ကုန္းေဘာင္ေခတ္ ကတည္းရွိ ခဲ့တဲ့ ျပည့္တန္ဆာ ဆိုတာ ဘယ္လို မ်ိဳးလဲဆိုတာ ဖြင့္ဆိုခ်က္
|ကုန္းေဘာင္ေခတ္က ျပည့္တန္ဆာအိမ္ေတြရရွိရာ အရပ္က မႏၲေလးရဲ႕ အေနာက္ေတာင္ဘက္က ခြၽန္းေတာင္ဝင္းတို႔၊ျခေသၤ့ဦးတို႔ အရပ္ပဲ ျဖစ္ပါတယ္။ေရွးျမန္မာဘုရင္မ်ား ေခတ္မွာ ျပည့္တန္ဆာလုပ္ငန္းက အမွန္တကယ္ တရားဝင္ ရွိခဲ့တယ္။
အနီးဆုံးကုန္းေဘာင္ေခတ္ကိုေျပာရရင္ ျပည့္တန္ဆာအိမ္ဆိုတာ အထင္အရွား ရွိသလို လူအမ်ားခြဲျခားလြယ္ေအာင္လဲ သတ္မွတ္ခ်က္ေတြ ရွိ ပါတယ္။ ျပည့္တန္ဆာအိမ္ရဲ႕မ်က္ႏွာစာမွာ တေပပတ္လည္ အျဖဴအနီၾကား တင္းတိမ္(လိုက္ကာ) ကိုခ်ထားရတယ္။
ၿပီးရင္ ကြပ္ပ်စ္ကုတင္ခ်ၿပီး အဲ့အေပၚမွာ သနပ္ခါး၊ ေက်ာက္ပ်ဥ္၊ ဘီး၊ မွန္တို႔ကို ခ်ထားရတယ္။ ျပည့္တန္ဆာေတြက အဲ့အေပၚမွာ လူလုံးျပ ၿပီး ျပင္ဆင္ေနၾကရတယ္။ ေနာက္ၿပီး ဧည့္သည္ အတြက္ ျမင္းခ်ည္တိုင္ေတြရွိၾကရတယ္။
အေရးႀကီးတဲ့အခ်က္က ဂဠဳန္လက္သည္းပင္ ကို ျမင္သာေအာင္ မ်ားမ်ားေလးစိုက္ျပထားရတယ္။ အဲ့ဒီအပင္ကို ျပဳတ္ၿပီးအဖန္ရည္အျဖစ္ သုံးၿပီးေဆးေၾကာရတယ္။ အခုေခတ္လိုဆို ကာလသားပိုးမကူးေအာင္အတြက္ မျဖစ္မေနသုံးၿပီးစိုက္ျပထားရတယ္လို႔ဆိုရမယ္။
REF: LET PAN
UNICODE
ကုန်းဘောင်ခေတ် ကတည်းရှိ ခဲ့တဲ့ ပြည့်တန်ဆာ ဆိုတာ ဘယ်လို မျိုးလဲဆိုတာ ဖွင့်ဆိုချက်
ကုန်းဘောင်ခေတ်က ပြည့်တန်ဆာအိမ်တွေရရှိရာ အရပ်က မန္တလေးရဲ့ အနောက်တောင်ဘက်က ချွန်းတောင်ဝင်းတို့၊ခြင်္သေ့ဦးတို့ အရပ်ပဲ ဖြစ်ပါတယ်။ရှေးမြန်မာဘုရင်များ ခေတ်မှာ ပြည့်တန်ဆာလုပ်ငန်းက အမှန်တကယ် တရားဝင် ရှိခဲ့တယ်။
အနီးဆုံးကုန်းဘောင်ခေတ်ကိုပြောရရင် ပြည့်တန်ဆာအိမ်ဆိုတာ အထင်အရှား ရှိသလို လူအများခွဲခြားလွယ်အောင်လဲ သတ်မှတ်ချက်တွေ ရှိ ပါတယ်။ ပြည့်တန်ဆာအိမ်ရဲ့မျက်နှာစာမှာ တပေပတ်လည် အဖြူအနီကြား တင်းတိမ်(လိုက်ကာ) ကိုချထားရတယ်။
ပြီးရင် ကွပ်ပျစ်ကုတင်ချပြီး အဲ့အပေါ်မှာ သနပ်ခါး၊ ကျောက်ပျဉ်၊ ဘီး၊ မှန်တို့ကို ချထားရတယ်။ ပြည့်တန်ဆာတွေက အဲ့အပေါ်မှာ လူလုံးပြ ပြီး ပြင်ဆင်နေကြရတယ်။ နောက်ပြီး ဧည့်သည် အတွက် မြင်းချည်တိုင်တွေရှိကြရတယ်။
အရေးကြီးတဲ့အချက်က ဂဠုန်လက်သည်းပင် ကို မြင်သာအောင် များများလေးစိုက်ပြထားရတယ်။ အဲ့ဒီအပင်ကို ပြုတ်ပြီးအဖန်ရည်အဖြစ် သုံးပြီးဆေးကြောရတယ်။ အခုခေတ်လိုဆို ကာလသားပိုးမကူးအောင်အတွက် မဖြစ်မနေသုံးပြီးစိုက်ပြထားရတယ်လို့ဆိုရမယ်။
REF: LET PAN