ေပက်င္းတြင္ အသစ္ေတြ႕ရွိရသည့္ ကို႐ိုနာဗိုင္းရပ္စ္ မူလရင္းျမစ္သည္ တ႐ုတ္ႏိုင္ငံက မဟုတ္ဘဲ ဥေရာပကျဖစ္ဟု ေျပာ

တ႐ုတ္ကူးစက္ေရာဂါထိန္းခ်ဳပ္ေရးဌာန CDC မွ ကပ္ေရာဂါေဗဒပညာရွင္ အႀကီးအကဲ ဝူဇြန္းယူက အခု ေပက်င္းမွာ ျဖစ္တဲ့ ဗိုင္းရပ္စ္ဗီဇ ပုံစံဟာ ဥေရာပတိုင္းျပည္ေတြမွာ ျဖစ္တဲ့ ဗိုင္းရပ္စ္ဗီဇကို ၫႊန္ျပေနၿပီး၊ ေပက်င္းကို တ႐ုတ္ျပည္ျပင္ပက ေရာက္လာတာလို႔ ဆိုပါတယ္။ ဒါေပမဲ့ သူက ဒါဟာ ဥေရာပတိုင္းျပည္ေတြကေန ေရာက္လာတာလို႔ မဆိုလိုေၾကာင္း လည္းေျပာပါတယ္။

တ႐ုတ္ၿမိဳ႕ေတာ္ ေပက်င္းမွာ အခုရက္ပိုင္းအတြင္း အသစ္ေတြ႕ရွိရတဲ့ ကို႐ိုနာဗိုင္းရပ္စ္ရဲ႕ မူလရင္းျမစ္ဟာ တ႐ုတ္ျပည္ျပင္ပက ျဖစ္တယ္ လို႔ ကြၽမ္းက်င္ပညာရွင္တစ္ဦးက ဇြန္ ၁၅ ရက္ေန႔က ေျပာပါတယ္။ေပက်င္းမွာ ဇြန္ ၁၁ မွ ၁၄ ရက္ေန႔အထိ ေလးရက္အတြင္း အတည္ျပဳလူ နာအသစ္ ၇၉ ဦး ေတြ႕ရွိခဲ့ၿပီး အမ်ားစုဟာ ရွင္ဖါဒီ လက္ကားေဈးႀကီးကေန ဆက္ႏႊယ္ကူးစက္ခဲ့တာလို႔ ဆိုပါတယ္။

အခုအခါ ေဈးနဲ႔ အနီးဝန္းက်င္ေနရာေတြကို ေလာ့ေဒါင္းခ်ထားပါတယ္။ ဒီျဖစ္စဥ္မတိုင္ခင္က ေပက်င္းမွာ ၅၆ ရက္ဆက္တိုက္ ကိုဗစ္-၁၉ လူနာ ေတြ႕ရွိခဲ့ျခင္း မရွိဘူးလို႔ ေဒသခံအာဏာပိုင္ေတြရဲ႕ ေျပာဆိုခ်က္ကို ကိုးကားၿပီး ႐ိုက္တာသတင္းမွာ ေဖာ္ျပပါတယ္။

REF: THE LIFESTYLE MYANMAR

UNICODE

ပေကျင်းတွင် အသစ်တွေ့ရှိရသည့် ကိုရိုနာဗိုင်းရပ်စ် မူလရင်းမြစ်သည် တရုတ်နိုင်ငံက မဟုတ်ဘဲ ဥရောပကဖြစ်ဟု ပြော

တရုတ်ကူးစက်ရောဂါထိန်းချုပ်ရေးဌာန CDC မှ ကပ်ရောဂါဗေဒပညာရှင် အကြီးအကဲ ဝူဇွန်းယူက အခု ပေကျင်းမှာ ဖြစ်တဲ့ ဗိုင်းရပ်စ်ဗီဇ ပုံစံဟာ ဥရောပတိုင်းပြည်တွေမှာ ဖြစ်တဲ့ ဗိုင်းရပ်စ်ဗီဇကို ညွှန်ပြနေပြီး၊ ပေကျင်းကို တရုတ်ပြည်ပြင်ပက ရောက်လာတာလို့ ဆိုပါတယ်။ ဒါပေမဲ့ သူက ဒါဟာ ဥရောပတိုင်းပြည်တွေကနေ ရောက်လာတာလို့ မဆိုလိုကြောင်း လည်းပြောပါတယ်။

တရုတ်မြို့တော် ပေကျင်းမှာ အခုရက်ပိုင်းအတွင်း အသစ်တွေ့ရှိရတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလရင်းမြစ်ဟာ တရုတ်ပြည်ပြင်ပက ဖြစ်တယ် လို့ ကျွမ်းကျင်ပညာရှင်တစ်ဦးက ဇွန် ၁၅ ရက်နေ့က ပြောပါတယ်။ပေကျင်းမှာ ဇွန် ၁၁ မှ ၁၄ ရက်နေ့အထိ လေးရက်အတွင်း အတည်ပြုလူ နာအသစ် ၇၉ ဦး တွေ့ရှိခဲ့ပြီး အများစုဟာ ရှင်ဖါဒီ လက်ကားဈေးကြီးကနေ ဆက်နွှယ်ကူးစက်ခဲ့တာလို့ ဆိုပါတယ်။

အခုအခါ ဈေးနဲ့ အနီးဝန်းကျင်နေရာတွေကို လော့ဒေါင်းချထားပါတယ်။ ဒီဖြစ်စဉ်မတိုင်ခင်က ပေကျင်းမှာ ၅၆ ရက်ဆက်တိုက် ကိုဗစ်-၁၉ လူနာ တွေ့ရှိခဲ့ခြင်း မရှိဘူးလို့ ဒေသခံအာဏာပိုင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

REF:   THE  LIFESTYLE  MYANMAR

Add a Comment

Your email address will not be published. Required fields are marked *