ကိုဗစ္- ၁၉ ပထမလႈိင္းကို ေအာင္ျမင္စြာ ေက်ာ္ျဖတ္ႏိုင္ ခဲ့ၿပီး “ကိုဗစ္ ဒုတိယလိႈင္းအတြက္ ျပင္ဆင္ထားၾကရန္ ေဒၚေအာင္ဆန္းစုၾကည္ ေျပာ

လတ္တေလာ ေရာဂါစစ္ေဆးေတြ႕ရွိခ်က္ေတြအရ ျမန္မာျပည္တြင္း မွာ ကိုဗစ္-၁၉ ေရာဂါကူးစက္မႈႏႈန္း သိသိသာသာ ေလ်ာ့နည္းသြားၿပီ ျဖစ္ၿပီး ျပည္ပႏိုင္ငံေတြက ျပန္လာသူေတြဆီကသာ အဓိက ကူးစက္ခံေနရတာ ျဖစ္ပါတယ္။ကြၽန္မတို႔မွာ လသာတုန္း ဗိုင္းငင္ ဆိုတဲ့စကား ရွိပါတယ္။ အဂၤလိပ္ေတြကေတာ့ ေနပူတုန္းေကာက္႐ိုးစု လို႔ဆိုပါတယ္။ လုပ္သင့္လုပ္ထိုက္ တာကို လုပ္ဖို႔ အေကာင္းဆုံးအခ်ိန္မွာ လုပ္ၾက ပါလို႔ သတိေပးတာပါပဲ။ယခုမိုးရာသီေရာက္ၿပီဆိုေတာ့ မိုးေရခံဖို႔၊ ေလွာင္ဖို႔ အေကာင္းဆုံး အ ခ်ိန္ပါ။

ေႏြအခါ ေရရွားပါးမႈ အခက္အခဲတားဆီးထားဖို႔ ႀကိဳတင္ျပင္ ဆင္ျခင္းပါပဲ။ ‘ေနာင္ေရးရန္ပုံေငြ’သေဘာမ်ိဳးေပါ့။ ႏိုင္ငံမ်ားဟာ ေနာင္ျဖစ္ ႏိုင္ေျခရွိတာေတြကို မွန္းဆၿပီး ျဖစ္လာသမွ်ကို ရင္ဆိုင္ေျဖရွင္းဖို႔ ႀကိဳးစားရပါတယ္။ Covid လိုႀကိဳတင္မွန္းဆလို႔ မရတဲ့ အေရးေပၚအေျခ အေနေတြ ကိုလည္း ေက်ာ္လႊားႏိုင္ဖို႔ ရိကၡာ၊ ဘ႑ာေငြ စသည္တို႔ လုံေလာက္ေရးကို သတိျပဳရတာက အစိုးရတစ္ ရပ္ရဲ႕ နိစၥဓူဝ တာဝန္ပါ ပဲ။ ပထမ covid လႈိင္းကို ကြၽန္မတို႔ ေအာင္ျမင္စြာ ေက်ာ္ျဖတ္ ခဲ့ပါၿပီ။ ဒုတိယက ပိုခက္ခဲမယ္ လို႔ ခန႔္မွန္းတာေတြ ရွိပါတယ္။

အေကာင္းဆုံးကို ေမွ်ာ္လင့္ၿပီး၊ အဆိုးဆုံးအတြက္ အသင့္ျပင္ ဆင္ ထားရပါမယ္(ေဒၚေအာင္ဆန္းစုၾကည္) ျမန္မာႏိုင္ငံအေနနဲ႔ ကိုဗစ္-၁၉ ကမာၻ႔ကပ္ေရာဂါ ပထမလႈိင္းကို ေအာင္ျမင္စြာ ေက်ာ္ျဖတ္ခဲ့ၿပီး ျဖစ္ေပမယ့္ ဒုတိယက ပိုခက္ခဲမယ္လို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚ ေအာင္ဆန္းစုၾကည္က သူ႔ရဲ႕ လူမႈကြန္ရက္ ေဖ့စ္ဘြတ္ခ္ကတဆင့္ ေျပာၾကားလိုက္ပါတယ္။ဒီလို႐ုပ္ပိုင္းဆိုင္ရာအားေတြ စုထားျခင္းထက္ ပိုအေရးမပါရင္ေတာင္ မွ နည္းတူအေရးပါတာကေတာ့ ‘ေနာင္ေရးစိတ္ဓါတ္ရန္ပုံေငြ’လို႔ ေျပာ ခ်င္ပါတယ္။

သမိုင္းမွာ က်န္ရစ္ၿပီး ေနာင္လာေနာက္သားေတြ အ တြက္ သုံးမကုန္ႏိုင္တဲ့ စိတ္ဓါတ္အေမြပါ။ ရည္႐ြယ္ခ်က္၊ ဆႏၵ ေအာင္ ပြဲ ဆင္ႏိုင္တဲ့ သမိုင္းျဖစ္စဥ္ေတြဟာ ဒီလိုအေမြေတြအျဖစ္ က်န္ခဲ့မွာပါ။ဒီအေမြေတြ စုဖို႔ ျပည္သူေတြပါမွ ျဖစ္မွာပါ။ ယခု ပထမ covid လႈိင္းကို ကြၽန္မတို႔ ေအာင္ျမင္စြာ ေက်ာ္ျဖတ္ခဲ့ပါၿပီ။ ဒုတီယက ပိုခက္ခဲမယ္လို႔ ခန႔္မွန္းတာေတြရွိပါတယ္။ ဘယ္လိုပဲျဖစ္ ျဖစ္၊ အေကာင္းဆုံးကို ေမွ်ာ္လင့္ၿပီး၊ အဆိုးဆုံးအတြက္ အသင့္ျပင္ ဆင္ ထားရပါမယ္။

ေက်းဇူးရွင္ ေ႐ႊေတာင္ကုန္း ဆရာေတာ္ ဘုရားႀကီးက ဝီရိယနဲ႔ ပတ္ သက္လို႔ မေမ့မေလ်ာ့၊ မွတ္သားထားရမယ့္ ဩဝါဒ ခ်ီးျမႇင့္ေတာ္ မူခဲ့ပါတယ္။ေလးဆင့္ေသာ ဝီရိယ၊ ပထမက လုပ္ငန္းတစ္ရပ္ စရန္ ဆုံးျဖတ္ျခင္း၊ ဒုတိယက ဆုံးျဖတ္ခ်က္အရ စလုပ္ျခင္း၊ တတိယက အခက္အခဲနဲ႔ ႀကဳံရလည္း ဆက္လုပ္ျခင္း၊ ေနာက္ဆုံးစတုတၳအဆင့္ကေတာ့ ရႈံးနိမ့္သကဲ့သို႔ျဖစ္ရင္ေတာင္ မေလွ်ာ့ေသာ ဇြဲျဖင့္ ဆက္လုပ္ ျခင္း ျဖစ္ပါတယ္။ကြၽန္မတို႔ေတြ ဒုတိယဝီရိယ အဆင့္က တတိယအဆင့္ အကူးေလာက္ပဲ ရွိပါေသးတယ္။

ေနာင္လာေနာက္သားေတြ အတြက္ ဝီရိယအေမြေကာင္းေတြ ထားခဲ့ဖို႔ စုလုပ္ ၾကရေအာင္။လို႔ ေဒၚေအာင္ဆန္းစုၾကည္ က ေရးသားထား ပါတယ္။ျမန္မာႏိုင္ငံမွာ ဒီေန႔မနက္ ၈ နာရီအထိ ကိုဗစ္-၁၉ အတည္ျပဳလူနာ ၂၆၂ ဦး၊ ေသဆုံးသူ ၆ ဦး၊ ေရာဂါပိုးကင္းစင္လာသူ ၁၇၅ ဦးနဲ႔ အဲဒီထဲက ၁၆၀ ဦးအား ေဆး႐ုံမွ ဆင္းခြင့္ျပဳခဲ့ၿပီး ျဖစ္ပါတယ္။

crd : pan pyoe lat

UNICODE

ကိုဗစ်- ၁၉ ပထမလှိုင်းကို အောင်မြင်စွာ ကျော်ဖြတ်နိုင် ခဲ့ပြီး “ကိုဗစ် ဒုတိယလှိုင်းအတွက် ပြင်ဆင်ထားကြရန် ဒေါ်အောင်ဆန်းစုကြည် ပြော

လတ်တလော ရောဂါစစ်ဆေးတွေ့ရှိချက်တွေအရ မြန်မာပြည်တွင်း မှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း သိသိသာသာ လျော့နည်းသွားပြီ ဖြစ်ပြီး ပြည်ပနိုင်ငံတွေက ပြန်လာသူတွေဆီကသာ အဓိက ကူးစက်ခံနေရတာ ဖြစ်ပါတယ်။ကျွန်မတို့မှာ လသာတုန်း ဗိုင်းငင် ဆိုတဲ့စကား ရှိပါတယ်။ အင်္ဂလိပ်တွေကတော့ နေပူတုန်းကောက်ရိုးစု လို့ဆိုပါတယ်။ လုပ်သင့်လုပ်ထိုက် တာကို လုပ်ဖို့ အကောင်းဆုံးအချိန်မှာ လုပ်ကြ ပါလို့ သတိပေးတာပါပဲ။ယခုမိုးရာသီရောက်ပြီဆိုတော့ မိုးရေခံဖို့၊ လှောင်ဖို့ အကောင်းဆုံး အ ချိန်ပါ။

နွေအခါ ရေရှားပါးမှု အခက်အခဲတားဆီးထားဖို့ ကြိုတင်ပြင် ဆင်ခြင်းပါပဲ။ ‘နောင်ရေးရန်ပုံငွေ’သဘောမျိုးပေါ့။ နိုင်ငံများဟာ နောင်ဖြစ် နိုင်ခြေရှိတာတွေကို မှန်းဆပြီး ဖြစ်လာသမျှကို ရင်ဆိုင်ဖြေရှင်းဖို့ ကြိုးစားရပါတယ်။ Covid လိုကြိုတင်မှန်းဆလို့ မရတဲ့ အရေးပေါ်အခြေ အနေတွေ ကိုလည်း ကျော်လွှားနိုင်ဖို့ ရိက္ခာ၊ ဘဏ္ဍာငွေ စသည်တို့ လုံလောက်ရေးကို သတိပြုရတာက အစိုးရတစ် ရပ်ရဲ့ နိစ္စဓူဝ တာဝန်ပါ ပဲ။ ပထမ covid လှိုင်းကို ကျွန်မတို့ အောင်မြင်စွာ ကျော်ဖြတ် ခဲ့ပါပြီ။ ဒုတိယက ပိုခက်ခဲမယ် လို့ ခန့်မှန်းတာတွေ ရှိပါတယ်။

အကောင်းဆုံးကို မျှော်လင့်ပြီး၊ အဆိုးဆုံးအတွက် အသင့်ပြင် ဆင် ထားရပါမယ်(ဒေါ်အောင်ဆန်းစုကြည်) မြန်မာနိုင်ငံအနေနဲ့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ပထမလှိုင်းကို အောင်မြင်စွာ ကျော်ဖြတ်ခဲ့ပြီး ဖြစ်ပေမယ့် ဒုတိယက ပိုခက်ခဲမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်က သူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ကတဆင့် ပြောကြားလိုက်ပါတယ်။ဒီလိုရုပ်ပိုင်းဆိုင်ရာအားတွေ စုထားခြင်းထက် ပိုအရေးမပါရင်တောင် မှ နည်းတူအရေးပါတာကတော့ ‘နောင်ရေးစိတ်ဓါတ်ရန်ပုံငွေ’လို့ ပြော ချင်ပါတယ်။

သမိုင်းမှာ ကျန်ရစ်ပြီး နောင်လာနောက်သားတွေ အ တွက် သုံးမကုန်နိုင်တဲ့ စိတ်ဓါတ်အမွေပါ။ ရည်ရွယ်ချက်၊ ဆန္ဒ အောင် ပွဲ ဆင်နိုင်တဲ့ သမိုင်းဖြစ်စဉ်တွေဟာ ဒီလိုအမွေတွေအဖြစ် ကျန်ခဲ့မှာပါ။ဒီအမွေတွေ စုဖို့ ပြည်သူတွေပါမှ ဖြစ်မှာပါ။ ယခု ပထမ covid လှိုင်းကို ကျွန်မတို့ အောင်မြင်စွာ ကျော်ဖြတ်ခဲ့ပါပြီ။ ဒုတီယက ပိုခက်ခဲမယ်လို့ ခန့်မှန်းတာတွေရှိပါတယ်။ ဘယ်လိုပဲဖြစ် ဖြစ်၊ အကောင်းဆုံးကို မျှော်လင့်ပြီး၊ အဆိုးဆုံးအတွက် အသင့်ပြင် ဆင် ထားရပါမယ်။

ကျေးဇူးရှင် ရွှေတောင်ကုန်း ဆရာတော် ဘုရားကြီးက ဝီရိယနဲ့ ပတ် သက်လို့ မမေ့မလျော့၊ မှတ်သားထားရမယ့် ဩဝါဒ ချီးမြှင့်တော် မူခဲ့ပါတယ်။လေးဆင့်သော ဝီရိယ၊ ပထမက လုပ်ငန်းတစ်ရပ် စရန် ဆုံးဖြတ်ခြင်း၊ ဒုတိယက ဆုံးဖြတ်ချက်အရ စလုပ်ခြင်း၊ တတိယက အခက်အခဲနဲ့ ကြုံရလည်း ဆက်လုပ်ခြင်း၊ နောက်ဆုံးစတုတ္ထအဆင့်ကတော့ ရှုံးနိမ့်သကဲ့သို့ဖြစ်ရင်တောင် မလျှော့သော ဇွဲဖြင့် ဆက်လုပ် ခြင်း ဖြစ်ပါတယ်။ကျွန်မတို့တွေ ဒုတိယဝီရိယ အဆင့်က တတိယအဆင့် အကူးလောက်ပဲ ရှိပါသေးတယ်။

နောင်လာနောက်သားတွေ အတွက် ဝီရိယအမွေကောင်းတွေ ထားခဲ့ဖို့ စုလုပ် ကြရအောင်။လို့ ဒေါ်အောင်ဆန်းစုကြည် က ရေးသားထား ပါတယ်။မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၆၂ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၁၇၅ ဦးနဲ့ အဲဒီထဲက ၁၆၀ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။

crd : pan pyoe lat

Add a Comment

Your email address will not be published. Required fields are marked *