သမိုင္းရာဇဝင္ ျဖစ္ရပ္ဆန္း ဗိႆႏိုး က်ိန္စာ ပ်က္ျပယ္ ၿပီလို႔ ယူဆမိတဲ့ အေၾကာင္း “ဦးေက်ာ္သူ” ေျပာျပလာတဲ့ အျဖစ္အပ်က္တစ္ခု

မဂၤလာရွိေသာ နိမိတ္ကိုယူကာ အာဃာတ တရားမ်ားကိုေမ့ထုတ္ပစ္ကာ ျမန္မာႏိုင္ငံေတာ္ႀကီး စည္းလုံးညီၫြတ္စြာ တိုင္းရင္းသားေပါင္းစုံ ၿငိမ္းခ်မ္းသာယာဝေျပာၾကပါေစသားဟု သစၥာဆိုဆုေတာင္းလိုက္ပါေတာ့သည္။ (ေက်ာ္သူ) ” ဆိုၿပီး ေရးသားထားခဲ့တာ ျဖစ္ပါတယ္။ ပရိ သတ္ႀကီးအတြက္ ေက်ာက္ျဖ စ္႐ုပ္ႂကြင္း လိပ္ထီးနဲ႔ လိပ္မႀကီးရဲ႕ ပုံရိပ္ မ်ားကို ေဖာ္ျပရင္း ဦးေက်ာ္သူ ေျပာျပခဲ့တဲ့ သမိုင္း ရာဇဝင္ ျဖစ္ရပ္ ဆန္းကို ဗဟုသုတအေနနဲ႔ တင္ဆက္ ေပးလိုက္ပါတယ္ ေနာ္။

အခုလို ျဖစ္ရပ္ နဲ႔ ပက္သက္ ၿပီး ပရိတ္သတ္ႀကီးရဲ႕ အေတြးအျမင္ ကိုလည္း မွ်ေဝ ခဲ့ပါဦးရွင္။ဝါရင့္သ႐ုပ္ေဆာင္ မင္းသားႀကီး ဦးေက်ာ္သူ ကေတာ့ တစ္ေခတ္တစ္ခါက အႏုပညာေလာကမွာ ေအာင္ျမင္မႈေတြကို ရယူသိမ္းပိုက္ထားႏိုင္ခဲ့တဲ့ သူပဲျဖစ္ပါတယ္။ ဘာသာတရားအထူး ကိုင္းရႈိင္းၿပီး နာမႈကူညီေရး လုပ္ငန္းမ်ား ကိုလည္း အားႀကိဳးမာန္တက္လုပ္ကိုင္ေနသူ ျဖစ္ပါတယ္။ဒီေန႔မွာေတာ့ ဦးေက်ာ္သူက သူ႔ အေန နဲ႔ ဗိႆႏိုး က်ိန္စာ ပ်က္ျပယ္ၿပီလို႔ ယူဆမိတဲ့အေၾကာင္းကို အခုလိုပဲ ရွင္းလင္းေျပာျပလာခဲ့ပါတယ္။

ဦးေက်ာ္သူ ေျပာခဲ့တာကေတာ့ ” ဗိႆႏိုးက်ိန္စာ ပ်က္ျပယ္ၿပီလား။ ျပည္ၿမိဳ႕တစ္ဖက္ကမ္း ပန္းေတာင္းၿမိဳ႕နယ္ရွိ ျမတ္စြာဘုရားရွင္ ေျခ ေတာ္ခ်ခဲ့သည့္ “ဖိုးဦးေတာင္ဘုရား”သမိုင္းတြင္ ေပြးဖိုႏွင့္ေပြးမ တို႔သည္ ျမတ္စြာဘုရားအားအကယ္၍ဖူးေတြ႕ရပါက တစ္ဦးကိုတစ္ဦးအ ျမန္လာေခၚ၍ ေမာင္မယ္စုံညီ ျမတ္စြာဘုရားအား အတူတကြ ဖူးေမွ်ာ္ၾကမည္ဟု ….ဂတိသစၥာျပဳ ခဲ့ေသာ္လည္း ေပြးဖိုမွာ ေတာတြင္း အစာ ရွာရင္း ျမတ္စြာဘုရားရွင္ႂကြျမန္းလာသည္ကို အမွတ္မထင္ ဖူးေတြ႕ခဲ့ေသာ္လည္း။

မိမိ၏လက္တြဲေဖၚ ေပြးမအားျပန္ေခၚပါက ျမတ္စြာဘုရားအားလြတ္သြားမည္စိုး၍ မိမိတစ္ဦးထဲသာ ျမတ္စြာဘုရားအားဖူးေမွ်ာ္ ကန္ေတာ့ ဦးခ်ခဲ့ေတာ့သည္။ဤအေၾကာင္းအား အိမ္ျပန္ေရာက္၍ေပြးမ မွသိရွိေသာအခါ ဂတိသစၥာ မတည္ေသာ လင္ဟုစြပ္စြဲကာ ေပါက္ကြဲ၍ ေနာင္ သံသရာအဆက္ဆက္ ဘယ္ဘဝေရာက္ေရာက္ ရန္သူဘဝအျဖစ္သာေတြ႕ဆုံရပါေစသားဟု က်ိန္စာတိုက္ဆိုခဲ့ေတာ့သည္။ ယင္းသမိုင္း ရာ ဇဝင္ က်ိန္စာဆိုးသည္ ဒြတၱေဘာင္မင္းႏွင့္ဗိႆႏိုးဘုရင္မ တို႔၏ ရန္သူသဖြယ္အခဲမေၾကေသာ အျဖစ္သို႔႐ိုက္ခတ္လာေတာ့သည္။

ယခုေခတ္ကာလတြင္လည္း…။ဤသမိုင္းရာဇဝင္ က်ိန္စာမွာယေန႔ပ်က္ျပယ္ခဲ့ၿပီ ဟုမိမိယူဆမိပါေတာ့သည္။ အဘယ့္ေၾကာင့္ဆို ေသာ္…,, ျပည္ၿမိဳ႕တစ္ဖက္ ကမ္းပန္းေတာင္းၿမိဳ႕နယ္ရွိ ေရွးေဟာင္းတန္ခိုးႀကီး ေ႐ႊဘုံသာမုနိဘုရားႏွင့္ ဖိုးဦးေတာင္ ဘုရား ၾကားရွိ “မဟာပဏီတ ပရဟိတေအာင္ေတာ္မူေစတီႀကီး”တြင္ ဘူမိေဗဒပညာရွင္တို႔၏တြက္ဆခ်က္အရ ႏွစ္ေပါင္း သန္း(၃၀)ခန႔္ရွိၿပီျဖစ္ေသာ ေက်ာက္ျဖစ္႐ုပ္ ႂကြင္း “လိပ္”အထီးႀကီး(ေက်ာခြံ ခုံးသည္) ေရာက္ရွိ သာသနာျပဳခဲ့သည္မွာ ၂၀၁၄ခုႏွစ္(၆ႏွစ္) ရွိခဲ့ၿပီျဖစ္သည္။

ယေန႔ (အဂၤါေန႔)တြင္ ပခုကၠဴၿမိဳ႕နယ္ဖက္မွ ထပ္မံ ၍ ေက်ာက္ျဖစ္႐ုပ္ႂကြင္းလိပ္အမႀကီးတစ္ေကာင္( ေက်ာခြံအနည္းငယ္ျပားသည္) ရရွိ ခဲ့၍ ပရဟိတေစတီေတာ္ေတာင္ေပၚတြင္ ေပြးဖို ေပြးမ၊ဒြတၱေဘာင္ႏွင့္ပိႆႏိုးတို႔၏ က်ိန္စာမ်ားပ်က္ျပယ္သြားသည့္အလား လိပ္ဖိုႀကီးႏွင့္ လိပ္မႀကီးတို႔ အတူယွဥ္တြဲသစၥာဆိုကာ ….ျမတ္စြာဘုရားရွင္ကိုယ္ေတာ္ျမတ္ႀကီးအားဖူး ေမွ်ာ္ဦးတိုက္ကန္ေတာ့ပန္းဆင္ေနသည့္ အလား က်က္သေရမဂၤလာရွိစြာျဖင့္ ေရကန္တစ္ကန္ထဲ အတူတကြတည္ရွိေနၿပီျဖစ္ေတာ့သည္။

မဂၤလာရွိေသာ နိမိတ္ကိုယူကာ အာဃာတ တရားမ်ားကိုေမ့ထုတ္ပစ္ကာ ျမန္မာႏိုင္ငံေတာ္ႀကီး စည္းလုံးညီၫြတ္စြာ တိုင္းရင္းသားေပါင္းစုံ ၿငိမ္းခ်မ္းသာယာဝေျပာၾကပါေစသားဟု သစၥာဆိုဆုေတာင္းလိုက္ပါေတာ့သည္။

crd : alinnpya

UNICODE

သမိုင်းရာဇဝင် ဖြစ်ရပ်ဆန်း ဗိဿနိုး ကျိန်စာ ပျက်ပြယ် ပြီလို့ ယူဆမိတဲ့ အကြောင်း “ဦးကျော်သူ” ပြောပြလာတဲ့ အဖြစ်အပျက်တစ်ခု

မင်္ဂလာရှိသော နိမိတ်ကိုယူကာ အာဃာတ တရားများကိုမေ့ထုတ်ပစ်ကာ မြန်မာနိုင်ငံတော်ကြီး စည်းလုံးညီညွတ်စွာ တိုင်းရင်းသားပေါင်းစုံ ငြိမ်းချမ်းသာယာဝပြောကြပါစေသားဟု သစ္စာဆိုဆုတောင်းလိုက်ပါတော့သည်။ (ကျော်သူ) ” ဆိုပြီး ရေးသားထားခဲ့တာ ဖြစ်ပါတယ်။ ပရိ သတ်ကြီးအတွက် ကျောက်ဖြ စ်ရုပ်ကြွင်း လိပ်ထီးနဲ့ လိပ်မကြီးရဲ့ ပုံရိပ် များကို ဖော်ပြရင်း ဦးကျော်သူ ပြောပြခဲ့တဲ့ သမိုင်း ရာဇဝင် ဖြစ်ရပ် ဆန်းကို ဗဟုသုတအနေနဲ့ တင်ဆက် ပေးလိုက်ပါတယ် နော်။

အခုလို ဖြစ်ရပ် နဲ့ ပက်သက် ပြီး ပရိတ်သတ်ကြီးရဲ့ အတွေးအမြင် ကိုလည်း မျှဝေ ခဲ့ပါဦးရှင်။ဝါရင့်သရုပ်ဆောင် မင်းသားကြီး ဦးကျော်သူ ကတော့ တစ်ခေတ်တစ်ခါက အနုပညာလောကမှာ အောင်မြင်မှုတွေကို ရယူသိမ်းပိုက်ထားနိုင်ခဲ့တဲ့ သူပဲဖြစ်ပါတယ်။ ဘာသာတရားအထူး ကိုင်းရှိုင်းပြီး နာမှုကူညီရေး လုပ်ငန်းများ ကိုလည်း အားကြိုးမာန်တက်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ဒီနေ့မှာတော့ ဦးကျော်သူက သူ့ အနေ နဲ့ ဗိဿနိုး ကျိန်စာ ပျက်ပြယ်ပြီလို့ ယူဆမိတဲ့အကြောင်းကို အခုလိုပဲ ရှင်းလင်းပြောပြလာခဲ့ပါတယ်။

ဦးကျော်သူ ပြောခဲ့တာကတော့ ” ဗိဿနိုးကျိန်စာ ပျက်ပြယ်ပြီလား။ ပြည်မြို့တစ်ဖက်ကမ်း ပန်းတောင်းမြို့နယ်ရှိ မြတ်စွာဘုရားရှင် ခြေ တော်ချခဲ့သည့် “ဖိုးဦးတောင်ဘုရား”သမိုင်းတွင် ပွေးဖိုနှင့်ပွေးမ တို့သည် မြတ်စွာဘုရားအားအကယ်၍ဖူးတွေ့ရပါက တစ်ဦးကိုတစ်ဦးအ မြန်လာခေါ်၍ မောင်မယ်စုံညီ မြတ်စွာဘုရားအား အတူတကွ ဖူးမျှော်ကြမည်ဟု ….ဂတိသစ္စာပြု ခဲ့သော်လည်း ပွေးဖိုမှာ တောတွင်း အစာ ရှာရင်း မြတ်စွာဘုရားရှင်ကြွမြန်းလာသည်ကို အမှတ်မထင် ဖူးတွေ့ခဲ့သော်လည်း။

မိမိ၏လက်တွဲဖေါ် ပွေးမအားပြန်ခေါ်ပါက မြတ်စွာဘုရားအားလွတ်သွားမည်စိုး၍ မိမိတစ်ဦးထဲသာ မြတ်စွာဘုရားအားဖူးမျှော် ကန်တော့ ဦးချခဲ့တော့သည်။ဤအကြောင်းအား အိမ်ပြန်ရောက်၍ပွေးမ မှသိရှိသောအခါ ဂတိသစ္စာ မတည်သော လင်ဟုစွပ်စွဲကာ ပေါက်ကွဲ၍ နောင် သံသရာအဆက်ဆက် ဘယ်ဘဝရောက်ရောက် ရန်သူဘဝအဖြစ်သာတွေ့ဆုံရပါစေသားဟု ကျိန်စာတိုက်ဆိုခဲ့တော့သည်။ ယင်းသမိုင်း ရာ ဇဝင် ကျိန်စာဆိုးသည် ဒွတ္တဘောင်မင်းနှင့်ဗိဿနိုးဘုရင်မ တို့၏ ရန်သူသဖွယ်အခဲမကြေသော အဖြစ်သို့ရိုက်ခတ်လာတော့သည်။

ယခုခေတ်ကာလတွင်လည်း…။ဤသမိုင်းရာဇဝင် ကျိန်စာမှာယနေ့ပျက်ပြယ်ခဲ့ပြီ ဟုမိမိယူဆမိပါတော့သည်။ အဘယ့်ကြောင့်ဆို သော်…,, ပြည်မြို့တစ်ဖက် ကမ်းပန်းတောင်းမြို့နယ်ရှိ ရှေးဟောင်းတန်ခိုးကြီး ရွှေဘုံသာမုနိဘုရားနှင့် ဖိုးဦးတောင် ဘုရား ကြားရှိ “မဟာပဏီတ ပရဟိတအောင်တော်မူစေတီကြီး”တွင် ဘူမိဗေဒပညာရှင်တို့၏တွက်ဆချက်အရ နှစ်ပေါင်း သန်း(၃၀)ခန့်ရှိပြီဖြစ်သော ကျောက်ဖြစ်ရုပ် ကြွင်း “လိပ်”အထီးကြီး(ကျောခွံ ခုံးသည်) ရောက်ရှိ သာသနာပြုခဲ့သည်မှာ ၂၀၁၄ခုနှစ်(၆နှစ်) ရှိခဲ့ပြီဖြစ်သည်။

ယနေ့ (အင်္ဂါနေ့)တွင် ပခုက္ကူမြို့နယ်ဖက်မှ ထပ်မံ ၍ ကျောက်ဖြစ်ရုပ်ကြွင်းလိပ်အမကြီးတစ်ကောင်( ကျောခွံအနည်းငယ်ပြားသည်) ရရှိ ခဲ့၍ ပရဟိတစေတီတော်တောင်ပေါ်တွင် ပွေးဖို ပွေးမ၊ဒွတ္တဘောင်နှင့်ပိဿနိုးတို့၏ ကျိန်စာများပျက်ပြယ်သွားသည့်အလား လိပ်ဖိုကြီးနှင့် လိပ်မကြီးတို့ အတူယှဉ်တွဲသစ္စာဆိုကာ ….မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအားဖူး မျှော်ဦးတိုက်ကန်တော့ပန်းဆင်နေသည့် အလား ကျက်သရေမင်္ဂလာရှိစွာဖြင့် ရေကန်တစ်ကန်ထဲ အတူတကွတည်ရှိနေပြီဖြစ်တော့သည်။

မင်္ဂလာရှိသော နိမိတ်ကိုယူကာ အာဃာတ တရားများကိုမေ့ထုတ်ပစ်ကာ မြန်မာနိုင်ငံတော်ကြီး စည်းလုံးညီညွတ်စွာ တိုင်းရင်းသားပေါင်းစုံ ငြိမ်းချမ်းသာယာဝပြောကြပါစေသားဟု သစ္စာဆိုဆုတောင်းလိုက်ပါတော့သည်။

crd :   alinnpya

Add a Comment

Your email address will not be published. Required fields are marked *