ကိုဗစ္ရဲ႕ သားေကာင္ ျဖစ္ဦးမယ့္ ေနာက္ထပ္ အာရွ ႏိုင္ငံ တစ္ခုအေၾကာင္း သိၿပီးၾကပလား?
|ပါကစၥတန္ႏိုင္ငံရွိ လူအေတာ္ မ်ားမ်ားဟာ အစိုးရကခ်မွတ္ထားတဲ့ ကာကြယ္ထိန္းခ်ဳပ္ေရးဆိုင္ရာ စည္ကမ္းမ်ားကို လိုက္နာမႈမရွိၾကဘဲ ႏွာေခါင္းစည္းမ်ားလည္း တပ္ေလ့ မရွိတာကို သိရပါတယ္။ အဲဒါေၾကာင့္ လြန္ခဲ့တဲ့ရက္သတၱ ၂ပတ္ခန႔္မွစၿပီး ကူးစက္မႈမ်ား တိုးပြားလာခဲ့ ၿပီး ေသဆုံးသူ ဦးေရလည္း ျမင့္တက္လာခဲ့ပါတယ္။
ပါကစၥတန္တႏိုင္ငံလုံးရွိ ေဆး႐ုံ မ်ားတြင္လည္း ကိုဗစ္လူနာ အသစ္ကို လက္မခံႏိုင္ေတာ့တဲ့ အေျခအေနကို ေရာက္ရွိေနပါတယ္။ ကိုဗစ္ လူနာသစ္ကို လုံးဝ လက္မခံေတာ့တဲ့ အေျခအေနျဖစ္ေနပါတယ္။အမွန္တကယ္ လိုအပ္တဲ့ ေနရာေတြမွာ ေလာ့ ေဒါင္းခ်တာေတြ ထပ္ၿပီး မလုပ္ရင္ေတာ့ ဇူလိုင္လအတြင္းမွာ ကူးစက္ခံရသူ ၈ သိန္းခန႔္အထိ ရွိလာႏိုင္တယ္လို႔ WHOက သတိေပးထားပါတယ္။
ပါကစၥတန္တြင္ ဧၿပီ ၁ ရက္ေန႔မွ ေလာ့ေဒါင္း ခ်ခဲ့ၿပီး ေမလ ၂၂ ရက္ေန႔တြင္ ေလာ့ေဒါင္းအစီအစဥ္ကို ျပန္လည္ ႐ုပ္သိမ္းခဲ့ေသာေၾကာင့္ ကမာၻ႔ က်န္းမာေရးအဖြဲ႕ႀကီးက ေဝဖန္ခဲ့ပါတယ္။ ပါကစၥတန္ႏိုင္ငံတြင္ ၿပီးခဲ့သည့္ ၂၄ နာရီအတြင္း ကူးစက္မႈ အသစ္ ၅၂၄၈ ခုကို စစ္ေဆး ေတြ႕ရွိခဲ့ၿပီး၊ ထပ္မံေသဆုံးသူ ၉၇ ဦးရွိခဲ့ပါတယ္။
ပါကစၥတန္ႏိုင္ငံတြင္ ဇူလိုင္လကုန္ထိ ကူးစက္သူ ဦးေရ တစ္သန္းအထိရွိလာႏိုင္ဖြယ္ရွိေၾကာင္း ကြၽမ္းက်င္သူပညာရွင္တို႔က ခန႔္မွန္း ထား ၾကပါတယ္။ လူဦးေရ သန္း ၂၂၀ ေက်ာ္ ရွိၿပီး လူေနထူထပ္တဲ့ ပါကစၥတန္ႏိုင္ငံမွာ လက္ရွိအခ်ိန္အထိ ကိုဗစ္ ကူးစက္ျခင္းခံရသူ စုစုေပါင္း ၁၄၄၄၇၈ ဦးရွိကာ၊ ယင္းေရာဂါေၾကာင့္ ေသဆုံးသူ စုစုေပါင္း ၂၇၂၉ ဦးရွိၿပီျဖစ္ပါတယ္။
ဒါေပမယ့္ ယခုဇြန္လကုန္တြင္ ကူးစက္ခံ ရသူဦးေရ ၂ ဆခန႔္ျဖစ္လာႏိုင္ၿပီး၊ အဆိုပါႏႈန္းအတိုင္းဆက္သြားပါက ဇူလိုင္လကုန္တြင္ ကူးစက္ခံ ရသူ စုစုေပါင္း ၁.၂သန္းအထိျဖစ္လာႏိုင္ေၾကာင္း ကြၽမ္းက်င္သူ ပညာရွင္တို႔က ခန႔္မွန္းထားၾကပါတယ္။
crd : white sone
ကိုဗစ်ရဲ့ သားကောင် ဖြစ်ဦးမယ့် နောက်ထပ် အာရှ နိုင်ငံ တစ်ခုအကြောင်း သိပြီးကြပလား?
ပါကစ္စတန်နိုင်ငံရှိ လူအတော် များများဟာ အစိုးရကချမှတ်ထားတဲ့ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်ကမ်းများကို လိုက်နာမှုမရှိကြဘဲ နှာခေါင်းစည်းများလည်း တပ်လေ့ မရှိတာကို သိရပါတယ်။ အဲဒါကြောင့် လွန်ခဲ့တဲ့ရက်သတ္တ ၂ပတ်ခန့်မှစပြီး ကူးစက်မှုများ တိုးပွားလာခဲ့ ပြီး သေဆုံးသူ ဦးရေလည်း မြင့်တက်လာခဲ့ပါတယ်။
ပါကစ္စတန်တနိုင်ငံလုံးရှိ ဆေးရုံ များတွင်လည်း ကိုဗစ်လူနာ အသစ်ကို လက်မခံနိုင်တော့တဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။ ကိုဗစ် လူနာသစ်ကို လုံးဝ လက်မခံတော့တဲ့ အခြေအနေဖြစ်နေပါတယ်။အမှန်တကယ် လိုအပ်တဲ့ နေရာတွေမှာ လော့ ဒေါင်းချတာတွေ ထပ်ပြီး မလုပ်ရင်တော့ ဇူလိုင်လအတွင်းမှာ ကူးစက်ခံရသူ ၈ သိန်းခန့်အထိ ရှိလာနိုင်တယ်လို့ WHOက သတိပေးထားပါတယ်။
ပါကစ္စတန်တွင် ဧပြီ ၁ ရက်နေ့မှ လော့ဒေါင်း ချခဲ့ပြီး မေလ ၂၂ ရက်နေ့တွင် လော့ဒေါင်းအစီအစဉ်ကို ပြန်လည် ရုပ်သိမ်းခဲ့သောကြောင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက ဝေဖန်ခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကူးစက်မှု အသစ် ၅၂၄၈ ခုကို စစ်ဆေး တွေ့ရှိခဲ့ပြီး၊ ထပ်မံသေဆုံးသူ ၉၇ ဦးရှိခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံတွင် ဇူလိုင်လကုန်ထိ ကူးစက်သူ ဦးရေ တစ်သန်းအထိရှိလာနိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူပညာရှင်တို့က ခန့်မှန်း ထား ကြပါတယ်။ လူဦးရေ သန်း ၂၂၀ ကျော် ရှိပြီး လူနေထူထပ်တဲ့ ပါကစ္စတန်နိုင်ငံမှာ လက်ရှိအချိန်အထိ ကိုဗစ် ကူးစက်ခြင်းခံရသူ စုစုပေါင်း ၁၄၄၄၇၈ ဦးရှိကာ၊ ယင်းရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၂၇၂၉ ဦးရှိပြီဖြစ်ပါတယ်။
ဒါပေမယ့် ယခုဇွန်လကုန်တွင် ကူးစက်ခံ ရသူဦးရေ ၂ ဆခန့်ဖြစ်လာနိုင်ပြီး၊ အဆိုပါနှုန်းအတိုင်းဆက်သွားပါက ဇူလိုင်လကုန်တွင် ကူးစက်ခံ ရသူ စုစုပေါင်း ၁.၂သန်းအထိဖြစ်လာနိုင်ကြောင်း ကျွမ်းကျင်သူ ပညာရှင်တို့က ခန့်မှန်းထားကြပါတယ်။
crd : white sone