ကိုဗစ္-၁၉ေၾကာင့္ ေသဆုံးသူဦးေရ အျမင့္ဆုံးသို႔ ေရာက္ရွိလာ၍ အနီေရာင္ ဇုန္သတ္မွတ္မႈ ထပ္မံ တိုးခ်ဲ႕လိုက္ရတဲ့ ဘဂၤလားေဒ့ရွ္

ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ အသက္ေဘး ထိခိုက္ေစႏိုင္ေသာ ဗိုင္းရပ္စ္ပ်ံ႕ႏွံ႔ မႈကို တားဆီးရန္ အတြက္ ဒါကာၿမိဳ႕ေတာ္ ေျမာက္ပိုင္းႏွင့္ေတာင္ ပိုင္းမွ ဧရိယာ ၄၅-ခုအား အနီေရာင္ဇုန္သတ္မွတ္ ထားေၾကာင္း၊ Lock dwon တားဆီးပိတ္ဆို႔ျခင္းမ်ားကို စမ္းသပ္မႈအေနျဖင့္ ဧရိယာတစ္ ခုမွ စတင္ကာ တျဖည္းျဖည္း ဆက္လက္ ေဆာင္႐ြက္ သြားမည္ဆို၏။တနလၤာေန႔ အာဏာပိုင္မ်ား၏ ထုတ္ျပန္ခ်က္ အရ အနီေရာင္ဇုန္အ ျဖစ္သတ္မွတ္ခံရသည့္ဧရိယာမ်ားရွိ အစိုးရ႐ုံးမ်ားႏွင့္ စီးပြားေရးလုပ္ငန္းမ်ားအားလုံးကို ဆက္လက္ပိတ္ထားမည္ျဖစ္သည္။

အဝါေရာင္ႏွင့္အစိမ္းေရာင္ဇုန္မ်ားရွိ အစိုးရ႐ုံးမ်ားကိုမူ အကန႔္အသတ္ျဖင့္သာ ဖြင့္လွစ္ထားမည္ျဖစ္ေၾကာင္း သိရွိ ရသည္။ ထို႔အျပင္လူအ မ်ား သြားလာလႈပ္ရွားမႈ ကန႔္သတ္ျခင္းမ်ားကို ဇြန္လ ၃၀-ရက္ေန႔အထိ ၂၁-ရက္ၾကာ ဆက္လက္ျပ႒ာန္းထားမည္ျဖစ္ၿပီး ေဒသႏၲရအုပ္ခ်ဳပ္ ေရးႏွင့္ တရားဥပေဒစိုးမိုးေရးေအဂ်င္စီမ်ားအား ဘဂၤလားဒက္ရွ္တပ္မေတာ္သားမ်ားက ကူညီေဆာင္႐ြက္ ေပးမည္ျဖစ္သည္။ ဇြန္လ၁၆ ရက္တြင္ ဘဂၤလား‌ေဒ့ရွ္တြင္ ကို႐ိုနာ ဗိုင္းရပ္စ္ေရာဂါ ကူးစက္-ေသဆုံးဦးေရ အျမင့္ဆုံးအေရအတြက္ ျဖစ္လာေၾကာင္း သိရသည္။

ပိုးေတြ႕လူနာ ၃,၈၆၂-ဦးထပ္မံေတြ႕ရွိရာ၊ ၅၃ဦး ေသဆုံးသြားၿပီး Lock down ၂၁-ရက္သို႔ တိုးျမႇင့္လိုက္သည္။ အနီေရာင္ဇုန္သတ္မွတ္မႈ ထပ္မံတိုးခ်ဲ႕၍ ဘဂၤလားဒက္ရွ္တပ္မေတာ္သားမ်ား ကင္းလွည့္ ေစာင့္ၾကပ္မႈ အရွိန္ျမႇင့္လိုက္ေၾကာင္း သိရသည္။ ကို႐ိုနာ ဗိုင္းရပ္စ္ေရာဂါ ကပ္ က်ေရာက္လွ်က္ ရွိေသာ ဘဂၤလားဒက္ရွ္ႏိုင္ငံတြင္ ေရာဂါပိုးကူးစက္လွ်က္ရွိသူ ၃,၈၆၂-ဦးကို ၂၄-နာရီအတြင္း ထပ္မံေတြ႕ရွိျခင္းျဖင့္ စုစုေပါင္း ကူးစက္ခံရသူ ၉၄,၄၈၁-ဦး ျဖစ္လာေၾကာင္း သိရသည္။

အလားတူပင္ ေသဆုံးမႈမွာလည္း ၅၄-ဦးျဖစ္သျဖင့္ ၁-ရက္အတြင္း အမ်ားဆုံးအေရအတြက္ျဖစ္ လာသည္ဟု Dhaka Tribune က ယေန႔ ေရးသားသည္။ႏိုင္ငံတစ္ဝွမ္း ကူးစက္ေရာဂါ ျပန႔္ပြားမႈ ျပင္းထန္ လာသည့္အတြက္ Red Zone အနီေရာင္ဇုန္ သတ္မွတ္ထားေသာ ဧရိယာ မ်ားတြင္ လူအမ်ားသြားလာလႈပ္ရွားၾကရာတြင္ ေရာဂါကူးစက္မႈဟန႔္တားေရးအတြက္ အစိုးရျပ႒ာန္းထားသည့္အတိုင္း လိုက္နာၾကေစရန္ ဘဂၤလားဒက္ရွ္တပ္မေတာ္က ကင္းလွည့္မႈ ေစာင့္ၾကပ္မႈကို တိုးျမႇင့္ထားေၾကာင္း သိရွိရသည္။

CREDIT: Oung Marine

UNICODE

ကိုဗစ်-၁၉ကြောင့် သေဆုံးသူဦးရေ အမြင့်ဆုံးသို့ ရောက်ရှိလာ၍ အနီရောင် ဇုန်သတ်မှတ်မှု ထပ်မံ တိုးချဲ့လိုက်ရတဲ့ ဘင်္ဂလားဒေ့ရှ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အသက်ဘေး ထိခိုက်စေနိုင်သော ဗိုင်းရပ်စ်ပျံ့နှံ့ မှုကို တားဆီးရန် အတွက် ဒါကာမြို့တော် မြောက်ပိုင်းနှင့်တောင် ပိုင်းမှ ဧရိယာ ၄၅-ခုအား အနီရောင်ဇုန်သတ်မှတ် ထားကြောင်း၊ Lock dwon တားဆီးပိတ်ဆို့ခြင်းများကို စမ်းသပ်မှုအနေဖြင့် ဧရိယာတစ် ခုမှ စတင်ကာ တဖြည်းဖြည်း ဆက်လက် ဆောင်ရွက် သွားမည်ဆို၏။တနင်္လာနေ့ အာဏာပိုင်များ၏ ထုတ်ပြန်ချက် အရ အနီရောင်ဇုန်အ ဖြစ်သတ်မှတ်ခံရသည့်ဧရိယာများရှိ အစိုးရရုံးများနှင့် စီးပွားရေးလုပ်ငန်းများအားလုံးကို ဆက်လက်ပိတ်ထားမည်ဖြစ်သည်။

အဝါရောင်နှင့်အစိမ်းရောင်ဇုန်များရှိ အစိုးရရုံးများကိုမူ အကန့်အသတ်ဖြင့်သာ ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း သိရှိ ရသည်။ ထို့အပြင်လူအ များ သွားလာလှုပ်ရှားမှု ကန့်သတ်ခြင်းများကို ဇွန်လ ၃၀-ရက်နေ့အထိ ၂၁-ရက်ကြာ ဆက်လက်ပြဋ္ဌာန်းထားမည်ဖြစ်ပြီး ဒေသန္တရအုပ်ချုပ် ရေးနှင့် တရားဥပဒေစိုးမိုးရေးအေဂျင်စီများအား ဘင်္ဂလားဒက်ရှ်တပ်မတော်သားများက ကူညီဆောင်ရွက် ပေးမည်ဖြစ်သည်။  ဇွန်လ၁၆ ရက်တွင် ဘင်္ဂလား‌ေဒ့ရှ်တွင် ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကူးစက်-သေဆုံးဦးရေ အမြင့်ဆုံးအရေအတွက် ဖြစ်လာကြောင်း သိရသည်။

ပိုးတွေ့လူနာ ၃,၈၆၂-ဦးထပ်မံတွေ့ရှိရာ၊ ၅၃ဦး သေဆုံးသွားပြီး Lock down ၂၁-ရက်သို့ တိုးမြှင့်လိုက်သည်။ အနီရောင်ဇုန်သတ်မှတ်မှု ထပ်မံတိုးချဲ့၍ ဘင်္ဂလားဒက်ရှ်တပ်မတော်သားများ ကင်းလှည့် စောင့်ကြပ်မှု အရှိန်မြှင့်လိုက်ကြောင်း သိရသည်။ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကပ် ကျရောက်လျှက် ရှိသော ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် ရောဂါပိုးကူးစက်လျှက်ရှိသူ ၃,၈၆၂-ဦးကို ၂၄-နာရီအတွင်း ထပ်မံတွေ့ရှိခြင်းဖြင့် စုစုပေါင်း ကူးစက်ခံရသူ ၉၄,၄၈၁-ဦး ဖြစ်လာကြောင်း သိရသည်။

အလားတူပင် သေဆုံးမှုမှာလည်း ၅၄-ဦးဖြစ်သဖြင့် ၁-ရက်အတွင်း အများဆုံးအရေအတွက်ဖြစ် လာသည်ဟု Dhaka Tribune က ယနေ့ ရေးသားသည်။နိုင်ငံတစ်ဝှမ်း ကူးစက်ရောဂါ ပြန့်ပွားမှု ပြင်းထန် လာသည့်အတွက် Red Zone အနီရောင်ဇုန် သတ်မှတ်ထားသော ဧရိယာ များတွင် လူအများသွားလာလှုပ်ရှားကြရာတွင် ရောဂါကူးစက်မှုဟန့်တားရေးအတွက် အစိုးရပြဋ္ဌာန်းထားသည့်အတိုင်း လိုက်နာကြစေရန် ဘင်္ဂလားဒက်ရှ်တပ်မတော်က ကင်းလှည့်မှု စောင့်ကြပ်မှုကို တိုးမြှင့်ထားကြောင်း သိရှိရသည်။

CREDIT:   Oung Marine

Add a Comment

Your email address will not be published.