အိမ္ရာမရွိေသးတဲ့ အၿငိမ္းစား ဝန္ထမ္းေတြ အတြက္ ဝမ္းသာစရာ သတင္းေကာင္း လာပါၿပီ

အငွားအိမ္ ရာခ်ထား ေရး သတ္မွတ္ခ်က္အေနနဲ႔ အခ်က္ ရွစ္ခ်က္သတ္မွတ္ထား ပါတယ္။ အၾကမ္းဖ်င္းအား ျဖင့္ အငွား အိမ္ရာခ်ထား မယ့္နယ္ေျမမွာ အိမ္ပိုင္မရွိ တဲ့ ေနထိုင္စရာအခက္ အခဲရွိတဲ့ သူျဖစ္ရပါမယ္။ ငွားရမ္းခကို လည္း ေပးေဆာင္ႏိုင္တဲ့ လစာဝင္ေငြရွိသူျဖစ္ရ ပါမယ္။ ေနျပည္ေတာ္တြင္ အိမ္ခန္းေပါင္း ၃၀၀ ကို အၿငိမ္းစား ဝန္ထမ္းမ်ားအား ငွားရမ္းေပးမည္ဟု သိရသည္။

အၿငိမ္းစားလစာေငြ နည္းပါးတဲ့သူေတြ ကိုေတာ့ ဦးစားေပး ၿပီး သက္ဆိုင္ရာက တာဝန္ရွိတဲ့ အၿမဲတမ္းအတြင္းဝန္ေတြနဲ႔ ညႇိႏႈိင္းၿပီး ေဆာင္ ႐ြက္ေပးသြားမွာျဖစ္ပါတယ္”ဟု ေဆာက္လုပ္ေရးဝန္ႀကီးဌာန ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳး ေရးဦးစီးဌာန ၫႊန္ၾကားေရးမွ၊ူးခ်ဳပ္ ဦးမင္းထိန္က ေျပာပါတယ္။အၿငိမ္းစားယူၿပီး ေနေရးအခက္အခဲ ျဖစ္ေနသည့္ ႏိုင္ငံ့အရာထမ္း၊ အမႈထမ္းမ်ားအား ေနျပည္ေတာ္ ေကာင္စီနယ္ေျမတြင္ အိမ္ရာမ်ားငွားရမ္းေပးသြားမည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာနက ေၾကညာလိုက္ပါတယ္။

၂၀၁၉ – ၂၀၂၀ ႏွစ္မ်ားတြင္အၿငိမ္းစား ယူခဲ့သည့္ ႏိုင္ငံ့အရာထမ္း၊ အမႈထမ္းမ်ားအတြက္ ျဖစ္ၿပီး လက္ရွိတြင္ ေနျပည္ေတာ္ေကာင္စီနယ္ ေျမအတြင္း ၁၂ ခန္းတြဲ ငါးထပ္ အခန္းေပါင္း ၃၀၀ တည္ေဆာက္ ၿပီးစီးၿပီျဖစ္တယ္လို႔ သိရပါတယ္။ထို႔ျပင္ မိသားစုဦးေရမ်ားျပားသူ၊ က်န္း မာေရး ခ်ိဳ႕တဲ့သူ၊ သားသမီးမရွိသူမ်ားအား ဦးစားေပးငွားရမ္း ေပးသြားမည္ျဖစ္ေၾကာင္း သိရပါတယ္။

ငွားရမ္းကာလမွာ တစ္ႀကိမ္လွ်င္ ငါးႏွစ္ျဖစ္ၿပီး ငွားရမ္းခႏႈန္းထားမ်ားမွာ တစ္လလွ်င္ ေျမညီထပ္ ကို က်ပ္ သုံးေသာင္းႏွင့္ အေပၚတစ္ထပ္ တက္လွ်င္ က်ပ္ တစ္ေထာင္ႏႈန္း ေလွ်ာ့၍ အေပၚဆုံးထပ္ကို က်ပ္ ၂၆၀၀၀ ႏႈန္းျဖင့္ ငွားရမ္းေပးသြားမယ္လို႔ သိရပါတယ္။

crd : white sone

UNICODE

အိမ်ရာမရှိသေးတဲ့ အငြိမ်းစား ဝန်ထမ်းတွေ အတွက် ဝမ်းသာစရာ သတင်းကောင်း လာပါပြီ

အငှားအိမ် ရာချထား ရေး သတ်မှတ်ချက်အနေနဲ့ အချက် ရှစ်ချက်သတ်မှတ်ထား ပါတယ်။ အကြမ်းဖျင်းအား ဖြင့် အငှား အိမ်ရာချထား မယ့်နယ်မြေမှာ အိမ်ပိုင်မရှိ တဲ့ နေထိုင်စရာအခက် အခဲရှိတဲ့ သူဖြစ်ရပါမယ်။ ငှားရမ်းခကို လည်း ပေးဆောင်နိုင်တဲ့ လစာဝင်ငွေရှိသူဖြစ်ရ ပါမယ်။ နေပြည်တော်တွင် အိမ်ခန်းပေါင်း ၃၀၀ ကို အငြိမ်းစား ဝန်ထမ်းများအား ငှားရမ်းပေးမည်ဟု သိရသည်။

အငြိမ်းစားလစာငွေ နည်းပါးတဲ့သူတွေ ကိုတော့ ဦးစားပေး ပြီး သက်ဆိုင်ရာက တာဝန်ရှိတဲ့ အမြဲတမ်းအတွင်းဝန်တွေနဲ့ ညှိနှိုင်းပြီး ဆောင် ရွက်ပေးသွားမှာဖြစ်ပါတယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာန ညွှန်ကြားရေးမှ၊ူးချုပ် ဦးမင်းထိန်က ပြောပါတယ်။အငြိမ်းစားယူပြီး နေရေးအခက်အခဲ ဖြစ်နေသည့် နိုင်ငံ့အရာထမ်း၊ အမှုထမ်းများအား နေပြည်တော် ကောင်စီနယ်မြေတွင် အိမ်ရာများငှားရမ်းပေးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။

၂၀၁၉ – ၂၀၂၀ နှစ်များတွင်အငြိမ်းစား ယူခဲ့သည့် နိုင်ငံ့အရာထမ်း၊ အမှုထမ်းများအတွက် ဖြစ်ပြီး လက်ရှိတွင် နေပြည်တော်ကောင်စီနယ် မြေအတွင်း ၁၂ ခန်းတွဲ ငါးထပ် အခန်းပေါင်း ၃၀၀ တည်ဆောက် ပြီးစီးပြီဖြစ်တယ်လို့ သိရပါတယ်။ထို့ပြင် မိသားစုဦးရေများပြားသူ၊ ကျန်း မာရေး ချို့တဲ့သူ၊ သားသမီးမရှိသူများအား ဦးစားပေးငှားရမ်း ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

ငှားရမ်းကာလမှာ တစ်ကြိမ်လျှင် ငါးနှစ်ဖြစ်ပြီး ငှားရမ်းခနှုန်းထားများမှာ တစ်လလျှင် မြေညီထပ် ကို ကျပ် သုံးသောင်းနှင့် အပေါ်တစ်ထပ် တက်လျှင် ကျပ် တစ်ထောင်နှုန်း လျှော့၍ အပေါ်ဆုံးထပ်ကို ကျပ် ၂၆၀၀၀ နှုန်းဖြင့် ငှားရမ်းပေးသွားမယ်လို့ သိရပါတယ်။

crd : white sone

Add a Comment

Your email address will not be published. Required fields are marked *