တ႐ုတ္ႏိုင္ငံ၏ အထိကရ ပီကင္းေဈးႀကီး မွ ကိုဗစ္-၁၉ေတြ႕သူ (၁၀၆)ဦး ထိ ရွိ လာၿပီး အစားအ‌ေသာက္ကေန ကူးစက္မႈ ျဖစ္ႏိုင္ေျခမ်ား

ပီကင္း Xin Fa Di ကုန္စိမ္းေဈးမွာ COVID ျဖစ္မႈကို ၾကည့္ရင္ ေဈးေရာင္းသူေတြမွာပဲ အဓိကေရာဂါပိုးေတြ႕တာပါ။ အသားစိမ္းငါးစိမ္းနဲ႔ အသီးအ႐ြက္ေတြအေပၚမွာအလြန္အမင္းေၾကာက္လန႔္တၾကားမျဖစ္ၾကပါနဲ႔။ ေဆာ္လမြန္လို႔ၾကားတာနဲ႔ ဘုမသိဘမသိ ထဖြၾကတဲ့ လူေတြ က လူေတြကို မလိုအပ္ ပဲ စိတ္ေသာကျဖစ္ေစပါတယ္။အခုအခ်ိန္ အထိ အစားအေသာက္ကေန COVID ေရာဂါကူးစက္တဲ့ case ေသေသ ခ်ာခ်ာမေပၚေသးပါ။ေဆာ္ လမြန္ငါးမွာ COVID ေတြ႕လို႔ ေဟ့လို႔ ဖြတဲ့သူေတြကဖြၾကေတာ့ မနက္ပိုင္းေဈးဝယ္ေနတဲ့ အသားငါးေတြ၊ ဟင္း သီးဟင္း႐ြက္ေတြ စိတ္ခ်ရမလားလို႔ ေမးလာၾကပါတယ္။

ပီကင္းၿမိဳ႕မွာ မေန႔က 27 ေယာက္ထပ္တိုးတာမို႔ စုစုေပါင္း ေရာဂါရွိသူ 106 ေယာက္ရွိသြားပါၿပီ။ ဒါဒီေန႔ အဂၤါေန႔မနက္အထိ update ပါ။ အရင္ဆုံး က်ေနာ္ျပထားတဲ့ အခု COVID ျဖစ္ေနတဲ့ Xin Fa Di ေဈးထဲကပုံကိုၾကည့္ပါ။ ဝယ္သူက mask တပ္ထားၿပီး ေရာင္းတဲ့သူႏွစ္ ေယာက္က mask ကိုေမးခ်ိတ္ထားၾကပါတယ္။ အဲ့ဒါအေျဖပါပဲ။ေဆာ္လမြန္ငါးမွမဟုတ္ အခုအဲ့ဒီေဈးကဝယ္ခဲ့တဲ့ သိုးသား၊ အမဲသားေတြ ကို အကုန္လိုက္စစ္ေနပါၿပီ။ေဆာ္လမြန္ငါးတင္မဟုတ္ပါ။ ေရသတၱဝါေတြကို COVID ျဖစ္ေစတဲ့ SARS-CoV-2 ဗိုင္းရပ္စ္ပိုးမကူးႏိုင္ပါ။ ေဆာ္လမြန္ငါးဖမ္းတဲ့လူေတြဟာ ပင္လယ္ထဲမွာ တစ္လခြဲေလာက္ေနရတာမို႔။

သူတို႔ဟာ Quarantine 45 ရက္ဝင္ၿပီးသားျဖစ္ေနတာမို႔ သူတို႔ဆီကေန ေဆာ္လမြန္ငါးမွာ ပိုးပါမသြားႏိုင္ပါ။လူရဲ႕ဝမ္းမွာ COVID ေရာဂါ ပိုးပါႏိုင္တာမို႔ စားမိတဲ့ငါးရဲ႕ဝမ္းဗိုက္ထဲမွာ ပိုးပါႏိုင္ပါတယ္။ ဒါေပမယ့္ ပင္လယ္ထဲက ေဆာ္လမြန္ငါးက ျဖစ္ႏိုင္ေျခအရမ္းနည္းပါတယ္။ အဲ့လိုစားမိတဲ့ငါးဆိုရင္လည္း ငါးဝမ္းဗိုက္ထဲက ကလီစာနဲ႔ ဝမ္းေခါင္းကိုေဆးခ်လိုက္ရင္ စင္ပါတယ္။ ၿပီးေတာ့ ငါးကစားမိၿပီးမၾကာခင္ လူကဖမ္းမိမွ ဗိုက္ထဲမွာပိုးပါလာမယ့္ ကိစၥပါ။ အလြန္အခြင့္အလမ္းနည္းပါတယ္။ျဖစ္ႏိုင္ေျခက ေရာဂါပိုးရွိတဲ့ အသားငါးေရာင္းသူဆီကေန အသားငါးေတြ၊ သားလွီးစဥ့္ႏွီးတုံးေတြဆီကို ေရာက္သြားတာပါ။

ေခြး၊ ဝက္၊ ၾကက္နဲ႔ ဘဲေတြမွာ SARS-CoV-2 ကို႐ိုနာဗိုင္းရပ္စ္က သိပ္ၿပီးမ်ိဳးမပြားႏိုင္တာမို႔ ျဖစ္ႏိုင္ေျခနည္းပါတယ္။ဒါ့ေၾကာင့္ ေဈး ထဲက အသားငါးေတြမွာ COVID ပိုးပါႏိုင္ေျခ အလြန္နည္းပါတယ္။ က်ေနာ္ျပထားတဲ့ ပုံထဲကလိုပဲ mask ကို ေမးခ်ိတ္တဲ့ေဈးသည္ ေတြ ဟာ အ ခု COVID ျဖစ္ေနတဲ့ေဈးရဲ႕ လက္သည္တရားခံျဖစ္ဖို႔ 90 ရာႏႈန္းေသခ်ာေနပါတယ္။တ႐ုတ္ျပည္မွာ စီးကရက္အလြန္ေသာက္ သ လို စီးက ရက္တည္ရတာ အလြန္ဝါသနာပါပါတယ္။ ေရာဂါရွိတဲ့သူရဲ႕လက္ကေန စီးကရက္ဘူးအဝမွာ COVID ေရာဂါပိုးကပ္က်န္ေနခဲ့ မယ္ ။ သူက ေန ေနာက္လူကို စီးကရက္တည္လို႔ ေနာက္လူကႏႈိက္ရင္ျဖစ္ျဖစ္၊ လက္နဲ႔ႏႈိက္ၿပီးေပးလို႔ စီးကရက္ကေန ေရာဂါကူးစက္ဖို႔ လြယ္သြားပါၿပီ။

ကုန္စိမ္းေဈးသည္ေတြဟာ တစ္ဆိုင္နဲ႔တဆိုင္အလုပ္ေခတၱနားခ်ိန္မွာ စကားရပ္ေျပာၾကတာ ကူးလူးဆက္ဆံၾကတာ အၿမဲရွိပါတယ္။ mask ကိုေဘးခ်ိတ္ၿပီးေျပာၾကဆိုၾက စီးကရက္ေသာက္ၾကနဲ႔ ကူးစက္ဖို႔လြယ္ပါတယ္။ အဲ့ဒီေရာဂါကူးထားတဲ့ လူကေန mask ကိုေမးခ်ိတ္ၿပီးအ သားငါးကိုင္မယ္ဆိုရင္ သူအသက္ရႈထုတ္ရာကေနျဖစ္ေစ၊ စကားေျပာရာကေနျဖစ္ေစ၊ သူ႔မ်က္ႏွာပါးစပ္ႏွာေခါင္းတို႔ကို ကိုင္မိရာကေန ျဖစ္ေစ သူလုပ္ကိုင္ေနတဲ့ အသားငါးေတြအေပၚ ေရာဂါပိုးပါသြားႏိုင္ပါတယ္။ Clinical Academic Researcher Craig Anderson ရဲ႕ သုေသသနျပဳခ်က္အရ ေဈးေတြမွာ က်န္းမာေရးအတြက္သန႔္ရွင္းမႈ Hygiene Conditions အလြန႔္အလြန္မွ အားနည္းပါတယ္တဲ့။

အဲ့ဒီလိုပဲ ေဈးထဲကေဈးေရာင္းသူေတြအျပင္ ေဈးဝယ္သူေတြကလည္း က်န္းမာေရးအတြက္သန႔္ရွင္းမႈ hygiene conditions အလြန႔္အ လြန္မွအားနည္းတဲ့အတြက္ ေရာဂါရွိတဲ့သူက mask ကို ေမးခ်ိတ္ကာ “ဟဲ့ဒီအသားက ဘယ္ေဈးလဲ” လို႔ေမးလိုက္တာနဲ႔ ပိုးကအသားေတြ ေပၚက်မွာပဲ။အသားငါးေတြသာမက ဟင္းသီးဟင္း႐ြက္ေတြလည္း ဒီအတိုင္းပါပဲ။လြန္ခဲ့တဲ့ တစ္လေလာက္က လမ္းမေတာ္သံေဈးေရွ႕နား က်ေနာ္ျဖတ္အေလွ်ာက္မွာ “ဟတ္ခ်ိဳး” ဆိုၿပီးအားရပါးရေခ်ခ်လိုက္တာၾကားလို႔ လွည့္အၾကည့္လိုက္မွာ mask ကိုေမးခ်ိတ္ထားတဲ့ သ ရက္းသီးသည္ႀကီးျဖစ္ေနပါတယ္။ သူ႔ေရွ႕က သရက္သီးေတြအေပၚ ေခ်ခ်လိုက္တာ က်ေနာ့မ်က္ျမင္ကိုယ္ေတြ႕ပါ။

ေဈးထဲမွာ mask မတပ္ပဲ ၿပီးေတာ့ mask ကိုေမးခ်ိတ္ၿပီး အသားကိုင္သူေတြ၊ ကုန္စိမ္းကိုင္သူေတြကို အသိပညာေပးတာမ်ားမ်ား လုပ္ ၾကပါ။ mask ကိုေသေသခ်ာခ်ာတပ္ျခင္းျဖင့္ ဇီဝိတဒါနလုပ္ၾကပါလို႔။ အသုတ္ေတြ၊ စားေသာက္ဆိုင္က စားဖိုေခ်ာင္အစားအေသာက္ ျပင္ သူေတြလည္း mask ကို အေသအခ်ာတပ္ဖို႔နဲ႔ လက္သန႔္ရွင္းဖို႔လိုပါတယ္။ ဟင္းသီးဟင္း႐ြက္ေဆးတဲ့ကိစၥကေတာ့ စိတ္မခ်ရင္ပိုးေသတဲ့ အပူခ်ိန္အထိခ်က္ျပဳတ္ပါ။ ျပင္သစ္ျပည္ Aix-Marsellie University က ပညာရွင္ေတြရဲ႕ စမ္းသပ္မႈကို က်ေနာ္ေရးသားဖူးပါတယ္။ SARS -CoV-2 ဗိုင္းရပ္စ္ပိုးဟာ အနည္းဆုံး အပူခ်ိန္ 92 ဒီဂရီ C မွာ 15 မိနစ္အပူေပးမွ ေသပါတယ္တဲ့။

သေဘာက ေရဆူဆူမွာ 15 မိနစ္ေလာက္တည္မွ စိတ္ခ်ရတယ္ဆိုတဲ့သေဘာ။အပူခ်ိန္ 60 ဒီဂရီ C မွာဆိုရင္ 1 နာရီၾကာပိုးသတ္ရမယ္လို႔ အရင္က ဓာတ္ခြဲခန္းေတြရဲ႕ protocol က စိတ္မခ်ရေတာ့ပါဘူးတဲ့။ 92 ဒီဂရီ C မွာ 15 မိနစ္အပူေပးတာက ပိုစိတ္ခ်ရပါတယ္တဲ့။ ဒါက စိတ္လုံးဝမခ်သူေတြကို ေျပာတာပါ။ အေၾကာ္အေလွာ္သမားေတြနဲ႔ sushi သမားေတြဘယ္လိုလုပ္မလဲ…နိဂုံးခ်ဳပ္အေနနဲ႔ေျပာရရင္ အစား အေသာက္ကို ေဈးကဝယ္လာၿပီးရင္ ေရအေသအခ်ာေဆးဖို႔နဲ႔ ျပင္ဆင္ခ်ိန္မွာ mask လုံလုံၿခဳံၿခဳံ၊ လက္သန႔္သန႔္ ရွင္းရွင္းျဖစ္ဖို႔က အေရးအ ႀကီးဆုံးျဖစ္တယ္လို႔ ေျပာပါရေစ။ စိတ္ခ်ခ်င္ရင္ က်ေနာ္ေျပာသလို ေရဆူဆူ 15 မိနစ္နဲ႔ခ်က္ပါ။ အခုအခ်ိန္ထိ အစားအေသာက္ကကူးတဲ့ case မဖတ္ဖူးပါ။ လူလူျခင္းထိေတြ႕ဆက္ဆံမႈမွာ စည္းကမ္းမရွိလို႔ ကူးတာပဲေတြ႕ရပါတယ္။

Richard Myo Thant(16-June-2020)

UNICODE

တရုတ်နိုင်ငံ၏ အထိကရ ပီကင်းဈေးကြီး မှ ကိုဗစ်-၁၉တွေ့သူ (၁၀၆)ဦး ထိ ရှိ လာပြီး အစားအ‌သောက်ကနေ ကူးစက်မှု ဖြစ်နိုင်ခြေများ

ပီကင်း Xin Fa Di ကုန်စိမ်းဈေးမှာ COVID ဖြစ်မှုကို ကြည့်ရင် ဈေးရောင်းသူတွေမှာပဲ အဓိကရောဂါပိုးတွေ့တာပါ။ အသားစိမ်းငါးစိမ်းနဲ့ အသီးအရွက်တွေအပေါ်မှာအလွန်အမင်းကြောက်လန့်တကြားမဖြစ်ကြပါနဲ့။ ဆော်လမွန်လို့ကြားတာနဲ့ ဘုမသိဘမသိ ထဖွကြတဲ့ လူတွေ က လူတွေကို မလိုအပ် ပဲ စိတ်သောကဖြစ်စေပါတယ်။အခုအချိန် အထိ အစားအသောက်ကနေ COVID ရောဂါကူးစက်တဲ့ case သေသေ ချာချာမပေါ်သေးပါ။ဆော် လမွန်ငါးမှာ COVID တွေ့လို့ ဟေ့လို့ ဖွတဲ့သူတွေကဖွကြတော့ မနက်ပိုင်းဈေးဝယ်နေတဲ့ အသားငါးတွေ၊ ဟင်း သီးဟင်းရွက်တွေ စိတ်ချရမလားလို့ မေးလာကြပါတယ်။

ပီကင်းမြို့မှာ မနေ့က 27 ယောက်ထပ်တိုးတာမို့ စုစုပေါင်း ရောဂါရှိသူ 106 ယောက်ရှိသွားပါပြီ။ ဒါဒီနေ့ အင်္ဂါနေ့မနက်အထိ update ပါ။ အရင်ဆုံး ကျနော်ပြထားတဲ့ အခု COVID ဖြစ်နေတဲ့ Xin Fa Di ဈေးထဲကပုံကိုကြည့်ပါ။ ဝယ်သူက mask တပ်ထားပြီး ရောင်းတဲ့သူနှစ် ယောက်က mask ကိုမေးချိတ်ထားကြပါတယ်။ အဲ့ဒါအဖြေပါပဲ။ဆော်လမွန်ငါးမှမဟုတ် အခုအဲ့ဒီဈေးကဝယ်ခဲ့တဲ့ သိုးသား၊ အမဲသားတွေ ကို အကုန်လိုက်စစ်နေပါပြီ။ဆော်လမွန်ငါးတင်မဟုတ်ပါ။ ရေသတ္တဝါတွေကို COVID ဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်ပိုးမကူးနိုင်ပါ။ ဆော်လမွန်ငါးဖမ်းတဲ့လူတွေဟာ ပင်လယ်ထဲမှာ တစ်လခွဲလောက်နေရတာမို့။

သူတို့ဟာ Quarantine 45 ရက်ဝင်ပြီးသားဖြစ်နေတာမို့ သူတို့ဆီကနေ ဆော်လမွန်ငါးမှာ ပိုးပါမသွားနိုင်ပါ။လူရဲ့ဝမ်းမှာ COVID ရောဂါ ပိုးပါနိုင်တာမို့ စားမိတဲ့ငါးရဲ့ဝမ်းဗိုက်ထဲမှာ ပိုးပါနိုင်ပါတယ်။ ဒါပေမယ့် ပင်လယ်ထဲက ဆော်လမွန်ငါးက ဖြစ်နိုင်ခြေအရမ်းနည်းပါတယ်။ အဲ့လိုစားမိတဲ့ငါးဆိုရင်လည်း ငါးဝမ်းဗိုက်ထဲက ကလီစာနဲ့ ဝမ်းခေါင်းကိုဆေးချလိုက်ရင် စင်ပါတယ်။ ပြီးတော့ ငါးကစားမိပြီးမကြာခင် လူကဖမ်းမိမှ ဗိုက်ထဲမှာပိုးပါလာမယ့် ကိစ္စပါ။ အလွန်အခွင့်အလမ်းနည်းပါတယ်။ဖြစ်နိုင်ခြေက ရောဂါပိုးရှိတဲ့ အသားငါးရောင်းသူဆီကနေ အသားငါးတွေ၊ သားလှီးစဉ့်နှီးတုံးတွေဆီကို ရောက်သွားတာပါ။

ခွေး၊ ဝက်၊ ကြက်နဲ့ ဘဲတွေမှာ SARS-CoV-2 ကိုရိုနာဗိုင်းရပ်စ်က သိပ်ပြီးမျိုးမပွားနိုင်တာမို့ ဖြစ်နိုင်ခြေနည်းပါတယ်။ဒါ့ကြောင့် ဈေး ထဲက အသားငါးတွေမှာ COVID ပိုးပါနိုင်ခြေ အလွန်နည်းပါတယ်။ ကျနော်ပြထားတဲ့ ပုံထဲကလိုပဲ mask ကို မေးချိတ်တဲ့ဈေးသည် တွေ ဟာ အ ခု COVID ဖြစ်နေတဲ့ဈေးရဲ့ လက်သည်တရားခံဖြစ်ဖို့ 90 ရာနှုန်းသေချာနေပါတယ်။တရုတ်ပြည်မှာ စီးကရက်အလွန်သောက် သ လို စီးက ရက်တည်ရတာ အလွန်ဝါသနာပါပါတယ်။ ရောဂါရှိတဲ့သူရဲ့လက်ကနေ စီးကရက်ဘူးအဝမှာ COVID ရောဂါပိုးကပ်ကျန်နေခဲ့ မယ် ။ သူက နေ နောက်လူကို စီးကရက်တည်လို့ နောက်လူကနှိုက်ရင်ဖြစ်ဖြစ်၊ လက်နဲ့နှိုက်ပြီးပေးလို့ စီးကရက်ကနေ ရောဂါကူးစက်ဖို့ လွယ်သွားပါပြီ။

ကုန်စိမ်းဈေးသည်တွေဟာ တစ်ဆိုင်နဲ့တဆိုင်အလုပ်ခေတ္တနားချိန်မှာ စကားရပ်ပြောကြတာ ကူးလူးဆက်ဆံကြတာ အမြဲရှိပါတယ်။ mask ကိုဘေးချိတ်ပြီးပြောကြဆိုကြ စီးကရက်သောက်ကြနဲ့ ကူးစက်ဖို့လွယ်ပါတယ်။ အဲ့ဒီရောဂါကူးထားတဲ့ လူကနေ mask ကိုမေးချိတ်ပြီးအ သားငါးကိုင်မယ်ဆိုရင် သူအသက်ရှုထုတ်ရာကနေဖြစ်စေ၊ စကားပြောရာကနေဖြစ်စေ၊ သူ့မျက်နှာပါးစပ်နှာခေါင်းတို့ကို ကိုင်မိရာကနေ ဖြစ်စေ သူလုပ်ကိုင်နေတဲ့ အသားငါးတွေအပေါ် ရောဂါပိုးပါသွားနိုင်ပါတယ်။ Clinical Academic Researcher Craig Anderson ရဲ့ သုသေသနပြုချက်အရ ဈေးတွေမှာ ကျန်းမာရေးအတွက်သန့်ရှင်းမှု Hygiene Conditions အလွန့်အလွန်မှ အားနည်းပါတယ်တဲ့။

အဲ့ဒီလိုပဲ ဈေးထဲကဈေးရောင်းသူတွေအပြင် ဈေးဝယ်သူတွေကလည်း ကျန်းမာရေးအတွက်သန့်ရှင်းမှု hygiene conditions အလွန့်အ လွန်မှအားနည်းတဲ့အတွက် ရောဂါရှိတဲ့သူက mask ကို မေးချိတ်ကာ “ဟဲ့ဒီအသားက ဘယ်ဈေးလဲ” လို့မေးလိုက်တာနဲ့ ပိုးကအသားတွေ ပေါ်ကျမှာပဲ။အသားငါးတွေသာမက ဟင်းသီးဟင်းရွက်တွေလည်း ဒီအတိုင်းပါပဲ။လွန်ခဲ့တဲ့ တစ်လလောက်က လမ်းမတော်သံဈေးရှေ့နား ကျနော်ဖြတ်အလျှောက်မှာ “ဟတ်ချိုး” ဆိုပြီးအားရပါးရချေချလိုက်တာကြားလို့ လှည့်အကြည့်လိုက်မှာ mask ကိုမေးချိတ်ထားတဲ့ သ ရက်းသီးသည်ကြီးဖြစ်နေပါတယ်။ သူ့ရှေ့က သရက်သီးတွေအပေါ် ချေချလိုက်တာ ကျနော့မျက်မြင်ကိုယ်တွေ့ပါ။

ဈေးထဲမှာ mask မတပ်ပဲ ပြီးတော့ mask ကိုမေးချိတ်ပြီး အသားကိုင်သူတွေ၊ ကုန်စိမ်းကိုင်သူတွေကို အသိပညာပေးတာများများ လုပ် ကြပါ။ mask ကိုသေသေချာချာတပ်ခြင်းဖြင့် ဇီဝိတဒါနလုပ်ကြပါလို့။ အသုတ်တွေ၊ စားသောက်ဆိုင်က စားဖိုချောင်အစားအသောက် ပြင် သူတွေလည်း mask ကို အသေအချာတပ်ဖို့နဲ့ လက်သန့်ရှင်းဖို့လိုပါတယ်။ ဟင်းသီးဟင်းရွက်ဆေးတဲ့ကိစ္စကတော့ စိတ်မချရင်ပိုးသေတဲ့ အပူချိန်အထိချက်ပြုတ်ပါ။ ပြင်သစ်ပြည် Aix-Marsellie University က ပညာရှင်တွေရဲ့ စမ်းသပ်မှုကို ကျနော်ရေးသားဖူးပါတယ်။ SARS -CoV-2 ဗိုင်းရပ်စ်ပိုးဟာ အနည်းဆုံး အပူချိန် 92 ဒီဂရီ C မှာ 15 မိနစ်အပူပေးမှ သေပါတယ်တဲ့။

သဘောက ရေဆူဆူမှာ 15 မိနစ်လောက်တည်မှ စိတ်ချရတယ်ဆိုတဲ့သဘော။အပူချိန် 60 ဒီဂရီ C မှာဆိုရင် 1 နာရီကြာပိုးသတ်ရမယ်လို့ အရင်က ဓာတ်ခွဲခန်းတွေရဲ့ protocol က စိတ်မချရတော့ပါဘူးတဲ့။ 92 ဒီဂရီ C မှာ 15 မိနစ်အပူပေးတာက ပိုစိတ်ချရပါတယ်တဲ့။ ဒါက စိတ်လုံးဝမချသူတွေကို ပြောတာပါ။ အကြော်အလှော်သမားတွေနဲ့ sushi သမားတွေဘယ်လိုလုပ်မလဲ…နိဂုံးချုပ်အနေနဲ့ပြောရရင် အစား အသောက်ကို ဈေးကဝယ်လာပြီးရင် ရေအသေအချာဆေးဖို့နဲ့ ပြင်ဆင်ချိန်မှာ mask လုံလုံခြုံခြုံ၊ လက်သန့်သန့် ရှင်းရှင်းဖြစ်ဖို့က အရေးအ ကြီးဆုံးဖြစ်တယ်လို့ ပြောပါရစေ။ စိတ်ချချင်ရင် ကျနော်ပြောသလို ရေဆူဆူ 15 မိနစ်နဲ့ချက်ပါ။ အခုအချိန်ထိ အစားအသောက်ကကူးတဲ့ case မဖတ်ဖူးပါ။ လူလူခြင်းထိတွေ့ဆက်ဆံမှုမှာ စည်းကမ်းမရှိလို့ ကူးတာပဲတွေ့ရပါတယ်။

Richard Myo Thant(16-June-2020)

Add a Comment

Your email address will not be published. Required fields are marked *