ျမန္မာႏိုင္ငံသားေတြ အလုပ္လာလုပ္ခ်င္ရင္ အေမရိကန္ေဒၚလာ(၁)သိန္းတန္ က်န္းမာေရးအာမခံျပရမည္ဟု ထိုင္းအစိုးရသတ္မွတ္

လက္ရွိအခ်ိန္တြင္ ထိုင္းႏိုင္ ငံ၌ ျမန္မာအလုပ္သမားဦးေရ ႏွစ္ သန္းေက်ာ္ တရားဝင္ေရာက္ရွိ လုပ္ကိုင္လ်က္ရွိသည္။ ကမာၻ တစ္ဝန္း COVID-19 ေရာဂါျဖစ္ ပြားၿပီးေနာက္ ေသာင္းႏွင့္ခ်ီေသာ ထိုင္းေရာက္ျမန္မာ အလုပ္သမား မ်ားျပည္တြင္းသို႔ျပန္လည္ဝင္လာ သည္။ ျမန္မာအစိုးရအေနျဖင့္ လည္း ထိုင္းအပါအဝင္အျခားႏိုင္ ငံသို႔ အလုပ္သမားေစလႊတ္မႈရပ္ ဆိုင္းျခင္းကို ေမလကုန္အထိအ ခ်ိန္ ထပ္တိုး ထားသည္။ထိုင္းႏိုင္ငံသို႔ သြားေရာက္လုပ္ကိုင္မည့္ ျမန္မာလုပ္သားမ်ား ကန္ေဒၚလာတစ္သိန္းတန္ က်န္းမာေရး အာမခံျပရမည္မိမိ အစီအစဥ္ျဖင့္ Quarantine ၁၄ ရက္ၾကာ ဝင္ရမည္ဟု ဆိုသည္။

COVID-19 ကာလအတြင္း ထိုင္းႏိုင္ငံသို႔သြားေရာက္လုပ္ကိုင္မည့္ အလုပ္သမား မ်ားအေနျဖင့္ တစ္ဦးလွ်င္ အေမရိကန္ေဒၚလာ တစ္သိန္း တန္ဖိုးရွိသည့္ က်န္းမာေရးအာမခံျပရမည္ဟု ထိုင္းအစိုးရက သတ္မွတ္လိုက္ ေၾကာင္း သိရသည္။ ျမန္မာလုပ္သားမ်ားအေနျဖင့္ ထိုင္း ႏိုင္ငံသို႔ဝင္ေရာက္ခြင့္ေလွ်ာက္ထားပါက အလုပ္လုပ္ ကိုင္ခြင့္လက္မွတ္(သို႔မဟုတ္)ထိုင္းအစိုးရ ေအဂ်င္ စီက ထုတ္ေပးသည့္ခြင့္ျပဳ ခ်က္ စာမိတၱဴျပသ ရမည္ဟု ဆိုသည္။ထို႔အျပင္ COVID-19 ေရာဂါ ေဆးကုသ စရိတ္အနည္း ဆုံး အေမရိကန္ေဒၚလာ တစ္သိန္းရွိက်န္းမာ ေရး အာမခံျပသရမည္ဟု ထိုင္းအစိုးရက သတ္မွတ္ထားေၾကာင္း အလုပ္သမားဝန္ႀကီး႐ုံးက ေအဂ်င္စီမ်ားကို အသိေပးထားသည္။

ထိုင္းႏိုင္ငံသို႔ ေရာက္ရွိပါက လည္း အစိုးရမွသတ္မွတ္ထား သည့္ေနရာတြင္ မိမိစရိတ္ျဖင့္ Quarantine ၁၄ ရက္ဝင္ရမည္ ဟုလည္း ဆို သည္။သတ္မွတ္ခ်က္ေတြက ျပည္ပအလုပ္သမား အဝင္လက္ မခံေသးဘူးဆိုတဲ့ သေဘာပဲ။ ဘယ္အလုပ္ သမားမွေဒၚလာ တစ္သိန္းက်န္း မာေရးအာမခံျပ ႏိုင္မွာမဟုတ္သလို ေစလႊတ္မယ့္ ေအဂ်င္စီေတြလည္း စိုက္ထုတ္ ေပးႏိုင္မွာမဟုတ္ဘူး။ ဒါက COVID ကာလအတြင္း ထိုင္း အစိုးရက မူတစ္ခုအေနနဲ႔ၫႊန္ ၾကားတာျဖစ္တယ္။ ေရာဂါအေျခအ ေနေတြ ျပန္တည္ၿငိမ္ရင္ေျဖ ေလွ်ာ့ေပးလာမယ္ထင္တယ္ဟု ေ႐ႊမႏၲေလး ျပည္ပအလုပ္အကိုင္ ရွာေဖြေရးေအဂ်င္စီမွ မန္ေနဂ်င္း ဒါ႐ိုက္တာဦးသန္းထြဋ္ဦးက ေျပာ သည္။

ထိုင္းႏိုင္ငံမွ လက္ရွိသတ္ မွတ္ခ်က္မ်ားအရ ျမန္မာအလုပ္ သမားမွာ ယင္းၫႊန္ၾကားခ်က္ မ်ားအတိုင္း လိုက္နာႏိုင္မည္ မဟုတ္၍ သြား ေရာက္လုပ္ကိုင္ မည့္သူမရွိႏိုင္ဟု ေအဂ်င္စီလုပ္ ငန္းရွင္မ်ားက သုံးသပ္သည္။ မရွိလို႔ ဝန္ေဆာင္ခသက္ သာတဲ့ ႏိုင္ငံသြားလုပ္ပါမယ္ဆို မွေဒၚလာတစ္သိန္းဘယ္တတ္ႏိုင္မလဲ။ အဲဒီေလာက္ရွိေနမွေတာ့သြားလုပ္ေတာ့မလားဟု ထိုင္း ႏိုင္ငံသို႔ သြားေရာက္လုပ္ကိုင္ရန္ ေစာင့္ ဆိုင္းေနသည့္ ကိုျမင့္စိန္က ေျပာသည္။

REF: SHWE WIKI

UNICODE

မြန်မာနိုင်ငံသားတွေ အလုပ်လာလုပ်ချင်ရင် အမေရိကန်ဒေါ်လာ(၁)သိန်းတန် ကျန်းမာရေးအာမခံပြရမည်ဟု ထိုင်းအစိုးရသတ်မှတ်

လက်ရှိအချိန်တွင် ထိုင်းနိုင် ငံ၌ မြန်မာအလုပ်သမားဦးရေ နှစ် သန်းကျော် တရားဝင်ရောက်ရှိ လုပ်ကိုင်လျက်ရှိသည်။ ကမ္ဘာ တစ်ဝန်း COVID-19 ရောဂါဖြစ် ပွားပြီးနောက် သောင်းနှင့်ချီသော ထိုင်းရောက်မြန်မာ အလုပ်သမား များပြည်တွင်းသို့ပြန်လည်ဝင်လာ သည်။ မြန်မာအစိုးရအနေဖြင့် လည်း ထိုင်းအပါအဝင်အခြားနိုင် ငံသို့ အလုပ်သမားစေလွှတ်မှုရပ် ဆိုင်းခြင်းကို မေလကုန်အထိအ ချိန် ထပ်တိုး ထားသည်။ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် မြန်မာလုပ်သားများ ကန်ဒေါ်လာတစ်သိန်းတန် ကျန်းမာရေး အာမခံပြရမည်မိမိ အစီအစဉ်ဖြင့် Quarantine ၁၄ ရက်ကြာ ဝင်ရမည်ဟု ဆိုသည်။

COVID-19 ကာလအတွင်း ထိုင်းနိုင်ငံသို့သွားရောက်လုပ်ကိုင်မည့် အလုပ်သမား များအနေဖြင့် တစ်ဦးလျှင် အမေရိကန်ဒေါ်လာ တစ်သိန်း တန်ဖိုးရှိသည့် ကျန်းမာရေးအာမခံပြရမည်ဟု ထိုင်းအစိုးရက သတ်မှတ်လိုက် ကြောင်း သိရသည်။ မြန်မာလုပ်သားများအနေဖြင့် ထိုင်း နိုင်ငံသို့ဝင်ရောက်ခွင့်လျှောက်ထားပါက အလုပ်လုပ် ကိုင်ခွင့်လက်မှတ်(သို့မဟုတ်)ထိုင်းအစိုးရ အေဂျင် စီက ထုတ်ပေးသည့်ခွင့်ပြု ချက် စာမိတ္တူပြသ ရမည်ဟု ဆိုသည်။ထို့အပြင် COVID-19 ရောဂါ ဆေးကုသ စရိတ်အနည်း ဆုံး အမေရိကန်ဒေါ်လာ တစ်သိန်းရှိကျန်းမာ ရေး အာမခံပြသရမည်ဟု ထိုင်းအစိုးရက သတ်မှတ်ထားကြောင်း အလုပ်သမားဝန်ကြီးရုံးက အေဂျင်စီများကို အသိပေးထားသည်။

ထိုင်းနိုင်ငံသို့ ရောက်ရှိပါက လည်း အစိုးရမှသတ်မှတ်ထား သည့်နေရာတွင် မိမိစရိတ်ဖြင့် Quarantine ၁၄ ရက်ဝင်ရမည် ဟုလည်း ဆို သည်။သတ်မှတ်ချက်တွေက ပြည်ပအလုပ်သမား အဝင်လက် မခံသေးဘူးဆိုတဲ့ သဘောပဲ။ ဘယ်အလုပ် သမားမှဒေါ်လာ တစ်သိန်းကျန်း မာရေးအာမခံပြ နိုင်မှာမဟုတ်သလို စေလွှတ်မယ့် အေဂျင်စီတွေလည်း စိုက်ထုတ် ပေးနိုင်မှာမဟုတ်ဘူး။ ဒါက COVID ကာလအတွင်း ထိုင်း အစိုးရက မူတစ်ခုအနေနဲ့ညွှန် ကြားတာဖြစ်တယ်။ ရောဂါအခြေအ နေတွေ ပြန်တည်ငြိမ်ရင်ဖြေ လျှော့ပေးလာမယ်ထင်တယ်ဟု ရွှေမန္တလေး ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီမှ မန်နေဂျင်း ဒါရိုက်တာဦးသန်းထွဋ်ဦးက ပြော သည်။

ထိုင်းနိုင်ငံမှ လက်ရှိသတ် မှတ်ချက်များအရ မြန်မာအလုပ် သမားမှာ ယင်းညွှန်ကြားချက် များအတိုင်း လိုက်နာနိုင်မည် မဟုတ်၍ သွား ရောက်လုပ်ကိုင် မည့်သူမရှိနိုင်ဟု အေဂျင်စီလုပ် ငန်းရှင်များက သုံးသပ်သည်။ မရှိလို့ ဝန်ဆောင်ခသက် သာတဲ့ နိုင်ငံသွားလုပ်ပါမယ်ဆို မှဒေါ်လာတစ်သိန်းဘယ်တတ်နိုင်မလဲ။ အဲဒီလောက်ရှိနေမှတော့သွားလုပ်တော့မလားဟု ထိုင်း နိုင်ငံသို့ သွားရောက်လုပ်ကိုင်ရန် စောင့် ဆိုင်းနေသည့် ကိုမြင့်စိန်က ပြောသည်။

REF:    SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *