ဦးဝင္းျမင့္၊ေဒၚေအာင္ဆန္းစုၾကည္ ႏွင့္ ျပည္နယ္ႏွင့္တိုင္းမ်ားမွ ဝန္ႀကီးခ်ဳပ္ မ်ား (၂၀၂၀) ေ႐ြးေကာက္ ပြဲဝင္မည္

(၂၀၂၀)ေ႐ြးေကာက္ပြဲ အတြက္ တာေမြၿမိဳ႕နယ္ အန္အယ္လ္ဒီ႐ုံးမွာ ကိုယ္စားလွယ္ေလာင္း စိစစ္ေနၿပီး သမၼတ ဦးဝင္းျမင့္က လြဲရင္ က်န္ တဲ့သူေတြကို လူေတြ႕ စစ္ေဆးေနတာ ျဖစ္ပါတယ္။လက္ရွိသမၼတ ဦးဝင္းျမင့္ဟာ ၂၀၁၂ ၾကားျဖတ္ေ႐ြးေကာက္ပြဲမွာ ပုသိမ္ၿမိဳ႕နယ္ကေန ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္အျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရၿပီး ၂၀၁၅ ေ႐ြးေကာက္ပြဲ မွာေတာ့ ရန္ကုန္တိုင္း၊ တာေမြၿမိဳ႕နယ္ကေန ျပည္သူ႔ လႊတ္ေတာ္ ကိုယ္စားလွယ္ ျဖစ္လာတာပါ။

အလားတူ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အေန နဲ႔လည္း ၂၀၁၅ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရရွိခဲ့တဲ့ ေကာ့မႉးၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေနရာကပဲ ဝင္ၿပိဳင္ဖို႔ ကိုယ္စားလွယ္ေလာင္းစာရင္းတင္သြင္းထားတယ္လို႔ ပါတီနဲ႔နီးစပ္တဲ့သူေတြဆီက စုံစမ္းသိရွိရပါတယ္။ဒါ့အျပင္ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္း ကလည္း ၂၀၁၅အေထြေထြေ႐ြးေကာက္ပြဲက အႏိုင္ရရွိထားတဲ့ မဲဆႏၵ နယ္ေျမျဖစ္တဲ့ လွည္းကူးၿမိဳ႕နယ္ အမွတ္(၂)တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ေနရာမွာ ဝင္ၿပိဳင္ဖို႔ ၿမိဳ႕နယ္ပါတီနဲ႔ ၿမိဳ႕မိ ၿမိဳ႕ဖေတြ က ကိုယ္စားလွယ္ေလာင္းစာရင္း တင္သြင္းထား တယ္လို႔ ဆိုပါတယ္။

လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ ပြဲ မွာ ႏိုင္ငံေတာ္ သမၼတ ဦးဝင္းျမင့္၊ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ တို႔ ၂၀၁၅ ေ႐ြး ေကာက္ပြဲတုန္းက ဝင္ၿပိဳင္ခဲ့တဲ့ မဲဆႏၵနယ္ေတြမွာပဲ ဝင္ၿပိဳင္ဖို႔အတြက္ ကိုယ္စားလွယ္ေလာင္းစာရင္း တင္သြင္းထားပါတယ္။ႏိုင္ငံေတာ္ သမၼတဦးဝင္းျမင့္ဟာ လာမယ့္ေ႐ြးေကာက္ပြဲ မွာလည္း တာေမြၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ေနရာအတြက္ ဝင္ၿပိဳင္မယ္လို႔ တာေမြၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥကၠ႒က ဒီဗြီဘီကို ေျပာပါတယ္။ျပည္သူ (ျပည္သူ႔လႊတ္ေတာ္)အတြက္ သမၼတႀကီး တေယာက္ပဲ ရွိတယ္။ အမ်ိဳးသားမွာ ၂ ေယာက္။ တိုင္းအတြက္က ၁၀ ေယာက္ပါ” လို႔ ေျပာပါတယ္။

သမၼတဦးဝင္းျမင့္ရဲ႕ ေ႐ြးေကာက္ပြဲဝင္ဖို႔ ပါတီကိုတင္ျပတဲ့ ေလွ်ာက္လႊာဟာ ဒီေန႔မွ ေရာက္လာတာ ျဖစ္ပါတယ္။အန္အယ္လ္ဒီအေနနဲ႔ ေ႐ြးေကာက္ပြဲ ကိုယ္စားလွယ္ ေလာင္းေတြကို ေလွ်ာက္လႊာ ဒီကေန႔ ေနာက္ဆုံးထားလက္ခံေနတာျဖစ္ၿပီ ဒီေန႔ မွာ အၿပီးစိစစ္မယ္ လို႔ ေျပာပါတယ္။ဒါ့အျပင္ ရန္ကုန္တိုင္းလူမႈေရး ဝန္ႀကီး ဦးႏိုင္ငံလင္းကလည္း သာေကတၿမိဳ႕နယ္ ကပဲ ဝင္ၿပိဳင္ဖို႔ ကိုယ္စားလွယ္ေလာင္း စာရင္း တင္သြင္းထားပါတယ္။အလားတူ တျခားျပည္နယ္နဲ႔တိုင္းေဒသႀကီးေတြက ဝန္ႀကီးခ်ဳပ္ေတြအားလုံးလိုလို ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ျပန္လည္ ဝင္ေရာက္ ယွဥ္ၿပိဳင္မယ္လို႔ အန္အယ္လ္ဒီဗဟို ျပန္ၾကားေရးေကာ္မတီ အတြင္းေရးမႉး မုံ႐ြာ ေအာင္ရွင္က ေျပာပါတယ္။

REF: ဒီဗြီဘီ

UNICODE

ဦးဝင်းမြင့်၊ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်နယ်နှင့်တိုင်းများမှ ဝန်ကြီးချုပ် များ (၂၀၂၀) ရွေးကောက် ပွဲဝင်မည်

(၂၀၂၀)ရွေးကောက်ပွဲ အတွက် တာမွေမြို့နယ် အန်အယ်လ်ဒီရုံးမှာ ကိုယ်စားလှယ်လောင်း စိစစ်နေပြီး သမ္မတ ဦးဝင်းမြင့်က လွဲရင် ကျန် တဲ့သူတွေကို လူတွေ့ စစ်ဆေးနေတာ ဖြစ်ပါတယ်။လက်ရှိသမ္မတ ဦးဝင်းမြင့်ဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ပုသိမ်မြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ၂၀၁၅ ရွေးကောက်ပွဲ မှာတော့ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ကနေ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာတာပါ။

အလားတူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေ နဲ့လည်း ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကပဲ ဝင်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်းစာရင်းတင်သွင်းထားတယ်လို့ ပါတီနဲ့နီးစပ်တဲ့သူတွေဆီက စုံစမ်းသိရှိရပါတယ်။ဒါ့အပြင် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ကလည်း ၂၀၁၅အထွေထွေရွေးကောက်ပွဲက အနိုင်ရရှိထားတဲ့ မဲဆန္ဒ နယ်မြေဖြစ်တဲ့ လှည်းကူးမြို့နယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နေရာမှာ ဝင်ပြိုင်ဖို့ မြို့နယ်ပါတီနဲ့ မြို့မိ မြို့ဖတွေ က ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းထား တယ်လို့ ဆိုပါတယ်။

လာမယ့် ၂၀၂၀ ရွေးကောက် ပွဲ မှာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ ၂၀၁၅ ရွေး ကောက်ပွဲတုန်းက ဝင်ပြိုင်ခဲ့တဲ့ မဲဆန္ဒနယ်တွေမှာပဲ ဝင်ပြိုင်ဖို့အတွက် ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းထားပါတယ်။နိုင်ငံတော် သမ္မတဦးဝင်းမြင့်ဟာ လာမယ့်ရွေးကောက်ပွဲ မှာလည်း တာမွေမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ပြိုင်မယ်လို့ တာမွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌက ဒီဗွီဘီကို ပြောပါတယ်။ပြည်သူ (ပြည်သူ့လွှတ်တော်)အတွက် သမ္မတကြီး တယောက်ပဲ ရှိတယ်။ အမျိုးသားမှာ ၂ ယောက်။ တိုင်းအတွက်က ၁၀ ယောက်ပါ” လို့ ပြောပါတယ်။

သမ္မတဦးဝင်းမြင့်ရဲ့ ရွေးကောက်ပွဲဝင်ဖို့ ပါတီကိုတင်ပြတဲ့ လျှောက်လွှာဟာ ဒီနေ့မှ ရောက်လာတာ ဖြစ်ပါတယ်။အန်အယ်လ်ဒီအနေနဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ် လောင်းတွေကို လျှောက်လွှာ ဒီကနေ့ နောက်ဆုံးထားလက်ခံနေတာဖြစ်ပြီ ဒီနေ့ မှာ အပြီးစိစစ်မယ် လို့ ပြောပါတယ်။ဒါ့အပြင် ရန်ကုန်တိုင်းလူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်းကလည်း သာကေတမြို့နယ် ကပဲ ဝင်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း စာရင်း တင်သွင်းထားပါတယ်။အလားတူ တခြားပြည်နယ်နဲ့တိုင်းဒေသကြီးတွေက ဝန်ကြီးချုပ်တွေအားလုံးလိုလို ၂၀၂၀ ရွေးကောက်ပွဲမှာ ပြန်လည် ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ အန်အယ်လ်ဒီဗဟို ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာ အောင်ရှင်က ပြောပါတယ်။

REF:    ဒီဗွီဘီ

Add a Comment

Your email address will not be published. Required fields are marked *