(၂)ႏိုင္ငံနယ္စပ္အျငင္းပြားမႈႏွင့္ ပတ္သက္၍ အိႏၵိယႏွင့္ တ႐ုတ္တိုက္ပြဲ ျဖစ္ပြားၿပီး အိႏၵိယဘက္မွ ဗိုလ္မႉးႀကီး(၁)ဦးအပါအဝင္ (၃)ဦးက်ဆုံး

ေမလ ၉ ရက္ေန႔ကလည္း အဆိုပါနယ္စပ္တြင္အိန ၵိယႏွင့္တ႐ုတ္စစ္သားမ်ားအၾကား ေက်ာက္တုံးမ်ားျဖင့္ ေပါက္ျခင္း၊ အျပန္အလွန္ခိုက္ ရန္ျဖစ္ပြားၿပီး ဒဏ္ရာရ မႈမ်ား ျဖစ္ခဲ့ေသးသည္။Galwan ေတာင္ၾကားေဒသ ၏ နယ္နမိတ္ ျပသာနာ အတြက္ ၂ ႏိုင္ငံလုံးက ၿပီးခဲ့သည့္လ မ်ားအတြင္း စစ္ တပ္မ်ားအလုံးအရင္းထပ္မံခ်ထားခဲ့ရာမွ ယခုအခါ ၁၉၇၅ ခုႏွစ္ေနာက္ပိုင္းပထမဆုံးအႀကိမ္၊ ၄၅ ႏွစ္အတြင္း ပထမဆုံး အႀကိမ္အျဖစ္ ထိခိုက္ ေသဆုံးသည့္တိုက္ပြဲ ျဖစ္လာခဲ့ျခင္းျဖစ္သည္။

အိႏၵိယႏွင့္တ႐ုတ္ ၂ ႏိုင္ငံလုံးမွာန်ဴ းကလီးယားလက္ နက္မ်ားကို ပိုင္ဆိုင္ထားသည့္ႏိုင္ငံမ်ားျဖစ္ၿပီး ယခု ၂၀၂၀ ခုႏွစ္အတြင္း၌ န်ဴ းက လီးယားလက္နက္မ်ားကို ထပ္မံအားျဖည့္ထားသည္ဟုလည္း သတင္းမ်ားထြက္ေနသည္။အိႏၵိယ-တ႐ုတ္နယ္စပ္ျပသာနာမွ ျဖစ္လာသည့္
တိုက္ပြဲႏွင့္ပတ္သက္၍ ယခုအခါ တစ္ကမာၻလုံးက စိုးရိမ္စြာ ေစာင့္ၾကည့္ေနသလို တင္းမာမႈမ်ားကိုေလ်ာ့ ခ်ႏိုင္ေရးအတြက္ ၂ ႏိုင္ငံမွ ေခါင္း ေဆာင္ မ်ားႏွင့္တာဝန္ရွိသူမ်ားအၾကားတြင္ ေဆြးေႏြးေနၾကၿပီ ျဖစ္သည္။

အိႏၵိယႏွင့္တ႐ုတ္ႏိုင္ငံအၾကား နယ္ေျမပိုင္ဆိုင္မႈ အ ျငင္းပြားေနသည့္ Ladakh ေဒသမွ Galwan ေတာင္ ၾကားတြင္ တ႐ုတ္တပ္မ်ားႏွင့္ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး စစ္ သား ၃ ဦးက်ဆုံးခဲ့ေၾကာင္း အိႏၵိယတပ္မေတာ္မွ ယေန႔(အဂၤါ-ဇြန္ ၁၆) သတင္းထုတ္ျပန္လိုက္သည္။ အိႏၵိယႏွင့္ တ႐ုတ္မွာ ၂ ႏိုင္ငံနယ္ေျမခ်င္း ၃,၅၀၀ ကီ လိုမီတာ( ၂,၂၀၀ မိုင္)ထိစပ္ေနသည့္ အိမ္နီးခ်င္းႏိုင္ ငံမ်ားျဖစ္ၿပီး နယ္စပ္အေရးကိစၥမ်ားႏွင့္ ပတ္သက္၍ မည္သည့္အခါကမွ် သေဘာတူပိုင္းျခားသတ္မွတ္ႏိုင္ ခဲ့ျခင္း မရွိေပ။

အိႏၵိယပိုင္ Ladakh ေဒသမွ Galwan ေတာင္ၾကား ေဒသတြင္ ယမန္ေန႔ညပိုင္းက တ႐ုတ္စစ္တပ္မ်ား ႏွင့္မ်က္ႏွာခ်င္းဆိုင္ ထိပ္တိုက္ေတြ႕ တိုက္ပြဲျဖစ္ပြားခဲ့ ျခင္းျဖစ္ၿပီး အိႏၵိယ ဘက္မွ အရာရွိ ၁ ဦးႏွင့္ စစ္သည္ ၂ ဦးက်ဆုံး ခဲ့သည္ဟု အိႏၵိယစစ္တပ္၏ ထုတ္ျပန္ခ်က္ တြင္ ပါရွိ သည္။ က်ဆုံးခဲ့သည့္အရာရွိမွာ ဗိုလ္မႉးႀကီး ျဖစ္သည္ဟု အိႏၵိယသတင္းမ်ားက ေဖာ္ျပသည္။အိႏၵိယစစ္တပ္၏ ထုတ္ျပန္ခ်က္တြင္ ၂ ဘက္ စလုံး ထိခိုက္ေသဆုံးမႈရွိသည္ဟုပါရွိခဲ့သလို သတင္းမ်ားအရ တ႐ုတ္စစ္သည္ ၅ ဦးေသဆုံးသြားသည္ဟု သတင္းထြက္ေပၚေနေသာ္လည္း တ႐ုတ္ဘက္မွမူ ေသဆုံးစာရင္းကို အတိအက် ထုတ္ျပန္ျခင္း မရွိေပ။

အဆိုပါနယ္စပ္တြင္မ်က္ႏွာခ်င္းဆိုင္တိုက္ပြဲျဖစ္ပြားခဲ့သည္ကိုမူ တ႐ုတ္ဘက္က အတည္ျပဳထားသည္။ အိႏၵိယစစ္သားမ်ားမွာ နယ္စပ္မ်ဥ္း ကို ၂ ႀကိမ္တိုင္ ေက်ာ္ျဖတ္ခဲ့ၿပီး ရန္စတိုက္ခိုက္လာခဲ့သည့္အတြက္ ၂ ႏိုင္ငံနယ္ျခားေစာင့္စစ္တပ္မ်ားအၾကားျပင္းထန္သည့္ မ်က္ႏွာခ်င္း ဆိုင္တိုက္ပြဲျဖစ္ပြားခဲ့သည္ဟု တ႐ုတ္ႏိုင္ ငံျခားေရးဝန္ႀကီးဌာနမွေျပာခြင့္ရသူ Zhao Lijian က ေျပာၾကားထားသည္။အဆိုပါ Galwan ေတာင္ၾကားေဒသ၏မ်က္ႏွာခ်င္း ဆိုင္တြင္ တိဘက္ေဒသရွိေနသည္။

အိႏၵိယက ၎ တို႔၏ Ladakh ေဒသပိုင္နယ္ေျမဟုသတ္မွတ္ထားသလို တ႐ုတ္ကလည္း ၎တို႔ပိုင္ဆိုင္သည့္နယ္ေျမဟု သတ္မွတ္ထား သည္။ ထို႔အတူ အဆိုပါေဒသမွာ ပါကစၥတန္နယ္နမိတ္ႏွင့္လည္း နီးကပ္ေနသည္။

REF: The Ladies News

UNICODE

(၂)နိုင်ငံနယ်စပ်အငြင်းပွားမှုနှင့် ပတ်သက်၍ အိန္ဒိယနှင့် တရုတ်တိုက်ပွဲ ဖြစ်ပွားပြီး အိန္ဒိယဘက်မှ ဗိုလ်မှူးကြီး(၁)ဦးအပါအဝင် (၃)ဦးကျဆုံး

မေလ ၉ ရက်နေ့ကလည်း အဆိုပါနယ်စပ်တွင်အိန ္ဒိယနှင့်တရုတ်စစ်သားများအကြား ကျောက်တုံးများဖြင့် ပေါက်ခြင်း၊ အပြန်အလှန်ခိုက် ရန်ဖြစ်ပွားပြီး ဒဏ်ရာရ မှုများ ဖြစ်ခဲ့သေးသည်။Galwan တောင်ကြားဒေသ ၏ နယ်နမိတ် ပြသာနာ အတွက် ၂ နိုင်ငံလုံးက ပြီးခဲ့သည့်လ များအတွင်း စစ် တပ်များအလုံးအရင်းထပ်မံချထားခဲ့ရာမှ ယခုအခါ ၁၉၇၅ ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်၊ ၄၅ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် ထိခိုက် သေဆုံးသည့်တိုက်ပွဲ ဖြစ်လာခဲ့ခြင်းဖြစ်သည်။

အိန္ဒိယနှင့်တရုတ် ၂ နိုင်ငံလုံးမှာနျူ းကလီးယားလက် နက်များကို ပိုင်ဆိုင်ထားသည့်နိုင်ငံများဖြစ်ပြီး ယခု ၂၀၂၀ ခုနှစ်အတွင်း၌ နျူ းက လီးယားလက်နက်များကို ထပ်မံအားဖြည့်ထားသည်ဟုလည်း သတင်းများထွက်နေသည်။အိန္ဒိယ-တရုတ်နယ်စပ်ပြသာနာမှ ဖြစ်လာသည့်
တိုက်ပွဲနှင့်ပတ်သက်၍ ယခုအခါ တစ်ကမ္ဘာလုံးက စိုးရိမ်စွာ စောင့်ကြည့်နေသလို တင်းမာမှုများကိုလျော့ ချနိုင်ရေးအတွက် ၂ နိုင်ငံမှ ခေါင်း ဆောင် များနှင့်တာဝန်ရှိသူများအကြားတွင် ဆွေးနွေးနေကြပြီ ဖြစ်သည်။

အိန္ဒိယနှင့်တရုတ်နိုင်ငံအကြား နယ်မြေပိုင်ဆိုင်မှု အ ငြင်းပွားနေသည့် Ladakh ဒေသမှ Galwan တောင် ကြားတွင် တရုတ်တပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ် သား ၃ ဦးကျဆုံးခဲ့ကြောင်း အိန္ဒိယတပ်မတော်မှ ယနေ့(အင်္ဂါ-ဇွန် ၁၆) သတင်းထုတ်ပြန်လိုက်သည်။ အိန္ဒိယနှင့် တရုတ်မှာ ၂ နိုင်ငံနယ်မြေချင်း ၃,၅၀၀ ကီ လိုမီတာ( ၂,၂၀၀ မိုင်)ထိစပ်နေသည့် အိမ်နီးချင်းနိုင် ငံများဖြစ်ပြီး နယ်စပ်အရေးကိစ္စများနှင့် ပတ်သက်၍ မည်သည့်အခါကမျှ သဘောတူပိုင်းခြားသတ်မှတ်နိုင် ခဲ့ခြင်း မရှိပေ။

အိန္ဒိယပိုင် Ladakh ဒေသမှ Galwan တောင်ကြား ဒေသတွင် ယမန်နေ့ညပိုင်းက တရုတ်စစ်တပ်များ နှင့်မျက်နှာချင်းဆိုင် ထိပ်တိုက်တွေ့ တိုက်ပွဲဖြစ်ပွားခဲ့ ခြင်းဖြစ်ပြီး အိန္ဒိယ ဘက်မှ အရာရှိ ၁ ဦးနှင့် စစ်သည် ၂ ဦးကျဆုံး ခဲ့သည်ဟု အိန္ဒိယစစ်တပ်၏ ထုတ်ပြန်ချက် တွင် ပါရှိ သည်။ ကျဆုံးခဲ့သည့်အရာရှိမှာ ဗိုလ်မှူးကြီး ဖြစ်သည်ဟု အိန္ဒိယသတင်းများက ဖော်ပြသည်။အိန္ဒိယစစ်တပ်၏ ထုတ်ပြန်ချက်တွင် ၂ ဘက် စလုံး ထိခိုက်သေဆုံးမှုရှိသည်ဟုပါရှိခဲ့သလို သတင်းများအရ တရုတ်စစ်သည် ၅ ဦးသေဆုံးသွားသည်ဟု သတင်းထွက်ပေါ်နေသော်လည်း တရုတ်ဘက်မှမူ သေဆုံးစာရင်းကို အတိအကျ ထုတ်ပြန်ခြင်း မရှိပေ။

အဆိုပါနယ်စပ်တွင်မျက်နှာချင်းဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်ကိုမူ တရုတ်ဘက်က အတည်ပြုထားသည်။ အိန္ဒိယစစ်သားများမှာ နယ်စပ်မျဉ်း ကို ၂ ကြိမ်တိုင် ကျော်ဖြတ်ခဲ့ပြီး ရန်စတိုက်ခိုက်လာခဲ့သည့်အတွက် ၂ နိုင်ငံနယ်ခြားစောင့်စစ်တပ်များအကြားပြင်းထန်သည့် မျက်နှာချင်း ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု တရုတ်နိုင် ငံခြားရေးဝန်ကြီးဌာနမှပြောခွင့်ရသူ Zhao Lijian က ပြောကြားထားသည်။အဆိုပါ Galwan တောင်ကြားဒေသ၏မျက်နှာချင်း ဆိုင်တွင် တိဘက်ဒေသရှိနေသည်။

အိန္ဒိယက ၎င်း တို့၏ Ladakh ဒေသပိုင်နယ်မြေဟုသတ်မှတ်ထားသလို တရုတ်ကလည်း ၎င်းတို့ပိုင်ဆိုင်သည့်နယ်မြေဟု သတ်မှတ်ထား သည်။ ထို့အတူ အဆိုပါဒေသမှာ ပါကစ္စတန်နယ်နမိတ်နှင့်လည်း နီးကပ်နေသည်။

REF:     The Ladies News

Add a Comment

Your email address will not be published. Required fields are marked *