ်ခွဲနမူနာ (၁,၉၉၄)ခုအား စစ်ဆေးပြီးစီးခဲ့ပါသည်။ (၁၄-၆-၂၀၂၀) ရက်နေ့ အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးရာတွင် –

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ ထပ်မံစစ်ဆေးပြီးခဲ့သော ဓာတ်ခွဲနမူနာ (၅၆၃)ခုနှင့် ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး၊ ခုတင် (၁၀၀၀)မှ စစ်ဆေးပြီးခဲ့သော ဓာတ်ခွဲနမူနာ (၂၁၄)ခု၊ စုစုပေါင်း (၇၇၇) ခုတွင်-COVID-19 ရောဂါ ဓာတ် ခွဲ အတည်ပြုလူနာသစ် (၁) ဦးတွေ့ရှိရပါသည်။

(၁၅-၆-၂၀၂၀)ရက်နေ့၊ နံနက် (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၂၆၂) ဦးရှိပါသည်။

REF:    MINISTRY  OF  HEALTH

Add a Comment

Your email address will not be published. Required fields are marked *