(၁၁) ႏွစ္ အ႐ြယ္ မယားပါေျမး ကို ကိုယ္ဝန္ရသည္ အထိ အႀကိမ္ႀကိမ္ျပဳက်င့္သည့္ အဖိုးကို ဖမ္းဆီးအမႈဖြင့္

မိဘအုပ္ထိန္းမႈေအာက္ မလြတ္ကင္းေသးသူကို သားမယားျပဳက်င့္ ကိုယ္ဝန္ရေစခဲ့သူ တင္ျမင့္(၆၄)ႏွစ္ အား လႈိင္သာယာ (အေနာက္ပိုင္း) ၿမိဳ႕နယ္၊ ေသာင္ႀကီးနယ္ေျမရဲစခန္းမွ (ပ)၁၃၁၈ /၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ ျဖင့္ ဖမ္းဆီး အေရးယူထားေၾကာင္း သတင္းရရွိပါတယ္။

ရန္ကုန္တိုင္း၊ လႈိင္သာယာ(အေနာက္)ပိုင္းၿမိဳ႕နယ္ တြင္ ေနာက္အိမ္ေထာင္မွ ေျမးျဖစ္သူအား အႀကိမ္ႀကိမ္ ျပဳက်င့္ခဲ့ သျဖင့္ ကိုယ္ဝန္ ၅ လ လြယ္ထားရေၾကာင္း သိရပါတယ္။ လႈိင္သာယာ(အေနာက္ပိုင္း)ၿမိဳ႕နယ္၊ အမွတ္ ၂၀ ရပ္ကြက္ ဗိုလ္ေတဇပတ္လမ္းေန တရားလိုသည္ လြန္ ခဲ့ေသာ ၃ ႏွစ္ခန႔္မွ စ၍ ေနာက္အိမ္ေထာင္ႏွင့္အတူ ေျမး ၃ ေယာက္ႏွင့္ တစ္အိမ္တည္း ေနထိုင္ ခဲ့ေၾကာင္း ဆိုပါတယ္။

ထိုသို႔ ေနထိုင္စဥ္ ဇြန္လ ၁၀ ရက္ေန႔၌ ေျမးျဖစ္သူ မမခိုင္(အမည္လႊဲ) ၁၁ႏွစ္ ၁၁လ သမီး မွာ ဗိုက္ပူ ထြက္ေနေၾကာင္းေတြ႕ရ၍ မသကၤာ သျဖင့္ ညီမျဖစ္သူႏွင့္ အတူ ေျမးျဖစ္သူအား စစ္ေမးၿပီး ေဆး႐ုံ သို႔သြားျပခဲ့ရာ ေျမးျဖစ္သူတြင္ ကိုယ္ဝန္ ၅ လခန႔္ ရွိေနရေၾကာင္း သိရပါတယ္။

ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေျမးျဖစ္သူအား ေမးျမန္းရာ ၂၀၁၉ခုႏွစ္ ၉လပိုင္း ရက္ မမွတ္မိ ညေန ၆နာရီခန႔္က ေက်ာင္းပိတ္ရက္ အိမ္တြင္ ဦး တင္ျမင့္ႏွင့္ ႏွစ္ဦးတည္းရွိေနစဥ္ ဦးတင္ျမင့္မွ “သမီး လာအုံး” ဟုေခၚၿပီး ဘယ္သူမွ မေျပာနဲ႔ ေျပာရင္ သတ္ပစ္မည္ဟု ၿခိမ္း ေျခာက္ ၍ ပါး နမ္းကာ ျပဳက်င့္စဥ္ ႐ုန္းကန္ ထြက္ေျပးခဲ့ ရာမွ ေနာက္ပိုင္းတြင္ ၿခိမ္းေျခာက္သျဖင့္ ျပန္မေျပာဘဲၿငိမ္ေနခဲ့ေၾကာင္း၊သိရသည္။

ယင္းအျဖစ္ ေနာက္ပိုင္း ၃/၄ရက္ျခား ၁ ႀကိမ္ သားမယားျပဳက်င့္ခံရေၾကာင္း ကိုယ္ဝန္ရွိသည္ကို မသိေသာ္လည္း ဗိုက္တျဖည္းျဖည္း ဗိုက္ ပူ လာသည္ကို သတိထားမိေၾကာင္း၊ ၂၀၂၀ခု ဧၿပီလ ရက္မမွတ္မိေန႔က ေနအိမ္တြင္ လူမရွိခိုက္ ၿခိမ္းေျခာက္ၿပီး တစ္ႀကိမ္ ထပ္မံျပဳက်င့္ ခဲ့ေၾကာင္း ေျပာျပသိရသျဖင့္ ေျမးျဖစ္သူ ၁၀ႏွစ္ ၁၁လ သမီးငယ္အား သားမယား ျပဳက်င့္ခဲ့သူ တင့္ျမင့္အား ဥပေဒအရအေရးယူေပးပါရန္ ဇြန္လ ၁၃ရက္ေန၌ တိုင္ၾကားခဲ့တယ္လို႔ သိရပါတယ္။

REF: LET PAN

UNICODE

(၁၁) နှစ် အရွယ် မယားပါမြေး ကို ကိုယ်ဝန်ရသည် အထိ အကြိမ်ကြိမ်ပြုကျင့်သည့် အဖိုးကို ဖမ်းဆီးအမှုဖွင့်

မိဘအုပ်ထိန်းမှုအောက် မလွတ်ကင်းသေးသူကို သားမယားပြုကျင့် ကိုယ်ဝန်ရစေခဲ့သူ တင်မြင့်(၆၄)နှစ် အား လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ သောင်ကြီးနယ်မြေရဲစခန်းမှ (ပ)၁၃၁၈ /၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် ဖမ်းဆီး အရေးယူထားကြောင်း သတင်းရရှိပါတယ်။

ရန်ကုန်တိုင်း၊ လှိုင်သာယာ(အနောက်)ပိုင်းမြို့နယ် တွင် နောက်အိမ်ထောင်မှ မြေးဖြစ်သူအား အကြိမ်ကြိမ် ပြုကျင့်ခဲ့ သဖြင့် ကိုယ်ဝန် ၅ လ လွယ်ထားရကြောင်း သိရပါတယ်။ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ် ၂၀ ရပ်ကွက် ဗိုလ်တေဇပတ်လမ်းနေ တရားလိုသည် လွန် ခဲ့သော ၃ နှစ်ခန့်မှ စ၍ နောက်အိမ်ထောင်နှင့်အတူ မြေး ၃ ယောက်နှင့် တစ်အိမ်တည်း နေထိုင် ခဲ့ကြောင်း ဆိုပါတယ်။

ထိုသို့ နေထိုင်စဉ် ဇွန်လ ၁၀ ရက်နေ့၌ မြေးဖြစ်သူ မမခိုင်(အမည်လွှဲ) ၁၁နှစ် ၁၁လ သမီး မှာ ဗိုက်ပူ ထွက်နေကြောင်းတွေ့ရ၍ မသင်္ကာ သဖြင့် ညီမဖြစ်သူနှင့် အတူ မြေးဖြစ်သူအား စစ်မေးပြီး ဆေးရုံ သို့သွားပြခဲ့ရာ မြေးဖြစ်သူတွင် ကိုယ်ဝန် ၅ လခန့် ရှိနေရကြောင်း သိရပါတယ်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မြေးဖြစ်သူအား မေးမြန်းရာ ၂၀၁၉ခုနှစ် ၉လပိုင်း ရက် မမှတ်မိ ညနေ ၆နာရီခန့်က ကျောင်းပိတ်ရက် အိမ်တွင် ဦး တင်မြင့်နှင့် နှစ်ဦးတည်းရှိနေစဉ် ဦးတင်မြင့်မှ “သမီး လာအုံး” ဟုခေါ်ပြီး ဘယ်သူမှ မပြောနဲ့ ပြောရင် သတ်ပစ်မည်ဟု ခြိမ်း ခြောက် ၍ ပါး နမ်းကာ ပြုကျင့်စဉ် ရုန်းကန် ထွက်ပြေးခဲ့ ရာမှ နောက်ပိုင်းတွင် ခြိမ်းခြောက်သဖြင့် ပြန်မပြောဘဲငြိမ်နေခဲ့ကြောင်း၊သိရသည်။

ယင်းအဖြစ် နောက်ပိုင်း ၃/၄ရက်ခြား ၁ ကြိမ် သားမယားပြုကျင့်ခံရကြောင်း ကိုယ်ဝန်ရှိသည်ကို မသိသော်လည်း ဗိုက်တဖြည်းဖြည်း ဗိုက် ပူ လာသည်ကို သတိထားမိကြောင်း၊ ၂၀၂၀ခု ဧပြီလ ရက်မမှတ်မိနေ့က နေအိမ်တွင် လူမရှိခိုက် ခြိမ်းခြောက်ပြီး တစ်ကြိမ် ထပ်မံပြုကျင့် ခဲ့ကြောင်း ပြောပြသိရသဖြင့် မြေးဖြစ်သူ ၁၀နှစ် ၁၁လ သမီးငယ်အား သားမယား ပြုကျင့်ခဲ့သူ တင့်မြင့်အား ဥပဒေအရအရေးယူပေးပါရန် ဇွန်လ ၁၃ရက်နေ၌ တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

REF:   LET  PAN

Add a Comment

Your email address will not be published. Required fields are marked *