ခင္ပြန္းျဖစ္သူက ေသဆုံးသြား ခဲ့ေပမဲ့ ခ်စ္ဇနီးေလး ရဲ႕ေမြးေန႔ နဲ႔ ANNIVERSARY ေန႔ေတြမွာ ပန္းစည္း အၿမဲရေအာင္ စီစဥ္ေပးခဲ့ (ဗီဒီယိုဖိုင္)

ေသဆုံးသြားခဲ့တဲ့ ဖခင္ရဲ႕သမီး Aly ဟာ သူငယ္ခ်င္းေတြကို အကူအညီ ေတာင္းၿပီး ဖခင္စီစဥ္ထားတဲ့ အတိုင္း မဂၤလာႏွစ္ပတ္လည္ ပါတီပြဲ ေလးကို မိခင္အ တြက္ Surprise လုပ္ေပးခဲ့ပါတယ္ ။ ပန္းစည္းေလး လက္ခံ ရရွိခဲ့ခ်ိန္မွာေတာ့ မိခင္ျဖစ္သူ ဟာ ဝမ္းနည္းမ်က္ရည္ၾက ၿပီး အေတာ္ေလးငိုေႂကြးခဲ့ကာ အဆိုပါ အခိုက္အတန႔္ ေလးဟာ မိခင္အတြက္ ခါးသီးလြန္းတဲ့ အခ်ိန္ျဖစ္သလို ၊ ခ်စ္ခင္ပြန္းဆီ ကေန မေမွ်ာ္လင့္ ပဲရရွိခဲ့တဲ့ ခ်ိဳ ၿမိန္လြန္းတဲ့ အခိုက္အတန႔္ တစ္ခုလည္း ျဖစ္ခဲ့ရေၾကာင္း သိရွိ ရပါတယ္ ။

ဖိလစ္ပိုင္ႏိုင္ငံက စုံတြဲတစ္တြဲ၍အခ်စ္ဇာတ္လမ္းေလးကေတာ့ အေတာ္ေလးကို ရင္နာရေလာက္တဲ့အထိ ခံစားေစ ရမွာပါ ။ မၾကာေသး ခင္က Aly Mendoza အမည္နဲ႔ မိန္းကေလးတစ္ေယာက္ဟာ ၿပီးခဲ့တဲ့ 10လခန႔္ကေသဆုံးသြားခဲ့တဲ့ သူမရဲ႕ဖခင္ဆီကေန email တစ္ ေစာင္လက္ခံရရွိခဲ့ေၾကာင္း ကို social media ေပၚမွာ ေဝမွ်သြား ခဲ့ပါတယ္ ။ အစပိုင္း မွာေတာ့ email ကိုဝင္ဖတ္ဖို႔ သံသယ ျဖစ္ေနခဲ့ ေပမဲ့လည္း ေနာက္ဆုံးအဆိုပါစာေလးကို သူမဖတ္ျဖစ္ေအာင္ ဖတ္ခဲ့ပါေတာ့တယ္ ။

အဲတာကေတာ့ သူမရဲ႕မိခင္အတြက္ လာမယ့္ မဂၤလာႏွစ္ပတ္လည္ပြဲေလးကို ေသခ်ာေလးျပဳလုပ္ေပး ဖို႔ဖခင္က ေျပာဆိုခဲ့တာပါပဲ ။ ထို႔အ ျပင္ Aly ရဲ႕ဖခင္ဟာ မေသဆုံးခင္ ၿပီးခဲ့တဲ့ 10လခန႔္ကတည္းက ဘယ္သူကမွမသိေအာင္ ဇနီးသည္အတြက္ လာမည့္ႏွစ္တိုင္း ေမြးေန႔ ၊ မဂၤ လာႏွစ္ပတ္လည္ ႏွင့္ Valentine Day တို႔အတြက္ ပန္းစည္းအၿမဲပို႔ေပးဖို႔ ပန္းဆိုင္ကိုအရင္ဆုံး ႀကိဳတင္ေငြေပးေခ်ခဲ့ေသးေၾကာင္း သိရွိရ ပါတယ္ ။ ထို႔အျပင္ အခ်ိန္မတိုင္ခင္ေသဆုံးသြားခဲ့လို႔ ဇနီးသည္ကိုႏွစ္သိမ့္ႏိုင္ေအာင္ ဇနီးသည္အတြက္ စာတစ္ေစာင္ေရးထားခဲ့ပါတယ္။

အဆိုပါစာေလးကို မိခင္ျဖစ္သူအားေပးဖို႔ Aly အားေတာင္းဆိုထားပါေသးတယ္ ။ ၎တို႔စုံတြဲရဲ႕ 25 ႏွစ္ျပည့္ မဂၤလာႏွစ္ပတ္လည္ကိုေတာ့ အတူျဖတ္သန္း ခဲ့ရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

UNICODE

ခင်ပွန်းဖြစ်သူက သေဆုံးသွား ခဲ့ပေမဲ့ ချစ်ဇနီးလေး ရဲ့မွေးနေ့ နဲ့ ANNIVERSARY နေ့တွေမှာ ပန်းစည်း အမြဲရအောင် စီစဉ်ပေးခဲ့ (ဗီဒီယိုဖိုင်)

သေဆုံးသွားခဲ့တဲ့ ဖခင်ရဲ့သမီး Aly ဟာ သူငယ်ချင်းတွေကို အကူအညီ တောင်းပြီး ဖခင်စီစဉ်ထားတဲ့ အတိုင်း မင်္ဂလာနှစ်ပတ်လည် ပါတီပွဲ လေးကို မိခင်အ တွက် Surprise လုပ်ပေးခဲ့ပါတယ် ။ ပန်းစည်းလေး လက်ခံ ရရှိခဲ့ချိန်မှာတော့ မိခင်ဖြစ်သူ ဟာ ဝမ်းနည်းမျက်ရည်ကြ ပြီး အတော်လေးငိုကြွေးခဲ့ကာ အဆိုပါ အခိုက်အတန့် လေးဟာ မိခင်အတွက် ခါးသီးလွန်းတဲ့ အချိန်ဖြစ်သလို ၊ ချစ်ခင်ပွန်းဆီ ကနေ မမျှော်လင့် ပဲရရှိခဲ့တဲ့ ချို မြိန်လွန်းတဲ့ အခိုက်အတန့် တစ်ခုလည်း ဖြစ်ခဲ့ရကြောင်း သိရှိ ရပါတယ် ။

ဖိလစ်ပိုင်နိုင်ငံက စုံတွဲတစ်တွဲ၍အချစ်ဇာတ်လမ်းလေးကတော့ အတော်လေးကို ရင်နာရလောက်တဲ့အထိ ခံစားစေ ရမှာပါ ။ မကြာသေး ခင်က Aly Mendoza အမည်နဲ့ မိန်းကလေးတစ်ယောက်ဟာ ပြီးခဲ့တဲ့ 10လခန့်ကသေဆုံးသွားခဲ့တဲ့ သူမရဲ့ဖခင်ဆီကနေ email တစ် စောင်လက်ခံရရှိခဲ့ကြောင်း ကို social media ပေါ်မှာ ဝေမျှသွား ခဲ့ပါတယ် ။ အစပိုင်း မှာတော့ email ကိုဝင်ဖတ်ဖို့ သံသယ ဖြစ်နေခဲ့ ပေမဲ့လည်း နောက်ဆုံးအဆိုပါစာလေးကို သူမဖတ်ဖြစ်အောင် ဖတ်ခဲ့ပါတော့တယ် ။

အဲတာကတော့ သူမရဲ့မိခင်အတွက် လာမယ့် မင်္ဂလာနှစ်ပတ်လည်ပွဲလေးကို သေချာလေးပြုလုပ်ပေး ဖို့ဖခင်က ပြောဆိုခဲ့တာပါပဲ ။ ထို့အ ပြင် Aly ရဲ့ဖခင်ဟာ မသေဆုံးခင် ပြီးခဲ့တဲ့ 10လခန့်ကတည်းက ဘယ်သူကမှမသိအောင် ဇနီးသည်အတွက် လာမည့်နှစ်တိုင်း မွေးနေ့ ၊ မင်္ဂ လာနှစ်ပတ်လည် နှင့် Valentine Day တို့အတွက် ပန်းစည်းအမြဲပို့ပေးဖို့ ပန်းဆိုင်ကိုအရင်ဆုံး ကြိုတင်ငွေပေးချေခဲ့သေးကြောင်း သိရှိရ ပါတယ် ။ ထို့အပြင် အချိန်မတိုင်ခင်သေဆုံးသွားခဲ့လို့ ဇနီးသည်ကိုနှစ်သိမ့်နိုင်အောင် ဇနီးသည်အတွက် စာတစ်စောင်ရေးထားခဲ့ပါတယ်။

အဆိုပါစာလေးကို မိခင်ဖြစ်သူအားပေးဖို့ Aly အားတောင်းဆိုထားပါသေးတယ် ။ ၎င်းတို့စုံတွဲရဲ့ 25 နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်ကိုတော့ အတူဖြတ်သန်း ခဲ့ရပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Add a Comment

Your email address will not be published. Required fields are marked *